< လုကာ 21 >

1 ကိုယ်​တော်​သည်​မော်​၍​ကြည့်​လိုက်​ရာ​ချမ်း​သာ ကြွယ်​ဝ​သူ​များ​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့ အ​လှူ​ဒါ​န​ထည့်​ဝင်​နေ​ကြ​သည်​ကို​မြင်​တော် မူ​၏။-
ထိုနောက် ကိုယ်တော်သည် မျှော်ကြည့် ၍ ၊ ငွေရတတ် သောသူ တို့သည်အလှူဒါန ကို ဘဏ္ဍာတိုက် ထဲသို့ သွင်းချ သည်ကို မြင် တော်မူ၏။
2 ကြေး​ပြား​နှစ်​ပြား​ကို​ဆင်း​ရဲ​သူ​မု​ဆိုး​မ တစ်​ယောက်​ထည့်​ဝင်​လှူ​ဒါန်း​သည်​ကို​လည်း မြင်​တော်​မူ​၏။-
ဆင်းရဲ သော မုတ်ဆိုးမ တစ် ယောက်သည်လည်း ကြေးနီ ဒင်္ဂါးနှစ် ပြား သွင်းချ သည်ကို မြင် တော်မူလျှင်၊
3 ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့​အား ငါ​ဆို​သည်​ကား​ဤ​ဆင်း​ရဲ​သော​မု​ဆိုး​မ သည်​ဤ​သူ​အ​ပေါင်း​တို့​ထက်​ပို​၍​ထည့်​ဝင် လှူ​ဒါန်း​လေ​ပြီ။-
ငါ အမှန် ဆိုသည်ကား ၊ ထို ဆင်းရဲ သော မုတ်ဆိုးမ သည် အခြားသောသူအပေါင်း တို့ထက် သာ၍သွင်းချ ပြီ။
4 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ငွေ​ပို​ငွေ​လျှံ​ထဲ​မှ ပေး​လှူ​ကြ​၏။ ဤ​အ​မျိုး​သ​မီး​မူ​ကား​ဆင်း​ရဲ လျက်​နှင့်​မိ​မိ​၏​ချွေး​နှဲ​စာ​ရှိ​သ​မျှ​ကို​ပင် ပေး​လှူ​ပြီ'' ဟု​မိန့်​တော်​မူ​၏။
အကြောင်းမူကား ၊ ထိုသူ အပေါင်း တို့သည် မိမိ တို့ကြွယ်ဝ သော စည်းစိမ် ထဲက နှုတ်၍ ဘုရားသခင်၏ အလှူ တော်စုထဲသို့ သွင်းချ ကြ၏။ ထိုမိန်းမ မူကား ၊ အလွန်ဆင်းရဲလျက်ပင်မိမိ အသက်မွေးစရာ ဥစ္စာရှိသမျှ ကို သွင်းချလေပြီ ဟု မိန့် တော်မူ၏။
5 တ​ပည့်​တော်​အ​ချို့​တို့​က ဗိ​မာန်​တော်​သည်​လှ​ပ သော​ကျောက်​တုံး​များ၊ ပူ​ဇော်​ဆက်​ကပ်​ထား​သည့် ဝတ္ထု​ပစ္စည်း​များ​ဖြင့်​အ​လွန်​တင့်​တယ်​လျက်​ရှိ ကြောင်း​ပြော​ဆို​ကြ​၏။-
လူ အချို့တို့သည် လာ၍ ဗိမာန် တော်သည် တင့်တယ် သောကျောက် ပြားနှင့်၎င်း ၊ ပူဇော် သက္ကာများ နှင့်၎င်း ဆင်ပြင် လျက် ရှိပါ၏ဟုလျှောက် ကြလျှင် ၊
6 ထို​အ​ခါ​ကိုယ်​တော်​က ``သင်​တို့​မြင်​ရ​ကြ​သည့် အ​ရာ​အား​လုံး​တို့​သည်​ပြို​ကျ​ရ​လိမ့်​မည်။ ကျောက်​တစ်​လုံး​မျှ​မူ​လ​နေ​ရာ​တွင်​တင်​၍ မ​ကျန်​ရစ်​သည့်​တိုင်​အောင်​ပြို​ပျက်​ရ​သည့် အ​ချိန်​ကျ​ရောက်​လာ​ပေ​အံ့'' ဟု​မိန့်​တော်​မူ​၏။
ကိုယ်တော်က၊ ဤအရာ များကို သင်တို့သည် ယခုမြင် ရကြ၏။ မ ဖြို မချဘဲ ကျောက် တစ်ခုပေါ်မှာ တစ်ခု မျှ မတည် မနေရသော အချိန် ကာလရောက် လိမ့်မည် ဟု မိန့် တော်မူ၏။
7 ထို​သူ​တို့​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​မှု​အ​ရာ များ​သည်​အ​ဘယ်​ကာ​လ​တွင်​ဖြစ်​ပျက်​ပါ မည်​နည်း။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ချိန်​၌ အ​ဘယ်​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​ကြ​၏။
သူ တို့ကလည်း ၊ အရှင် ဘုရား၊ ထို အမူအရာတို့သည် အဘယ် ကာလမှဖြစ် ပါမည်နည်း။ ထို အမှုအရာ တို့သည် ဖြစ် ချိန်နီးသောအခါ အဘယ် ပုပ္ပ နိမိတ်ပေါ်ထွန်း ပါမည်နည်းဟု မေး လျှောက် ကြလျှင်၊
8 ကိုယ်​တော်​က ``သင်​တို့​သည်​လှည့်​စား​ခြင်း​မ​ခံ​ရ ကြ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ လူ​အ​များ​ပင် ငါ​၏​အ​ယောင်​ဆောင်​လျက်`ငါ​သည်​မေ​ရှိ​ယ​ဖြစ် သည်' ဟု​ဆို​၍​လည်း​ကောင်း၊ `ချိန်း​ချက်​သတ်​မှတ် တော်​မူ​ရာ​အ​ချိန်​ရောက်​ပြီ' ဟု​ဆို​၍​လည်း​ကောင်း လူ​တို့​ကို​လှည့်​စား​ကြ​လိမ့်​မည်။ ထို​သူ​တို့​၏ နောက်​သို့​မ​လိုက်​ကြ​နှင့်။-
ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြား ခြင်းသို့ မ လိုက်မပါမည်အကြောင်း သတိပြု ကြလော့။ အများ သောသူတို့က၊ ငါ သည် ဤမည်သောသူဖြစ် ၏။ အချိန် ကာလလည်း ရောက်လာ ပြီဟုဆို လျက် ငါ ၏အယောင် ကို ဆောင်၍ ပေါ်လာ ကြလိမ့်မည်။ ထိုသူ တို့နောက် သို့ မ လိုက် ကြနှင့်။
9 သင်​တို့​သည်​စစ်​မက်​သ​တင်း​များ​နှင့်​ပုန်​ကန် တော်​လှန်​မှု​သ​တင်း​များ​ကို​ကြား​ကြ​သော အ​ခါ​မ​ထိတ်​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ သည်​ဦး​စွာ​ဖြစ်​ပျက်​ရ​မည်။ သို့​သော်​လည်း​ကပ် ကမ္ဘာ​ကုန်​ဆုံး​ချိန်​ကား​မ​ရောက်​သေး'' ဟု​မိန့် တော်​မူ​၏။
သင်တို့သည် စစ်တိုက် ခြင်းအကြောင်း၊ ပုန်ကန် ခြင်းအကြောင်းကို သိတင်းကြား ရသောအခါ စိုးရိမ် တုန်လှုပ်ခြင်းမ ရှိကြနှင့်။ ထိုအမှုအရာ များသည် အရင် ဖြစ် ရ မည်။ သို့သော်လည်း အဆုံး သည် အလျင်အမြန် မ ဖြစ် သေး။
10 ၁၀ ထို​နောက်​ကိုယ်​တော်​က ``လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ နိုင်ငံ​တစ်​နိုင်​ငံ​နှင့်​တစ်​နိုင်​ငံ​စစ်​ဖြစ်​ကြ​လိမ့်​မည်။-
၁၀ထိုမှတစ်ပါး ၊ လူ တမျိုးနှင့် တမျိုး ၊ တစ်နိုင်ငံ နှင့် တစ်နိုင်ငံ ရန်ဘက် ပြု ကြလိမ့်မည်။
11 ၁၁ နေ​ရာ​အ​နှံ့​အ​ပြား​တွင်​မြေ​င​လျင်​ပြင်း​ထန် စွာ​လှုပ်​ခြင်း၊ အ​စာ​ခေါင်း​ပါး​ခြင်း၊ အ​နာ​ရော​ဂါ ကပ်​သင့်​ခြင်း​တို့​ဖြစ်​လိမ့်​မည်။ ကောင်း​ကင်​တွင် ကြောက်​မက်​ဖွယ်​ကောင်း​သော​အ​ရာ​များ​နှင့်​ပုဗ္ဗ နိ​မိတ်​များ​ပေါ်​ထွန်း​ကြ​လိမ့်​မည်။-
၁၁အရပ် ရပ် တို့၌ ကြီးစွာ သော မြေလှုပ် ခြင်း၊ အစာ ခေါင်းပါးခြင်း၊ ကာလနာ များပြားခြင်းတို့သည် ဖြစ် ကြ လိမ့်မည်။ မိုးကောင်းကင် ၌ လည်း ကြောက်မက်ဖွယ် သောအရာနှင့် ကြီးစွာ သောပုပ္ပ နိမိတ်တို့သည် ပေါ်ထွန်း ကြလိမ့်မည်။
12 ၁၂ သို့​ရာ​တွင်​ဤ​အ​မှု​အ​ရာ​များ​မ​ဖြစ်​မ​ပျက် မီ​လူ​တို့​သည်​သင်​တို့​အား​ဖမ်း​ဆီး​ညှဉ်း​ဆဲ​ကြ လိမ့်​မည်။ သင်​တို့​အား​တ​ရား​ဇ​ရပ်​များ​တွင် တ​ရား​စီ​ရင်​ရန်​အပ်​နှံ​၍​ထောင်​များ​တွင် အကျဉ်း​ချ​ထား​ကြ​လိမ့်​မည်။ သင်​တို့​သည် ငါ​၏​နာ​မ​ကြောင့်​ရှင်​ဘု​ရင်​များ၊ အာဏာ​ပိုင် များ​၏​ရှေ့​မှောက်​သို့​ရောက်​ရ​ကြ​လိမ့်​မည်။-
၁၂ထို အမှုအရာများမ ဖြစ်မှီလူများတို့သည် ငါ ၏နာမ ကြောင့် သင် တို့ကို ဘမ်းဆီး ညှဉ်းဆဲ ၍ တရားစရပ် ၌ ၎င်း ၊ ထောင် ထဲ၌၎င်းအပ်နှံ ကြလိမ့်မည်။
13 ၁၃ ဤ​နည်း​အား​ဖြင့်​သင်​တို့​သည်​သတင်း​ကောင်း ကို​ကြေ​ညာ​ရန်​အ​ခွင့်​ထူး​ရ​ကြ​လိမ့်​မည်။-
၁၃ထိုသို့သောအားဖြင့်သင် တို့သည် သက်သေ ခံရသောအခွင့်ရှိ ကြလိမ့်မည်။
14 ၁၄ ထို့​ကြောင့်​မိ​မိ​တို့​မည်​သို့​ချေ​ပ​ရ​မည်​ကို မ​စိုး​ရိမ်​ရန်​ကြို​တင်​၍​စိတ်​ပြ​ဋ္ဌာန်း​ကြ​လော့။-
၁၄ထိုကြောင့် သင် တို့သည် အဘယ်သို့ပြန်ပြော ရမည်ကို ရှေ့မဆွက မ ဆင်ခြင်ခြင်းငှာ သတိ ထား ကြလော့။
15 ၁၅ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ရန်​သူ​များ မ​ငြင်း​ခုံ​မ​ခု​ခံ​နိုင်​အောင်​သင်​တို့​အား​နှုတ် သတ္တိ၊ ဉာဏ်​သတ္တိ​ကို​ငါ​ပေး​မည်​ဖြစ်​သော​ကြောင့် တည်း။-
၁၅အကြောင်းမူကား ၊ ရန်သူ အပေါင်း တို့သည် မ ငြင်းခုံ မဟန့်တား နိုင် သော နှုတ် သတ္တိ၊ ဉာဏ် သတ္တိကို ငါ ပေး မည်။
16 ၁၆ သင်​တို့​အား​မိ​ဘ​ဆွေ​မျိုး​မိတ်​သင်္ဂ​ဟ​များ​က ရန်​သူ့​လက်​သို့​အပ်​ကြ​လိမ့်​မည်။ သင်​တို့​အ​နက် အ​ချို့​သော​သူ​တို့​ကို​သတ်​ကြ​လိမ့်​မည်။-
၁၆သင်တို့မိဘ ၊ ညီအစ်ကို ၊ ပေါက်ဘော် ၊ အဆွေခင်ပွန်း တို့သည် သင် တို့ကို အပ်နှံ ကြလိမ့်မည်။ အချို့ တို့ ကိုလည်း သတ် ကြလိမ့်မည်။
17 ၁၇ ငါ​၏​နာ​မ​ကြောင့်​သင်​တို့​ကို​လူ​အ​ပေါင်း​တို့ မုန်း​ကြ​လိမ့်​မည်။-
၁၇လူအပေါင်း တို့သည်လည်း ငါ ၏နာမ ကြောင့် သင်တို့ကိုမုန်း ကြလိမ့်မည်။
18 ၁၈ သို့​ရာ​တွင်​သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​တစ်​ပင် မျှ​ပျက်​စီး​ရ​လိမ့်​မည်​မ​ဟုတ်။-
၁၈သို့သော်လည်း သင် တို့ ဆံခြည် တစ်ပင်မျှ မပျက်စီး ရ။
19 ၁၉ သင်​တို့​သည်​ကြံ့​ကြံ့​ခံ​နိုင်​ရည်​ရှိ​ကြ​လော့။ သို့​ပြု​လျှင်​ကယ်​တင်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။
၁၉သင် တို့သည်တည်ကြည် သောအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြလော့။
20 ၂၀ ယေ​ရု​ရှ​လင်​မြို့​ကို​စစ်​တပ်​များ​ဝိုင်း​ရံ​လျက်​ရှိ သည်​ကို သင်​တို့​မြင်​သော​အ​ခါ ထို​မြို့​ပျက်​ခါ နီး​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-
၂၀ယေရုရှလင် မြို့ကို ဗိုလ်ခြေ များဝန်းရံ လျက်ရှိသည်ကို သင်တို့မြင် သောအခါ ၊ ထိုမြို့ သည် ပျက်စီး ခြင်းသို့ ရောက် လုသည်ကို သိမှတ် ကြလော့။
21 ၂၁ ထို​အ​ခါ​၌​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။ မြို့​ထဲ​မှာ​ရှိ​လူ​တို့​မြို့​ပြင် သို့​ထွက်​ကြ​စေ။ ကျေး​လက်​တော​ရွာ​မှာ​ရှိ​သော သူ​တို့​ကို​မြို့​ထဲ​သို့​မ​ဝင်​ကြ​စေ​နှင့်။-
၂၁ထိုအခါ ယုဒ ပြည်၌ ရှိသောသူ တို့သည် တောင် ပေါ်သို့ ပြေး ကြစေ။ မြို့ ထဲ ၌ ရှိသောသူ တို့သည် မြို့ပြင်သို့ ထွက် ကြစေ။ တောရွာ မှာ ရှိသောသူ တို့သည် မြို့ ထဲသို့ မ ဝင် ကြစေနှင့်။
22 ၂၂ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​နေ့​ရက်​ကာ​လ​သည် အ​ပြစ်​ဒဏ်​စီ​ရင်​ရာ​နေ့​ရက်​ကာ​လ​ဖြစ်​သော ကြောင့်​တည်း။ ကျမ်း​စာ​တော်​တွင်​ဖော်​ပြ​ခဲ့​သည့် အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ရာ​ကာ​လ​ပင်​ဖြစ်​၏။-
၂၂အကြောင်းမူကား ၊ ထို နေ့ရက် ကာလသည် ကျမ်းစာ ချက်များ ပြည့်စုံ ရသော ဒဏ်စီရင် ခြင်းနေ့ရက်ကာလဖြစ် သတည်း။
23 ၂၃ ထို​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး​သ​မီး​နှင့် သား​သည် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ တော့​မည်။ ယု​ဒ​ပြည်​သည်​အတိ​ဒုက္ခ​ရောက်​၍ ပြည်​သူ​တို့​သည်​အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။-
၂၃ထို နေ့ရက် ၌ ကိုယ်ဝန်ဆောင် သောမိန်းမ နှင့် နို့စို့ သူငယ်ရှိသောမိန်းမ တို့သည် အလွန်ခက် ကြလိမ့်မည်။ အကြောင်းမူကား ၊ ယုဒပြည် ၌ ကြီးစွာ သော ဆင်းရဲ ဒုက္ခဖြစ်၍ယုဒ အမျိုး အပေါ်၌ အမျက် ဒေါသသင့်ရောက် လိမ့်မည်။
24 ၂၄ အ​ချို့​သော​သူ​တို့​သည်​ဋ္ဌား​ဘေး​ဖြင့်​ကျ​ဆုံး ကြ​လိမ့်​မည်။ ကျန်​သူ​တို့​သည်​သုံ့​ပန်း​များ​အ​ဖြစ် ဖြင့် အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့​ဖမ်း​သွား​ခြင်း​ခံ ရ​ကြ​လိမ့်​မည်။ လူ​မျိုး​ခြား​တို့​သည် မိ​မိ​တို့​ကြီး စိုး​သည့်​ခေတ်​မ​ကုန်​မ​ချင်း ယေ​ရု​ရှ​လင်​မြို့ ကို​ခြေ​ဖြင့်​နင်း​ကြ​လိမ့်​မည်။
၂၄သူတို့သည် ဓား ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက် ကြလိမ့်မည်။ အခြား သောပြည်အရပ်ရပ် သို့ ဖမ်း သွားကြလိမ့်မည်။ တစ်ပါး အမျိုးသားတို့သည် မိမိ တို့ အချိန် ကာလမ ပြည့်စုံ မှီတိုင်အောင်ယေရုရှလင် မြို့ကို ခြေနှင့် နင်း ကြလိမ့်မည် ။
25 ၂၅ ``နေ​လ​ကြယ်​နက္ခတ်​များ​၌​ပုဗ္ဗ​နိ​မိတ်​များ​ပေါ်​ထွန်း လာ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​တွင်​လူ​မျိုး​အ​ပေါင်း​တို့​သည် ပင်​လယ်​လှိုင်း​တံ​ပိုး​မြည်​ဟီး​သံ​ကြောင့်​စိတ်​ပျက် အား​လျော့​ကြောက်​ရွံ့​ကြ​လိမ့်​မည်။-
၂၅ထိုအခါ ၊ နေ ၊ လ ၊ ကြယ် နက္ခတ်တို့၌ ပုပ္ပ နိမိတ်ထင်ရှား လိမ့်မည်။ မြေကြီး ပေါ်မှာ လည်း လူအမျိုးမျိုး မ ငြိမ်မသက်စိုးရိမ်ကြောင့်ကြ ခြင်း၊ သမုဒ္ဒရာ လှိုင်း တံပိုးကြီးခြင်း၊
26 ၂၆ လူ​တို့​သည်​ကမ္ဘာ​ပေါ်​တွင်​ဆိုက်​ရောက်​လတ္တံ့​သော ဘေး​များ​ကို​မြော်​မြင်​၍​ကြောက်​လန့်​ကာ​မူး မော်​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​တာ​ရာ​တို့​သည် တုန်​လှုပ်​ကြ​လိမ့်​မည်။-
၂၆မြေကြီး ပေါ်မှာဖြစ် လတံ့သော ဘေး များကိုမြော် ၍ ကြောက်လန့် သဖြင့် ၊ လူ များတို့၏ အသက် ဆုံး ခြင်းအမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား ၊ ကောင်းကင် တန်ခိုး တို့သည် တုန်လှုပ် ကြလိမ့်မည်။
27 ၂၇ ထို​အ​ခါ​တိမ်​ကို​စီး​၍​ကြီး​စွာ​သော​ဘုန်း အ​သ​ရေ​တော်​ဆောင်​လျက်​လူ​သား​ကြွ လာ​တော်​မူ​သည်​ကို​မြင်​ရ​ကြ​လိမ့်​မည်။-
၂၇ထိုအခါ လူ သား သည် ကြီးစွာ သောဘုန်း တန်ခိုးအာနုဘော် ကို ဆောင်လျက် ၊ မိုဃ်းတိမ် ကို စီး လျက် ကြွလာ သည်ကို မြင် ရကြလိမ့်မည်။
28 ၂၈ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​အား​ကယ်​တင်​တော်​မူ​မည့်​အ​ချိန်​သည် နီး​ကပ်​လျက်​ရှိ​သည်​ဖြစ်​၍ သင်​တို့​၏​ဦး​ခေါင်း ကို​ကြွ​၍​မျှော်​ကြည့်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
၂၈ထို အမှုအရာတို့သည် ဖြစ် စရှိ သောအခါ၊ သင် တို့ကို ရွေးနှုတ် သောအချိန်ကာလရောက် လုနီးသည်ကို ထောက်သဖြင့် ၊ မြော်ကြည့် ၍ ခေါင်း ကိုကြွ ကြလော့ ဟု မိန့်တော်မူ၏။
29 ၂၉ ထို​နောက်​ကိုယ်​တော်​သည် သူ​တို့​အား​ပုံ​ဥ​ပ​မာ ဆောင်​၍ ``သင်္ဘော​သ​ဖန်း​ပင်​နှင့် အ​ခြား​သစ်​ပင် တို့​ကို​ကြည့်​ကြ​လော့။-
၂၉တဖန် ထပ်၍မိန့် တော်မူသောဥပမာ ကား၊ သင်္ဘောသဖန်း ပင်မှစ၍ သစ်ပင် များ ကို မှတ် ကြလော့။
30 ၃၀ ထို​အ​ပင်​များ​ရွက်​နု​ပေါက်​သော​အ​ခါ သင်​တို့ သည်​ကြည့်​၍​နွေ​ရာ​သီ​နီး​ကြောင်း​သိ​ကြ​၏။-
၃၀အရွက် ပေါက်သောအခါ နွေ ကာလနီး သည်ကို သင် တို့သည် အလိုအလျောက် သိ မြင် ကြ၏။
31 ၃၁ ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည်​ချိန်​နီး​ပြီ​ဟု သိ​မှတ်​ကြ​လော့။
၃၁ထိုနည်းတူ ထိုအကြောင်း အရာများဖြစ် သည်ကို မြင် ရလျှင် ၊ ဘုရားသခင် ၏နိုင်ငံ တော် တည်လုနီး သည် ကို သိမှတ် ကြလော့။
32 ၃၂ ``ငါ​အ​မှန်​ဆို​သည်​ကား​ဤ​အ​မှု​အ​ရာ​အ​လုံး​စုံ တို့​မ​ဖြစ်​မ​ပျက်​မီ ယ​ခု​အ​သက်​ရှင်​နေ​သူ​တို့ သေ​လွန်​ရ​လိမ့်​မည်​မ​ဟုတ်။-
၃၂ငါ အမှန် ဆိုသည်ကား ၊ ယခု ဖြစ်သောလူ များ မ ကုန် မှီ ထိုအကြောင်းအရာအလုံးစုံ တို့သည် ဖြစ် ကြလိမ့်မည်။
33 ၃၃ ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း ငါ​၏​စ​ကား​တည်​လိမ့်​မည်။
၃၃ကောင်းကင် နှင့် မြေကြီး မ တည် သော်လည်း ငါ့ စကား တည် လိမ့်မည်။
34 ၃၄ ``သင်​တို့​သည်​ပျော်​ရွှင်​သောက်​စား​မူး​ယစ်​ခြင်း၊ လော​ကီ​မှု​ရေး​အ​တွက် စိုး​ရိမ်​ပူ​ပန်​ခြင်း​တို့​ဖြင့် အ​ချိန်​မ​ကုန်​စေ​ရန်​သ​တိ​နှင့်​နေ​ကြ​လော့။ ယင်း သို့​သ​တိ​နှင့်​မ​နေ​ပါ​မူ တ​ရား​စီ​ရင်​တော်​မူ​ရာ နေ့​ရက်​သည်​ထောင်​ချောက်​ကျ​သ​ကဲ့​သို့ သင်​တို့ အ​ပေါ်​သို့​ရုတ်​တ​ရက်​ကျ​ရောက်​လိမ့်​မည်။ ထို နေ့​ရက်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​သား​အ​ပေါင်း တို့​အ​ပေါ်​သို့​ကျ​ရောက်​လာ​လိမ့်​မည်။-
၃၄သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သို့မဟုတ် အစား အသောက်လွန်ကြူးခြင်း၊ လောကီ စိုးရိမ် ခြင်းအားဖြင့်စိတ် နှလုံးပင်ပန်း လျက်နေစဉ်၊ ထို နေ့ရက် သည် အမှတ်တမဲ့ သင် တို့နှင့် တွေ့ကြုံလိမ့်မည်။
35 ၃၅
၃၅ထိုနေ့ရက်သည် ပိုက်ကွန် ကဲ့သို့ မြေ တပြင်လုံး ၌ နေ သော လူအပေါင်း တို့ကို အုပ်မိ လိမ့်မည်။
36 ၃၆ နိုး​နိုး​ကြား​ကြား​ရှိ​ကြ​လော့။ ကျ​ရောက်​လတ္တံ့ သော​ဘေး​များ​ကို​ခံ​ရပ်​၍ လူ​သား​၏​ရှေ့​တော် တွင်​မတ်​မတ်​ရပ်​၍​တ​ရား​စီ​ရင်​ခြင်း​ကို​ခံ​နိုင် ကြ​ရန်​အ​မြဲ​ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​လော့'' ဟု​မိန့်​တော်​၏။
၃၆ထို့ကြောင့်သင်တို့သည် ဖြစ် လတံ့သော အမှုအရာ တို့နှင့် ကင်းလွတ် ၍ လူ သား ထံသို့ ရောက် ခြင်းကို ခံထိုက် သောသူ ဖြစ်သည်ဟု မှတ် တော်မူမည်အကြောင်း ၊ အစဉ် ဆုတောင်း လျက်စောင့်နေကြလော့ ဟု မိန့်တော်မူ၏။
37 ၃၇ ကိုယ်​တော်​သည်​နေ့​အ​ခါ​များ​၌​ဗိ​မာန်​တော် တွင်​ဟော​ပြော​သွန်​သင်​တော်​မူ​ပြီး​လျှင် ည​အ​ခါ များ​၌​သံ​လွင်​နာ​မည်​တွင်​သော​တောင်​ပေါ်​သို့ သွား​၍​ညဥ့်​ကို​လွန်​စေ​တော်​မူ​၏။-
၃၇ထိုသို့ ကိုယ်တော်သည် နေ့ရက် အစဉ်အတိုင်းဗိမာန် တော်၌ ဆုံးမ ဩဝါဒပေး တော်မူ၏။ ည အချိန် ရောက်လျှင် သံလွင် အမည် ရှိသော တောင် သို့ သွား ၍ ညဉ့်ကို လွန် စေတော်မူ၏။
38 ၃၈ လူ​အ​ပေါင်း​တို့​သည်​ဗိမာန်​တော်​တွင်​တ​ရား တော်​ကို​ကြား​နာ​ရန် နံ​နက်​စော​စော​ထ​၍ အ​ထံ​တော်​သို့​လာ​ကြ​၏။
၃၈နံနက် စောစော လူ များအပေါင်း တို့သည် ဗိမာန် တော်သို့ သွား၍ အထံ တော်၌ ဒေသနာတော်ကို နားထောင် ကြ၏။

< လုကာ 21 >