< လုကာ 17 >

1 သ​ခင်​ယေ​ရှု​က ``မှောက်​မှား​လမ်း​လွဲ​စေ​သည့် အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့​ရာ​တွင် မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ​သော​သူ သည်​အ​မင်္ဂ​လာ​ရှိ​၏။-
Jesus said to his disciples, “It is certain there will be things that can cause us to sin, but woe to that person through whom they come!
2 ထို​သူ​သည်​ဤ​သို့​သော​က​လေး​သူ​ငယ်​တစ်​စုံ တစ်​ယောက်​ကို​မှောက်​မှား​လမ်း​လွဲ​စေ​မည့်​အ​စား မိ​မိ​၏​လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး​ကို​ဆွဲ လျက်​ပင်​လယ်​ထဲ​သို့​အ​ချ​ခံ​ရ​သော်​မှ​သူ့ အ​ဖို့​ကောင်း​သေး​၏။-
It would be better for him if a millstone were put around his neck and he were thrown into the sea than that he should cause one of these little ones to stumble.
3 သို့​ဖြစ်​၍​သ​တိ​ထား​လျက်​ပြု​မူ​ကြ​လော့။ ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင် သူ​အား​ဆုံး​မ​လော့။ သူ​သည်​နောင်​တ​ရ​လျှင် အ​ပြစ်​ဖြေ​လွှတ်​လော့။-
Watch yourselves. If your brother sins, rebuke him, and if he repents, forgive him.
4 တစ်​နေ့​တည်း​တွင်​ခု​နစ်​ကြိမ်​တိုင်​တိုင်​သင့်​ကို ပြစ်​မှား​၍ ခု​နစ်​ကြိမ်​တိုင်​တိုင်​ပင်​သင့်​ထံ​သို့ လာ​လျက် `အ​ကျွန်ုပ်​နောင်​တ​ရ​ပါ​ပြီ' ဟု​ဆို လျှင် သင်​သည်​သူ​၏​အ​ပြစ်​ကို​ဖြေ​လွှတ်​ရ​မည်'' ဟု​တ​ပည့်​တော်​တို့​အား​မိန့်​တော်​မူ​၏။
If he sins against you seven times in the day, and seven times returns to you, saying, 'I repent,' you must forgive him!”
5 တ​မန်​တော်​တို့​က​သ​ခင်​ဘု​ရား​အား ``အ​ကျွန်ုပ် ၏​ယုံ​ကြည်​ခြင်း​ကို​တိုး​ပွား​စေ​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။
The apostles said to the Lord, “Increase our faith.”
6 သ​ခင်​ဘု​ရား​က ``သင်​တို့​တွင်​ယုံ​ကြည်​ခြင်း မုန်​ညင်း​စေ့​မျှ​လောက်​ရှိ​ပါ​မူ ဤ​ပိုး​စာ​ပင် အား `အ​မြစ်​ပါ​ကျွတ်​၍​ပင်​လယ်​ထဲ​မှာ​စိုက် လျက်​နေ​လော့' ဟု​ဆို​လျှင် ထို​အ​ပင်​သည်​သင် တို့​ဆို​သည့်​အ​တိုင်း​ပြု​လိမ့်​မည်။
The Lord said, “If you had faith like a mustard seed, you would say to this mulberry tree, 'Be uprooted, and be planted in the sea,' and it would obey you.
7 ``သင်​တို့​တွင်​အ​ဘယ်​သူ​သည်​မိ​မိ​၏​လယ်​လုပ် သား​အား​သော်​လည်း​ကောင်း၊ သိုး​ကျောင်း​သား​အား သော်​လည်း​ကောင်း​လယ်​ကွင်း​မှ​ပြန်​လာ​သော​အ​ခါ `ည​စာ​စား​ရန်​အ​လျင်​အ​မြန်​လာ​၍​ထိုင်​လော့' ဟု​ဆို​မည်​နည်း။-
But which of you, who has a servant plowing or keeping sheep, will say to him when he has come in from the field, 'Come immediately and sit down to eat'?
8 ထို​သို့​ဆို​မည့်​အ​စား `ငါ​၏​အ​တွက်​ည​စာ​ကို ပြင်​လော့။ ငါ​စား​သောက်​စဉ်​ခါး​ကို​စည်း​၍​ငါ့ အား​လုပ်​ကျွေး​လော့။ ပြီး​မှ​သင်​စား​သောက်​လော့' ဟူ​၍​သာ​ဆို​မည်​မ​ဟုတ်​လော။-
Will he not say to him, 'Prepare something for me to eat, and put a belt around your clothes and serve me until I have finished eating and drinking. Then afterward you will eat and drink'?
9 အ​စေ​ခံ​သည်​မိ​မိ​အ​ရှင်​စေ​ခိုင်း​သည့်​အ​တိုင်း ဆောင်​ရွက်​သည့်​အ​တွက်​သူ့​အား​ကျေး​ဇူး​တင် စ​ရာ​မ​ရှိ။-
He does not thank the servant because he did the things that were commanded, does he?
10 ၁၀ ထို​နည်း​တူ​သင်​တို့​သည်​လည်း​မိ​မိ​တို့​အား​စေ ခိုင်း​သည့်​အ​ရာ​အား​လုံး​ကို​ဆောင်​ရွက်​ပြီး​ချိန် ၌ ငါ​တို့​ကား​သာ​မန်​အ​စေ​ခံ​များ​ပင်​ဖြစ်​သည်။ ငါ​တို့​ဆောင်​ရွက်​ရန်​ရှိ​သည့်​တာ​ဝန်​ဝတ္တ​ရား​ကို သာ​လျှင်​ဆောင်​ရွက်​ခဲ့​ကြ​ခြင်း​ဖြစ်​သည်​ဟု' ဆို ကြ​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
Even so you also, when you have done everything that you are commanded, should say, 'We are unworthy servants. We have only done what we ought to do.'”
11 ၁၁ ယေ​ရု​ရှ​လင်​မြို့​သို့​ခ​ရီး​ပြု​တော်​မူ​စဉ်​ကိုယ်​တော် သည်​ရှ​မာ​ရိ​ပြည်​နှင့်​ဂါ​လိ​လဲ​ပြည်​စပ်​ကြား​တွင် လျှောက်​၍​ကြွ​တော်​မူ​၏။-
It came about that as he traveled to Jerusalem, he went along the border between Samaria and Galilee.
12 ၁၂ ရွာ​တစ်​ရွာ​သို့​ဝင်​တော်​မူ​သော​အ​ခါ​အ​ရေ​ပြား ရော​ဂါ​သည်​ဆယ်​ယောက်​တို့​သည် ကိုယ်​တော်​ကို ခ​ရီး​ဦး​ကြို​ပြု​ကြ​၏။ ခပ်​လှမ်း​လှမ်း​တွင်​ရပ် လျက်။-
As he entered into a certain village, there he was met by ten men who were lepers. They stood far away from him
13 ၁၃ ``သ​ခင်​ယေ​ရှု​အ​ရှင်​မြတ်၊ အ​ကျွန်ုပ်​တို့​ကို သ​နား​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လျှောက်​ထား ကြ​၏။
and they lifted up their voices, saying, “Jesus, Master, have mercy on us.”
14 ၁၄ ထို​သူ​တို့​ကို​မြင်​သော​အ​ခါ​ကိုယ်​တော် က ``သင်​တို့​သွား​၍​မိ​မိ​တို့​ကိုယ်​ကို​ယဇ် ပု​ရော​ဟိတ်​များ​အား​ပြ​လော့'' ဟု​မိန့်​တော်​မူ​၏။ သူ​တို့​သည်​ယဇ်​ပု​ရော​ဟိတ်​များ​ထံ​သွား​နေ​စဉ် ရော​ဂါ​သန့်​စင်​သွား​ကြ​ကုန်​၏။-
When he saw them, he said to them, “Go and show yourselves to the priests.” As they went away they were cleansed.
15 ၁၅ သူ​တို့​အ​နက်​လူ​တစ်​ယောက်​သည်​မိ​မိ​ရော​ဂါ ပျောက်​ကင်း​သွား​ကြောင်း​ကို​သိ​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ဘုန်း​အသ​ရေ​တော်​ကို​အ​သံ ကျယ်​စွာ​ချီး​ကူး​လျက်​ကိုယ်​တော်​၏​ထံ​သို့ ပြန်​လာ​၏။-
When one of them saw that he was healed, he turned back, with a loud voice glorifying God.
16 ၁၆ ထို​နောက်​ခြေ​တော်​ရင်း​မှာ​ပျပ်​ဝပ်​လျက် ကိုယ်​တော် ၏​ကျေး​ဇူး​တော်​ကြီး​လှ​ကြောင်း​ကို​လျှောက်​ထား​၏။ ထို​သူ​ကား​ရှ​မာ​ရိ​အ​မျိုး​သား​ဖြစ်​သ​တည်း။-
He fell down at Jesus' feet, giving him thanks. He was a Samaritan.
17 ၁၇ သ​ခင်​ယေ​ရှု​က ``လူ​တစ်​ကျိပ်​တို့​သည် အ​ရေ​ပြား​ရော​ဂါ​သန့်​စင်​သွား​ကြ​သည် မ​ဟုတ်​လော။ အ​ခြား​လူ​ကိုး​ယောက်​ကား အ​ဘယ်​မှာ​နည်း။-
Then Jesus said, “Were not the ten cleansed? Where are the nine?
18 ၁၈ ဘု​ရား​သ​ခင်​၏​ဘုန်း​အသရေ​တော်​ကို​ချီး​ကူး​ရန် ဤ​လူ​မျိုး​ခြား​တစ်​ဦး​မှ​တစ်​ပါး​ပြန်​လာ​သူ တစ်​ယောက်​မျှ​မ​ရှိ​သ​လော'' ဟု​မေး​တော်​မူ​၏။-
Were there no others who returned to give glory to God, except this foreigner?”
19 ၁၉ ထို​နောက်​ထို​သူ​အား ``သင်​ထ​၍​သွား​လော့။ သင် ၏​ယုံ​ကြည်​ခြင်း​သည်​သင့်​ရော​ဂါ​ကို​ပျောက်​စေ ပြီ'' ဟု​မိန့်​တော်​မူ​၏။
He said to him, “Arise, and go. Your faith has made you well.”
20 ၂၀ ဖာ​ရိ​ရှဲ​အ​ချို့​တို့​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သည်​အ​ဘယ်​အ​ခါ​၌​တည်​ပါ​မည်​နည်း'' ဟု ကိုယ်​တော်​အား​မေး​လျှောက်​ကြ​၏။ ထို​အ​ခါ ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​တည် ခြင်း​သည်​မြင်​သာ​အောင်​တည်​သည်​မ​ဟုတ်။-
Being asked by the Pharisees when the kingdom of God would come, Jesus answered them and said, “The kingdom of God does not come with careful observing.
21 ၂၁ `ကြည့်​လော့၊ နိုင်​ငံ​တော်​သည်​ဤ​အ​ရပ်​တွင်​တည် ပြီ။ ထို​အ​ရပ်​တွင်​တည်​ပြီ​ဟူ​၍​မ​ပြော​နိုင်။ အ​မှန် စင်​စစ်​သော်​ကား​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​သည် သင်​တို့​၏​အ​ထဲ​တွင်​တည်​လျက်​ရှိ​သည်'' ဟု​မိန့် တော်​မူ​၏။
Neither will they say, 'Look, here it is!' or, 'There it is!' For look, the kingdom of God is within you.”
22 ၂၂ ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``သင်​တို့​တွေ့ မြင်​လို​သော​လူ​သား​၏​နေ့​တစ်​ရက်​ရောက်​ပေ​အံ့။ သို့​ရာ​တွင်​သင်​တို့​တွေ့​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-
He said to the disciples, “The days are coming when you will desire to see one of the days of the Son of Man, but you will not see it.
23 ၂၃ လူ​တို့​က `လူ​သား​သည်​ဤ​အ​ရပ်​မှာ​ရှိ​သည်။ ထို​အ​ရပ်​မှာ​ရှိ​သည်' ဟု​ဆို​သော်​လည်း​သင်​တို့ လိုက်​၍​မ​ရှာ​ကြ​နှင့်။-
Then they will say to you, 'Look, there! Look, here!' But do not go out or run after them,
24 ၂၄ လျှပ်​စစ်​ပြက်​သော​အ​ခါ​လျှပ်​စစ်​ရောင်​သည် မိုး​ကုတ်​စက်​ဝိုင်း​တစ်​ခု​မှ​အ​ခြား​တစ်​ခု​သို့ တိုင်​အောင် မိုး​ကောင်း​ကင်​ကို​ထွန်း​တောက်​စေ သ​ကဲ့​သို့ လူ​သား​လော​က​သို့​ကြွ​လာ​တော် မူ​သော​နေ့​၌​ဖြစ်​လိမ့်​မည်။-
for as the lightning shines brightly when it flashes from one part of the sky to another part of the sky, so will the Son of Man be in his day.
25 ၂၅ သို့​ရာ​တွင်​လူ​သား​သည်​ပြင်း​ပြ​သော​ဝေ​ဒ​နာ ကို​လည်း​ကောင်း၊ ဤ​ခေတ်​လူ​တို့​၏​ပစ်​ပယ် ခြင်း​ကို​လည်း​ကောင်း​ဦး​စွာ​ခံ​ရ​လိမ့်​မည်။-
But first he must suffer many things and be rejected by this generation.
26 ၂၆ နော​ဧ​လက်​ထက်​၌​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ သား​ကြွ​လာ​ရာ​ကာ​လ​၌​ဖြစ်​ပျက်​လိမ့်​မည်။-
As it happened in the days of Noah, even so will it also happen in the days of the Son of Man.
27 ၂၇ သင်္ဘော​ထဲ​ကို​နော​ဧ​ဝင်​ပြီး​နောက်​ရေ​လွှမ်း​မိုး သ​ဖြင့် လူ​ခပ်​သိမ်း​တို့​သေ​ကျေ​ပျက်​စီး​ကြ သည့်​နေ့​မ​တိုင်​မီ​လူ​တို့​သည်​စား​သောက် လျက်၊ ထိမ်း​မြား​စုံ​ဖက်​လျက်​နေ​ခဲ့​ကြ​၏။-
They ate, they drank, they married, and they were given in marriage, until the day that Noah entered into the ark—and the flood came and destroyed them all.
28 ၂၈ ထို​နည်း​တူ​လော​တ​၏​လက်​ထက်​၌​လူ​တို့​သည် စား​သောက်​ရောင်း​ဝယ်​လျက်​စိုက်​ပျိုး​တည်​ဆောက် လျက်​နေ​ခဲ့​ကြ​၏။-
Likewise, even as it happened in the days of Lot—they were eating and drinking, buying and selling, planting and building.
29 ၂၉ သော​ဒုံ​မြို့​မှ​လော​တ​ထွက်​ခွာ​သွား​သော​နေ့ ၌​ကောင်း​ကင်​မှ​မီး​မိုး​ရွာ​၍ လူ​ခပ်​သိမ်း​တို့ သေ​ကျေ​ပျက်​စီး​ကြ​ကုန်​၏။-
But in the day that Lot went out from Sodom, it rained fire and sulfur from heaven and destroyed them all.
30 ၃၀ လူ​သား​ပေါ်​ထွန်း​တော်​မူ​သော​နေ့​၌​လည်း​ဤ ကဲ့​သို့​ပင်​ဖြစ်​လိမ့်​မည်။''
After the same manner it will be in the day that the Son of Man is revealed.
31 ၃၁ ``ထို​နေ့​ရက်​၌​အိမ်​မိုး​ပေါ်​တွင်​ရှိ​သော​သူ​သည် မိ​မိ​အိမ်​ထဲ​မှာ​ရှိ​သည့်​ဥစ္စာ​ပစ္စည်း​ကို​ယူ​ရန် မ​ဆင်း​စေ​နှင့်။ ထို​နည်း​တူ​လယ်​ကွင်း​သို့​ရောက် နေ​သူ​သည်​လည်း​အိမ်​ကို​မ​ပြန်​စေ​နှင့်။-
In that day, do not let him who is on the housetop go down to get his goods out of the house; and do not let him who is in the field return.
32 ၃၂ လော​တ​၏​ဇ​နီး​ကို​သ​တိ​ရ​ကြ​လော့။
Remember Lot's wife.
33 ၃၃ မိ​မိ​အ​သက်​ကို​ကယ်​ဆယ်​လို​သော​သူ​သည် အ​သက်​ရှုံး​လိမ့်​မည်။ မိ​မိ​အ​သက်​ကို​ရှုံး​စေ သော​သူ​သည်​အ​သက်​ကို​ကယ်​ဆယ်​လိမ့်​မည်။-
Whoever seeks to gain his life will lose it, but whoever loses his life will save it.
34 ၃၄ သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​ည​တွင်​အိပ်​ရာ တစ်​ခု​မှာ​အိပ်​နေ​သူ လူ​နှစ်​ယောက်​အ​နက်​တစ် ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။-
I tell you, in that night there will be two people in one bed. One will be taken, and the other will be left.
35 ၃၅ ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက် အ​နက်​တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက် ကို​ထား​ခဲ့​လတ္တံ့။-
There will be two women grinding together. One will be taken, and the other will be left.”
36 ၃၆ လယ်​ထဲ​တွင်​ရှိ​သူ​နှစ်​ယောက်​အ​နက်​တစ်​ယောက် ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့​လတ္တံ့'' ဟု မိန့်​တော်​မူ​၏။
37 ၃၇ တ​ပည့်​တော်​တို့​က ``အ​ရှင်၊ အ​ဘယ်​အ​ရပ်​တွင် ဤ​အ​ရာ​များ​ဖြစ်​ပျက်​ပါ​မည်​နည်း'' ဟု​မေး လျှောက်​ကြ​၏။ ကိုယ်​တော်​က ``အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​တွင် လင်း​တ​များ​စု​ရုံး​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
They asked him, “Where, Lord?” and he said to them, “Where there is a body, there will the vultures also be gathered together.”

< လုကာ 17 >