< လုကာ 21 >
1 ၁ ကိုယ်တော်သည်မော်၍ကြည့်လိုက်ရာချမ်းသာ ကြွယ်ဝသူများဗိမာန်တော်ဘဏ္ဍာတိုက်ထဲသို့ အလှူဒါနထည့်ဝင်နေကြသည်ကိုမြင်တော် မူ၏။-
Yesu pealolokesa takataka, avawene vandu vevana vindu vyamahele chevisopa luteta muchijomela cha Nyumba ya Chapanga.
2 ၂ ကြေးပြားနှစ်ပြားကိုဆင်းရဲသူမုဆိုးမ တစ်ယောက်ထည့်ဝင်လှူဒါန်းသည်ကိုလည်း မြင်တော်မူ၏။-
Mewa amuwene lipwela mngangu isopa mashonga sendi zivili.
3 ၃ ကိုယ်တော်က ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားဤဆင်းရဲသောမုဆိုးမ သည်ဤသူအပေါင်းတို့ထက်ပို၍ထည့်ဝင် လှူဒါန်းလေပြီ။-
Akajova, “Chakaka nikuvajovela, uyu lipwela mngangu asopili neju kuliku voha.
4 ၄ ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံထဲမှ ပေးလှူကြ၏။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပင် ပေးလှူပြီ'' ဟုမိန့်တော်မူ၏။
Muni, vangi voha vasopili luteta, muvindu vyavi vyeviyonjokisi, nambu mau uyu pamonga na ungangu waki asopili chindu cheavi nachu ndava ya wumi waki.”
5 ၅ တပည့်တော်အချို့တို့က ဗိမာန်တော်သည်လှပ သောကျောက်တုံးများ၊ ပူဇော်ဆက်ကပ်ထားသည့် ဝတ္ထုပစ္စည်းများဖြင့်အလွန်တင့်တယ်လျက်ရှိ ကြောင်းပြောဆိုကြ၏။-
Vandu vangi valongelelayi malovi ga kuyivala Nyumba ya Chapanga, cheyinyambwisi bwina kwa maganga ga mashonga gamahele, na luteta zezasopiwi kwa Chapanga kangi Yesu akajova.
6 ၆ ထိုအခါကိုယ်တော်က ``သင်တို့မြင်ရကြသည့် အရာအားလုံးတို့သည်ပြိုကျရလိမ့်မည်။ ကျောက်တစ်လုံးမျှမူလနေရာတွင်တင်၍ မကျန်ရစ်သည့်တိုင်အောင်ပြိုပျက်ရသည့် အချိန်ကျရောက်လာပေအံ့'' ဟုမိန့်တော်မူ၏။
“Goha aga gemkugawona galabwela magono kawaka hati liganga limonga lelisigalila panani ya liganga lingi, kila chindu yati chidenyekana.”
7 ၇ ထိုသူတို့က ``အရှင်ဘုရား၊ ဤအမှုအရာ များသည်အဘယ်ကာလတွင်ဖြစ်ပျက်ပါ မည်နည်း။ ဤအမှုအရာများဖြစ်ပျက်ချိန်၌ အဘယ်ပုဗ္ဗနိမိတ်များပေါ်ထွန်းပါမည်နည်း'' ဟုမေးလျှောက်ကြ၏။
Ndi vakamkota, “Muwula mambu, genago yati gihumila ndali? Hinu ulangisu woki weulangisa papipi pagihumila mambu genago?”
8 ၈ ကိုယ်တော်က ``သင်တို့သည်လှည့်စားခြင်းမခံရ ကြစေရန်သတိပြုကြလော့။ လူအများပင် ငါ၏အယောင်ဆောင်လျက်`ငါသည်မေရှိယဖြစ် သည်' ဟုဆို၍လည်းကောင်း၊ `ချိန်းချက်သတ်မှတ် တော်မူရာအချိန်ရောက်ပြီ' ဟုဆို၍လည်းကောင်း လူတို့ကိုလှည့်စားကြလိမ့်မည်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။-
Yesu akavayangula, “Mujiyangalilayi, mkoto kukongiwa muni vamahele yati vibwela na kulihengela liina langu. Kuni kila mmonga yati ijova kuvya ‘Mwene ndi Kilisitu msangula!’ ‘Lukumbi luhikili!’ Nambu nyenye mkoto kuvalanda.
9 ၉ သင်တို့သည်စစ်မက်သတင်းများနှင့်ပုန်ကန် တော်လှန်မှုသတင်းများကိုကြားကြသော အခါမထိတ်လန့်ကြနှင့်။ ဤအမှုအရာများ သည်ဦးစွာဖြစ်ပျက်ရမည်။ သို့သော်လည်းကပ် ကမ္ဘာကုန်ဆုံးချိန်ကားမရောက်သေး'' ဟုမိန့် တော်မူ၏။
Hinu, pamwiyuwana malovi ga ngondo na mng'anamukanu nakuyogopa, muni yiganikwa genago gahumila hoti, nambu pamwishu wene wakona.”
10 ၁၀ ထိုနောက်ကိုယ်တော်က ``လူတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။-
Kangi akayendelela kujova, “Vandu va mulima umonga yati witovana na vandu va mulima wungi, na unkosi umonga yati utovana na unkosi wungi.”
11 ၁၁ နေရာအနှံ့အပြားတွင်မြေငလျင်ပြင်းထန် စွာလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ အနာရောဂါ ကပ်သင့်ခြင်းတို့ဖြစ်လိမ့်မည်။ ကောင်းကင်တွင် ကြောက်မက်ဖွယ်ကောင်းသောအရာများနှင့်ပုဗ္ဗ နိမိတ်များပေါ်ထွန်းကြလိမ့်မည်။-
Kila pandu yati pivya na mindendemo yivaha ya ndima na njala na matamu ga kukangasa na kuyogofya, na ulangisu ukulu kuhumila kunani kuliundi.
12 ၁၂ သို့ရာတွင်ဤအမှုအရာများမဖြစ်မပျက် မီလူတို့သည်သင်တို့အားဖမ်းဆီးညှဉ်းဆဲကြ လိမ့်မည်။ သင်တို့အားတရားဇရပ်များတွင် တရားစီရင်ရန်အပ်နှံ၍ထောင်များတွင် အကျဉ်းချထားကြလိမ့်မည်။ သင်တို့သည် ငါ၏နာမကြောင့်ရှင်ဘုရင်များ၊ အာဏာပိုင် များ၏ရှေ့မှောက်သို့ရောက်ရကြလိမ့်မည်။-
Nambu, kwakona kuhumila genago goha, yati vakuvakamula na vakuvang'aha na kuvapeleka munyumba za kukonganekela Vayawudi na kuvakunga muchifungu, yati vakuvapeleka kwa vankosi na vachilongosi, ndava ya liina langu,
13 ၁၃ ဤနည်းအားဖြင့်သင်တို့သည်သတင်းကောင်း ကိုကြေညာရန်အခွင့်ထူးရကြလိမ့်မည်။-
muhotola kujova kwa vene.
14 ၁၄ ထို့ကြောင့်မိမိတို့မည်သို့ချေပရမည်ကို မစိုးရိမ်ရန်ကြိုတင်၍စိတ်ပြဋ္ဌာန်းကြလော့။-
Mkangamala mumitima yinu, mkoto kuholela kwakona, wuli mukujikengelela,
15 ၁၅ အဘယ်ကြောင့်ဆိုသော်သင်တို့၏ရန်သူများ မငြင်းခုံမခုခံနိုင်အောင်သင်တို့အားနှုတ် သတ္တိ၊ ဉာဏ်သတ္တိကိုငါပေးမည်ဖြစ်သောကြောင့် တည်း။-
Ndava namwene yati nikuvapela malovi ga luhala, hati makoko winu yati nakuhotola kukangamala amala kuvabelela.
16 ၁၆ သင်တို့အားမိဘဆွေမျိုးမိတ်သင်္ဂဟများက ရန်သူ့လက်သို့အပ်ကြလိမ့်မည်။ သင်တို့အနက် အချို့သောသူတို့ကိုသတ်ကြလိမ့်မည်။-
Vadadi na Vanyina vinu, valongo na vandu va lukolo lwinu na vankozi vinu, yati vakuvang'anamukila nyenye, vangi pagati yinu yati mwikomiwa.
17 ၁၇ ငါ၏နာမကြောင့်သင်တို့ကိုလူအပေါင်းတို့ မုန်းကြလိမ့်မည်။-
Vandu voha yati vakuvahakalila nyenye ndava yangu.
18 ၁၈ သို့ရာတွင်သင်တို့ဦးခေါင်းကဆံပင်တစ်ပင် မျှပျက်စီးရလိမ့်မည်မဟုတ်။-
Nambu, hati luyunju lumonga wa mumitu yinu lwiyaga lepi.
19 ၁၉ သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
Msindimala, kwa kusindimala kwinu, yati mwisangula wumi winu.
20 ၂၀ ယေရုရှလင်မြို့ကိုစစ်တပ်များဝိုင်းရံလျက်ရှိ သည်ကို သင်တို့မြင်သောအခါ ထိုမြို့ပျက်ခါ နီးပြီဟုသိမှတ်ကြလော့။-
Nambu, “Pemwilola chikundi cha manjolinjoli chiutindili muji wa Yelusalemu, mumanya kuvya lusenje lwa kudenyeka kwaki luhikili.
21 ၂၁ ထိုအခါ၌ယုဒပြည်ရှိလူတို့သည်တောင်များ ပေါ်သို့ပြေးကြစေ။ မြို့ထဲမှာရှိလူတို့မြို့ပြင် သို့ထွက်ကြစေ။ ကျေးလက်တောရွာမှာရှိသော သူတို့ကိုမြို့ထဲသို့မဝင်ကြစေနှင့်။-
Hinu, vevavi ku Yudea vajumbalila kuchitumbi na vevavi kumuji vawuka na vevavi kumgunda vala vakotoka kuwuya kumuji.
22 ၂၂ အဘယ်ကြောင့်ဆိုသော်ထိုနေ့ရက်ကာလသည် အပြစ်ဒဏ်စီရင်ရာနေ့ရက်ကာလဖြစ်သော ကြောင့်တည်း။ ကျမ်းစာတော်တွင်ဖော်ပြခဲ့သည့် အမှုအရာများဖြစ်ပျက်ရာကာလပင်ဖြစ်၏။-
Ndava magono ago ndi magono ga Chapanga kuvabuna vandu vaki, muni kukita mambu goha gegayandikwi mu Mayandiku Gamsopi gahengeka.
23 ၂၃ ထိုကာလ၌ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သားသည် မိခင်တို့အတွက်အကျိုးနည်းပေ တော့မည်။ ယုဒပြည်သည်အတိဒုက္ခရောက်၍ ပြည်သူတို့သည်အမျက်တော်သင့်ကြလိမ့် မည်။-
Valachikolela vadala vana ndumbu na vevinyongesa magono genago! Muni yati kwiva na mang'ahiso gamahele mu mulima na ligoga la Chapanga likuvabwelela vandu va mulima wa Vayawudi.
24 ၂၄ အချို့သောသူတို့သည်ဋ္ဌားဘေးဖြင့်ကျဆုံး ကြလိမ့်မည်။ ကျန်သူတို့သည်သုံ့ပန်းများအဖြစ် ဖြင့် အတိုင်းတိုင်းအပြည်ပြည်သို့ဖမ်းသွားခြင်းခံ ရကြလိမ့်မည်။ လူမျိုးခြားတို့သည် မိမိတို့ကြီး စိုးသည့်ခေတ်မကုန်မချင်း ယေရုရှလင်မြို့ ကိုခြေဖြင့်နင်းကြလိမ့်မည်။
Vangi vikomiwa kwa upanga, vangi vitoliwa na kupechenganwa mumilima yoha, muji wa Yelusalemu yati wilongoswa na vandu vangali Vayawudi, mbaka mwishu wa ulongosi wavi.”
25 ၂၅ ``နေလကြယ်နက္ခတ်များ၌ပုဗ္ဗနိမိတ်များပေါ်ထွန်း လာလိမ့်မည်။ ကမ္ဘာပေါ်တွင်လူမျိုးအပေါင်းတို့သည် ပင်လယ်လှိုင်းတံပိုးမြည်ဟီးသံကြောင့်စိတ်ပျက် အားလျော့ကြောက်ရွံ့ကြလိမ့်မည်။-
“Yati kwivya na ulangisu mulilanga na mwehi na ndondo. Na vandu pamulima yati vivagaya ndava ya wogohi wa kubuma kwa luyuga lwa nyanja.
26 ၂၆ လူတို့သည်ကမ္ဘာပေါ်တွင်ဆိုက်ရောက်လတ္တံ့သော ဘေးများကိုမြော်မြင်၍ကြောက်လန့်ကာမူး မော်လိမ့်မည်။ ကောင်းကင်နက္ခတ်တာရာတို့သည် တုန်လှုပ်ကြလိမ့်မည်။-
Vandu yati vihinduka ndava ya wogohi, pevilola mambu gegakuukolela mulima, muni vindu vyoha vya kulihundi lilanga na mwehi na ndondo na vingi vyoha yati vinyugusika.
27 ၂၇ ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။-
Kangi, yati vamlola Mwana wa Mundu ibwela mulihundi, ana makakala na ukulu wamahele.
28 ၂၈ ဤအမှုအရာများဖြစ်ပျက်လာသောအခါ သင်တို့အားကယ်တင်တော်မူမည့်အချိန်သည် နီးကပ်လျက်ရှိသည်ဖြစ်၍ သင်တို့၏ဦးခေါင်း ကိုကြွ၍မျှော်ကြည့်ကြလော့'' ဟုမိန့်တော်မူ၏။
Lukumbi mambu genago pagitumbula kuhumila, myimayi mkangamala, muni kugomboka kwinu kuhegalili.”
29 ၂၉ ထိုနောက်ကိုယ်တော်သည် သူတို့အားပုံဥပမာ ဆောင်၍ ``သင်္ဘောသဖန်းပင်နှင့် အခြားသစ်ပင် တို့ကိုကြည့်ကြလော့။-
Kangi akavajovela luhumu, “Mlola mkongo wa mtini na mikongo yingi yoha.
30 ၃၀ ထိုအပင်များရွက်နုပေါက်သောအခါ သင်တို့ သည်ကြည့်၍နွေရာသီနီးကြောင်းသိကြ၏။-
Pemwilola yitumbula kumela mahamba, mwavene mwimanya kuvya lusenje lwa fula luhegelili.
31 ၃၁ ထိုနည်းတူစွာဖော်ပြခဲ့သည့်အမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ ဘုရားသခင်၏နိုင်ငံတော်တည်ချိန်နီးပြီဟု သိမှတ်ကြလော့။
Mewawa, pamwilola mambu genago gihengeka yati mwimanya kuvya Unkosi wa Chapanga uvi papipi.
32 ၃၂ ``ငါအမှန်ဆိုသည်ကားဤအမှုအရာအလုံးစုံ တို့မဖြစ်မပျက်မီ ယခုအသက်ရှင်နေသူတို့ သေလွန်ရလိမ့်မည်မဟုတ်။-
Chakaka nikuvajovela, chiveleku ichi cha hinu chipita lepi kwakona genago goha kuhengeka.
33 ၃၃ ကောင်းကင်နှင့်မြေကြီးမတည်သော်လည်း ငါ၏စကားတည်လိမ့်မည်။
Kunani kwa Chapanga na pamulima yati ziwuka, nambu malovi gangu katu gipita lepi.”
34 ၃၄ ``သင်တို့သည်ပျော်ရွှင်သောက်စားမူးယစ်ခြင်း၊ လောကီမှုရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အချိန်မကုန်စေရန်သတိနှင့်နေကြလော့။ ယင်း သို့သတိနှင့်မနေပါမူ တရားစီရင်တော်မူရာ နေ့ရက်သည်ထောင်ချောက်ကျသကဲ့သို့ သင်တို့ အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။ ထို နေ့ရက်သည်ကမ္ဘာပေါ်ရှိလူသားအပေါင်း တို့အပေါ်သို့ကျရောက်လာလိမ့်မည်။-
“Mujiyangalilayi! Mitima yinu yikotoka kutopelwa, kwa mambu ga kugala na uhutulu na mang'ahiso ga mulima uwu. Muni ligono lenilo likuvabwelela chigafula.
Muni yikuvabwelela ngati likoka vandu voha vevitama pamulima poha.
36 ၃၆ နိုးနိုးကြားကြားရှိကြလော့။ ကျရောက်လတ္တံ့ သောဘေးများကိုခံရပ်၍ လူသား၏ရှေ့တော် တွင်မတ်မတ်ရပ်၍တရားစီရင်ခြင်းကိုခံနိုင် ကြရန်အမြဲဆုတောင်းပတ္ထနာပြုကြလော့'' ဟုမိန့်တော်၏။
Hinu muvyamihu, na muyupayi kwa Chapanga lukumbi lwoha muni muhotola mpata makakala ga kuyepa mambu genago goha pegihumila, na kuyima palongolo ya Mwana wa Mundu.”
37 ၃၇ ကိုယ်တော်သည်နေ့အခါများ၌ဗိမာန်တော် တွင်ဟောပြောသွန်သင်တော်မူပြီးလျှင် ညအခါ များ၌သံလွင်နာမည်တွင်သောတောင်ပေါ်သို့ သွား၍ညဥ့်ကိုလွန်စေတော်မူ၏။-
Kila ligono muhi magono ago, Yesu avi mukuwula vandu mu Nyumba ya Chapanga, nambu kilu ahambayi kuchitumbi cha mizeituni na kutama kwenuko.
38 ၃၈ လူအပေါင်းတို့သည်ဗိမာန်တော်တွင်တရား တော်ကိုကြားနာရန် နံနက်စောစောထ၍ အထံတော်သို့လာကြ၏။
Na vandu voha vayumwiki lukela hambakucha kuhamba pa Nyumba ya Chapanga, vapata kumyuwanila Yesu.