< လုကာ 2 >

1 ထို​ကာ​လ​၌​ရော​မ​နိုင်​ငံ​တစ်​ဝန်း​လုံး​ရှိ​လူ​ဦး ရေ​စာ​ရင်း​ကို​ယူ​ရန် ကဲ​သာ​သြ​ဂုတ္တု​ဘု​ရင်​သည် အ​မိန့်​ထုတ်​ပြန်​တော်​မူ​၏။-
Ary tamin’ izany andro izany dia nisy didy navoak’ i Aogosto Kaisara hampanoratra ny anaran’ ny vahoaka rehetra amin’ ny fanjakany.
2 ဤ​လူ​ဦး​ရေ​စာ​ရင်း​ယူ​ခြင်း​သည် ရှု​ရိ​ပြည် ဘု​ရင်​ခံ၊ ကု​ရေ​နိ​လက်​ထက်​တွင်​ပ​ထ​မ​ဆုံး အ​ကြိမ်​ဖြစ်​၏။-
(Izany no fanoratana voalohany natao fony Kyrenio nanapaka tany Syria.)
3 လူ​အ​ပေါင်း​တို့​သည် မှတ်​ပုံ​တင်​ရန်​မိ​မိ​တို့ မြို့​ရွာ​သို့​သွား​ကြ​၏။
Dia samy nankany amin’ ny tanànany avy izy rehetra mba hosoratana.
4 ယော​သပ်​သည်​လည်း​မိ​မိ​ထိမ်း​မြား​ရန်​သစ္စာ က​တိ​ပြု​ထား​သူ​မာ​ရိ​နှင့်​အ​တူ ဂါ​လိ​လဲ​ပြည် နာ​ဇ​ရက်​မြို့​မှ​ယု​ဒ​ပြည်​ဗက်​လင်​မြို့​ဟု​နာ​မည် တွင်​သော​ဒါ​ဝိဒ်​မင်း​၏​မြို့​သို့​သွား​၏။ ထို​အ​ခါ မာ​ရိ​တွင်​ကိုယ်​ဝန်​အ​ရင့်​အ​မာ​ရှိ​၏။ ယော​သပ် သည်​ဒါ​ဝိဒ်​မင်း​၏​အ​ဆက်​အ​နွယ်​ဖြစ်​သော ကြောင့်​ဗက်​လင်​မြို့​သို့​သွား​ခြင်း​ဖြစ်​၏။-
Ary Josefa koa niakatra avy tany Galilia, dia avy tao an-tanàna Nazareta, hankany Jodia, ho ao an-tanànan’ i Davida, iza atao hoe Betlehema (satria avy tamin’ ny taranak’ i Davida sy ny mpianakaviny),
5
mba hosoratana izy sy Maria fofom-badiny, izay efa bevohoka.
6 ဗက်​လင်​မြို့​တွင်​ရှိ​နေ​ကြ​စဉ်​မာ​ရိ​မျက်​နှာ​မြင် ရန်​နေ့​လ​စေ့​သ​ဖြင့်​သား​ဦး​ကို​ဖွား​မြင်​လေ​၏။-
Ary raha nitoetra teo Izy, dia tonga ny andro hahavelomany.
7 ဧည့်​ရိပ်​သာ​တွင်​သူ​တို့​တည်း​ခို​ရန်​နေ​ရာ​မ​ရှိ သော​ကြောင့် သူ​ငယ်​တော်​ကို​အ​နှီး​ဖြင့်​ပတ်​၍ နွား​စား​ခွက်​တွင်​သိပ်​ထား​ကြ​၏။
Ary niteraka ny Lahimatoany izy, dia nohodidininy lamban-jaza ka nampandriny teo amin’ ny fihinanam-bilona; fa tsy nisy nitoerany tao an-tranom-bahiny.
8 ထို​အ​ရပ်​ဒေ​သ​တွင်​သိုး​ထိန်း​အ​ချို့​ရှိ​၏။ သူ တို့​သည်​ည​အ​ခါ​ကွင်း​ပြင်​များ​တွင်​သိုး​များ ကို​စောင့်​လျက်​နေ​ကြ​၏။-
Ary nisy mpiandry ondry tamin’ izany tany izany nitoetra tany an-tsaha nitandrina ny ondriny tamin’ ny alina.
9 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည်​သူ​တို့​၏​ရှေ့​မှာ​ပေါ်​လာ​၏။ သူ​တို့​ပတ်​လည် တွင်​ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း လင်း​တောက်​ပ​လျက်​နေ​သ​ဖြင့် သူ​တို့​သည် အ​လွန်​ကြောက်​လန့်​ကြ​၏။-
Ary nisy anjelin’ ny Tompo nitsangana teo anilany, ary ny voninahitry ny Tompo nanelatrelatra manodidina azy, ka raiki-tahotra indrindra izy.
10 ၁၀ ကောင်း​ကင်​တမန်​က ``မ​ကြောက်​ကြ​နှင့်၊ ငါ​သည် လူ​အ​ပေါင်း​တို့​အ​လွန်​ဝမ်း​မြောက်​စ​ရာ​သ​တင်း ကောင်း​ကို​သင်​တို့​ထံ​သို့​ယူ​ဆောင်​လာ​၏။-
Ary hoy ny anjely taminy: Aza matahotra; fa, indro, milaza teny soa mahafaly aminareo aho, dia fifaliana lehibe izay ho an’ ny olona rehetra;
11 ၁၁ ဒါ​ဝိဒ်​မင်း​၏​မြို့​တွင်​သ​ခင်​ခ​ရစ်​တော်​တည်း ဟူ​သော​ကယ်​တင်​ရှင်​သည်​သင်​တို့​အ​ဖို့​ယ​နေ့ ဖွား​မြင်​တော်​မူ​ပြီ။-
fa Mpamonjy no teraka ho anareo anie ao an-tanànan’ i Davida, dia Kristy Tompo.
12 ၁၂ နို့​စို့​သူ​ငယ်​တစ်​ဦး​ကို​အ​နှီး​ဖြင့်​ပတ်​လျက် နွား​စား​ခွက်​တွင်​သိပ်​ထား​သည်​ကို​သင်​တို့ တွေ့​မြင်​ကြ​လိမ့်​မည်။ ဤ​အ​ခြင်း​အ​ရာ​ကို တွေ့​မြင်​သော်​သူ​ငယ်​တော်​ဖြစ်​ကြောင်း​သိ​ရှိ နိုင်​ကြ​လိမ့်​မည်'' ဟု​ဆို​၏။
Ary izao no ho famantarana ho anareo: ianareo hahita Zazakely voahodidina lamban-jaza sady mandry ao am-pihinanam-bilona;
13 ၁၃ ထို​ကောင်း​ကင်​တ​မန်​အ​နီး​တွင်​များ​စွာ​သော ကောင်း​ကင်​ဗိုလ်​ခြေ​တို့​သည်​ရုတ်​တ​ရက်​ပေါ် လာ​၍၊ ဘု​ရား​သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​လျက်
Ary nisy anjely maro be avy any an-danitra niseho tampoka niaraka tamin’ ilay anjely teo ka nidera an’ Andriamanitra nanao hoe:
14 ၁၄ ``ကောင်း​ကင်​ဘ​ဝဂ်​ဝယ်​ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ ကမ္ဘာ​ပေါ်​တွင်​ကိုယ်​တော်​နှစ်​သက်​တော်​မူ​သော လူ​အ​ပေါင်း​တို့​၌​ငြိမ်း​ချမ်း​သာ​ယာ​ခြင်း​ရှိ​စေ​သ​တည်း'' ဟု​မြွက်​ဆို​ကြ၏။
Voninahitra any amin’ ny avo Indrindra ho an’ Andriamanitra! Ary fiadanana ho etỳ ambonin’ ny tany amin’ ny olona ankasitrahany.
15 ၁၅ ကောင်း​ကင်​တ​မန်​များ​ကောင်း​ကင်​ဘုံ​သို့​ပြန် သွား​ကြ​သော​အ​ခါ​သိုး​ထိန်း​တို့​က``ငါ​တို့ သည်​ဗက်​လင်​မြို့​သို့​သွား​ကြ​ကုန်​အံ့။ ငါ​တို့ အား​ထာ​ဝ​ရ​ဘု​ရား​ဖော်​ပြ​တော်​မူ​သော အ​ခြင်း​အ​ရာ​ကို​ကြည့်​ရှု​ကြ​ကုန်​အံ့'' ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။
Ary tamin’ izany rehefa niala teo aminy ireo anjely ireo ka nankany an-danitra, dia niresaka ireo lehilahy mpiandry ondry ka nanao hoe: Andeha isika hankany Betlehema ka hizaha izany zavatra vao tonga izany, izay nampahafantarin’ ny Tompo antsika.
16 ၁၆ သူ​တို့​သည်​အ​လျင်​အ​မြန်​သွား​၍​မာ​ရိ​နှင့် ယော​သပ်​ကို​လည်း​ကောင်း၊ နွား​စား​ခွက်​တွင်​သိပ် ထား​သော​သူ​ငယ်​တော်​ကို​လည်း​ကောင်း​တွေ့ ကြ​၏။-
Dia nandeha faingana izy ka nahita an’ i Maria sy Josefa, ary ny Zazakely nandry teo am-pihinanam-bilona.
17 ၁၇ သူ​ငယ်​တော်​ကို​တွေ့​သော​အ​ခါ​သူ​ငယ်​တော်​နှင့် စပ်​လျဉ်း​၍ မိ​မိ​တို့​ကြား​သိ​ခဲ့​သော​အ​ကြောင်း အ​ရာ​များ​ကို​ပြော​ကြား​ကြ​၏။-
Ary nony efa nahita izy, dia nampiely izay teny nolazaina taminy ny amin’ izany Zaza izany.
18 ၁၈ သိုး​ထိန်း​များ​ပြော​ကြား​ချက်​ကို​ကြား​ရ​သူ အ​ပေါင်း​တို့​သည်​အံ့​သြ​ကြ​၏။-
Ary izay rehetra nandre dia gaga tamin’ izay zavatra nolazain’ ny mpiandry ondry taminy.
19 ၁၉ သို့​သော်​မာ​ရိ​သည်​အ​ကြောင်း​အ​ရာ​အ​လုံး​စုံ တို့​ကို​မှတ်​ကျုံး​ကာ​စဉ်း​စား​ဆင်​ခြင်​လျက်​နေ ၏။-
Fa Maria kosa nitadidy izany teny rehetra izany ka nieritreritra azy tao am-pony.
20 ၂၀ သိုး​ထိန်း​တို့​သည်​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့် အ​တိုင်း​တွေ့​မြင်​ကြား​သိ​ရ​သ​ဖြင့် ဘု​ရား သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး လျက်​ပြန်​သွား​ကြ​၏။
Ary ny mpiandry ondry niverina nankalaza ny nidera an’ Andriamanitra noho ny zavatra rehetra izay reny ny hitany, araka izay nolazaina taminy.
21 ၂၁ သူ​ငယ်​တော်​ရှစ်​ရက်​သား​ရှိ​၍​အ​ရေ​ဖျား​လှီး မင်္ဂ​လာ​ခံ​ယူ​ရန်​အ​ချိန်​စေ့​သော​အ​ခါ သူ့​အား ယေ​ရှု​ဟု​နာ​မည်​မှည့်​ကြ​၏။ ဤ​နာ​မည်​ကား သူ​ငယ်​တော်​ပဋိ​သန္ဓေ​မ​နေ​မီ​က​ပင် ကောင်း​ကင် တ​မန်​က​မှည့်​ခေါ်​စေ​သည့်​နာ​မည်​ဖြစ်​၏။
Ary rehefa tapitra ny havaloana, ka hoforana ny Zaza, dia nataony hoe Jesosy ny anarany, araka ilay nataon’ ny anjely, fony tsy mbola torontoronina tao an-kibo Izy.
22 ၂၂ မော​ရှေ​၏​ပ​ညတ်​ပြ​ဋ္ဌာန်း​ချက်​အ​ရ​မိ​ဘ နှစ်​ပါး​တို့​သည်​သန့်​စင်​ခြင်း​မင်္ဂ​လာ​ကို​ပြု ရန်​အ​ချိန်​ရောက်​လာ​သ​ဖြင့် သူ​ငယ်​တော်​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ခေါ်​သွား​၍​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​ကပ်​ကြ​၏။-
Ary rehefa tapitra ny andro fidiovany, araka ny lalàn’ i Mosesy, dia nitondra Azy niakatra tany Jerosalema izy mba hatolotra ho an’ ny Tompo
23 ၂၃ သား​ဦး​မှန်​သ​မျှ​ကို​ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ရ​မည်​ဟူ​၍​လည်း​ကောင်း၊-
araka ny voasoratra ao amin’ ny lalàn’ ny Tompo hoe: Ny lahy voalohan-teraka rehetra hatao hoe masìna ho an’ i Jehovah.
24 ၂၄ ချိုး​နှစ်​ကောင်​ကို​ဖြစ်​စေ၊ ခို​ငယ်​နှစ်​ကောင်​ကို ဖြစ်​စေ​ပူ​ဇော်​ရ​မည်​ဟူ​၍​လည်​ကောင်း ထာ​ဝ​ရ ဘု​ရား​၏​ပညတ်​တော်​တွင်​ဖော်​ပြ​ပါ​ရှိ​သည်​နှင့် အ​ညီ​ဆက်​ကပ်​ပူ​ဇော်​ကြ​၏။
ary mba hanatitra fanatitra araka izay voalaza ao amin’ ny lalàn’ ny Tompo hoe: domohina roa, na zana-boromailala roa.
25 ၂၅ ထို​အ​ခါ​၌​ယေ​ရု​ရှ​လင်​မြို့​တွင်​ရှု​မောင်​နာ​မည် ရှိ​သော​လူ​တစ်​ယောက်​ရှိ​၏။ သူ​သည်​ဘု​ရား​တ​ရား ကြည်​ညို​သော​သူ​တော်​ကောင်း​တစ်​ဦး​ဖြစ်​၏။ ဣ​သ ရေ​လ​လူ​မျိုး​တို့​ကယ်​တင်​ခြင်း​ကို​ရ​ရှိ​ရန်​စောင့် မျှော်​နေ​သူ​တည်း။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သူ​နှင့်​အ​တူ​ရှိ​၏။-
Ary, indro, nisy lehilahy atao hoe Simeona tao Jerosalema; ary marina sady mpivavaka tsara izany lehilahy izany ka niandry ny fampiononana ny Isiraely; ary ny Fanahy Masìna dia tao aminy.
26 ၂၆ ``သင်​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော်​မူ​သော မေ​ရှိ​ယ​ကို​မ​ဖူး​မ​မြင်​ရ​မီ​မ​သေ​ရ'' ဟု​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​အား​ဖြင့်​ဗျာ​ဒိတ်​ကို​ခံ​ယူ​ရ​ရှိ သူ​လည်း​ဖြစ်​၏။-
Ary efa nambaran’ ny Fanahy Masìna taminy fa tsy hahita fahafatesana izy mandra-pahitany ny Kristin’ ny Tompo.
27 ၂၇ သူ​သည်​ဝိညာဉ်​တော်​နှိုး​ဆော်​ခြင်း​ခံ​ရ​သ​ဖြင့် ဗိ​မာန်​တော်​ထဲ​သို့​ဝင်​လေ​သည်။ ပ​ညတ်​တ​ရား အ​ရ​ဆောင်​ရွက်​စ​ရာ​ဝတ်​ကို​ဆောင်​ရွက်​ရန် မိ​ဘ နှစ်​ပါး​တို့​သည်​သူ​ငယ်​တော်​အား​ဗိ​မာန်​တော် သို့​ခေါ်​ခဲ့​ကြ​သော​အ​ခါ၊-
Ary nentin’ ny Fanahy Masìna niditra teo an-kianjan’ ny tempoly izy; ary rehefa nampidirin’ ny ray aman-dreniny Jesosy zaza mba hanaovany araka ny fomban’ ny lalàna ny amin’ ny zaza,
28 ၂၈ ရှု​မောင်​သည်​သူ​ငယ်​တော်​ကို​ပွေ့​ချီ​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​လျက်၊
dia nitrotro Azy izy ka nidera an’ Andriamanitra nanao hoe:
29 ၂၉ ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​က​တိ​တော် ပြည့်​စုံ​ပြီး​ဖြစ်​၍၊ ကိုယ်​တော်​ရှင့်​ကျွန်​သည်​ငြိမ်​သက်​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​ပါ။
Tompo ô, ankehitriny ny mpanomponao dia alefanao amin’ ny fiadanana Araka ny teninao;
30 ၃၀ လူ​မျိုး​ခြား​တို့​အား​ကိုယ်​တော်​ရှင်​၏​အ​လို​တော်​ကို ဖော်​ပြ​သော​အ​လင်း​ဖြစ်​စေ​ရန်​နှင့်၊ ကိုယ်​တော်​၏​လူ​စု​တော်​ဖြစ်​သော​ဣ​သ​ရေ​လ​သည် ဂုဏ်​အ​သ​ရေ​ထွန်း​လင်း​လာ​စေ​ရန်၊ လူ​မျိုး​အ​ပေါင်း​တို့ ရှေ့​မှောက်​တွင် ကိုယ်​တော်​ရှင်​အ​သင့်​ပြင်​ဆင်​ထား​တော်​မူ​သော ကယ်​တင်​ခြင်း​ကျေး​ဇူး​ကို၊အ​ကျွန်ုပ်​သည်​ဒိ​ဋ္ဌ​တွေ့ မြင် ရ​ပါ​ပြီ'' ဟု​မြွက်​ဆို​၏။
Fa ny masoko efa nahita ny famonjenao,
31 ၃၁
Izay namboarinao teo anatrehan’ ny firenena rehetra,
32 ၃၂
Dia fahazavana hahazava ny firenena sady voninahitry ny Isiraely olonao.
33 ၃၃ မိ​ဘ​တို့​သည်​သူ​ငယ်​တော်​နှင့်​ပတ်​သက်​၍ ရှု​မောင်​ပြော​ဆို​သော​စ​ကား​များ​ကို​ကြား သော​အ​ခါ​အံ့​သြ​ကြ​၏။-
Dia gaga ny ray aman-dreniny noho ny teny nilazana Azy.
34 ၃၄ ရှု​မောင်​သည်​သူ​တို့​ကို​ကောင်း​ချီး​ပေး​၍ ``ဣသ​ရေ​လ အ​မျိုး​သား​တို့​တွင် ပျက်​စီး​ဆုံး​ရှုံး​ရ​သူ​များ​နှင့် ကယ်​တင်​ခြင်း​ကို​ခံ​ရ​သူ​များ​ပေါ်​ပေါက်​လာ​စေ​ရန် ဤ​သူ​ငယ်​ကို​ဘု​ရား​သ​ခင်​ရွေး​ချယ်​ခန့်​ထား​တော် မူ​ပြီ။ သူ​သည်​ဘု​ရား​သ​ခင်​၏​နိ​မိတ်​လက္ခ​ဏာ ဖြစ်​၍​သူ့​အား​လူ​အ​များ​ပင်​ဆန့်​ကျင်​ပြော​ဆို ကြ​ခြင်း​ဖြင့်၊-
Ary Simeona nitso-drano azy ireo ka nanao tamin’ i Maria, renin’ ny Zaza, hoe: Indro, Ity Zaza ity no voatendry ho fandavoana sy ho fananganana ny maro ao amin’ ny Isiraely ary ho famantarana holavina
35 ၃၅ မိ​မိ​တို့​၏​စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ပေါ်​လွင်​စေ​ကြ​လိမ့်​မည်။ သင်​၏​အ​သည်း​နှ​လုံး သည်​သန်​လျက်​ဖြင့်​အ​ခွင်း​ခံ​ရ​သ​ကဲ့​သို့​ဖြစ် လိမ့်​မည်'' ဟု​မယ်​တော်​မာ​ရိ​အား​မြွက်​ဆို​၏။
ary ny fanahinao aza dia hotsatohana sabatra ― mba haseho ny hevitry ny fo maro.
36 ၃၆ အာ​ရှာ​အ​နွယ်​ဝင်၊ ဖ​နွေ​လ​၏​သ​မီး၊ အန္န​နာ​မည် ရှိ​သော​အ​မျိုး​သ​မီး​ပ​ရော​ဖက်​တစ်​ပါး​ရှိ​၏။ သူ​သည်​များ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ ဖြစ်​၏။ ငယ်​ရွယ်​စဉ်​တွင်​အိမ်​ထောင်​ကျ​၍​ခု​နစ် နှစ်​မျှ​ခင်​ပွန်း​ဖြစ်​သူ​နှင့်​ပေါင်း​သင်း​ရ​၏။-
Ary nisy mpaminanivavy anankiray, dia Ana, zanakavavin’ i Fanoela, avy tamin’ ny firenen’ i Asera; efa anti-panahy tokoa izy ary efa nitoetra tamin’ ny vadiny fito taona taorian’ ny naha-virijina azy,
37 ၃၇ ထို​နောက်​အ​သက်​ရှစ်​ဆယ့်​လေး​နှစ်​တိုင်​အောင်​မု​ဆိုး မ​ဘ​ဝ​နှင့်​နေ​၏။ သူ​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​၍ အ​စာ​ရှောင်​လျက် နေ့​ည​မ​လပ်​ဘု​ရား​ဝတ်​၌ မွေ့​လျော်​ကာ​ဗိ​မာန်​တော်​ထဲ​မှ​မ​ထွက်​မ​ခွာ ဘဲ​နေ​၏။-
ary efa mpitondratena tokony ho efatra amby valo-polo taona; ary tsy niala teo an-kianjan’ ny tempoly izy, fa nanompo tamin’ ny fifadian-kanina sy ny fivavahana andro aman’ alina.
38 ၃၈ သူ​ငယ်​တော်​ကို​ဆက်​ကပ်​သည့်​အ​ချိန်​၌​ထို အ​မျိုး​သ​မီး​သည်​ရောက်​လာ​ပြီး​လျှင် ဘု​ရား သ​ခင်​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​ကူး​၏။ ထို နောက်​ယေ​ရု​ရှ​လင်​မြို့​ကို​ကယ်​တင်​တော်​မူ လိမ့်​မည်​ဟု စောင့်​မျှော်​နေ​ကြ​ကုန်​သော​လူ အ​ပေါင်း​တို့​အား​သူ​ငယ်​တော်​၏​အ​ကြောင်း ကို​ပြော​ဆို​၏။
Ary nony niditra tamin’ izany ora izany izy, dia nisaotra an’ Andriamanitra ka nilaza Azy tamin’ izay rehetra niandry ny fanavotana tao Jerosalema.
39 ၃၉ မိ​ဘ​နှစ်​ပါး​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တော်​ပြ​ဋ္ဌာန်း​ချက်​ရှိ​သ​မျှ​ကို​ဆောင်​ရွက်​ကြ ပြီး​နောက် ဂါ​လိ​လဲ​ပြည်၊ နာ​ဇ​ရက်​မြို့​ဟု ခေါ်​သော​မိ​မိ​တို့​၏​ဌာ​နေ​သို့​ပြန်​ကြ​၏။-
Ary rehefa vitany ny zavatra rehetra araka ny lalàn’ ny Tompo, dia niverina tany Galilia izy, dia tao Nazareta tanànany.
40 ၄၀ သူ​ငယ်​တော်​သည်​ကြီး​ပြင်း​သန်​စွမ်း​လာ​၏။ ဉာဏ်​ပညာ​တိုး​တက်​လာ​၏။ ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ခံ​စား​လျက်​နေ​၏။
Ary ny Zaza dia nitombo ka nihahery sady feno fahendrena; ary ny fahasoavan’ Andriamanitra no tao aminy.
41 ၄၁ သူ​ငယ်​တော်​၏​မိ​ဘ​တို့​သည်​နှစ်​စဉ်​ပ​သ​ခါ ပွဲ​တော်​ခံ​ချိန်​၌ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လေ့ ရှိ​ကြ​၏။-
Ary ny ray aman-dreniny nankany Jerosalema isan-taona, raha avy ny andro firavoravoana amin’ ny Paska.
42 ၄၂ သူ​ငယ်​တော်​သည်​အ​သက်​တစ်​ဆယ့်​နှစ်​နှစ် ရှိ​သော​အ​ခါ​၌​လည်း ယေ​ရု​ရှ​လင်​မြို့​သို့ သွား​ကြ​၏။-
Ary rehefa roa ambin’ ny folo taona Jesosy, dia niakatra izy ireo, araka ny fanao amin’ ny andro firavoravoana.
43 ၄၃ ပွဲ​တော်​ပြီး​ဆုံး​ချိန်​၌​အိမ်​သို့​ပြန်​ကြ​၏။ ထို အ​ခါ​သူ​ငယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​မှာ နေ​ရစ်​၏။ ထို​သို့​နေ​ရစ်​သည်​ကို​မိ​ဘ​များ မ​သိ​ကြ။-
Ary rehefa tapitra izany andro izany, ka nody izy, Jesosy zaza dia mbola nitoetra tany Jerosalema ihany, nefa tsy fantatry ny ray aman-dreniny izany;
44 ၄၄ ခ​ရီး​သည်​လူ​စု​ထဲ​တွင်​ပါ​လာ​လိမ့်​မည်​ဟု ထင်​မှတ်​ကြ​၏။ တစ်​နေ့​ခ​ရီး​ပြု​ကြ​ပြီး​မှ ဆွေ​မျိုး​အ​သိ​အ​ကျွမ်း​များ​ထဲ​တွင်​သူ​ငယ် တော်​ကို​ရှာ​ကြ​၏။-
ary satria nataony fa niaraka tamin’ ny niara-dia taminy Izy, dia nandeha lalana indray andro izy vao nitady Azy tamin’ ny havany sy ny olom-pantany.
45 ၄၅ မ​တွေ့​သ​ဖြင့်​ယော​သပ်​နှင့်​မာ​ရိ​သည်​ယေ​ရု​ရှ​လင် မြို့​သို့​ပြန်​၍​ရှာ​ကြ​၏။ တ​တိ​ယ​နေ့​တွင်​သူ​ငယ် တော်​ကို​ဗိ​မာန်​တော်​အ​တွင်း​မှာ​တွေ့​ကြ​၏။-
Ary nony tsy nahita Azy izy, dia niverina ho any Jerosalema nitady Azy.
46 ၄၆ သူ​သည်​ယု​ဒ​ဆ​ရာ​တော်​များ​နှင့်​အ​တူ​ထိုင် ကာ​သူ​တို့​၏​တ​ရား​စ​ကား​များ​ကို​ကြား​နာ လျက်၊ သူ​တို့​နှင့်​ဆွေး​နွေး​မေး​မြန်း​လျက်​နေ​၏။-
Ary rehefa afaka hateloana, dia hitany teo an-kianjan’ ny tempoly Izy nipetraka teo afovoan’ ny mpampianatra ka nihaino sady nanontany azy.
47 ၄၇ သူ​ငယ်​တော်​၏​စ​ကား​ကို​ကြား​ကြ​သော​သူ အ​ပေါင်း​တို့​သည်​သူ​၏​အ​သိ​ပ​ညာ​နှင့်​ဖြေ ကြား​ချက်​များ​ကို​အံ့​သြ​ကြ​၏။-
Ary talanjona izay rehetra nandre Azy noho ny fahalalany sy ny famaliany.
48 ၄၈ ယော​သပ်​နှင့်​မာ​ရိ​တို့​သည်​တွေ့​လျှင်​အံ့​အား​သင့် ကြ​၏။ ထို​နောက်​မယ်​တော်​က ``ငါ့​သား၊ သင်​သည် အ​ဘယ်​ကြောင့်​ငါ​တို့​ကို​ဤ​သို့​ပြု​ပါ​သ​နည်း။ သင့်​ဖ​ခင်​နှင့်​ငါ​သည်​စိုး​ရိမ်​ကြီး​စွာ​ဖြင့်​ရှာ​ခဲ့ ရ​၏'' ဟု​ပြော​၏။
Ary raha nahita Azy izy, dia talanjona, ka hoy ny reniny taminy: Anaka, nahoana no nanao toy izay taminay Hianao? He! izato alahelon-drainao sy izaho nitady Anao!
49 ၄၉ သူ​ငယ်​တော်​က ``အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​ကို​ရှာ ကြ​ပါ​သ​နည်း။ အ​ကျွန်ုပ်​သည်​ခ​မည်း​တော်​၏​အိမ် တွင်​ရှိ​နေ​ရ​မည်​ကို​မ​သိ​ကြ​ပါ​သ​လော'' ဟု ပြန်​ပြော​၏။-
Fa hoy Izy taminy: Nahoana no nitady Ahy ianareo? tsy fantatrareo va fa tsy maintsy ho eto an-tranon’ ny Raiko Aho?
50 ၅၀ သူ​တို့​သည်​ထို​စ​ကား​ကို​နား​မ​လည်​ကြ။
Nefa tsy azon’ ireo ny teny izay nolazainy taminy.
51 ၅၁ ထို​နောက်​သူ​ငယ်​တော်​သည်​မိ​ဘ​တို့​နှင့်​အ​တူ လိုက်​၍ နာ​ဇ​ရက်​မြို့​သို့​ရောက်​သော်​မိ​ဘ​တို့​၏ စ​ကား​ကို​နာ​ခံ​လျက်​နေ​၏။ မယ်​တော်​သည်​ဤ အ​ဖြစ်​အ​ပျက်​အ​လုံး​စုံ​တို့​ကို​စိတ်​နှ​လုံး​ထဲ မှာ​မှတ်​ကျုံး​ထား​၏။-
Ary niara-nidina taminy nankany Nazareta Izy ka nanoa azy. Ary ny reniny nitahiry izany teny rehetra izany tao am-pony.
52 ၅၂ သူ​ငယ်​တော်​ယေ​ရှု​သည်​ကာ​ယ​ညာ​ဏ​ကြီး ပွား​တိုး​တက်​လျက်​ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့ ရှေ့​တွင်​မျက်​နှာ​ပွင့်​လန်း​တော်​မူ​၏။
Ary Jesosy nitombo saina sy tena sady nandroso fitia tamin’ Andriamanitra sy ny olona.

< လုကာ 2 >