< လုကာ 14 >
1 ၁ ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်သည်အစား အစာသုံးဆောင်တော်မူရန် ဖာရိရှဲအကြီး အကဲတစ်ဦး၏အိမ်သို့ဝင်တော်မူ၏။ ထို အခါသူတို့သည်ကိုယ်တော်ကိုချောင်း ကြည့်နေကြ၏။-
Случилось Ему в субботу придти в дом одного из начальников фарисейских вкусить хлеба, и они наблюдали за Ним.
2 ၂ ကိုယ်တော်၏ရှေ့တွင်ရေဖျင်းနာစွဲသူလူ တစ်ယောက်ရှိ၏။-
И вот, предстал пред Него человек, страждущий водяною болезнью.
3 ၃ ကိုယ်တော်က ``ဥပုသ်နေ့၌အနာရောဂါကို ပျောက်ကင်းစေအပ်သလော'' ဟုကျမ်းတတ် ဆရာများနှင့်ဖာရိရှဲများအားမေးတော် မူ၏။
По сему случаю Иисус спросил законников и фарисеев: позволительно ли врачевать в субботу?
4 ၄ သို့ရာတွင်သူတို့သည်ဆိတ်ဆိတ်နေကြ၏။ ကိုယ်တော်သည်သူနာကိုခေါ်လျက်ရောဂါကို ပျောက်ကင်းစေပြီးလျှင်သူ့အားထွက်သွား စေတော်မူ၏။-
Они молчали. И, прикоснувшись, исцелил его и отпустил.
5 ၅ ကိုယ်တော်က ``သင်တို့အနက်အဘယ်သူသည် မိမိ၏သားဖြစ်စေ၊ နွားဖြစ်စေဥပုသ်နေ့၌ ရေတွင်းထဲသို့ကျခဲ့သော်ချက်ချင်းမဆွဲ မတင်ဘဲနေပါမည်နည်း'' ဟုမေးတော်မူ၏။
При сем сказал им: если у кого из вас осел или вол упадет в колодезь, не тотчас ли вытащит его и в субботу?
6 ၆ သို့ရာတွင်သူတို့သည်အဘယ်သို့မျှအဖြေ မပေးတတ်ကြ။
И не могли отвечать Ему на это.
7 ၇ စားသောက်ပွဲသို့ဖိတ်ခေါ်ထားသောသူတို့သည် အကောင်းဆုံးသောနေရာများကိုရွေးချယ်နေ ကြသည်ကိုကိုယ်တော်မြင်တော်မူလျှင် ထိုသူ တို့အားပုံဥပမာတစ်ခုကိုမိန့်ကြားတော်မူ၏။-
Замечая же, как званые выбирали первые места, сказал им притчу:
8 ၈ ကိုယ်တော်က ``သင်သည်မင်္ဂလာဆောင်ပွဲသို့ဖိတ် ခေါ်ခြင်းခံရသောအခါ အကောင်းဆုံးသော နေရာတွင်မထိုင်နှင့်။ အကယ်၍သင့်ထက်ဂုဏ် မြင့်သူတစ်ဦးအားလည်းဖိတ်ခေါ်ထားခဲ့သော်။-
когда ты будешь позван кем на брак, не садись на первое место, чтобы не случился кто из званых им почетнее тебя,
9 ၉ ပွဲရှင်သည်သင့်ထံသို့လာ၍ `ဤသူအားနေရာ ဖယ်ပေးလိုက်ပါ' ဟုဆိုပေအံ့။ ထိုအခါသင် သည်အရှက်ရလျက် နိမ့်ကျသည့်နေရာတွင် ထိုင်ရလိမ့်မည်။-
и звавший тебя и его, подойдя, не сказал бы тебе: уступи ему место; и тогда со стыдом должен будешь занять последнее место.
10 ၁၀ သို့ဖြစ်၍သင်သည်ဖိတ်ခေါ်ခြင်းခံရလျှင် ပွဲသို့သွား၍အနိမ့်ကျဆုံးသောနေရာတွင် ထိုင်လော့။ သို့မှသာပွဲရှင်သည်သင့်ထံလာ၍ `အဆွေသာ၍ကောင်းသောနေရာသို့ကြွပါ' ဟုသင့်အားဆိုလိမ့်မည်။ ထိုအခါသင်သည် ဧည့်ပရိသတ်တို့၏ရှေ့တွင်ဂုဏ်အသရေ ရှိလိမ့်မည်။-
Но когда зван будешь, придя, садись на последнее место, чтобы звавший тебя, подойдя, сказал: друг! пересядь выше; тогда будет тебе честь пред сидящими с тобою,
11 ၁၁ မိမိကိုယ်ကိုချီးမြှောက်သူသည်နှိမ့်ချခြင်း ကိုခံရလိမ့်မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည် ချီးမြှောက်ခြင်းကိုခံရလိမ့်မည်'' ဟုမိန့်တော် မူ၏။
ибо всякий возвышающий сам себя унижен будет, а унижающий себя возвысится.
12 ၁၂ ထိုနောက်ကိုယ်တော်ကအိမ်ရှင်အား ``သင်သည် နံနက်စာသော်လည်းကောင်း၊ ညစာသော်လည်း ကောင်းကျွေးမွေးဧည့်ခံမည်ပြုသောအခါ မိတ်ဆွေများ၊ ညီအစ်ကိုများ၊ ဆွေမျိုးများ၊ ချမ်းသာကြွယ်ဝသောအိမ်နီးချင်းများ အားမဖိတ်မခေါ်နှင့်။ ဖိတ်ခေါ်ခဲ့ပါမူသူ တို့သည်သင့်အားပြန်ဖိတ်ခေါ်ပြီးလျှင် ကျေးဇူးဆပ်ကြလိမ့်မည်။-
Сказал же и позвавшему Его: когда делаешь обед или ужин, не зови друзей твоих, ни братьев твоих, ни родственников твоих, ни соседей богатых, чтобы и они тебя когда не позвали, и не получил ты воздаяния.
13 ၁၃ သို့ဖြစ်၍ကျွေးမွေးဧည့်ခံပွဲကိုကျင်းပ သောအခါဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေ မစွမ်းသူ၊ မျက်မမြင်သူများကိုဖိတ်ခေါ် လော့။-
Но, когда делаешь пир, зови нищих, увечных, хромых, слепых,
14 ၁၄ သို့ဖိတ်ခေါ်လျှင်သင်သည်မင်္ဂလာရှိလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ထိုသူတို့သည် သင့်အား ပြန်၍ကျေးဇူးဆပ်နိုင်စွမ်းမရှိကြသောကြောင့် ဖြစ်သည်။ သူတော်ကောင်းတို့သေခြင်းမှထမြောက် ရာကာလ၌ သင်သည်ကျေးဇူးဆပ်ခြင်းကိုခံရ လတ္တံ့'' ဟုမိန့်တော်မူ၏။
и блажен будешь, что они не могут воздать тебе, ибо воздастся тебе в воскресение праведных.
15 ၁၅ ကိုယ်တော်နှင့်အတူထိုင်နေသူလူတစ်ယောက် သည်ထိုစကားတော်ကိုကြားလျှင် ``ဘုရား သခင်၏နိုင်ငံတော်တွင်ပွဲဝင်ရမည့်သူသည် မင်္ဂလာရှိ၏'' ဟုလျှောက်၏။
Услышав это, некто из возлежащих с Ним сказал Ему: блажен, кто вкусит хлеба в Царствии Божием!
16 ၁၆ ကိုယ်တော်က ``လူတစ်ယောက်သည်ကျွေးမွေး ဧည့်ခံပွဲကြီးတစ်ရပ်ကိုကျင်းပရန်ဧည့်သည် အမြောက်အမြားကိုဖိတ်ကြား၏။-
Он же сказал ему: один человек сделал большой ужин и звал многих,
17 ၁၇ အချိန်ရောက်သောအခါမိမိဖိတ်ခေါ်ထား သူများ၏ထံသို့အစေခံတစ်ယောက်အား စေလွှတ်၍ `ကြွကြပါ၊ အားလုံးအသင့်ရှိ ပြီ' ဟုပြောကြားစေ၏။-
и когда наступило время ужина, послал раба своего сказать званым: идите, ибо уже все готово.
18 ၁၈ သူတို့အားလုံးတစ်ယောက်ပြီးတစ်ယောက်ခွင့်ပန် ကြ၏။ ပထမလူက`အကျွန်ုပ်သည်လယ်တစ်ကွက် ကိုဝယ်ထားသဖြင့်သွား၍ကြည့်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
И начали все, как бы сговорившись, извиняться. Первый сказал ему: я купил землю и мне нужно пойти посмотреть ее; прошу тебя, извини меня.
19 ၁၉ အခြားတစ်ယောက်က `အကျွန်ုပ်သည်နွားငါးရှဉ်း ကိုဝယ်ထားသဖြင့် သွား၍စမ်းသပ်ရပါမည်။ အကျွန်ုပ်အားခွင့်လွှတ်ရန်တောင်းပန်ပါ၏' ဟု ဆို၏။-
Другой сказал: я купил пять пар волов и иду испытать их; прошу тебя, извини меня.
20 ၂၀ အခြားတစ်ယောက်က `အကျွန်ုပ်သည်ယခုပင် အိမ်ထောင်ကျသဖြင့်မလာနိုင်ပါ' ဟုဆို၏။-
Третий сказал: я женился и потому не могу придти.
21 ၂၁ အစေခံသည်မိမိ၏အရှင်ထံသို့ပြန်လာ၍ ထိုအကြောင်းများကိုလျှောက်လေ၏။ ထိုအခါ အိမ်ရှင်အမျက်ထွက်၍ `လမ်းမလမ်းကြားသို့ အမြန်သွား၍ဆင်းရဲသူ၊ အင်္ဂါချို့တဲ့သူ၊ ခြေ မစွမ်းသူ၊ မျက်မမြင်သူများကိုခေါ်ခဲ့လော့' ဟုအစေခံအားစေခိုင်း၏။-
И, возвратившись, раб тот донес о сем господину своему. Тогда, разгневавшись, хозяин дома сказал рабу своему: пойди скорее по улицам и переулкам города и приведи сюда нищих, увечных, хромых и слепых.
22 ၂၂ မကြာမီအစေခံပြန်ရောက်လာ၍`အရှင်စေ ခိုင်းသည့်အတိုင်းဆောင်ရွက်ပြီးပါပြီ။ သို့ရာ တွင်နေရာလပ်ရှိပါသေးသည်' ဟုလျှောက်၏။-
И сказал раб: господин! исполнено, как приказал ты, и еще есть место.
23 ၂၃ အိမ်ရှင်က `ကျေးလက်တောရွာလမ်းများကို သွား၍အိမ်ပြည့်အောင်လူများကိုအနိုင် အထက်ခေါ်ခဲ့လော့။-
Господин сказал рабу: пойди по дорогам и изгородям и убеди придти, чтобы наполнился дом мой.
24 ၂၄ ယခင်ကငါဖိတ်ခေါ်ထားသူတစ်ယောက်မျှ ငါ၏ကျွေးမွေးဧည့်ခံပွဲသို့မဝင်ရဟု သင်တို့အားငါဆိုသည်'' ဟုမိန့်တော်မူ၏။
Ибо сказываю вам, что никто из тех званых не вкусит моего ужина, ибо много званых, но мало избранных.
25 ၂၅ တစ်နေ့သ၌လူပရိသတ်ကြီးများသည် ကိုယ်တော်နှင့်အတူလိုက်လာကြ၏။ ကိုယ်တော် သည်သူတို့အားလှည့်ကြည့်တော်မူပြီးလျှင်၊-
С Ним шло множество народа; и Он, обратившись, сказал им:
26 ၂၆ ``ငါ့ထံကိုလာသော်လည်းငါ့ကိုချစ်သည် ထက် မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမ နှင့်မိမိကိုယ်ကိုပို၍ချစ်သောသူသည် ငါ ၏တပည့်မဖြစ်နိုင်။-
если кто приходит ко Мне и не возненавидит отца своего и матери, и жены и детей, и братьев и сестер, а притом и самой жизни своей, тот не может быть Моим учеником;
27 ၂၇ မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့ မလိုက်သောသူသည် ငါ၏တပည့်မဖြစ်နိုင်။-
и кто не несет креста своего и идет за Мною, не может быть Моим учеником.
28 ၂၈ သင်တို့အနက်အဘယ်သူသည်မျှော်စင်တစ်ခု ကိုတည်ဆောက်မည်ကြံပြီးနောက်မျှော်စင်ပြီး အောင်တည်ဆောက်ရန် မိမိ၌ငွေအလုံအလောက် ရှိမရှိကိုသိရန်ဦးစွာထိုင်၍တွက်ချက်မ ကြည့်ဘဲနေပါမည်နည်း။-
Ибо кто из вас, желая построить башню, не сядет прежде и не вычислит издержек, имеет ли он, что нужно для совершения ее,
29 ၂၉ ထိုသို့တွက်ချက်မကြည့်ဘဲမျှော်စင်ကိုအုတ် မြစ်ချ၍အဆုံးမသတ်နိုင်ရှိချေသော် ကြည့် မြင်သူအပေါင်းတို့သည်ထိုသူအားပြောင် လှောင်ကြလိမ့်မည်။-
дабы, когда положит основание и не возможет совершить, все видящие не стали смеяться над ним,
30 ၃၀ `ဤသူကားတည်ဆောက်မှုကိုအစပြု၏။ သို့ရာတွင်အဆုံးမသတ်နိုင်ပါတကား' ဟုဆိုကြလိမ့်မည်။-
говоря: этот человек начал строить и не мог окончить?
31 ၃၁ အခြားတစ်နည်းဆိုသော်၊ အဘယ်မည်သော ဘုရင်သည်အခြားဘုရင်တစ်ပါးနှင့်စစ်ပြိုင် ရန်ထွက်မည်ပြုသောအခါ မိမိ၏စစ်သည် တစ်သောင်းဖြင့် စစ်သည်နှစ်သောင်းနှင့်ချီလာ သောဘုရင်အားခုခံနိုင်ပါမည်လောဟု ဦး စွာထိုင်၍မစဉ်းစားဘဲနေပါမည်လော။-
Или какой царь, идя на войну против другого царя, не сядет и не посоветуется прежде, силен ли он с десятью тысячами противостать идущему на него с двадцатью тысячами?
32 ၃၂ အကယ်၍မခုခံနိုင်ပါလျှင်သူသည်စစ်ချီ လာသောဘုရင်အဝေး၌ရှိနေသေးစဉ် သံ တမန်များကိုစေလွှတ်၍စစ်ပြေငြိမ်းရေး စကားကမ်းလှမ်းရပေလိမ့်မည်။-
Иначе, пока тот еще далеко, он пошлет к нему посольство просить о мире.
33 ၃၃ ထိုနည်းတူစွာသင်တို့အနက် မည်သူမဆို မိမိ၌ရှိသမျှကိုမစွန့်လျှင်ငါ၏တပည့် မဖြစ်နိုင်။
Так всякий из вас, кто не отрешится от всего, что имеет, не может быть Моим учеником.
34 ၃၄ ``ဆားသည်ကောင်းပေ၏။ သို့ရာတွင်ဆားမှ အငန်ကင်းပျောက်လျှင် အဘယ်သို့မျှငန်သော အရသာကိုပြန်၍မရနိုင်။-
Соль - добрая вещь; но если соль потеряет силу, чем исправить ее?
35 ၃၅ လယ်မြေအတွက်သော်လည်းကောင်း၊ မြေသြဇာ အတွက်သော်လည်းကောင်းအသုံးမဝင်တော့ ပေ။ ထို့ကြောင့်ထိုဆားကိုလူတို့စွန့်ပစ်လိုက် တတ်၏။ ကြားတတ်သောနားရှိသူတို့ကြား ကြကုန်လော့'' ဟုမိန့်တော်မူ၏။
ни в землю, ни в навоз не годится; вон выбрасывают ее. Кто имеет уши слышать, да слышит!