< လုကာ 22 >

1 ပ​သ​ခါ​ပွဲ​ဟု​နာ​မည်​တွင်​သော​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​ခါ​ကျ​ရန်​နီး​ကပ်​လာ​၏။-
Tin den ye k l sieni nani dan ŋa yeni yeni “kpanu yaali ki pia dabina jaam” jaam yaali k b tua paki yeni.
2 ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ များ​သည်​လူ​တို့​ကို​ကြောက်​သော​ကြောင့် ကိုယ်​တော် ကို​လျှို့​ဝှက်​စွာ​သတ်​ရန်​နည်း​လမ်း​ရှာ​လျက်​နေ ကြ​၏။
K salikiyikaaba canbaa nba yeni b yikodamba pkaani ya sani k ban kpa Jesus. Ama bi den jie k ñɔgli bo tieni.
3 ထို​အ​ခါ​စာ​တန်​သည် တစ်​ကျိပ်​နှစ်​ပါး​အ​ပါ အ​ဝင်​ဖြစ်​သူ​ရှ​ကာ​ရုတ်​ဟု​နာ​မည်​တွင်​သော ယု​ဒ​၏​စိတ်​နှ​လုံး​ထဲ​သို့​ဝင်​လေ​၏။-
Yeni k sitaani kua Juda pal nni k b ji yi'o Ikariyoti piiga bolie siiga yeni yedi.
4 ထို့​ကြောင့်​သူ​သည်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ နှင့်​ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​ထံ​သို့ သွား​၍ ကိုယ်​တော်​အား​အ​ဘယ်​နည်း​ဖြင့်​သူ​တို့ လက်​သို့​အပ်​ရ​မည်​ကို​ဆွေး​နွေး​တိုင်​ပင်​၏။-
Juda den gedi k la salikiyidkaab canbaa yeni u jaanddiegu nni nikpelo k ban taan ñɔb ki ban ban bo tieni maama k kuadi Jesus k b niba n daa bandi.
5 သူ​တို့​သည်​ဝမ်း​မြောက်​သ​ဖြင့်​ယု​ဒ​အား ငွေ​ပေး​ရန်​က​တိ​ပြု​ကြ​၏။-
K bi kuli pali mangi k b cuo ki ban ten'o i ligi.
6 ယု​ဒ​သည်​သ​ဘော​တူ​သ​ဖြင့်​ပ​ရိ​သတ်​မ​သိ အောင်​ကိုယ်​တော်​အား​သူ​တို့​လက်​သို့​အပ်​ရန် အ​ခွင့်​ကောင်း​ကို​ရှာ​ကြံ​လျက်​နေ​၏။
k u tuo l yogu mɔ̀no k ji kpaanii ya sani k u bo kuadi Jesus k niba n daa bandi.
7 တ​ဆေး​မဲ့​မုန့်​ပွဲ​တော်​တွင်​ပ​သ​ခါ​သိုး​ငယ်​ကို သတ်​၍​ပူ​ဇော်​ရာ​နေ့​ရက်​ကျ​ရောက်​လာ​၏။-
Kpanu yaali k pia dabina jaami daali yua k nil kul bo b kpa paki pebiga n pundi
8 ကိုယ်​တော်​က​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​အား ``ငါ တို့​စား​ရန်​ပ​သ​ခါ​ပွဲ​ည​စာ​ကို​သွား​၍​ပြင်​ဆင် ကြ​လော့'' ဟု​ဆို​၍​စေ​လွှတ်​တော်​မူ​၏။
K Jesus sɔni Sani yeni Piaali ki maadi ba. gedi manni k tien man ti paki jiem.
9 သူ​တို့​က ``အ​ဘယ်​အ​ရပ်​တွင်​ပြင်​ဆင်​ရ​ပါ မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
k b guani bual'o a bua ti tieni l jiem le kani?
10 ၁၀ ကိုယ်​တော်​က ``သင်​တို့​မြို့​တွင်း​သို့​ဝင်​မိ​လျှင်​ရေ အိုး​ကို​ထမ်း​လာ​သူ​လူ​တစ်​ယောက်​သည်​သင်​တို့ အား​ကြို​ဆို​လိမ့်​မည်။ သူ့​နောက်​သို့​လိုက်​၍​သူ ဝင်​သော​အိမ်​ထဲ​သို့​ဝင်​ကြ​လော့။-
E ya pan bua kua o dogu nni i bo tuogi o nul k o tug l ñuncuali. Yi ŋɔd'o hali wan pan b kua ya deni.
11 ၁၁ အိမ်​ရှင်​အား `တ​ပည့်​များ​နှင့်​အ​တူ​ပ​သ​ခါ​ပွဲ ည​စာ​ကို​ငါ​စား​ရန်​အ​ခန်း​ကား​အ​ဘယ်​နည်း' ဟု​ဆ​ရာ​တော်​က​စုံ​စမ်း​ခိုင်း​ကြောင်း​ပြော​ကြား ကြ​လော့။-
Yin bo maadi yeni o diedaani maama nne: “Canbaa ye ki ti bual ŋa: k i laa dieli nni k bu je paki jaanjiema yeni o ŋɔdikaaba.”
12 ၁၂ ထို​သူ​သည်​အ​ထက်​ထပ်​ရှိ​ခင်း​ကျင်း​ထား​သော အ​ခန်း​ကြီး​ကို​ပြ​လိမ့်​မည်။ ထို​အ​ခန်း​တွင် ပြင်​ဆင်​မှု​ကို​ပြု​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
Yeni o bo waani o dietuadugu po ya u dieciangu k ŋnb lien nni ki bo bobni.
13 ၁၃ တ​ပည့်​တော်​နှစ်​ယောက်​တို့​သည်​ထွက်​သွား​ပြီး နောက်​ကိုယ်​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​တွေ့ ရှိ​ကြ​သ​ဖြင့် ပ​သ​ခါ​ပွဲ​ည​စာ​ကို​အ​သင့်​ပြင် ဆင်​ကြ​၏။
k b gedi, k la yaal kuli k l tie nani Jesus n bo maadi maama K bobn nni paki jaama jiem.
14 ၁၄ အ​ချိန်​ရောက်​သော​အ​ခါ​ကိုယ်​တော်​သည်​တ​မန် တော်​တို့​နှင့်​အ​တူ​စား​ပွဲ​တွင်​ထိုင်​တော်​မူ​၏။-
O yogu n pund: k Jesus ji kali k bo di yeni o ŋɔdikaabi.
15 ၁၅ ကိုယ်​တော်​က ``ငါ​သည်​အ​သေ​မ​ခံ​ရ​မီ​ဤ ပ​သ​ခါ​ပွဲ​ည​စာ​ကို​သင်​တို့​နှင့်​အ​တူ​စား ရန်​အ​လွန်​အ​လို​ရှိ​၏။-
K u maadi ba: N den ŋanbi bua min jaani yeni paki jaam yo k fidi ki la fala.
16 ၁၆ သင်​တို့​အား​ငါ​ဆို​သည်​ကား​ပ​သ​ခါ​ပွဲ​ကျင်း​ပ သည့်​ရည်​ရွယ်​ချက်​သည် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် ၌​အ​ကောင်​အ​ထည်​ပေါ်​လာ​လိမ့်​မည်။ ထို​အ​ချိန် မ​တိုင်​မီ​ငါ​သည်​ပ​သ​ခါ​ည​စာ​ကို​နောက်​တစ် ဖန်​စား​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
N maadi n ji kan bani ki di yeni ya caa yeni ya daal k li t bu la l niima u tienu diema nni.
17 ၁၇ ထို​နောက်​ကိုယ်​တော်​သည်​စ​ပျစ်​ရည်​ခွက်​ကို​ယူ ၍​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း တော်​မူ​ပြီး​လျှင် ``ဤ​စ​ပျစ်​ရည်​ခွက်​ကို​ယူ ကြ​လော့။ အ​ချင်း​ချင်း​ဝေ​၍​သောက်​ကြ​လော့။-
ku taa u sɔma ki jaan k maadi ga mani k bɔgdi i ŋmiali nni
18 ၁၈ သင်​တို့​အား​ငါ​ဆို​သည်​ကား​ယ​ခု​မှ​စ​၍ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​မ​တည်​မ​ချင်း​ငါ​သည် စ​ပျစ်​ရည်​ကို​နောက်​တစ်​ဖန်​သောက်​လိမ့်​မည် မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။
Kelima n maadi, n ji kan bani ñu u damɔngu ne yaa caa yeni ya yogu k u tienu b u kani o bali k gbeni.
19 ၁၉ ထို​နောက်​ကိုယ်​တော်​သည်​မုန့်​ကို​ယူ​၍​ဘု​ရား သ​ခင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​တော်​မူ ပြီး​လျှင် မုန့်​ကို​ဖဲ့​၍​တ​ပည့်​တော်​တို့​အား ပေး​တော်​မူ​၏။ ကိုယ်​တော်​က ``ဤ​မုန့်​ကား​သင် တို့​အ​တွက်​စွန့်​သော​ငါ​၏​ကိုယ်​ခန္ဓာ​ဖြစ်​၏။ ငါ့​ကို​အောက်​မေ့​သ​တိ​ရ​ရန်​ဤ​သို့​ပြု ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။-
K gɔ tugi kpanu mɔ k tieni u Tienu balkk jendi jendi k teni u naaceb k maadi bi: ne tie m gbannandi k taa teni ya tie mani yeni k ya tiani m po
20 ၂၀ ထို​နည်း​တူ​စွာ​ည​စာ​စား​ပြီး​နောက်​စ​ပျစ် ရည်​ခွက်​ကို​လည်း​ယူ​တော်​မူ​လျက် ``ဤ​ခွက် ကား​သင်​တို့​အ​တွက်​သွန်း​သော​ငါ​၏​သွေး အား​ဖြင့်​ပြု​သော​ဘု​ရား​သ​ခင်​၏​ပ​ဋိ​ညာဉ် တ​ရား​သစ်​ဖြစ်​၏။
Ban dini ki gbeni ya yogu ku gɔ taa u sɔmi ki k madi: ne tieu tienu b niba dɔnlpaangu sɔmi k bu wuli i po.
21 ၂၁ ``သို့​ရာ​တွင်​သ​တိ​ပြု​ကြ​လော့။ ငါ့​ကို​ရန်​သူ့ လက်​သို့​အပ်​မည့်​သူ​သည်​ငါ​နှင့်​အ​တူ​စား​ပွဲ မှာ​ရှိ​၏။-
Ama yua bu kuadi n i ye nekama k kaa yeni ti
22 ၂၂ လူ​သား​သည်​ဘု​ရား​သ​ခင်​ခွဲ​ခန့်​ထား​တော်​မူ သည်​အ​တိုင်း​အ​သေ​ခံ​ရန်​အ​မှန်​ပင်​သွား​ရ မည်။ သို့​သော်​လူ​သား​ကို​ရန်​သူ​လက်​သို့​အပ် သော​သူ​သည်​အ​မင်္ဂ​လာ​ရှိ​၏'' ဟု​မိန့်​တော် မူ​၏။
Mɔni o nifosaalo bijua ji caa i nani u Tienu n bo cabi maama, ama fala i yua kuadi ye po.
23 ၂၃ တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​အ​နက်​အ​ဘယ် သူ​သည်​ဤ​အ​မှု​ကို​ပြု​လိမ့်​မည်​နည်း​ဟု အ​ချင်း​ချင်း​မေး​မြန်း​ကြ​၏။
K Jesus ŋɔdkaab ji buali b ŋmali nni k b siiga ne ŋmaa bo fidi k tiel'i.
24 ၂၄ တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​တွင်​အ​ဘယ်​သူ သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သ​နည်း​ဟု​အ​ငြင်း ပွား​ကြ​၏။-
K Jesus ŋɔdikaab ji polidi yeni b lieba yua baa tie liiga yua.
25 ၂၅ ထို​အ​ခါ​ကိုယ်​တော်​က ``လော​ကီ​ဘု​ရင်​များ​သည် ပြည်​သူ​တို့​အ​ပေါ်​ဝယ်​အ​စိုး​တ​ရ​ပြု​တတ်​ကြ ၏။ အာ​ဏာ​ပိုင်​များ​သည်​လည်း​မိ​မိ​တို့​ကိုယ်​ကို ကျေး​ဇူး​ရှင်​များ​ဟု​အ​ခေါ်​ခံ​တတ်​ကြ​၏။-
K jesus maadi: u dogu batieba n paa b niba k yabi tuuni yiko tuonli mɔ k bi yib'i b “ŋanbtieba”.
26 ၂၆ သင်​တို့​အ​ချင်း​ချင်း​တွင်​မူ​ကား​ထို​သို့​မ​ဖြစ် စေ​သင့်။ သင်​တို့​တွင်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ သည်​အ​သိမ်​ငယ်​ဆုံး​သော​သူ​ကဲ့​သို့​ဖြစ်​ရ​မည်။ ခေါင်း​ဆောင်​ဖြစ်​သူ​သည်​အ​စေ​ခံ​ကဲ့​သို့​ဖြစ် ရ​မည်။-
Yi daa maadi yeni. Ama yua b tɔ diedo i siiga n tɔ biga, k yua baa die mɔ n tɔ tuonsɔnli o liebi kani
27 ၂၇ စား​ပွဲ​ထိုင်​သူ၊ အ​စေ​ခံ​သူ​တို့​အ​နက်​အ​ဘယ်​သူ သာ​၍​ကြီး​မြတ်​သ​နည်း၊ စား​ပွဲ​ထိုင်​သူ​မ​ဟုတ် လော။ သို့​ရာ​တွင်​ငါ​သည်​သင်​တို့​တွင်​အ​စေ​ခံ​သူ သ​ဖွယ်​ဖြစ်​၏။
I ya kani ŋmaa die? Yua kaa di bii yua tuuni? i ya po yua kaa di kaa? Mi yua ye i siiga nne n tie nani o tuonsɔnli.
28 ၂၈ သင်​တို့​သည်​ငါ​နှင့်​အ​တူ​စုံ​စမ်း​နှောင့်​ယှက်​မှု များ​ကို​ရင်​ဆိုင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။-
I den ye yeni n momɔni m bigma kul yogu
29 ၂၉ ခ​မည်း​တော်​သည်​ငါ့​အား​အုပ်​စိုး​ခွင့်​ကို​ပေး အပ်​တော်​မူ​သည်​နည်း​တူ ငါ​သည်​လည်း​သင် တို့​အား​အုပ်​စိုး​ခွင့်​ကို​ပေး​၏။-
nani n baa n den teni m diema n mɔ teni,
30 ၃၀ သင်​တို့​သည်​နိုင်​ငံ​တော်​တွင်​ငါ​၏​စား​ပွဲ​၌​စား သောက်​ရ​ကြ​လိမ့်​မည်။ ထို့​အ​ပြင်​ပလ္လင်​များ ပေါ်​မှာ​ထိုင်​လျက်​ဣသ​ရေ​လ​တစ်​ဆယ့်​နှစ်​နွယ် တို့​အား​အုပ်​စိုး​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
I ji ba yi di k gɔ ñu m diema nni, k bia kali l bal kpagili po ki ya diedi Isaraheli buoli piga n bomlie.
31 ၃၁ သ​ခင်​ယေ​ရှု​က ``ရှိ​မုန်၊ ရှိ​မုန်၊ စ​ပါး​ကို​လှေ့ သ​ကဲ့​သို့​သင်​တို့​အား​လုံး​ကို​စစ်​ဆေး​ရန် စာ​တန်​က​အ​ခွင့်​ရ​လေ​ပြီ။-
Siimɔ Siimɔ cuo a ba: sitaan bua wan kuani i guudiga nni k tindi, nani ban yi ledi i dii k ñani u fegu yeni.
32 ၃၂ သို့​ဖြစ်​၍​သင်​၏​ယုံ​ကြည်​ခြင်း​ခိုင်​မြဲ​စေ​ရန် ငါ​ဆု​တောင်း​လေ​ပြီ။ သင်​သည်​သ​တိ​တ​ရား ပြန်​လည်​ရ​ရှိ​သော​အ​ခါ​သင်​၏​ညီ​အစ်​ကို များ​အား​ခွန်​အား​ဖြည့်​တင်း​ပေး​ရ​မည်'' ဟု မိန့်​တော်​မူ​၏။
Ama n jaani a po k ŋan daa luo dudugidi ka mɔ ya daali ka bo guani ŋan mɔ paagi a kpiiba pala.
33 ၃၃ ပေ​တ​ရု​က ``အ​ရှင်၊ အ​ကျွန်ုပ်​သည်​ထောင်​ထဲ​သို့ လည်း​ကောင်း၊ သေ​ရွာ​သို့​လည်း​ကောင်း​ကိုယ်​တော် ရှင်​နှင့်​အ​တူ​လိုက်​ရန်​အ​သင့်​ရှိ​ပါ​၏'' ဟု လျှောက်​၏။
N yomdaano m maadi ŋa l ya tie ba m kua danalgi bii ki kpe n tuo
34 ၃၄ ကိုယ်​တော်​က ``ပေ​တ​ရု၊ သင့်​အား​ငါ​ဆို​သည် ကား​ယ​နေ့​ည​ကြက်​မ​တွန်​မီ​သင်​သည်​ငါ့​ကို မ​သိ​ဟု​သုံး​ကြိမ်​မြောက်​အောင်​ငြင်း​ဆို​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
K jjesus jiin pieri m maadi ŋa i mɔni dinla mɔno k sua k o kokol daa buudi a nia bomtaa po ki ŋaa ban n i.
35 ၃၅ ထို​နောက်​ကိုယ်​တော်​က ``ငါ​သည်​သင်​တို့​အား ငွေ​အိတ်၊ လွယ်​အိတ်​နှင့်​ဖိ​နပ်​ကို​မ​ယူ​စေ​ဘဲ စေ​လွှတ်​ခဲ့​၏။ ထို​အ​ခါ​သင်​တို့​တွင်​တစ်​စုံ တစ်​ရာ​ချို့​တဲ့​မှု​ရှိ​ခဲ့​သ​လော'' ဟု​တ​ပည့်​တော် တို့​အား​မေး​တော်​မူ​၏။ တ​ပည့်​တော်​တို့​က ``မ​ရှိ​ပါ'' ဟု​လျှောက်​ကြ​၏။
Min sɔni k ligi k ye, k bɔgli k ye k tacaagu k ye i bonli pɔdi i
36 ၃၆ ကိုယ်​တော်​က ``ယ​ခု​မူ​ကား​ငွေ​အိတ်၊ လွယ်​အိတ် ရှိ​လျှင်​ယူ​ခဲ့​ကြ။ ဋ္ဌား​မ​ရှိ​လျှင်​အ​ဝတ်​ကို ရောင်း​၍​ဋ္ဌား​ကို​ဝယ်​ကြ။-
Mɔda i ya pia ligi yi taa, iya pia bɔgli yi gɔ taa, i yaa pia jugpiega yi kuadi l liadli k daa.
37 ၃၇ သင်​တို့​အား​ငါ​ဆို​သည်​ကား `ထို​သူ​သည်​ရာ​ဇ​ဝတ် မှု​ကူး​လွန်​သူ​များ​စာ​ရင်း​တွင်​ပါ​ဝင်​ရ​၏' ဟူ သော​ကျမ်း​စ​ကား​အ​တိုင်း​ငါ​၌​ဖြစ်​ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​၏​အ​ကြောင်း​ရေး သား​ထား​သည့်​ကျမ်း​စ​ကား​အ​ရ​ဖြစ်​ပျက် လျက်​ရှိ​နေ​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။
Kelima yaali bo diani u tienu ñɔmaam tili nni, l tie k lan tieni i. l bu diani maama ne i. B den taa'o a nubiada siiga. k ban bo maadi yali ji tieni. Mɔni ban bo diani yaali n po n ji bo tieni.
38 ၃၈ တ​ပည့်​တော်​တို့​က ``အ​ရှင်၊ ကြည့်​တော်​မူ​ပါ။ ဤ မှာ​ဋ္ဌား​နှစ်​လက်​ရှိ​ပါ​၏'' ဟု​လျှောက်​ကြ​၏။ ကိုယ်​တော်​က ``တော်​လောက်​ပြီ'' ဟု​မိန့်​တော်​မူ​၏။
k b maad t yomdaano jugpiemu lie ye. K ŋmian bi, l dagdi.
39 ၃၉ ကိုယ်​တော်​သည်​အ​လေ့​တော်​ရှိ​သည်​အ​တိုင်း သံ​လွင်​တောင်​ပေါ်​သို့​ကြွ​တော်​မူ​၏။ တ​ပည့် တော်​တို့​သည်​နောက်​တော်​သို့​လိုက်​ကြ​၏။-
Ko ñani k toli Olife juali po nan wan yi tun g tie maama k u ŋɔdikaaba ŋɔd'o
40 ၄၀ ထို​အ​ရပ်​သို့​ရောက်​တော်​မူ​လျှင်​ကိုယ်​တော် က ``သင်​တို့​သည်​စုံ​စမ်း​သွေး​ဆောင်​ရာ​သို့ မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
Wan ya yogu k u maadi ya jaan mani k daa kua bbida nni bigili nni.
41 ၄၁ ထို​နောက်​တ​ပည့်​တော်​တို့​နှင့်​ခဲ​တစ်​ပစ်​ခန့် ကွာ​သော​အ​ရပ်​သို့​ကြွ​တော်​မူ​၍​ဒူး​ထောက် လျက်၊-
K u siedi k fagidi k pan cie k gbaani o duna po k jaan
42 ၄၂ ``အို အ​ဖ၊ အ​လို​တော်​ရှိ​လျှင်​ဤ​ဒုက္ခ​ဝေ​ဒ​နာ ခွက်​ကို​ဖယ်​ရှား​တော်​မူ​ပါ။ သို့​ရာ​တွင်​အ​ကျွန်ုပ် ၏​အ​လို​အ​တိုင်း​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​အ​လို တော်​အ​တိုင်း​သာ​ဖြစ်​စေ​တော်​မူ​ပါ'' ဟု​ဆု တောင်း​တော်​မူ​၏။-
N baa fuadi n kani ya fala ne. ama lan da tie n ya buama, lan tieni nan ŋan bua maama.
43 ၄၃ ကောင်း​ကင်​ဘုံ​မှ​ကောင်း​ကင်​တ​မန်​တစ်​ပါး သည်​လာ​၍​ကိုယ်​တော်​ကို​အား​ပေး​လေ​၏။-
K u tienu meleki ñan tanpol po k ten'o u paalu
44 ၄၄ ကိုယ်​တော်​သည်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ကို​ခံ လျက်​ပို​၍​စိတ်​အား​ကြီး​စွာ​ဆု​တောင်း​တော် မူ​၏။ သို့​ဖြစ်​၍​ကိုယ်​တော်​၏​ချွေး​ပေါက်​တို့ သည်​သွေး​စက်​များ​သ​ဖွယ်​မြေ​ပေါ်​သို့​ကျ​၏။
K l pawadli kua 'o k u jaandi bonŋanla, ka tuntonjena ti cieni o po nani sɔm yeni k baal tinga nni.
45 ၄၅ ကိုယ်​တော်​သည်​ဆု​တောင်း​ရာ​မှ​ထ​၍​တ​ပည့် တော်​များ​ရှိ​ရာ​သို့​ပြန်​ကြွ​တော်​မူ​သော​အ​ခါ သူ​တို့​သည်​ဝမ်း​နည်း​မော​ပန်း​လျက်​အိပ်​ပျော် နေ​ကြ​သည်​ကို​မြင်​တော်​မူ​၏။-
l puol po ko fii ki nagni o ŋɔdkabi kani k sua k b gɔ k o pal biidi.
46 ၄၆ ကိုယ်​တော်​က ``သင်​တို့​အ​ဘယ်​ကြောင့်​အိပ်​နေ ကြ​သ​နည်း။ ထ​ကြ​လော့။ စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​ဆု​တောင်း​ကြ​လော့'' ဟု မိန့်​တော်​မူ​၏။
ku maadi bi: be cedi ki guandi? fii mani ki ya jaani k da ba l bignli nni.
47 ၄၇ ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​စဉ်​ပင် လူ​ပ​ရိ​သတ် တစ်​စု​ရောက်​လာ​၏။ တ​ပည့်​တော်​တစ်​ကျိပ်​နှစ်​ပါး အ​ပါ​အ​ဝင်​ဖြစ်​သူ​ယု​ဒ​သည် ထို​သူ​တို့​ကို ခေါင်း​ဆောင်​၍​လာ​၏။ သူ​သည်​သ​ခင်​ယေ​ရှု​အား နမ်း​ရှုပ်​ရန်​ချဉ်း​ကပ်​၏။-
Jesus da den k jaan k gben, k u nuwugu pundi kJesus ŋɔdkaab piig n bonmlie yeni siiga yedi ye liig k b yi'u juda yeni ye b liiga wan nangni Jesus wan muadi u tankpili
48 ၄၈ သ​ခင်​ယေ​ရှု​က ``ယု​ဒ၊ သင်​သည်​နမ်း​ရှုပ်​ခြင်း ဖြင့်​လူ​သား​အား​ရန်​သူ​လက်​သို့​အပ်​မည်​လော'' ဟု​မေး​တော်​မူ​၏။
wan maad'o: Tankpinmuadli kaa bu kuadi o nul bijua.
49 ၄၉ တ​ပည့်​တော်​တို့​သည်​အ​ခြေ​အ​နေ​ကို​မှန်း​ဆ မိ​ကြ​သော​အ​ခါ​ကိုယ်​တော်​အား ``အ​ရှင်၊ အ​ကျွန်ုပ် တို့​သည်​ဋ္ဌား​ဖြင့်​ခုတ်​ရ​မည်​လော'' ဟု​မေး​လျှောက် ကြ​၏။-
Jesus ŋɔdkaab n bo nɔ yaal bo cua yeni k b bual'o t yomdaano t mɔ nɔdi ti jugpiemi k cua bii?
50 ၅၀ တ​ပည့်​တော်​တစ်​ယောက်​သည်​ယဇ်​ပု​ရော​ဟိတ် မင်း​၏​ကျွန်​တစ်​ယောက်​ကို​ခုတ်​လိုက်​ရာ​ထို​သူ ၏​လက်​ယာ​နား​ရွက်​ပြတ်​လေ​၏။
k l yogu b siiga yendi cua k jia salkiyidkaa kul canba tuonsɔnlo jienu tubli.
51 ၅၁ ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``တော်​ပြီ'' ဟု​မိန့်​တော် မူ​၏။ ကိုယ်​တော်​သည်​ထို​သူ​၏​နား​ရွက်​ကို​လက် တော်​ဖြင့်​တို့​ထိ​တော်​မူ​၍​အ​နာ​ကို​ပျောက်​စေ တော်​မူ​၏။
jesus maadi ba: “ŋaabi mani” k guani sii o tuonsɔnlo ye tubli k l paagi.
52 ၅၂ ထို​နောက်​သ​ခင်​ယေ​ရှု​က​မိ​မိ​အား​ဖမ်း​ဆီး​ရန် ရောက်​ရှိ​လာ​ကြ​သည့်​ယဇ်​ပု​ရော​ဟိတ်​ကြီး​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​မှူး​များ​နှင့်​ဘာ​သာ​ရေး ခေါင်း​ဆောင်​များ​အား ``သင်​တို့​သည်​ဋ္ဌား​ပြ​ကို​ဖမ်း သ​ကဲ့​သို့​ငါ့​ကို​ဖမ်း​ရန်​ဋ္ဌား​များ၊ တုတ်​များ​နှင့် လာ​ကြ​သ​လော။-
K Jesus maadi salgi yidkaab canba yeni o jaandiegu nni sije nba yeni o dogu n nikpela ban yaab bo bua ban cuo'o; “n tie bibiadli ya ki cuon i k kubi i jugpiemu yeni i gbiami?
53 ၅၃ ငါ​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​မှာ​ရှိ​စဉ်​သင် တို့​သည်​အ​ဘယ်​ကြောင့်​မ​ဖမ်း​ဆီး​ကြ​သ​နည်း။ သို့​ရာ​တွင်​ဤ​အ​ချိန်​ကား​သင်​တို့​၏​အ​ချိန်၊ အ​မိုက်​မှောင်​စိုး​မိုး​ရာ​အ​ချိန်​တည်း'' ဟု မိန့်​တော်​မူ​၏။
n den ye yeni daal kuli o jaandiegu nni k nul k cuo ni; ama mɔda ji tie i yiognu k l bunbɔnli ji tie u paalu”.
54 ၅၄ ထို​သူ​တို့​သည်​ကိုယ်​တော်​ကို​ဖမ်း​ဆီး​ပြီး​လျှင် ယဇ်​ပု​ရော​ဟိတ်​မင်း​၏​အိမ်​တော်​သို့​ခေါ်​ဆောင် သွား​ကြ​၏။ ပေ​တ​ရု​သည်​ခပ်​လှမ်း​လှမ်း​က​နေ ၍​လိုက်​လာ​ခဲ့​၏။-
K b cuo'o k gedi yen'o hal salki yidkaab kul canbaa kan. K Piali ye hal puoli k ŋua
55 ၅၅ လူ​အ​ချို့​တို့​သည်​အိမ်​တော်​ဝင်း​အ​လယ်​တွင် မီး​ဖို​၍​ထိုင်​နေ​ကြ​၏။ ပေ​တ​ရု​သည် သူ​တို့ ၏​ကြား​တွင်​ဝင်​၍​ထိုင်​၏။-
B den cuon i o muu o lujɔga nni k i nib taani ki kaa k pɔl mɔ ye b siiga ni.
56 ၅၆ ထို​သို့​ပေ​တ​ရု​ထိုင်​နေ​သည်​ကို​အ​စေ​ခံ​မ က​လေး​တစ်​ယောက်​မြင်​သ​ဖြင့်​ပေ​တ​ရု​အား စိုက်​ကြည့်​ပြီး​လျှင် ``ဤ​သူ​သည်​ယေ​ရှု​နှင့် အ​ပေါင်း​အ​ပါ​ဖြစ်​၏'' ဟု​ဆို​၏။
K tuonsɔcaano baa ne den la'o ko kaa o muyiegu kan k diid'o k maadi: “u ne den yi ye yen'o”
57 ၅၇ သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​အ​မျိုး​သ​မီး၊ ထို​သူ​ကို​ငါ​မ​သိ'' ဟု​ငြင်း​ဆို​လေ​၏။
K Piali nia k maadi: Mi k ban'o.
58 ၅၈ ထို​နောက်​ခ​ဏ​မျှ​ကြာ​သော်​လူ​တစ်​ယောက်​သည် ပေ​တ​ရု​ကို​မြင်​သ​ဖြင့် ``သင်​သည်​လည်း​ထို​သူ လူ​စု​တွင်​အ​ပါ​အ​ဝင်​ဖြစ်​၏'' ဟု​ဆို​၏။ သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ ထို​လူ​စု တွင်​ငါ​မ​ပါ'' ဟု​ဆို​၏။
k gɔ sudi yamu k tiani gɔ la Piali k maadi l tie mɔni a mɔ yi ye yen'o ku madi mi ki ye yen'o.
59 ၅၉ ထို​နောက်​တစ်​နာ​ရီ​ခန့်​ကြာ​သော​အ​ခါ​အ​ခြား လူ​တစ်​ယောက်​က ``ဤ​သူ​သည်​ဂါ​လိ​လဲ​ပြည် သား​ဖြစ်​သ​ဖြင့်​ယေ​ရှု​နှင့်​အ​ပေါင်း​အ​ပါ​ဖြစ် သည်​ကို​ယုံ​မှား​စ​ရာ​မ​ရှိ'' ဟု​အ​ခိုင်​အ​မာ​ဆို​၏။
k gɔ tieni nan kudi yengu yeni nutiani n maadi: mɔni u ne mɔden ye yen'o u gɔ tie Galile yu i
60 ၆၀ သို့​ရာ​တွင်​ပေ​တ​ရု​က ``အ​ချင်း​လူ၊ သင်​ပြော သော​အ​ကြောင်း​အ​ရာ​ကို​ငါ​မ​သိ'' ဟု​ဆို​၏။ ဤ​သို့​ပေ​တ​ရု​ပြော​ဆို​နေ​စဉ်​ကြက်​တွန်​လေ​၏။-
k Pial maadi yeni paama min ki bani ŋan bua maadi yaala. L yogu g sua k u da maadi k gbeni ku kotogu buudi.
61 ၆၁ အ​ရှင်​ဘု​ရား​သည်​လှည့်​၍​ပေ​တ​ရု​ကို​ကြည့် တော်​မူ​၏။ ထို​အ​ခါ​ပေ​တ​ရု​သည် ``ယ​နေ့​ည ကြက်​မ​တွန်​မီ​သင်​သည် ငါ့​ကို​မ​သိ​ဟု​သုံး​ကြိမ် မြောက်​အောင်​ငြင်း​ဆို​လိမ့်​မည်'' ဟူ​သော​သ​ခင် ဘု​ရား​၏​စ​ကား​တော်​ကို​ပြန်​၍​သ​တိ​ရ​၏။-
K ti yomdaano ji gbegi g nuali Piali k Pial ji tiadi wan den maado yaali. K sua ku kotogu daa buudi a bo nia ka k ban n i
62 ၆၂ သို့​ဖြစ်​၍​အ​ပြင်​သို့​ထွက်​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​လေ​၏။
K o ñani cancanli k buudi nisipiedi.
63 ၆၃ သ​ခင်​ယေ​ရှု​ကို​စောင့်​ကြပ်​နေ​သူ​တို့​က ကိုယ်​တော်​အား​ပြောင်​လှောင်​ရိုက်​ပုတ်​ကြ​၏။-
Yaab den guu Jesus den laa'o k bia puag'o.
64 ၆၄ မျက်​နှာ​တော်​ကို​ဖုံး​ပြီး​လျှင် ``အ​ရှင့်​အား​မည် သူ​ရိုက်​ပုတ်​သည်​ကို​ဟော​တော်​မူ​ပါ'' ဟု​ဆို ကြ​၏။-
K pibn i o nuga k bual'o: a de ye ka tie u tienu tondo kaa maadi yua pua ŋa.
65 ၆၅ အ​ခြား​စ​ကား​များ​ဖြင့်​လည်း​ကိုယ်​တော်​ကို စော်​ကား​ကြ​၏။
K ji sugd'o sugbuoli kuli
66 ၆၆ မိုး​လင်း​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား​ခေါင်း ဆောင်​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​ကြီး များ​နှင့် ကျမ်း​တတ်​ဆ​ရာ​များ​သည်​စု​ဝေး ကြ​၏။ ထို​နောက်​ကိုယ်​တော်​အား​မိ​မိ​တို့​၏ တ​ရား​လွှတ်​တော်​သို့​ခေါ်​ဆောင်​သွား​ကြ​၏။-
Lan den fandi k u dogu nikpela yeni salki yidkaab canba nba yen a gbanbanda bo tani ki ba yen i Jesus b buudi dam kani
67 ၆၇ သူ​တို့​က ``သင်​သည်​မေ​ရှိ​ယ​ဖြစ်​ပါ​သ​လော။ ငါ​တို့​အား​ပြော​လော့'' ဟု​ဆို​ကြ​၏။ ကိုယ်​တော်​က``ငါ​ပြော​လျှင်​သင်​တို့​ယုံ​ကြ​မည် မ​ဟုတ်။-
K b cil i buali: “A ya tie kristu ŋan maadi ti. K jesus ŋmia'bi: N ya jiin i kan ya pia n po dandanli,
68 ၆၈ သင်​တို့​အား​ငါ​မေး​လျှင်​သင်​တို့​ဖြေ​မည်​မ​ဟုတ်။
K ya buali i buali ki kan jiin i.
69 ၆၉ ယ​ခု​မှ​စ​၍​လူ​သား​သည်​အနန္တ​တန်​ခိုး​တော် ရှင်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော်​ဘက်​တွင် ထိုင်​တော်​မူ​လတ္တံ့'' ဟု​မိန့်​တော်​မူ​၏။
Ama mɔda o nul bijua b kali o baa yua tie diedo jienu po.
70 ၇၀ ထို​သူ​တို့​က ``သို့​ဖြစ်​ပါ​မူ​သင်​သည်​ဘု​ရား သ​ခင်​၏​သား​တော်​ဖြစ်​ပါ​သ​လော'' ဟု​မေး ကြ​၏။ ကိုယ်​တော်​က ``ငါ​သည်​ဘု​ရား​သ​ခင် ၏​သား​တော်​ဖြစ်​သည်​ဟု​သင်​တို့​ပင်​ဆို​ချေ သည်'' ဟု​မိန့်​တော်​မူ​၏။
K b kul ji yigini a tie u tienu bijua yoo! ko jiim'a yima n ye k tie u tienu bijua.
71 ၇၁ ထို​အ​ခါ​သူ​တို့​က ``အ​ဘယ်​သက်​သေ​လို​သေး သ​နည်း။ ငါ​တို့​ကိုယ်​တိုင်​ပင်​သူ​၏​စ​ကား​ကို ကြား​ရ​ကြ​ပြီ'' ဟု​ဆို​ကြ​၏။
k yabi ye ting po ji yigni, i gɔ bua la kasieda i. T songi u ñɔba nni mɔlane.

< လုကာ 22 >