< လုကာ 16 >

1 တစ်​ဖန်​ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အ ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ယောက်​မှာ​မန်​နေ​ဂျာ တစ်​ဦး​ရှိ​၏။ ထို​သူ​သည်​သူ​ဌေး​၏​ဥစ္စာ​ပစ္စည်း များ​ကို​ဖြုန်း​တီး​လျက်​နေ​ကြောင်း​ကို လူ​တို့​က သူ​ဌေး​အား​တိုင်​တန်း​ကြ​၏။-
Jesus said to his disciples: “There was a rich man who had a steward; and this steward was maliciously accused to him of wasting his estate.
2 သူ​ဌေး​သည်​သူ့​ကို​ခေါ်​၍ `သင့်​အ​ကြောင်း​ငါ​ကြား ရ​သည်​မှာ​အ​သို့​နည်း။ သင်​၏​လုပ်​ငန်း​နှင့်​ဆိုင်​သော ငွေ​စာ​ရင်း​များ​ကို​တင်​ပြ​လော့။ သင်​သည်​ဆက်​၍ ငါ​၏​မန်​နေ​ဂျာ​လုပ်​ရ​တော့​မည်​မ​ဟုတ်' ဟု​ဆို​၏။-
So the master called him and said ‘What is this that I hear about you? Give in your accounts, for you cannot act as steward any longer.’
3 မန်​နေ​ဂျာ​သည်`ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ့​သူ​ဌေး​သည်​မန်​နေ​ဂျာ​ရာ​ထူး​ကို​ရုပ်​သိမ်း လေ​ပြီ။ ငါ့​မှာ​မြေ​တူး​ဆွ​နိုင်​သော​ခွန်​အား မ​ရှိ။ တောင်း​ရမ်း​စား​ရန်​လည်း​ငါ​ရှက်​၏။-
‘What am I to do,’ the steward asked himself, ‘now that my master is taking the steward’s place away from me? I have not strength to dig, and I am ashamed to beg.
4 ငါ့​ရာ​ထူး​ပြုတ်​ပြီး​နောက်​လူ​တို့​ငါ့​ကို​လက်​ခံ ပေါင်း​ဖော်​ကြ​စေ​ရန်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို ငါ​သိ​ပြီ' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​ကာ။-
I know what I will do, so that, as soon as I am turned out of my stewardship, people may welcome me into their homes.’
5 သူ​ဌေး​၏​မြီ​စား​အား​လုံး​ကို​ခေါ်​၏။ ထို​နောက် ပ​ထ​မ​လူ​အား `ငါ့​သူ​ဌေး​ကို​သင်​ပေး​ဆပ်​ရန် အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း' ဟု​မေး​၏။-
One by one he called up his master’s debtors. ‘How much do you owe my master?’ he asked of the first.
6 ထို​သူ​က `ဆီ​အ​ချိန်​ခွက်​တစ်​ထောင်​ရှိ​ပါ​သည်' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​မန်​နေ​ဂျာ​က `သင် ၏​စာ​ရင်း​ကို​ယူ​လော့။ အ​မြန်​ထိုင်​၍​ခွက်​ငါး ရာ​ဟု​ရေး​လော့' ဟု​ဆို​၏။-
‘Four hundred and forty gallons of oil,’ answered the man. ‘Here is your agreement,’ he said; ‘sit down at once and make it two hundred and twenty.’
7 ထို​နောက်​အ​ခြား​သူ​တစ်​ယောက်​အား `သင်​သည် လည်း​ပေး​ဆပ်​ရန်​အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း' ဟု​မေး​၏။ ထို​သူ​က​ဂျုံ​စ​ပါး​တင်း​တစ်​ထောင် ရှိ​ပါ​သည်​ဟု​ဆို​လျှင်​မန်​နေ​ဂျာ​က `သင်​၏ စာ​ရင်း​ကို​ယူ​လော့၊ အ​မြန်​ထိုင်​၍​ရှစ်​ရာ ဟု​ရေး​လော့' ဟု​ဆို​၏။-
And you, the steward said to the next, ‘how much do you owe?’ ‘Seventy quarters of wheat,’ he replied. ‘Here is your agreement,’ the steward said; ‘make it fifty-six.’
8 ဤ​သို့​ပါး​နပ်​လိမ္မာ​စွာ​ပြု​သည့်​အ​တွက်​မ​ရိုး ဖြောင့်​သည့်​မန်​နေ​ဂျာ​ကို​သူ​ဌေး​သည်​ချီး​မွမ်း လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​ကီ​သား တို့​သည်​လော​ကီ​ကိစ္စ​ဆောင်​ရွက်​ရာ​တွင် အ​လင်း နှင့်​ဆိုင်​သော​သား​များ​ထက်​ပါး​နပ်​လိမ္မာ ကြ​သော​ကြောင့်​တည်း။ (aiōn g165)
His master complimented this dishonest steward on the shrewdness of his action. And indeed men of the world are shrewder in dealing with their fellow-men than those who have the Light. (aiōn g165)
9 ``ထို​မှ​တစ်​ပါး​သင်​တို့​အား​ငါ​ဆို​သည်​ကား လော​က​စည်း​စိမ်​ချမ်း​သာ​အား​ဖြင့်​မိတ်​ဆွေ များ​ရ​အောင်​ပြု​ကြ​လော့။ သို့​မှ​သာ​ထို​စည်း စိမ်​ချမ်း​သာ​ကုန်​ဆုံး​သော​အ​ခါ​သင်​တို့​အား ထာ​ဝ​ရ​အိမ်​တော်​တွင်​ကြို​ဆို​လက်​ခံ​လိမ့် မည်။- (aiōnios g166)
And I say to you ‘Win friends for yourselves with your dishonest money,’ so that, when it comes to an end, there may be a welcome for you into the Eternal Home. (aiōnios g166)
10 ၁၀ အ​မှု​ငယ်​တွင်​သစ္စာ​ရှိ​သူ​သည်​အ​မှု​ကြီး​တွင် လည်း​သစ္စာ​ရှိ​လိမ့်​မည်။ အ​မှု​ငယ်​တွင်​မ​ရိုး ဖြောင့်​သူ​သည်​အ​မှု​ကြီး​တွင်​လည်း​ရိုး​ဖြောင့် လိမ့်​မည်​မ​ဟုတ်။-
He who is trustworthy in the smallest matter is trustworthy in a great one also; and he who is dishonest in the smallest matter is dishonest in a great one also.
11 ၁၁ သို့​ဖြစ်​၍​သင်​တို့​သည်​လော​က​စည်း​စိမ်​ချမ်း​သာ နှင့်​ပတ်​သက်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည် သင်​တို့​အား​စည်း​စိမ်​ချမ်း​သာ​အ​စစ်​အ​မှန်​ကို အပ်​မည်​နည်း။-
So, if you have proved untrustworthy with the ‘dishonest money,’ who will trust you with the true?
12 ၁၂ သင်​တို့​သည်​သူ​တစ်​ပါး​ပိုင်​သည့်​ဥစ္စာ​ပစ္စည်း​နှင့် ဆိုင်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည်​သင်​တို့ ပိုင်​ဆိုင်​သည့်​ဥစ္စာ​ပစ္စည်း​ကို​သင်​တို့​အား​ပေး​အပ် မည်​နည်း။
And, if you have proved untrustworthy with what does not belong to us, who will give you what is really our own?
13 ၁၃ ``အ​ဘယ်​အ​စေ​ခံ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ ကို​မ​ခံ​နိုင်။ သူ​သည်​သ​ခင်​တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​မည်။ တစ်​ဦး​ကို​သစ္စာ​ရှိ​၍​တစ်​ဦး ကို​မ​လေး​မ​ခန့်​ပြု​မည်။ သင်​တို့​သည်​တစ်​ချိန် တည်း​မှာ​ပင်​ဘု​ရား​သ​ခင်​၏​အ​စေ​နှင့်​လော​က စည်း​စိမ်​ချမ်း​သာ​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
No servant can serve two masters, for, either he will hate one and love the other, or else he will attach himself to one and despise the other. You cannot serve both God and Money.”
14 ၁၄ ငွေ​ကို​တပ်​မက်​သူ​များ​ဖြစ်​သည့်​ဖာ​ရိ​ရှဲ​များ သည်​ထို​စ​ကား​များ​ကို​ကြား​လျှင်​ကိုယ်​တော် ကို​သ​ရော်​ကြ​၏။-
All this was said within hearing of the Pharisees, who were lovers of money, and they began to sneer at Jesus.
15 ၁၅ ကိုယ်​တော်​က ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သူ​တော်​ကောင်း​များ​ဟု​လူ​တို့​အား​ထင်​မြင် စေ​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သင် တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ် တ​နိုး​ထား​သော​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏ ရှေ့​တော်​မှာ​စက်​ဆုပ်​ဖွယ်​ဖြစ်​၏။
“You,” said Jesus, “are the men who justify themselves before the world, but God can read your hearts; and what is highly esteemed among men may be an abomination in the sight of God.
16 ၁၆ ``ယော​ဟန်​မ​ပေါ်​မီ​ကာ​လ​က​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​အာ​ဏာ​တည်​လျက်​ရှိ ၏။ ယော​ဟန်​ပေါ်​ပြီး​ချိန်​မှ​စ​၍​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​ခဲ့​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း နိုင်​ငံ​တော်​သို့​အ​နိုင်​အ​ထက်​ဝင်​ကြ​ကုန်​၏။-
The Law and the Prophets sufficed until the time of John. Since then the Good News of the Kingdom of God has been told, and everybody has been forcing his way into it.
17 ၁၇ သို့​ရာ​တွင်​ပ​ညတ်​ကျမ်း​မှ​ဝစ္စ​ပေါက်​တစ်​လုံး ပျက်​စီး​ရန်​ထက် ကောင်း​ကင်​နှင့်​မြေ​ကြီး​ပျက် စီး​ရန်​က​သာ​၍​လွယ်​၏။
It would be easier for the heavens and the earth to disappear than for one stroke of a letter in the Law to be lost.
18 ၁၈ ``မိ​မိ​၏​ဇ​နီး​ကို​ကွာ​၍​အ​ခြား​အ​မျိုး​သ​မီး တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော​သူ​သည်​လည်း သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။ ကွာ​ရှင်း​ထား သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​သော သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။
Every one who divorces his wife and marries another woman is an adulterer, and the man who marries a divorced woman is an adulterer.
19 ၁၉ ``အ​ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ဦး​ရှိ​၏။ သူ​သည် နေ့​စဉ်​ကမ္ဗ​လာ​နီ​နှင့်​ပိတ်​ချော​ထည်​များ​ကို ဝတ်​ဆင်​လျက်​စည်း​စိမ်​ခံ​စား​လျက်​နေ​၏။-
There was once a rich man, who dressed in purple robes and fine linen, and feasted every day in great splendour.
20 ၂၀ သူ​၏​အိမ်​တံ​ခါး​အ​နီး​တွင်​လာ​ဇ​ရု​ဆို​သူ ဆင်း​ရဲ​သား​တစ်​ယောက်​သည်​တုံး​လုံး​လဲ​နေ​၏။ သူ့​မှာ​တစ်​ကိုယ်​လုံး​အ​နာ​စိမ်း​များ​ပေါက်​လျက် ရှိ​၏။ ခွေး​တို့​သည်​လာ​၍​သူ​၏​အ​နာ​စိမ်း​များ ကို​လျက်​ကြ​၏။-
Near his gateway there had been laid a beggar named Lazarus, who was covered with sores,
21 ၂၁ သူ​သည်​သူ​ဌေး​၏​စား​ပွဲ​မှ​ကျ​သည့်​စား​နုပ် စား​ပေါက်​များ​ကို​စား​ရ​ရန်​တောင့်​တ​နေ​တတ်​၏။-
and who longed to satisfy his hunger with what fell from the rich man’s table. Even the very dogs came and licked his sores.
22 ၂၂ ထို​နောက်​ဆင်း​ရဲ​သား​သည်​သေ​လွန်​သွား​သ​ဖြင့် ကောင်း​ကင်​တ​မန်​တို့​သည် သူ့​အား​အာ​ဗြ​ဟံ​၏ လက်​ယာ​ဘက်​တွင်​လျောင်း​စေ​ရန်​သယ်​ဆောင်​သွား ကြ​၏။ သူ​ဌေး​သည်​လည်း​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။-
After a time the beggar died, and was taken by the angels to be with Abraham. The rich man also died and was buried.
23 ၂၃ သူ​သည်​မ​ရ​ဏ​နိုင်​ငံ​တွင်​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ နေ​ရ​သ​ဖြင့် မျှော်​ကြည့်​လိုက်​သော​အ​ခါ​အာ​ဗြ​ဟံ ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ​၏​လက်​ယာ​ဘက်​တွင် လာ​ဇ​ရု​ကို​လည်း​ကောင်း​မြင်​လေ​၏။- (Hadēs g86)
In the Place of Death he looked up in his torment, and saw Abraham at a distance and Lazarus at his side. (Hadēs g86)
24 ၂၄ သူ​ဌေး​က `အ​ဖ​အာဗြဟံ၊ အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ဤ​မီး​လျှံ​ထဲ​တွင် ပြင်း​စွာ​ဝေ​ဒ​နာ​ခံ​နေ​ရ​ပါ​၏။ လာ​ဇ​ရု​သည် လက်​ဖျား​ကို​ရေ​မှာ​နှစ်​၍​အ​ကျွန်ုပ်​၏​လျှာ ကို​အေး​စေ​မည့်​အ​ကြောင်း သူ့​အား​အ​ကျွန်ုပ် ထံ​သို့​စေ​လွှတ်​တော်​မူ​ပါ' ဟု​အော်​၍​လျှောက်​၏။
So he called out ‘Pity me, Father Abraham, and send Lazarus to dip the tip of his finger in water and cool my tongue, for I am suffering agony in this flame.’
25 ၂၅ ``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-
‘Child,’ answered Abraham, ‘remember that you in your lifetime received what you thought desirable, just as Lazarus received what was not desirable; but now he has his consolation here, while you are suffering agony.
26 ၂၆ ထို​မှ​တစ်​ပါး​သင်​တို့​နှင့်​ငါ​တို့​စပ်​ကြား​တွင် နက်​စွာ​သော​ချောက်​ကြီး​တစ်​ခု​တည်​ရှိ​၏။ ထို ကြောင့်​သင်​တို့​ဘက်​မှ​ငါ​တို့​ဘက်​သို့​လည်း ကောင်း၊ ငါ​တို့​ဘက်​မှ​သင်​တို့​ဘက်​သို့​လည်း ကောင်း​ကူး​ဖြတ်​လို​သူ​တို့​သည်​မ​ကူး​ဖြတ် နိုင်​ကြ' ဟု​ပြန်​၍​ပြော​၏။-
And not only that, but between you and us there lies a great chasm, so that those who wish to pass from here to you cannot, nor can they cross from there to us.’
27 ၂၇ သူ​ဌေး​က `အ​ဖ၊ ထို​သို့​ဖြစ်​ပါ​မူ​လာ​ဇ​ရု​အား အ​ကျွန်ုပ်​၏​အ​ဖ​အိမ်​သို့​စေ​လွှတ်​ပေး​ပါ​ရန် တောင်း​ပန်​ပါ​၏။-
‘Then, Father,’ he said, ‘I beg you to send Lazarus to my father’s house —
28 ၂၈ အ​ကျွန်ုပ်​မှာ​ညီ​ငါး​ယောက်​ရှိ​ပါ​၏။ သူ​တို့​သည် လည်း ဤ​ဝေ​ဒ​နာ​ခံ​ရာ​အ​ရပ်​သို့​မ​ရောက် ကြ​စေ​ခြင်း​ငှာ သူ​တို့​အား​သ​တိ​ပေး​ရန် လာ​ဇ​ရု​ကို​စေ​လွှတ်​တော်​မူ​ပါ' ဟု​လျှောက်​၏။-
For I have five brothers to warn them, so that they may not come to this place of torture also.’
29 ၂၉ အာ​ဗြ​ဟံ​က `သင်​၏​ညီ​များ​အား​သ​တိ​ပေး​ရန် မော​ရှေ​နှင့်​ပ​ရော​ဖက်​များ​ရှိ​ချေ​သည်။ ထို​သူ​တို့ ၏​စ​ကား​ကို​နား​ထောင်​ကြ​ပါ​စေ' ဟု​ဆို​၏။-
‘They have the writings of Moses and the Prophets,’ replied Abraham; ‘let them listen to them.’
30 ၃၀ သို့​ရာ​တွင်​သူ​ဌေး​က `အ​ဖ​အာ​ဗြ​ဟံ၊ ထို​သို့ မ​ဟုတ်​ပါ။ အ​ကယ်​၍​သေ​လွန်​သူ​များ​အ​နက် တစ်​ယောက်​သော​သူ​သည် သူ​တို့​ထံ​သို့​သွား​သည် ရှိ​သော်​သူ​တို့​သည်​နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်' ဟု​ဆို​၏။-
‘But, Father Abraham,’ he urged, ‘if some one from the dead were to go to them, they would repent.’
31 ၃၁ အာ​ဗြ​ဟံ​က `သူ​တို့​သည်​မော​ရှေ​နှင့်​ပ​ရော​ဖက် များ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​လျှင် အ​ကယ် ၍​သေ​ခြင်း​မှ​လူ​တစ်​စုံ​တစ်​ယောက်​ထ​မြောက် လာ​သော်​လည်း သူ​တို့​ယုံ​ကြည်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
‘If they do not listen to Moses and the Prophets,’ answered Abraham, ‘they will not be persuaded, even if some one were to rise from the dead.’”

< လုကာ 16 >