< လုကာ 2 >
1 ၁ ထိုကာလ၌ရောမနိုင်ငံတစ်ဝန်းလုံးရှိလူဦး ရေစာရင်းကိုယူရန် ကဲသာသြဂုတ္တုဘုရင်သည် အမိန့်ထုတ်ပြန်တော်မူ၏။-
U to vrijeme pak iziðe zapovijest od æesara Avgusta da se prepiše sav svijet.
2 ၂ ဤလူဦးရေစာရင်းယူခြင်းသည် ရှုရိပြည် ဘုရင်ခံ၊ ကုရေနိလက်ထက်တွင်ပထမဆုံး အကြိမ်ဖြစ်၏။-
Ovo je bio prvi prijepis za vladanja Kirinova Sirijom.
3 ၃ လူအပေါင်းတို့သည် မှတ်ပုံတင်ရန်မိမိတို့ မြို့ရွာသို့သွားကြ၏။
I poðoše svi da se prepišu svaki u svoj grad.
4 ၄ ယောသပ်သည်လည်းမိမိထိမ်းမြားရန်သစ္စာ ကတိပြုထားသူမာရိနှင့်အတူ ဂါလိလဲပြည် နာဇရက်မြို့မှယုဒပြည်ဗက်လင်မြို့ဟုနာမည် တွင်သောဒါဝိဒ်မင်း၏မြို့သို့သွား၏။ ထိုအခါ မာရိတွင်ကိုယ်ဝန်အရင့်အမာရှိ၏။ ယောသပ် သည်ဒါဝိဒ်မင်း၏အဆက်အနွယ်ဖြစ်သော ကြောင့်ဗက်လင်မြို့သို့သွားခြင်းဖြစ်၏။-
Tada poðe i Josif iz Galileje iz grada Nazareta u Judeju u grad Davidov koji se zvaše Vitlejem, jer on bijaše iz doma i plemena Davidova,
Da se prepiše s Marijom, isprošenom za njega ženom, koja bješe trudna.
6 ၆ ဗက်လင်မြို့တွင်ရှိနေကြစဉ်မာရိမျက်နှာမြင် ရန်နေ့လစေ့သဖြင့်သားဦးကိုဖွားမြင်လေ၏။-
I kad onamo bijahu, doðe vrijeme da ona rodi.
7 ၇ ဧည့်ရိပ်သာတွင်သူတို့တည်းခိုရန်နေရာမရှိ သောကြောင့် သူငယ်တော်ကိုအနှီးဖြင့်ပတ်၍ နွားစားခွက်တွင်သိပ်ထားကြ၏။
I rodi sina svojega prvenca, i povi ga, i metnu ga u jasli; jer im ne bijaše mjesta u gostionici.
8 ၈ ထိုအရပ်ဒေသတွင်သိုးထိန်းအချို့ရှိ၏။ သူ တို့သည်ညအခါကွင်းပြင်များတွင်သိုးများ ကိုစောင့်လျက်နေကြ၏။-
I bijahu pastiri u onome kraju koji èuvahu noænu stražu kod stada svojega.
9 ၉ ထိုအခါထာဝရဘုရား၏ကောင်းကင်တမန် သည်သူတို့၏ရှေ့မှာပေါ်လာ၏။ သူတို့ပတ်လည် တွင်ထာဝရဘုရား၏ဘုန်းအသရေတော်ထွန်း လင်းတောက်ပလျက်နေသဖြင့် သူတို့သည် အလွန်ကြောက်လန့်ကြ၏။-
I gle, anðeo Gospodnji stade meðu njima, i slava Gospodnja obasja ih; i uplašiše se vrlo.
10 ၁၀ ကောင်းကင်တမန်က ``မကြောက်ကြနှင့်၊ ငါသည် လူအပေါင်းတို့အလွန်ဝမ်းမြောက်စရာသတင်း ကောင်းကိုသင်တို့ထံသို့ယူဆောင်လာ၏။-
I reèe im anðeo: ne bojte se; jer gle, javljam vam veliku radost koja æe biti svemu narodu.
11 ၁၁ ဒါဝိဒ်မင်း၏မြို့တွင်သခင်ခရစ်တော်တည်း ဟူသောကယ်တင်ရှင်သည်သင်တို့အဖို့ယနေ့ ဖွားမြင်တော်မူပြီ။-
Jer vam se danas rodi spas, koji je Hristos Gospod, u gradu Davidovu.
12 ၁၂ နို့စို့သူငယ်တစ်ဦးကိုအနှီးဖြင့်ပတ်လျက် နွားစားခွက်တွင်သိပ်ထားသည်ကိုသင်တို့ တွေ့မြင်ကြလိမ့်မည်။ ဤအခြင်းအရာကို တွေ့မြင်သော်သူငယ်တော်ဖြစ်ကြောင်းသိရှိ နိုင်ကြလိမ့်မည်'' ဟုဆို၏။
I eto vam znaka: naæi æete dijete povito gdje leži u jaslima.
13 ၁၃ ထိုကောင်းကင်တမန်အနီးတွင်များစွာသော ကောင်းကင်ဗိုလ်ခြေတို့သည်ရုတ်တရက်ပေါ် လာ၍၊ ဘုရားသခင်၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလျက်
I ujedanput postade s anðelom mnoštvo vojnika nebeskijeh, koji hvaljahu Boga govoreæi:
14 ၁၄ ``ကောင်းကင်ဘဝဂ်ဝယ်ထာဝရဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ ကမ္ဘာပေါ်တွင်ကိုယ်တော်နှစ်သက်တော်မူသော လူအပေါင်းတို့၌ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း'' ဟုမြွက်ဆိုကြ၏။
Slava na visini Bogu, i na zemlji mir, meðu ljudima dobra volja.
15 ၁၅ ကောင်းကင်တမန်များကောင်းကင်ဘုံသို့ပြန် သွားကြသောအခါသိုးထိန်းတို့က``ငါတို့ သည်ဗက်လင်မြို့သို့သွားကြကုန်အံ့။ ငါတို့ အားထာဝရဘုရားဖော်ပြတော်မူသော အခြင်းအရာကိုကြည့်ရှုကြကုန်အံ့'' ဟု အချင်းချင်းပြောဆိုကြ၏။
I kad anðeli otidoše od njih na nebo, pastiri govorahu jedan drugome: hajdemo do Vitlejema, da vidimo to što se tamo dogodilo što nam kaza Gospod.
16 ၁၆ သူတို့သည်အလျင်အမြန်သွား၍မာရိနှင့် ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်တွင်သိပ် ထားသောသူငယ်တော်ကိုလည်းကောင်းတွေ့ ကြ၏။-
I doðoše brzo, i naðoše Mariju i Josifa i dijete gdje leži u jaslima.
17 ၁၇ သူငယ်တော်ကိုတွေ့သောအခါသူငယ်တော်နှင့် စပ်လျဉ်း၍ မိမိတို့ကြားသိခဲ့သောအကြောင်း အရာများကိုပြောကြားကြ၏။-
A kad vidješe, kazaše sve što im je kazano za to dijete.
18 ၁၈ သိုးထိန်းများပြောကြားချက်ကိုကြားရသူ အပေါင်းတို့သည်အံ့သြကြ၏။-
I svi koji èuše diviše se tome što im kazaše pastiri.
19 ၁၉ သို့သော်မာရိသည်အကြောင်းအရာအလုံးစုံ တို့ကိုမှတ်ကျုံးကာစဉ်းစားဆင်ခြင်လျက်နေ ၏။-
A Marija èuvaše sve rijeèi ove i slagaše ih u srcu svojemu.
20 ၂၀ သိုးထိန်းတို့သည်ကောင်းကင်တမန်ဖော်ပြသည့် အတိုင်းတွေ့မြင်ကြားသိရသဖြင့် ဘုရား သခင်၏ဘုန်းအသရေတော်ကိုချီးကူး လျက်ပြန်သွားကြ၏။
I vratiše se pastiri slaveæi i hvaleæi Boga za sve što èuše i vidješe kao što im bi kazano.
21 ၂၁ သူငယ်တော်ရှစ်ရက်သားရှိ၍အရေဖျားလှီး မင်္ဂလာခံယူရန်အချိန်စေ့သောအခါ သူ့အား ယေရှုဟုနာမည်မှည့်ကြ၏။ ဤနာမည်ကား သူငယ်တော်ပဋိသန္ဓေမနေမီကပင် ကောင်းကင် တမန်ကမှည့်ခေါ်စေသည့်နာမည်ဖြစ်၏။
I kad se navrši osam dana da ga obrežu, nadjenuše mu ime Isus, kao što je anðeo rekao dok se još nije bio ni zametnuo u utrobi.
22 ၂၂ မောရှေ၏ပညတ်ပြဋ္ဌာန်းချက်အရမိဘ နှစ်ပါးတို့သည်သန့်စင်ခြင်းမင်္ဂလာကိုပြု ရန်အချိန်ရောက်လာသဖြင့် သူငယ်တော်ကို ယေရုရှလင်မြို့သို့ခေါ်သွား၍ထာဝရ ဘုရားအားဆက်ကပ်ကြ၏။-
I kad doðe vrijeme da idu na molitvu po zakonu Mojsijevu, doniješe ga u Jerusalim da ga metnu pred Gospoda,
23 ၂၃ သားဦးမှန်သမျှကိုထာဝရဘုရားအား ဆက်ကပ်ရမည်ဟူ၍လည်းကောင်း၊-
Kao što je napisano u zakonu Gospodnjemu: da se svako dijete muško koje najprije otvori matericu posveti Gospodu; )
24 ၂၄ ချိုးနှစ်ကောင်ကိုဖြစ်စေ၊ ခိုငယ်နှစ်ကောင်ကို ဖြစ်စေပူဇော်ရမည်ဟူ၍လည်ကောင်း ထာဝရ ဘုရား၏ပညတ်တော်တွင်ဖော်ပြပါရှိသည်နှင့် အညီဆက်ကပ်ပူဇော်ကြ၏။
I da prinesu prilog, kao što je reèeno u zakonu Gospodnjemu, dvije grlice, ili dva golubiæa.
25 ၂၅ ထိုအခါ၌ယေရုရှလင်မြို့တွင်ရှုမောင်နာမည် ရှိသောလူတစ်ယောက်ရှိ၏။ သူသည်ဘုရားတရား ကြည်ညိုသောသူတော်ကောင်းတစ်ဦးဖြစ်၏။ ဣသ ရေလလူမျိုးတို့ကယ်တင်ခြင်းကိုရရှိရန်စောင့် မျှော်နေသူတည်း။ သန့်ရှင်းသောဝိညာဉ်တော်သည် သူနှင့်အတူရှိ၏။-
I gle, bijaše u Jerusalimu èovjek po imenu Simeun, i taj èovjek bješe pravedan i pobožan, koji èekaše utjehe Izrailjeve, i Duh sveti bijaše u njemu.
26 ၂၆ ``သင်သည်ဘုရားသခင်ကတိထားတော်မူသော မေရှိယကိုမဖူးမမြင်ရမီမသေရ'' ဟုသန့်ရှင်း သောဝိညာဉ်တော်အားဖြင့်ဗျာဒိတ်ကိုခံယူရရှိ သူလည်းဖြစ်၏။-
I njemu bješe sveti Duh kazao da neæe vidjeti smrti dok ne vidi Hrista Gospodnjega.
27 ၂၇ သူသည်ဝိညာဉ်တော်နှိုးဆော်ခြင်းခံရသဖြင့် ဗိမာန်တော်ထဲသို့ဝင်လေသည်။ ပညတ်တရား အရဆောင်ရွက်စရာဝတ်ကိုဆောင်ရွက်ရန် မိဘ နှစ်ပါးတို့သည်သူငယ်တော်အားဗိမာန်တော် သို့ခေါ်ခဲ့ကြသောအခါ၊-
I kaza mu Duh te doðe u crkvu; i kad donesoše roditelji dijete Isusa da svrše za njega zakon po obièaju,
28 ၂၈ ရှုမောင်သည်သူငယ်တော်ကိုပွေ့ချီ၍ဘုရား သခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူးလျက်၊
I on ga uze na ruke svoje, i hvali Boga i reèe:
29 ၂၉ ထာဝရဘုရား၊ကိုယ်တော်ရှင်၏ကတိတော် ပြည့်စုံပြီးဖြစ်၍၊ ကိုယ်တော်ရှင့်ကျွန်သည်ငြိမ်သက်စွာ စုတေခွင့်ကိုပေးတော်မူပါ။
Sad otpuštaš s mirom slugu svojega, Gospode, po rijeèi svojoj;
30 ၃၀ လူမျိုးခြားတို့အားကိုယ်တော်ရှင်၏အလိုတော်ကို ဖော်ပြသောအလင်းဖြစ်စေရန်နှင့်၊ ကိုယ်တော်၏လူစုတော်ဖြစ်သောဣသရေလသည် ဂုဏ်အသရေထွန်းလင်းလာစေရန်၊ လူမျိုးအပေါင်းတို့ ရှေ့မှောက်တွင် ကိုယ်တော်ရှင်အသင့်ပြင်ဆင်ထားတော်မူသော ကယ်တင်ခြင်းကျေးဇူးကို၊အကျွန်ုပ်သည်ဒိဋ္ဌတွေ့ မြင် ရပါပြီ'' ဟုမြွက်ဆို၏။
Jer vidješe oèi moje spasenije tvoje,
Koje si ugotovio pred licem sviju naroda,
Vidjelo, da obasja neznabošce, i slavu naroda tvojega Izrailja.
33 ၃၃ မိဘတို့သည်သူငယ်တော်နှင့်ပတ်သက်၍ ရှုမောင်ပြောဆိုသောစကားများကိုကြား သောအခါအံ့သြကြ၏။-
I Josif i mati njegova èuðahu se tome što se govoraše za njega.
34 ၃၄ ရှုမောင်သည်သူတို့ကိုကောင်းချီးပေး၍ ``ဣသရေလ အမျိုးသားတို့တွင် ပျက်စီးဆုံးရှုံးရသူများနှင့် ကယ်တင်ခြင်းကိုခံရသူများပေါ်ပေါက်လာစေရန် ဤသူငယ်ကိုဘုရားသခင်ရွေးချယ်ခန့်ထားတော် မူပြီ။ သူသည်ဘုရားသခင်၏နိမိတ်လက္ခဏာ ဖြစ်၍သူ့အားလူအများပင်ဆန့်ကျင်ပြောဆို ကြခြင်းဖြင့်၊-
I blagoslovi ih Simeun, i reèe Mariji materi njegovoj: gle, ovaj leži da mnoge obori i podigne u Izrailju, i da bude znak protiv koga æe se govoriti
35 ၃၅ မိမိတို့၏စိတ်နှလုံးအကြံအစည်များကို ပေါ်လွင်စေကြလိမ့်မည်။ သင်၏အသည်းနှလုံး သည်သန်လျက်ဖြင့်အခွင်းခံရသကဲ့သို့ဖြစ် လိမ့်မည်'' ဟုမယ်တော်မာရိအားမြွက်ဆို၏။
A i tebi samoj probošæe nož dušu da se otkriju misli mnogijeh srca.
36 ၃၆ အာရှာအနွယ်ဝင်၊ ဖနွေလ၏သမီး၊ အန္နနာမည် ရှိသောအမျိုးသမီးပရောဖက်တစ်ပါးရှိ၏။ သူသည်များစွာအသက်အရွယ်ကြီးရင့်သူ ဖြစ်၏။ ငယ်ရွယ်စဉ်တွင်အိမ်ထောင်ကျ၍ခုနစ် နှစ်မျှခင်ပွန်းဖြစ်သူနှင့်ပေါင်းသင်းရ၏။-
I bješe Ana proroèica, kæi Fanuilova, od koljena Asirova; ona je ostarjela, a sedam je godina življela s mužem od djevojaštva svojega,
37 ၃၇ ထိုနောက်အသက်ရှစ်ဆယ့်လေးနှစ်တိုင်အောင်မုဆိုး မဘဝနှင့်နေ၏။ သူသည်ဆုတောင်းပတ္ထနာပြု၍ အစာရှောင်လျက် နေ့ညမလပ်ဘုရားဝတ်၌ မွေ့လျော်ကာဗိမာန်တော်ထဲမှမထွက်မခွာ ဘဲနေ၏။-
I udova oko osamdeset i èetiri godine, koja ne odlažaše od crkve, i služaše Bogu dan i noæ postom i molitvama.
38 ၃၈ သူငယ်တော်ကိုဆက်ကပ်သည့်အချိန်၌ထို အမျိုးသမီးသည်ရောက်လာပြီးလျှင် ဘုရား သခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူး၏။ ထို နောက်ယေရုရှလင်မြို့ကိုကယ်တင်တော်မူ လိမ့်မည်ဟု စောင့်မျှော်နေကြကုန်သောလူ အပေါင်းတို့အားသူငယ်တော်၏အကြောင်း ကိုပြောဆို၏။
I ona u taj èas doðe, i hvaljaše Gospoda i govoraše za njega svima koji èekahu spasenija u Jerusalimu.
39 ၃၉ မိဘနှစ်ပါးတို့သည်ထာဝရဘုရား၏ပညတ် တော်ပြဋ္ဌာန်းချက်ရှိသမျှကိုဆောင်ရွက်ကြ ပြီးနောက် ဂါလိလဲပြည်၊ နာဇရက်မြို့ဟု ခေါ်သောမိမိတို့၏ဌာနေသို့ပြန်ကြ၏။-
I kad svršiše sve po zakonu Gospodnjemu, vratiše se u Galileju u grad svoj Nazaret.
40 ၄၀ သူငယ်တော်သည်ကြီးပြင်းသန်စွမ်းလာ၏။ ဉာဏ်ပညာတိုးတက်လာ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကိုခံစားလျက်နေ၏။
A dijete rastijaše i jaèaše u duhu, i punjaše se premudrosti, i blagodat Božija bješe na njemu.
41 ၄၁ သူငယ်တော်၏မိဘတို့သည်နှစ်စဉ်ပသခါ ပွဲတော်ခံချိန်၌ ယေရုရှလင်မြို့သို့သွားလေ့ ရှိကြ၏။-
I roditelji njegovi iðahu svake godine u Jerusalim o prazniku pashe.
42 ၄၂ သူငယ်တော်သည်အသက်တစ်ဆယ့်နှစ်နှစ် ရှိသောအခါ၌လည်း ယေရုရှလင်မြို့သို့ သွားကြ၏။-
I kad mu bi dvanaest godina, doðoše oni u Jerusalim po obièaju praznika;
43 ၄၃ ပွဲတော်ပြီးဆုံးချိန်၌အိမ်သို့ပြန်ကြ၏။ ထို အခါသူငယ်တော်သည်ယေရုရှလင်မြို့မှာ နေရစ်၏။ ထိုသို့နေရစ်သည်ကိုမိဘများ မသိကြ။-
I kad dane provedoše i oni se vratiše, osta dijete Isus u Jerusalimu; i ne znade Josif i mati njegova;
44 ၄၄ ခရီးသည်လူစုထဲတွင်ပါလာလိမ့်မည်ဟု ထင်မှတ်ကြ၏။ တစ်နေ့ခရီးပြုကြပြီးမှ ဆွေမျိုးအသိအကျွမ်းများထဲတွင်သူငယ် တော်ကိုရှာကြ၏။-
Nego misleæi da je s društvom, otidoše dan hoda, i stadoše ga tražiti po rodbini i po znancima.
45 ၄၅ မတွေ့သဖြင့်ယောသပ်နှင့်မာရိသည်ယေရုရှလင် မြို့သို့ပြန်၍ရှာကြ၏။ တတိယနေ့တွင်သူငယ် တော်ကိုဗိမာန်တော်အတွင်းမှာတွေ့ကြ၏။-
I ne našavši ga vratiše se u Jerusalim da ga traže.
46 ၄၆ သူသည်ယုဒဆရာတော်များနှင့်အတူထိုင် ကာသူတို့၏တရားစကားများကိုကြားနာ လျက်၊ သူတို့နှင့်ဆွေးနွေးမေးမြန်းလျက်နေ၏။-
I poslije tri dana naðoše ga u crkvi gdje sjedi meðu uèiteljima, i sluša ih, i pita ih,
47 ၄၇ သူငယ်တော်၏စကားကိုကြားကြသောသူ အပေါင်းတို့သည်သူ၏အသိပညာနှင့်ဖြေ ကြားချက်များကိုအံ့သြကြ၏။-
I svi koji ga slušahu divljahu se njegovu razumu i odgovorima.
48 ၄၈ ယောသပ်နှင့်မာရိတို့သည်တွေ့လျှင်အံ့အားသင့် ကြ၏။ ထိုနောက်မယ်တော်က ``ငါ့သား၊ သင်သည် အဘယ်ကြောင့်ငါတို့ကိုဤသို့ပြုပါသနည်း။ သင့်ဖခင်နှင့်ငါသည်စိုးရိမ်ကြီးစွာဖြင့်ရှာခဲ့ ရ၏'' ဟုပြော၏။
I vidjevši ga zaèudiše se, i mati njegova reèe mu: sine! šta uèini nama tako? Evo otac tvoj i ja sa strahom tražismo te.
49 ၄၉ သူငယ်တော်က ``အဘယ်ကြောင့်အကျွန်ုပ်ကိုရှာ ကြပါသနည်း။ အကျွန်ုပ်သည်ခမည်းတော်၏အိမ် တွင်ရှိနေရမည်ကိုမသိကြပါသလော'' ဟု ပြန်ပြော၏။-
I reèe im: zašto ste me tražili? Zar ne znate da meni treba u onom biti što je oca mojega?
50 ၅၀ သူတို့သည်ထိုစကားကိုနားမလည်ကြ။
I oni ne razumješe rijeèi što im reèe.
51 ၅၁ ထိုနောက်သူငယ်တော်သည်မိဘတို့နှင့်အတူ လိုက်၍ နာဇရက်မြို့သို့ရောက်သော်မိဘတို့၏ စကားကိုနာခံလျက်နေ၏။ မယ်တော်သည်ဤ အဖြစ်အပျက်အလုံးစုံတို့ကိုစိတ်နှလုံးထဲ မှာမှတ်ကျုံးထား၏။-
I siðe s njima i doðe u Nazaret; i bijaše im poslušan. I mati njegova èuvaše sve rijeèi ove u srcu svojemu.
52 ၅၂ သူငယ်တော်ယေရှုသည်ကာယညာဏကြီး ပွားတိုးတက်လျက်ဘုရားသခင့်ရှေ့၊ လူတို့ ရှေ့တွင်မျက်နှာပွင့်လန်းတော်မူ၏။
I Isus napredovaše u premudrosti i u rastu i u milosti kod Boga i kod ljudi.