< လုကာ 13 >
1 ၁ ထိုအချိန်၌လူအချို့တို့သည်ကိုယ်တော် ၏ထံသို့လာ၍ ပိလတ်မင်းသတ်ဖြတ်လိုက် သည့်ဂါလိလဲအမျိုးသားများအကြောင်း ကိုလျှောက်ထားကြ၏။ ထိုသူတို့သည်ယဇ် ပူဇော်လျက်ရှိနေစဉ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကြ၏။-
ちょうどそのとき、ある人たちがやって来て、イエスに報告した。ピラトがガリラヤ人たちの血をガリラヤ人たちのささげるいけにえに混ぜたというのである。
2 ၂ ကိုယ်တော်က ``ထိုလူစုသည်ယင်းသို့အသတ် ခံရသဖြင့်အခြားဂါလိလဲအမျိုးသား အပေါင်းတို့ထက်ပို၍ အပြစ်ကူးသူများ ဖြစ်သည်ဟုသင်တို့ထင်မှတ်ကြသလော။ သူ တို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။-
イエスは彼らに答えて言われた。「そのガリラヤ人たちがそのような災難を受けたから、ほかのどのガリラヤ人よりも罪深い人たちだったとでも思うのですか。
3 ၃ သို့ရာတွင်သင်တို့သည်လည်းနောင်တမရ ကြလျှင် ထိုသူတို့နည်းတူသေကျေပျက်စီး ရလိမ့်မည်။-
そうではない。わたしはあなたがたに言います。あなたがたも悔い改めないなら、みな同じように滅びます。
4 ၄ ရှိလောင်မျှော်စင်ပြိုကျသဖြင့် ပိ၍သေသူ လူတစ်ဆယ့်ရှစ်ယောက်တို့သည် အခြားယေရု ရှလင်မြို့သူမြို့သားများထက်ပို၍အပြစ် ကူးသူများဖြစ်သည်ဟု သင်တို့ထင်မှတ် ကြသလော။-
また、シロアムの塔が倒れ落ちて死んだあの十八人は、エルサレムに住んでいるだれよりも罪深い人たちだったとでも思うのですか。
5 ၅ သူတို့ကားပို၍အပြစ်ကူးသူများမဟုတ် ဟုသင်တို့အားငါဆို၏။ သို့ရာတွင်သင်တို့ သည်လည်းနောင်တမရကြလျှင် ထိုသူတို့ နည်းတူသေကျေပျက်စီးရလိမ့်မည်'' ဟု မိန့်တော်မူ၏။
そうではない。わたしはあなたがたに言います。あなたがたも悔い改めないなら、みな同じように滅びます。」
6 ၆ ကိုယ်တော်သည်လူအပေါင်းတို့အားပုံဥပမာ ဆောင်၍ ``လူတစ်ယောက်၏စပျစ်ဥယျာဉ်ထဲ တွင် စိုက်ပျိုးထားသောသင်္ဘောသဖန်းပင်တစ် ပင်ရှိ၏။ ဥယျာဉ်ရှင်သည်သဖန်းပင်ကိုလာ၍ သဖန်းသီးရှာသော်လည်းတစ်လုံးမျှမတွေ့ရ။-
イエスはこのようなたとえを話された。 「ある人が、ぶどう園にいちじくの木を植えておいた。実を取りに来たが、何も見つからなかった。
7 ၇ ဥယျာဉ်ရှင်က `ငါသည်ဤသဖန်းပင်ကိုလာ၍ သဖန်းသီးရှာသည်မှာသုံးနှစ်ရှိချေပြီ။ သို့ရာ တွင်တစ်လုံးမျှမတွေ့ရ။ ဤသဖန်းပင်ကိုခုတ် ပစ်လော့။ အဘယ်ကြောင့်မြေကိုအကျိုးမဲ့ ဖြစ်စေမည်နည်း' ဟုဥယျာဉ်မှူးအားဆို၏။-
そこで、ぶどう園の番人に言った。『見なさい。三年もの間、やって来ては、このいちじくの実のなるのを待っているのに、なっていたためしがない。これを切り倒してしまいなさい。何のために土地をふさいでいるのですか。』
8 ၈ ဥယျာဉ်မှူးက `ထိုအပင်ကိုဤနှစ်တစ်နှစ် ထားပါဦး။ အပင်ရင်းပတ်လည်ကိုအကျွန်ုပ် တူးဆွ၍မြေသြဇာထည့်ပါဦးမည်။-
番人は答えて言った。『ご主人。どうか、ことし一年そのままにしてやってください。木の回りを掘って、肥やしをやってみますから。
9 ၉ နောင်နှစ်ခါအသီးသီးကောင်းသီးပါလိမ့်မည်။ အကယ်၍အသီးမသီးခဲ့သော်ခုတ်ပစ်ပါ' ဟု ပြန်၍လျှောက်သည်'' ဟုမိန့်တော်မူ၏။
もしそれで来年、実を結べばよし、それでもだめなら、切り倒してください。』」
10 ၁၀ ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်ဟောပြောသွန် သင်လျက်နေတော်မူရာ တရားဇရပ်တွင်တစ် ဆယ့်ရှစ်နှစ်ပတ်လုံးနတ်မိစ္ဆာပူးဝင်သဖြင့် မသန်မစွမ်းဖြစ်လျက်နေသောအမျိုးသမီး တစ်ယောက်ရှိ၏။ သူသည်ကျောကုန်း၍မိမိ ၏ခါးကိုလုံးဝမဆန့်နိုင်။-
イエスは安息日に、ある会堂で教えておられた。
すると、そこに十八年も病の霊につかれ、腰が曲がって、全然伸ばすことのできない女がいた。
12 ၁၂ သခင်ယေရှုသည်ထိုအမျိုးသမီးကိုမြင် သောအခါ အထံတော်သို့ခေါ်တော်မူလျက် ``အချင်းအမျိုးသမီးသင့်ရောဂါပျောက် ပြီ'' ဟုမိန့်တော်မူ၏။-
イエスは、その女を見て、呼び寄せ、「あなたの病気はいやされました。」と言って、
13 ၁၃ သူ၏အပေါ်မှာလက်တော်ကိုတင်တော်မူ သဖြင့် သူသည်ချက်ချင်းပင်ခါးဆန့်သွား၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးကူး လေ၏။
手を置かれると、女はたちどころに腰が伸びて、神をあがめた。
14 ၁၄ ထိုအခါယင်းသို့ဥပုသ်နေ့၌အနာရောဂါကို သခင်ယေရှုပျောက်ကင်းစေတော်မူသဖြင့် တရား ဇရပ်မှူးသည်စိတ်ဆိုးလျက် ``အလုပ်လုပ်အပ် သောရက်ခြောက်ရက်ရှိ၏။ ထိုရက်များတွင်လာ၍ ရောဂါပျောက်အောင်အကုခံကြလော့။ ဥပုသ် နေ့၌မူကားလာ၍အကုမခံကြနှင့်'' ဟုလူ ပရိသတ်တို့အားဆို၏။
すると、それを見た会堂管理者は、イエスが安息日にいやされたのを憤って、群衆に言った。「働いてよい日は六日です。その間に来て直してもらうがよい。安息日には、いけないのです。」
15 ၁၅ သခင်ဘုရားက ``ကြောင်သူတော်တို့၊ သင်တို့ရှိ သမျှသည်ဥပုသ်နေ့၌သင်တို့၏မြည်းများ၊ နွားများအားတင်းကုတ်မှကြိုးကိုဖြေ၍ ရေ တိုက်ရန်ခေါ်ဆောင်သွားတတ်ကြသည်မဟုတ် လော။-
しかし、主は彼に答えて言われた。「偽善者たち。あなたがたは、安息日に、牛やろばを小屋からほどき、水を飲ませに連れて行くではありませんか。
16 ၁၆ အာဗြဟံ၏သမီးဖြစ်သူဤအမျိုးသမီး သည် တစ်ဆယ့်ရှစ်နှစ်ပတ်လုံးစာတန်၏အနှောင် အဖွဲ့ကိုခံခဲ့ရ၏။ သူ့အားဥပုသ်နေ့၌ထို အနှောင်အဖွဲ့မှမလွှတ်အပ်သလော'' ဟုမိန့် တော်မူ၏။-
この女はアブラハムの娘なのです。それを十八年もの間サタンが縛っていたのです。安息日だからといってこの束縛を解いてやってはいけないのですか。」
17 ၁၇ ဤသို့မိန့်တော်မူလိုက်သောအခါကိုယ်တော် ကိုရန်ဘက်ပြုသူများသည်အရှက်ရသွား ကြ၏။ လူပရိသတ်အပေါင်းတို့သည်ကား ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ များကြောင့်ရွှင်လန်းဝမ်းမြောက်ကြ၏။
こう話されると、反対していた者たちはみな、恥じ入り、群衆はみな、イエスのなさったすべての輝かしいみわざを喜んだ。
18 ၁၈ သခင်ယေရှုက ``ဘုရားသခင်၏နိုင်ငံတော် သည်အဘယ်အရာနှင့်တူသနည်း။ အဘယ် အရာနှင့်နှိုင်းယှဉ်ရမည်နည်း။-
そこで、イエスはこう言われた。「神の国は、何に似ているでしょう。何に比べたらよいでしょう。
19 ၁၉ နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ မုန် ညင်းစေ့ကိုလူတစ်ယောက်သည်ယူ၍မိမိ၏ ဥယျာဉ်တွင်စိုက်၏။ ထိုအစေ့မှအပင်ပေါက် ၍ကြီးမားလာသဖြင့် ထိုအပင်၏အကိုင်း အခက်များတွင်ငှက်များနားနေရကြ၏'' ဟုမိန့်တော်မူ၏။
それは、からし種のようなものです。それを取って庭に蒔いたところ、生長して木になり、空の鳥が枝に巣を作りました。」
20 ၂၀ တစ်ဖန်ကိုယ်တော်က ``ဘုရားသခင်၏နိုင်ငံ တော်ကိုအဘယ်အရာနှင့်နှိုင်းယှဉ်ရမည်နည်း။-
またこう言われた。「神の国を何に比べましょう。
21 ၂၁ နိုင်ငံတော်သည်ဤဖြစ်ပျက်ပုံနှင့်တူ၏။ တဆေး ကိုအမျိုးသမီးတစ်ယောက်သည်ယူပြီးလျှင် မုန့်ညက်သုံးစိတ်တွင်ထည့်၍မုန့်ညက်အားလုံး ကိုဖောင်းကြွလာစေသည်'' ဟုမိန့်တော်မူ၏။
パン種のようなものです。女がパン種を取って、三サトンの粉に混ぜたところ、全体がふくれました。」
22 ၂၂ ကိုယ်တော်သည်ယေရုရှလင်မြို့သို့ခရီးပြု တော်မူရာလမ်းတွင်ဟောပြောသွန်သင်လျက် တစ်မြို့မှတစ်မြို့၊ တစ်ရွာမှတစ်ရွာကိုဖြတ် ၍ကြွတော်မူ၏။-
イエスは、町々村々を次々に教えながら通り、エルサレムへの旅を続けられた。
23 ၂၃ လူတစ်ယောက်က ``အရှင်၊ ကယ်တင်ခြင်းခံရ သူများသည်အရေအတွက်အားဖြင့်နည်းပါ သလော'' ဟုမေးလျှောက်၏။
すると、「主よ。救われる者は少ないのですか。」と言う人があった。イエスは、人々に言われた。
24 ၂၄ ကိုယ်တော်က ``သင်တို့သည်ကျဉ်းမြောင်းသော တံခါးပေါက်ကိုဝင်ရန်ကြိုးစားအားထုတ်ကြ လော့။ လူအများပင်ထိုတံခါးပေါက်ကိုဝင်ရန် ကြိုးစားကြလိမ့်မည်။ သို့သော်ဝင်နိုင်စွမ်းရှိကြ လိမ့်မည်မဟုတ်ဟုသင်တို့အားငါဆို၏။-
「努力して狭い門からはいりなさい。なぜなら、あなたがたに言いますが、はいろうとしても、はいれなくなる人が多いのですから。
25 ၂၅ အိမ်ရှင်သည်ထလျက်တံခါးကိုပိတ်လိုက်၍ သင် တို့သည်အိမ်ပြင်မှာရောက်ရှိနေရသောအဖြစ် နှင့်တွေ့ကြုံလိမ့်မည်။ ထိုအခါသင်တို့က `အရှင်၊ အရှင်၊ အကျွန်ုပ်တို့အားတံခါးကိုဖွင့်ပေးတော် မူပါ' ဟုဆို၍တံခါးကိုခေါက်သော်လည်း အိမ်ရှင်က `သင်တို့အဘယ်မှလာသည်ကိုငါ မသိ' ဟုဆိုလိမ့်မည်။-
家の主人が、立ち上がって、戸をしめてしまってからでは、外に立って、『ご主人さま。あけてください。』と言って、戸をいくらたたいても、もう主人は、『あなたがたがどこの者か、私は知らない。』と答えるでしょう。
26 ၂၆ ထိုအခါသင်တို့က `အကျွန်ုပ်တို့သည်အရှင် နှင့်အတူစားသောက်ခဲ့သူများဖြစ်ပါ၏။ အရှင် သည်အကျွန်ုပ်တို့၏မြို့ရွာတွင်ဟောပြောသွန်သင် ခဲ့ပါ၏' ဟုလျှောက်ကြလိမ့်မည်။-
すると、あなたがたは、こう言い始めるでしょう。『私たちは、ごいっしょに、食べたり飲んだりいたしましたし、私たちの大通りで教えていただきました。』
27 ၂၇ သို့သော်လည်းအိမ်ရှင်က `သင်တို့အဘယ်မှလာ သည်ကိုငါမသိ။ ဆိုးညစ်သောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့' ဟူ၍ပြန်ပြောပေအံ့။-
だが、主人はこう言うでしょう。『私はあなたがたがどこの者だか知りません。不正を行なう者たち。みな出て行きなさい。』
28 ၂၈ သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ထဲတွင် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်ပရောဖက်အပေါင်း တို့ရောက်ရှိကြသည်ကိုမြင်လျက် မိမိတို့ကိုယ် တိုင်ကမူနိုင်ငံတော်၏ပြင်ပသို့နှင်ထုတ်ခြင်း ခံရကြသောအခါအဘယ်မျှငိုကြွေးမြည် တမ်းခြင်း၊ အံသွားကြိတ်ခြင်းရှိကြလိမ့်မည်နည်း။-
神の国にアブラハムやイサクやヤコブや、すべての預言者たちがはいっているのに、あなたがたは外に投げ出されることになったとき、そこで泣き叫んだり、歯ぎしりしたりするのです。
29 ၂၉ လူတို့သည်အရှေ့အနောက်တောင်မြောက်အရပ် လေးမျက်နှာမှလာကြပြီးလျှင် ဘုရားသခင် ၏နိုင်ငံတော်ပွဲတွင်ဝင်ကြလိမ့်မည်။-
人々は、東からも西からも、また南からも北からも来て、神の国で食卓に着きます。
30 ၃၀ ထိုအခါ၌ယခုနောက်ဆုံးသို့ရောက်နေသော သူတို့သည် ရှေ့ဆုံးသို့ရောက်ကြလိမ့်မည်။ ယခု ရှေ့ဆုံးသို့ရောက်နေသူတို့သည် နောက်ဆုံးသို့ရောက် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
いいですか、今しんがりの者があとで先頭になり、いま先頭の者がしんがりになるのです。」
31 ၃၁ ထိုအချိန်၌ဖာရိရှဲအချို့တို့သည်ကိုယ်တော် ၏ထံကိုလာပြီးလျှင် ``ဤအရပ်မှထွက်ခွာ၍ အခြားအရပ်သို့ကြွတော်မူပါ။ ဟေရုဒ်မင်း သည်အရှင့်အားသတ်ရန်အကြံရှိပါ၏'' ဟု လျှောက်ကြ၏။
ちょうどそのとき、何人かのパリサイ人が近寄って来て、イエスに言った。「ここから出てほかの所へ行きなさい。ヘロデがあなたを殺そうと思っています。」
32 ၃၂ ကိုယ်တော်က ``ငါသည်ယနေ့နှင့်နက်ဖြန်နေ့တို့၌ နတ်မိစ္ဆာများကိုနှင်ထုတ်၍ အနာရောဂါများကို ပျောက်ကင်းစေမည်။ တတိယနေ့တွင်မူငါ၏ အလုပ်ကိုအဆုံးသတ်မည်ဖြစ်ကြောင်းကိုထို မြေခွေးကိုပြောကြလော့။-
イエスは言われた。「行って、あの狐にこう言いなさい。『よく見なさい。わたしは、きょうと、あすとは、悪霊どもを追い出し、病人を直し、三日目に全うされます。
33 ၃၃ သို့ရာတွင်ယနေ့၊ နက်ဖြန်နေ့၊ နောက်တစ်နေ့၌ ငါခရီးပြုရဦးမည်။ ပရောဖက်ဟူသည်ယေရု ရှလင်မြို့မှအပအခြားအရပ်တွင်အသတ် ခံရန်မသင့်။
だが、わたしは、きょうもあすも次の日も進んで行かなければなりません。なぜなら、預言者がエルサレム以外の所で死ぬことはありえないからです。』
34 ၃၄ ``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်သော တမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မသည် ကြက်ကလေးများကိုမိမိ၏အတောင်အောက် တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင်၏သား သမီးများကိုစုသိမ်းထားလိုသည်မှာကြိမ်ဖန် များလှလေပြီ။ သို့ရာတွင်သင်မူကားငါ့ကို ဤသို့မပြုစေလို။-
ああ、エルサレム、エルサレム。預言者たちを殺し、自分に遣わされた人たちを石で打つ者、わたしは、めんどりがひなを翼の下にかばうように、あなたの子らを幾たび集めようとしたことか。それなのに、あなたがたはそれを好まなかった。
35 ၃၅ သို့ဖြစ်၍သင်၏ဗိမာန်တော်ကိုဘုရားသခင် စွန့်တော်မူလိမ့်မည်။ သင့်အားငါဆိုသည်ကား `ဘုရားသခင်၏နာမတော်နှင့်ကြွလာတော် မူသောအရှင်သည်မင်္ဂလာရှိစေသတည်း' ဟု သင်မြွက်ဆိုရာနေ့မတိုင်မီသင်သည်ငါ့ကို မြင်ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
見なさい。あなたがたの家は荒れ果てたままに残される。わたしはあなたがたに言います。『祝福あれ。主の御名によって来られる方に。』とあなたがたの言うときが来るまでは、あなたがたは決してわたしを見ることができません。」