< လုကာ 21 >
1 ၁ ကိုယ်တော်သည်မော်၍ကြည့်လိုက်ရာချမ်းသာ ကြွယ်ဝသူများဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ အလှူဒါနထည့်ဝင်နေကြသည်ကိုမြင်တော် မူ၏။-
atha dhanilokā bhāṇḍāgāre dhanaṁ nikṣipanti sa tadeva paśyati,
2 ၂ ကြေးပြားနှစ်ပြားကိုဆင်းရဲသူမုဆိုးမ တစ်ယောက်ထည့်ဝင်လှူဒါန်းသည်ကိုလည်း မြင်တော်မူ၏။-
etarhi kāciddīnā vidhavā paṇadvayaṁ nikṣipati tad dadarśa|
3 ၃ ကိုယ်တော်က ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားဤဆင်းရဲသောမုဆိုးမ သည်ဤသူအပေါင်းတို့ထက်ပို၍ထည့်ဝင် လှူဒါန်းလေပြီ။-
tato yīśuruvāca yuṣmānahaṁ yathārthaṁ vadāmi, daridreyaṁ vidhavā sarvvebhyodhikaṁ nyakṣepsīt,
4 ၄ ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံထဲမှ ပေးလှူကြ၏။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပင် ပေးလှူပြီ'' ဟုမိန့်တော်မူ၏။
yatonye svaprājyadhanebhya īśvarāya kiñcit nyakṣepsuḥ, kintu daridreyaṁ vidhavā dinayāpanārthaṁ svasya yat kiñcit sthitaṁ tat sarvvaṁ nyakṣepsīt|
5 ၅ တပည့်တော်အချို့တို့က ဗိမာန်တော်သည်လှပ သောကျောက်တုံးများ၊ ပူဇော်ဆက်ကပ်ထားသည့် ဝတ္ထုပစ္စည်းများဖြင့်အလွန်တင့်တယ်လျက်ရှိ ကြောင်းပြောဆိုကြ၏။-
aparañca uttamaprastarairutsṛṣṭavyaiśca mandiraṁ suśobhatetarāṁ kaiścidityukte sa pratyuvāca
6 ၆ ထိုအခါကိုယ်တော်က ``သင်တို့မြင်ရကြသည့် အရာအားလုံးတို့သည်ပြိုကျရလိမ့်မည်။ ကျောက်တစ်လုံးမျှမူလနေရာတွင်တင်၍ မကျန်ရစ်သည့်တိုင်အောင်ပြိုပျက်ရသည့် အချိန်ကျရောက်လာပေအံ့'' ဟုမိန့်တော်မူ၏။
yūyaṁ yadidaṁ nicayanaṁ paśyatha, asya pāṣāṇaikopyanyapāṣāṇopari na sthāsyati, sarvve bhūsādbhaviṣyanti kāloyamāyāti|
7 ၇ ထိုသူတို့က ``အရှင်ဘုရား၊ ဤအမှုအရာ များသည်အဘယ်ကာလတွင်ဖြစ်ပျက်ပါ မည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌ အဘယ်ပုဗ္ဗနိမိတ်များပေါ်ထွန်းပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
tadā te papracchuḥ, he guro ghaṭanedṛśī kadā bhaviṣyati? ghaṭanāyā etasyasaścihnaṁ vā kiṁ bhaviṣyati?
8 ၈ ကိုယ်တော်က ``သင်တို့သည်လှည့်စားခြင်းမခံရ ကြစေရန်သတိပြုကြလော့။ လူအများပင် ငါ၏အယောင်ဆောင်လျက်`ငါသည်မေရှိယဖြစ် သည်' ဟုဆို၍လည်းကောင်း၊ `ချိန်းချက်သတ်မှတ် တော်မူရာအချိန်ရောက်ပြီ' ဟုဆို၍လည်းကောင်း လူတို့ကိုလှည့်စားကြလိမ့်မည်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
tadā sa jagāda, sāvadhānā bhavata yathā yuṣmākaṁ bhramaṁ kopi na janayati, khīṣṭohamityuktvā mama nāmrā bahava upasthāsyanti sa kālaḥ prāyeṇopasthitaḥ, teṣāṁ paścānmā gacchata|
9 ၉ သင်တို့သည်စစ်မက်သတင်းများနှင့်ပုန်ကန် တော်လှန်မှုသတင်းများကိုကြားကြသော အခါမထိတ်လန့်ကြနှင့်။ ဤအမှုအရာများ သည်ဦးစွာဖြစ်ပျက်ရမည်။ သို့သော်လည်းကပ် ကမ္ဘာကုန်ဆုံးချိန်ကားမရောက်သေး'' ဟုမိန့် တော်မူ၏။
yuddhasyopaplavasya ca vārttāṁ śrutvā mā śaṅkadhvaṁ, yataḥ prathamam etā ghaṭanā avaśyaṁ bhaviṣyanti kintu nāpāte yugānto bhaviṣyati|
10 ၁၀ ထိုနောက်ကိုယ်တော်က ``လူတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။-
aparañca kathayāmāsa, tadā deśasya vipakṣatvena deśo rājyasya vipakṣatvena rājyam utthāsyati,
11 ၁၁ နေရာအနှံ့အပြားတွင်မြေငလျင်ပြင်းထန် စွာလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ အနာရောဂါ ကပ်သင့်ခြင်းတို့ဖြစ်လိမ့်မည်။ ကောင်းကင်တွင် ကြောက်မက်ဖွယ်ကောင်းသောအရာများနှင့်ပုဗ္ဗ နိမိတ်များပေါ်ထွန်းကြလိမ့်မည်။-
nānāsthāneṣu mahābhūkampo durbhikṣaṁ mārī ca bhaviṣyanti, tathā vyomamaṇḍalasya bhayaṅkaradarśanānyaścaryyalakṣaṇāni ca prakāśayiṣyante|
12 ၁၂ သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။-
kintu sarvvāsāmetāsāṁ ghaṭanānāṁ pūrvvaṁ lokā yuṣmān dhṛtvā tāḍayiṣyanti, bhajanālaye kārāyāñca samarpayiṣyanti mama nāmakāraṇād yuṣmān bhūpānāṁ śāsakānāñca sammukhaṁ neṣyanti ca|
13 ၁၃ ဤနည်းအားဖြင့်သင်တို့သည်သတင်းကောင်း ကိုကြေညာရန်အခွင့်ထူးရကြလိမ့်မည်။-
sākṣyārtham etāni yuṣmān prati ghaṭiṣyante|
14 ၁၄ ထို့ကြောင့်မိမိတို့မည်သို့ချေပရမည်ကို မစိုးရိမ်ရန်ကြိုတင်၍စိတ်ပြဋ္ဌာန်းကြလော့။-
tadā kimuttaraṁ vaktavyam etat na cintayiṣyāma iti manaḥsu niścitanuta|
15 ၁၅ အဘယ်ကြောင့်ဆိုသော်သင်တို့၏ရန်သူများ မငြင်းခုံမခုခံနိုင်အောင်သင်တို့အားနှုတ် သတ္တိ၊ ဉာဏ်သတ္တိကိုငါပေးမည်ဖြစ်သောကြောင့် တည်း။-
vipakṣā yasmāt kimapyuttaram āpattiñca karttuṁ na śakṣyanti tādṛśaṁ vākpaṭutvaṁ jñānañca yuṣmabhyaṁ dāsyāmi|
16 ၁၆ သင်တို့အားမိဘဆွေမျိုးမိတ်သင်္ဂဟများက ရန်သူ့လက်သို့အပ်ကြလိမ့်မည်။ သင်တို့အနက် အချို့သောသူတို့ကိုသတ်ကြလိမ့်မည်။-
kiñca yūyaṁ pitrā mātrā bhrātrā bandhunā jñātyā kuṭumbena ca parakareṣu samarpayiṣyadhve; tataste yuṣmākaṁ kañcana kañcana ghātayiṣyanti|
17 ၁၇ ငါ၏နာမကြောင့်သင်တို့ကိုလူအပေါင်းတို့ မုန်းကြလိမ့်မည်။-
mama nāmnaḥ kāraṇāt sarvvai rmanuṣyai ryūyam ṛtīyiṣyadhve|
18 ၁၈ သို့ရာတွင်သင်တို့ဦးခေါင်းကဆံပင်တစ်ပင် မျှပျက်စီးရလိမ့်မည်မဟုတ်။-
kintu yuṣmākaṁ śiraḥkeśaikopi na vinaṁkṣyati,
19 ၁၉ သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
tasmādeva dhairyyamavalambya svasvaprāṇān rakṣata|
20 ၂၀ ယေရုရှလင်မြို့ကိုစစ်တပ်များဝိုင်းရံလျက်ရှိ သည်ကို သင်တို့မြင်သောအခါ ထိုမြို့ပျက်ခါ နီးပြီဟုသိမှတ်ကြလော့။-
aparañca yirūśālampuraṁ sainyaveṣṭitaṁ vilokya tasyocchinnatāyāḥ samayaḥ samīpa ityavagamiṣyatha|
21 ၂၁ ထိုအခါ၌ယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။ မြို့ထဲမှာရှိလူတို့မြို့ပြင် သို့ထွက်ကြစေ။ ကျေးလက်တောရွာမှာရှိသော သူတို့ကိုမြို့ထဲသို့မဝင်ကြစေနှင့်။-
tadā yihūdādeśasthā lokāḥ parvvataṁ palāyantāṁ, ye ca nagare tiṣṭhanti te deśāntaraṁ palāyantā, ye ca grāme tiṣṭhanti te nagaraṁ na praviśantu,
22 ၂၂ အဘယ်ကြောင့်ဆိုသော်ထိုနေ့ရက်ကာလသည် အပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလဖြစ်သော ကြောင့်တည်း။ ကျမ်းစာတော်တွင်ဖော်ပြခဲ့သည့် အမှုအရာများဖြစ်ပျက်ရာကာလပင်ဖြစ်၏။-
yatastadā samucitadaṇḍanāya dharmmapustake yāni sarvvāṇi likhitāni tāni saphalāni bhaviṣyanti|
23 ၂၃ ထိုကာလ၌ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သားသည် မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။ ယုဒပြည်သည်အတိဒုက္ခရောက်၍ ပြည်သူတို့သည်အမျက်တော်သင့်ကြလိမ့် မည်။-
kintu yā yāstadā garbhavatyaḥ stanyadāvyaśca tāmāṁ durgati rbhaviṣyati, yata etāllokān prati kopo deśe ca viṣamadurgati rghaṭiṣyate|
24 ၂၄ အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။
vastutastu te khaṅgadhāraparivvaṅgaṁ lapsyante baddhāḥ santaḥ sarvvadeśeṣu nāyiṣyante ca kiñcānyadeśīyānāṁ samayopasthitiparyyantaṁ yirūśālampuraṁ taiḥ padatalai rdalayiṣyate|
25 ၂၅ ``နေလကြယ်နက္ခတ်များ၌ပုဗ္ဗနိမိတ်များပေါ်ထွန်း လာလိမ့်မည်။ ကမ္ဘာပေါ်တွင်လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုးမြည်ဟီးသံကြောင့်စိတ်ပျက် အားလျော့ကြောက်ရွံ့ကြလိမ့်မည်။-
sūryyacandranakṣatreṣu lakṣaṇādi bhaviṣyanti, bhuvi sarvvadeśīyānāṁ duḥkhaṁ cintā ca sindhau vīcīnāṁ tarjanaṁ garjanañca bhaviṣyanti|
26 ၂၆ လူတို့သည်ကမ္ဘာပေါ်တွင်ဆိုက်ရောက်လတ္တံ့သော ဘေးများကိုမြော်မြင်၍ကြောက်လန့်ကာမူး မော်လိမ့်မည်။ ကောင်းကင်နက္ခတ်တာရာတို့သည် တုန်လှုပ်ကြလိမ့်မည်။-
bhūbhau bhāvighaṭanāṁ cintayitvā manujā bhiyāmṛtakalpā bhaviṣyanti, yato vyomamaṇḍale tejasvino dolāyamānā bhaviṣyanti|
27 ၂၇ ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။-
tadā parākrameṇā mahātejasā ca meghārūḍhaṁ manuṣyaputram āyāntaṁ drakṣyanti|
28 ၂၈ ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင်တို့အားကယ်တင်တော်မူမည့်အချိန်သည် နီးကပ်လျက်ရှိသည်ဖြစ်၍ သင်တို့၏ဦးခေါင်း ကိုကြွ၍မျှော်ကြည့်ကြလော့'' ဟုမိန့်တော်မူ၏။
kintvetāsāṁ ghaṭanānāmārambhe sati yūyaṁ mastakānyuttolya ūrdadhvaṁ drakṣyatha, yato yuṣmākaṁ mukteḥ kālaḥ savidho bhaviṣyati|
29 ၂၉ ထိုနောက်ကိုယ်တော်သည် သူတို့အားပုံဥပမာ ဆောင်၍ ``သင်္ဘောသဖန်းပင်နှင့် အခြားသစ်ပင် တို့ကိုကြည့်ကြလော့။-
tatastenaitadṛṣṭāntakathā kathitā, paśyata uḍumbarādivṛkṣāṇāṁ
30 ၃၀ ထိုအပင်များရွက်နုပေါက်သောအခါ သင်တို့ သည်ကြည့်၍နွေရာသီနီးကြောင်းသိကြ၏။-
navīnapatrāṇi jātānīti dṛṣṭvā nidāvakāla upasthita iti yathā yūyaṁ jñātuṁ śaknutha,
31 ၃၁ ထိုနည်းတူစွာဖော်ပြခဲ့သည့်အမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ ဘုရားသခင်၏နိုင်ငံတော်တည်ချိန်နီးပြီဟု သိမှတ်ကြလော့။
tathā sarvvāsāmāsāṁ ghaṭanānām ārambhe dṛṣṭe satīśvarasya rājatvaṁ nikaṭam ityapi jñāsyatha|
32 ၃၂ ``ငါအမှန်ဆိုသည်ကားဤအမှုအရာအလုံးစုံ တို့မဖြစ်မပျက်မီ ယခုအသက်ရှင်နေသူတို့ သေလွန်ရလိမ့်မည်မဟုတ်။-
yuṣmānahaṁ yathārthaṁ vadāmi, vidyamānalokānāmeṣāṁ gamanāt pūrvvam etāni ghaṭiṣyante|
33 ၃၃ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ၏စကားတည်လိမ့်မည်။
nabhobhuvorlopo bhaviṣyati mama vāk tu kadāpi luptā na bhaviṣyati|
34 ၃၄ ``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-
ataeva viṣamāśanena pānena ca sāṁmārikacintābhiśca yuṣmākaṁ citteṣu matteṣu taddinam akasmād yuṣmān prati yathā nopatiṣṭhati tadarthaṁ sveṣu sāvadhānāstiṣṭhata|
pṛthivīsthasarvvalokān prati taddinam unmātha iva upasthāsyati|
36 ၃၆ နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။
yathā yūyam etadbhāvighaṭanā uttarttuṁ manujasutasya sammukhe saṁsthātuñca yogyā bhavatha kāraṇādasmāt sāvadhānāḥ santo nirantaraṁ prārthayadhvaṁ|
37 ၃၇ ကိုယ်တော်သည်နေ့အခါများ၌ဗိမာန်တော် တွင်ဟောပြောသွန်သင်တော်မူပြီးလျှင် ညအခါ များ၌သံလွင်နာမည်တွင်သောတောင်ပေါ်သို့ သွား၍ညဥ့်ကိုလွန်စေတော်မူ၏။-
aparañca sa divā mandira upadiśya rācai jaitunādriṁ gatvātiṣṭhat|
38 ၃၈ လူအပေါင်းတို့သည်ဗိမာန်တော်တွင်တရား တော်ကိုကြားနာရန် နံနက်စောစောထ၍ အထံတော်သို့လာကြ၏။
tataḥ pratyūṣe lākāstatkathāṁ śrotuṁ mandire tadantikam āgacchan|