< လုကာ 12 >
1 ၁ ထိုအခါ၌ထောင်ပေါင်းများစွာသောလူတို့ သည်စုဝေးလာကြသဖြင့်အချင်းချင်းပင် နင်းမိကြ၏။ ကိုယ်တော်သည်ဦးစွာတပည့် တော်တို့အား ``ဖာရိရှဲတို့၏ဟန်ဆောင်မှု တည်းဟူသောတဆေးကိုသတိပြုကြလော့။-
Kad se na njih skupiše hiljade naroda da stadoše gaziti jedan drugoga, onda poèe najprije govoriti uèenicima svojijem: èuvajte se kvasca farisejskoga, koji je licemjerje.
2 ၂ ဖုံးအုပ်ထားသည့်အရာဟူသမျှသည်ပွင့် လာရလိမ့်မည်။ လျှို့ဝှက်ချက်ဟူသမျှသည် လည်းပေါ်လာရလိမ့်မည်။-
Jer ništa nije sakriveno što se neæe otkriti, ni tajno što se neæe doznati;
3 ၃ သို့ဖြစ်၍မှောင်မိုက်တွင်သင်တို့ပြောသောစကား များကိုအလင်းတွင်လူတို့ကြားသိကြလိမ့် မည်။ အိမ်အတွင်းခန်းတွင်သင်တို့တီးတိုးပြော ဆိုသောစကားများကိုအိမ်ခေါင်မိုးထက်မှ ကြွေးကြော်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Jer što u mraku rekoste, èuæe se na vidjelu; i što na uho šaptaste u klijetima, propovijedaæe se na krovovima.
4 ၄ ``ငါ၏အဆွေတို့၊ သင်တို့အားငါဆိုသည် ကားကိုယ်ခန္ဓာကိုသတ်ခြင်းမှတစ်ပါး အခြား မည်သို့မျှအန္တရာယ်မပြုသူများကိုမကြောက် ကြနှင့်။-
Ali vam kažem, prijateljima svojijem: ne bojte se od onijeh koji ubijaju tijelo i potom ne mogu ništa više uèiniti.
5 ၅ သင်တို့ကြောက်သင့်သူကိုငါဖော်ပြမည်။ ကိုယ် ခန္ဓာကိုသတ်ပြီးနောက်သင်တို့အားငရဲသို့ ချနိုင်သူဘုရားသခင်ကိုကြောက်ကြလော့။ သင်တို့အားငါဆိုသည်ကားထိုအရှင်ကို ကြောက်ကြလော့။ (Geenna )
Nego æu vam kazati koga da se bojite: bojte se onoga koji ima vlast pošto ubije baciti u pakao; da, kažem vam, onoga se bojte. (Geenna )
6 ၆ ``စာကလေးငါးကောင်ကိုအဿရိနှစ်ပြား ဖြင့်ရောင်းသည်မဟုတ်လော။ သို့ရာတွင်ဘုရား သခင်သည်စာကလေးတစ်ကောင်ကိုမျှမေ့ လျော့တော်မမူ။-
Ne prodaje li se pet vrabaca za dva dinara? i nijedan od njih nije zaboravljen pred Bogom.
7 ၇ သင်တို့ဦးခေါင်းကဆံပင်များကိုပင်လျှင် အကုန်အစင်ရေတွက်ထားတော်မူပြီ။ ထို့ ကြောင့်မကြောက်ကြနှင့်။ သင်တို့ကားစာ ငှက်များထက်များစွာအဖိုးတန်၏။
A u vas je i kosa na glavi izbrojena. Ne bojte se dakle; vi ste bolji od mnogo vrabaca.
8 ၈ ``သင်တို့အားငါဆိုသည်ကားငါ့တပည့်အဖြစ် လူတို့ရှေ့တွင်ဝန်ခံသောသူကို လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များတို့၏ရှေ့ တွင် မိမိတပည့်အဖြစ်ဝန်ခံတော်မူလိမ့်မည်။-
Nego vam kažem: koji god prizna mene pred ljudima priznaæe i sin èovjeèij njega pred anðelima Božijim;
9 ၉ ငါ့ကိုလူတို့ရှေ့တွင်ပစ်ပယ်သောသူကို လူသားသည်ဘုရားသခင်၏ကောင်းကင် တမန်တို့ရှေ့တွင်ပစ်ပယ်လိမ့်မည်။
A koji se odreèe mene pred ljudima njega æe se odreæi pred anðelima Božijim.
10 ၁၀ ``လူသားကိုနှုတ်ဖြင့်ပြစ်မှားသူသည်အပြစ် ပြေလွတ်ခွင့်ရနိုင်မည်ဖြစ်သော်လည်း သန့်ရှင်း သောဝိညာဉ်တော်ကိုပြစ်မှားပြောဆိုသူမူ ကား အပြစ်ပြေလွတ်ခွင့်ရနိုင်လိမ့်မည်မဟုတ်။
I svaki koji reèe rijeè na sina èovjeèijega oprostiæe mu se, a koji huli na svetoga Duha neæe mu se oprostiti.
11 ၁၁ ``လူတို့သည်သင်တို့ကိုတရားဇရပ်များသို့ လည်းကောင်း၊ မင်းများအာဏာပိုင်များရှေ့သို့ လည်းကောင်း ခေါ်ဆောင်လာကြသောအခါ အဘယ်သို့ပြောဆိုရမည်ကိုမစိုးရိမ်ကြ နှင့်။-
A kad vas dovedu u zbornice i na sudove i pred poglavare, ne brinite se kako æete ili šta odgovoriti, ili šta æete kazati;
12 ၁၂ သင်တို့အဘယ်သို့ပြောဆိုရမည်ကိုသန့်ရှင်း သောဝိညာဉ်တော်သည် ထိုအချိန်၌သွန်သင်ပေး တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
Jer æe vas sveti Duh nauèiti u onaj èas šta treba reæi.
13 ၁၃ ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်အားအမွေခွဲဝေပေးရန်အစ်ကိုဖြစ် သူကိုအမိန့်ရှိတော်မူပါ'' ဟုကိုယ်တော်အား လျှောက်ထား၏။
Reèe mu pak neki iz naroda: uèitelju! reci bratu mojemu da podijeli sa mnom dostojanje.
14 ၁၄ ကိုယ်တော်က ``အချင်းလူ၊ အဘယ်သူသည်ငါ့ကို သင်တို့၏တရားသူကြီးအဖြစ်ဖြင့်လည်းကောင်း၊ အမွေခွဲဝေသူအဖြစ်ဖြင့်လည်းကောင်းခန့်ထား သနည်း'' ဟုပြန်၍မိန့်တော်မူ၏။-
A on mu reèe: èovjeèe! ko je mene postavio sudijom ili kmetom nad vama?
15 ၁၅ ထိုနောက်လူတို့အား ``လောဘအမျိုးမျိုးကို သတိနှင့်ရှောင်ကြဉ်ကြလော့။ လူ၏အသက် သည်ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်တွင်မတည်'' ဟုမိန့်တော်မူ၏။
A njima reèe: gledajte i èuvajte se od lakomstva; jer niko ne živi onijem što je suviše bogat.
16 ၁၆ ထိုနောက်ကိုယ်တော်သည်ပုံဥပမာကိုဆောင် ၍ ``သူဌေးတစ်ဦးသည် မိမိ၏လယ်ယာမှ အသီးအနှံများစွာထွက်သဖြင့်၊-
Kaza im pak prièu govoreæi: u jednoga bogatog èovjeka rodi njiva.
17 ၁၇ `ငါ၏လယ်ယာထွက်သီးနှံများကိုသိုထား ရန်နေရာမရှိ။ ငါသည်အဘယ်သို့ပြုရ အံ့နည်း' ဟု တစ်ကိုယ်တည်းတွေးတောလျက် နေ၏။-
I mišljaše u sebi govoreæi: šta æu èiniti? nemam u što sabrati svoje ljetine.
18 ၁၈ ထိုနောက် `ငါဤသို့ပြုမည်။ ကျီဟောင်းများ ကိုဖျက်၍ ပိုမိုကြီးမားသောကျီသစ်များ ကိုတည်ဆောက်မည်။ ငါ၏ဂျုံစပါးနှင့်အခြား ပစ္စည်းဥစ္စာများကို ထိုကျီသစ်ကြီးများတွင် သိုမှီးထားမည်။-
I reèe: evo ovo æu èiniti: pokvariæu žitnice svoje i naèiniæu veæe; i ondje æu sabrati sva svoja žita i dobro svoje;
19 ၁၉ ထိုနောက်`သင်သည်နှစ်ပေါင်းများစွာသုံးဆောင် ရန်ဥစ္စာပစ္စည်းများကိုသိုမှီးထားပြီးဖြစ်၍ စိတ်ချမ်းသာစွာနေလော့။ စားသောက်ပျော်ပါး စွာနေလော့' ဟုငါ့ကိုယ်ကိုငါပြောမည်ဟု ဆို၏။-
I kazaæu duši svojoj: dušo! imaš mnogo imanje na mnogo godina; poèivaj, jedi, pij, veseli se.
20 ၂၀ သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။
A Bog njemu reèe: bezumnièe! ovu noæ uzeæe dušu tvoju od tebe; a što si pripravio èije æe biti?
21 ၂၁ ``မိမိအတွက်ဘဏ္ဍာသိုမှီးထားသော်လည်း ဘုရားသခင်၏ရှေ့တော်တွင်ဆင်းရဲသော သူကား အဆိုပါသူဌေးနှင့်တူသတည်း'' ဟုမိန့်တော်မူ၏။
Tako biva onome koji sebi teèe blago a ne bogati se u Boga.
22 ၂၂ ထိုနောက်သခင်ယေရှုကတပည့်တော်တို့ အား``သို့ဖြစ်၍သင်တို့သည်အဘယ်သို့စား ရမည်နည်းဟု အသက်ရှင်ရေးအတွက်မစိုး ရိမ်ကြနှင့်။ အဘယ်အရာကိုဝတ်ရမည်နည်း ဟု ကိုယ်ခန္ဓာအတွက်မစိုးရိမ်ကြနှင့်။-
A uèenicima svojijem reèe: zato vam kažem: ne brinite se dušom svojom šta æete jesti; ni tijelom u što æete se obuæi:
23 ၂၃ အသက်သည်အစားအစာထက်အရေးကြီး ၏။ ကိုယ်ခန္ဓာသည်အဝတ်ထက်အရေးကြီး၏။-
Duša je pretežnija od jela i tijelo od odijela.
24 ၂၄ ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ အသီးအနှံများ ကိုမရိတ်မသိမ်း။ သူတို့မှာကုန်လှောင်ခန်းများ၊ ကျီများမရှိ။ သို့ရာတွင်ဘုရားသခင်သည် သူတို့အားကျွေးမွေးတော်မူ၏။ သင်တို့ ကားငှက်များထက်များစွာအဖိုးထိုက်သည် မဟုတ်လော။-
Pogledajte gavrane kako ne siju, ni žanju, koji nemaju podruma ni žitnica, i Bog ih hrani: a koliko ste vi pretežniji od ptica?
25 ၂၅ သင်တို့တွင်အဘယ်သူသည်စိုးရိမ်ခြင်း အားဖြင့်မိမိ၏အသက်ကိုနှစ်အနည်း ငယ်မျှပို၍ရှည်စေနိုင်သနည်း။-
A ko od vas brinuæi se može primaknuti rastu svojemu lakat jedan?
26 ၂၆ ဤသို့သေးငယ်သောအမှုကိုမတတ်နိုင်လျှင် အဘယ်ကြောင့်အခြားအမှုများအတွက် စိုးရိမ်နေကြသနည်း။-
A kad ni najmanje što ne možete, zašto se brinete za ostalo?
27 ၂၇ တောနှင်းပန်းပင်များကိုကြည့်ရှုဆင်ခြင် ကြလော့။ ထိုပန်းပင်တို့သည်ဗိုင်းမငင်၊ ယက် ကန်းလည်းမရက်၊ သို့ရာတွင်ဘုန်းကြီးသော ရှောလမုန်မင်းကြီးပင်လျှင် ထိုပန်းများ ကဲ့သို့မဝတ်မဆင်နိုင်ဟုသင်တို့အား ငါဆို၏။-
Pogledajte ljiljane kako rastu: ne trude se, niti predu; ali ja vam kažem da ni Solomun u svoj slavi svojoj ne obuèe se kao jedan od njih.
28 ၂၈ ယုံကြည်ကိုးစားခြင်းနည်းပါးသူတို့၊ ယနေ့ ကွင်းထဲတွင်ရှိ၍နက်ဖြန်မီးဖိုထဲသို့ရောက် ရသောတောမြက်ကို ဘုရားသခင်သည်ဤသို့ ဝတ်ဆင်ပေးလျှင် သင်တို့အားထိုထက်မက ဝတ်ဆင်ပေးမည်မဟုတ်လော။''
A kad travu po polju, koja danas jest a sjutra se u peæ baca, Bog tako odijeva, akamoli vas, malovjerni!
29 ၂၉ ``အဘယ်အရာကိုစားရအံ့နည်း၊ အဘယ် အရာကိုသောက်ရအံ့နည်းဟူ၍စိုးရိမ်ပူပန် မှုမရှိကြနှင့်။-
I vi ne ištite šta æete jesti ili šta æete piti, i ne brinite se;
30 ၃၀ ထိုအရာများကိုကမ္ဘာပေါ်ရှိဘုရားသခင် ကိုမယုံကြည်သူတို့သည်ရှာဖွေတတ်ကြ ၏။ ထိုအရာများကိုသင်တို့လိုကြောင်းကို သင်တို့အဖသိတော်မူ၏။-
Jer ovo sve ištu i neznabošci ovoga svijeta; a otac vaš zna da vama treba ovo.
31 ၃၁ သင်တို့သည်ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့။ သို့ပြုလျှင်ထိုအရာများကို လည်းသင်တို့အားပေးတော်မူလိမ့်မည်။
Nego ištite carstva Božijega, i ovo æe vam se sve dodati.
32 ၃၂ ``သိုးစုငယ်၊ မကြောက်နှင့်။ သင်တို့၏အဖ သည်သင်တို့အားနိုင်ငံတော်ကိုပေးရန် အလိုရှိတော်မူ၏။-
Ne boj se, malo stado! jer bi volja vašega oca da vam da carstvo.
33 ၃၃ သင်တို့သည်မိမိတို့၏ဥစ္စာပစ္စည်းများကိုရောင်း ၍ ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲကြလော့။ မဆွေးမမြေ့နိုင်သည့်ပိုက်ဆံအိတ်များကို ဆောင်ကြလော့။ သူခိုးမကပ်၊ ပိုးမဖျက်ဆီး ရာကောင်းကင်ဘုံ၌ ကုန်ခန်းခြင်းမရှိနိုင် သည့်ဘဏ္ဍာကိုဆည်းပူးကြလော့။-
Prodajite što imate i dajite milostinju; naèinite sebi torbe koje neæe ovetšati, haznu koja se nikad neæe isprazniti, na nebesima, gdje se lupež ne prikuèuje niti moljac jede.
34 ၃၄ အဘယ်ကြောင့်ဆိုသော်သင်တို့၏ဘဏ္ဍာရှိရာ သို့ သင်တို့စိတ်သည်လည်းရောက်တတ်သော ကြောင့်ဖြစ်၏။''
Jer gdje je vaše blago ondje æe biti i srce vaše.
35 ၃၅ ``သင်တို့သည်အဆင်သင့်ဖြစ်ရန်ခါးကိုစည်း လျက်မီးခွက်များကိုထွန်းညှိထားကြလော့။-
Neka budu vaša bedra zapregnuta i svijeæe zapaljene;
36 ၃၆ မင်္ဂလာဆောင်မှပြန်လာသောမိမိတို့၏သခင် သည်တံခါးကိုခေါက်လျှင် ချက်ချင်းဖွင့်ပေး ရန်စောင့်မျှော်နေကြသောအစေခံများကဲ့ သို့ဖြစ်ကြလော့။-
I vi kao ljudi koji èekaju gospodara svojega kad se vrati sa svadbe da mu odmah otvore kako doðe i kucne.
37 ၃၇ အစေခံတို့စောင့်မျှော်နေကြသည်ကို သခင် ပြန်ရောက်ချိန်၌တွေ့ရှိရ၏။ ထိုအစေခံတို့ သည်မင်္ဂလာရှိကြ၏။ သင်တို့အားအမှန် အကန်ငါဆိုသည်ကား သခင်သည်ထို အစေခံတို့ကိုဧည့်သည်များအဖြစ်စား ပွဲတွင်ထိုင်စေလျက် မိမိကိုယ်တိုင်ခါးကို စည်းကာဧည့်ခံကျွေးမွေးလိမ့်မည်။-
Blago onijem slugama koje naðe gospodar kad doðe a oni straže. Zaista vam kažem da æe se zapregnuti, i posadiæe ih, i pristupiæe te æe im služiti.
38 ၃၈ သူသည်သန်းခေါင်ယံ၌သော်လည်းကောင်း၊ မိုးသောက်ယံ၌သော်လည်းကောင်းကြွလာ သောအခါ စောင့်မျှော်လျက်နေသောအစေခံ တို့သည်မင်္ဂလာရှိကြ၏။-
I ako doðe u drugu stražu, i u treæu stražu doðe, i naðe ih tako, blago onijem slugama.
39 ၃၉ အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန် ကိုသာသိရလျှင် မိမိအိမ်ကိုသူခိုးအဖောက် ခံလိမ့်မည်မဟုတ်ကြောင်းမှတ်ထားကြလော့။-
Ali ovo znajte: kad bi znao domaæin u koji æe èas doæi lupež, èuvao bi i ne bi dao potkopati kuæe svoje.
40 ၄၀ လူသားသည်သင်တို့မမျှော်လင့်သည့်အချိန် ၌ကြွလာမည်ဖြစ်၍သင်တို့အသင့်ရှိနေကြ လော့'' ဟုမိန့်တော်မူ၏။
I vi dakle budite gotovi; jer u koji èas ne mislite doæi æe sin èovjeèij.
41 ၄၁ ပေတရုက ``အရှင်၊ ဤပုံဥပမာကိုအကျွန်ုပ် တို့အတွက်မိန့်တော်မူပါသလော။ သို့တည်း မဟုတ်လူခပ်သိမ်းတို့အတွက်လော'' ဟု မေးလျှောက်၏။
A Petar mu reèe: Gospode! govoriš li nama ovu prièu ili svima?
42 ၄၂ သခင်ဘုရားက ``သစ္စာရှိ၍လိမ္မာသောအစေခံ ကား အဘယ်သူနည်း။ အိမ်ရှင်သည်အစေခံများ ကိုအုပ်ချုပ်ရန်နှင့်အချိန်တန်လျှင် ရိက္ခာများ ထုတ်ပေးရန်အစေခံတစ်ယောက်ကိုခန့်ထား သည်ဆိုအံ့။-
A Gospod reèe: ko je dakle taj vjerni i mudri pristav kojega postavi gospodar nad èeljadi svojom da im daje hranu na obrok?
43 ၄၃ တာဝန်ကိုသစ္စာရှိစွာဆောင်ရွက်သည်ကိုအိမ်ရှင် ပြန်လာချိန်၌တွေ့ရလျှင် ထိုအစေခံသည် မင်္ဂလာရှိ၏။-
Blago tome sluzi kojega došavši gospodar njegov naðe da izvršuje tako.
44 ၄၄ အမှန်အကန်သင်တို့အားငါဆိုသည်ကား အိမ်ရှင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန် ထိုအစေခံအားအပ်နှင်းလိမ့်မည်။-
Zaista vam kažem: nad svijem svojijem imanjem postaviæe ga.
45 ၄၅ သို့ရာတွင်အကယ်၍ထိုအစေခံသည်`ငါ့သခင် ပြန်လာရန်ကြာဦးမည်' ဟုစိတ်တွင်အောက်မေ့ ကာ အစေခံယောကျာ်း၊ အစေခံမိန်းမတို့အား ရိုက်ပုတ်၍ သောက်စားမူးယစ်လျက်နေသည် ဆိုအံ့။-
Ako li reèe sluga u srcu svojemu: neæe moj gospodar još zadugo doæi; i stane biti sluge i sluškinje, i jesti i piti, i opijati se;
46 ၄၆ ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင်သည့် အချိန်၌အိမ်ရှင်သည်ပြန်လာ၍ သူ့ကိုပြင်း ထန်စွာဒဏ်ခတ်၍ သစ္စာမဲ့သူတို့ခံစားရ မည့်ကံကြမ္မာကိုခံစားစေလိမ့်မည်။
Doæi æe gospodar toga sluge u dan kad se ne nada, i u èas kad ne misli, i rasjeæi æe ga, i dijel njegov metnuæe s nevjernima.
47 ၄၇ ``အရှင်၏အလိုဆန္ဒကိုသိလျက်နှင့်အသင့် ပြင်ဆင်၍မထား၊ ထိုအလိုဆန္ဒသို့လိုက်လျော ခြင်းကိုမပြုဘဲနေသောအစေခံသည်ကြိမ် ဒဏ်များစွာခံရလတ္တံ့။-
A onaj sluga koji zna volju gospodara svojega, i nije se pripravio, niti uèinio po volji njegovoj, biæe vrlo bijen;
48 ၄၈ သို့ရာတွင်သခင်အလိုဆန္ဒကိုမသိဘဲ ကြိမ်ဒဏ်ထိုက်သောအမှုကိုပြုမိသောသူ မူကား အနည်းငယ်သာကြိမ်ဒဏ်ခံရလတ္တံ့။ ကျေးဇူးပြုခြင်းများစွာခံရသောသူသည် တာဝန်များစွာရှိလိမ့်မည်။ ပို၍ယုံကြည် အပ်နှံခြင်းခံရသောသူသည်ပို၍ဆောင် ရွက်စရာရှိလိမ့်မည်။
A koji ne zna pa zasluži boj, biæe malo bijen. Kome je god mnogo dano mnogo æe se iskati od njega; a kome predaše najviše najviše æe iskati od njega.
49 ၄၉ ``ငါသည်ဤလောကကိုမီးလောင်စေရန်လာ ၏။ ယခုပင်မီးလောင်စေချင်လှပြီ။-
Ja sam došao da bacim oganj na zemlju; i kako bi mi se htjelo da se veæ zapalio!
50 ၅၀ ငါခံယူရမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှု ကိုဆောင်ရွက်၍မပြီးမချင်း ငါသည်စိတ် ဒုက္ခရောက်လှ၏။-
Ali se meni valja krstiti krštenjem, i kako mi je teško dok se ne svrši!
51 ၅၁ ဤလောကကိုငြိမ်းချမ်းသာယာမှုပေးရန် ငါလာသည်ဟုထင်ကြသလော။ ယင်းသို့မဟုတ်။ လူတို့အချင်းချင်းစိတ်ဝမ်းကွဲပြားစေရန် သာလျှင်ငါလာသတည်း။-
Mislite li da sam ja došao da dam mir na zemlju? Ne, kažem vam, nego razdor.
52 ၅၂ ယခုမှစ၍လူငါးယောက်ရှိသည့်အိမ်ထောင် တွင်နှစ်ယောက်ကတစ်ဖက်၊ သုံးယောက်က တစ်ဖက်စိတ်ဝမ်းကွဲပြားကြလိမ့်မည်။-
Jer æe otsele pet u jednoj kuæi biti razdijeljeni, ustaæe tri na dva, i dva na tri.
53 ၅၃ ဖခင်နှင့်သား၊ မိခင်နှင့်သမီး၊ ယောက္ခမဖြစ် သူနှင့်ချွေးမအချင်းချင်းစိတ်ဝမ်းကွဲပြား လိမ့်မည်'' ဟုမိန့်တော်မူ၏။
Ustaæe otac na sina i sin na oca; mati na kæer i kæi na mater; svekrva na snahu svoju i snaha na svekrvu svoju.
54 ၅၄ ထိုနောက်ကိုယ်တော်က ``အနောက်အရပ်တွင် မိုးတိမ်တက်လာသည်ကိုမြင်လျှင် မိုးရွာလိမ့် မည်ဟုသင်တို့ချက်ချင်းပြောတတ်ကြ၏။ သင် တို့ပြောသည့်အတိုင်းလည်းဖြစ်တတ်၏။-
A narodu govoraše: kad vidite oblak gdje se diže od zapada odmah kažete: biæe dažd; i biva tako.
55 ၅၅ တောင်လေလာသည်ကိုမြင်သော်နေပူလိမ့်မည် ဟုပြောတတ်ကြ၏။ သင်တို့ပြောသည့်အတိုင်း လည်းဖြစ်တတ်၏။-
I kad vidite jug gdje duva kažete: biæe vruæina; i biva.
56 ၅၆ ကြောင်သူတော်တို့၊ သင်တို့သည်မိုးမြေ၏ အရိပ်အခြေကိုထောက်လျက်ရာသီဥတု အခြေအနေကိုပြောနိုင်ကြပါလျက်နှင့် ဤ ခေတ်ကာလနှင့်စပ်ဆိုင်သောနိမိတ်များကို အဘယ်ကြောင့်မသိနိုင်ကြသနည်း။''
Licemjeri! lice neba i zemlje umijete poznavati, a vremena ovoga kako ne poznajete?
57 ၅၇ ``မှန်ကန်သည့်အမှုကိုပြုရန်အဘယ်ကြောင့် သင်တို့ကိုယ်တိုင်မဆုံးဖြတ်ကြသနည်း။-
Zašto pak i sami od sebe ne sudite pravedno?
58 ၅၈ သင်၏တရားတွေ့ဘက်နှင့်အတူ တရား သူကြီးထံကိုသွားရာလမ်းတွင်ကျေအေး အောင်စေ့စပ်လော့။ ထိုသို့မပြုပါမူ သူသည် သင့်အားတရားသူကြီး၏ရှေ့သို့ဆွဲခေါ် သွားလိမ့်မည်။ တရားသူကြီးသည် သင့်အား မင်းမှုထမ်းလက်သို့ပေးအပ်လိုက်လိမ့်မည်။ မင်းမှုထမ်းသည်လည်းသင့်အားထောင်ချ ထားလိမ့်မည်။-
Jer kad ideš sa svojijem suparnikom knezu, gledaj ne bi li se na putu s njim poravnao da te ne pritegne sudiji, i sudija da te ne preda sluzi, i sluga da te ne baci u tamnicu.
59 ၅၉ အကြွေးအကုန်ပြေလည်အောင်မဆပ်မချင်း သင်သည်ထောင်မှထွက်ရလိမ့်မည်မဟုတ်ဟု ငါဆို၏'' ဟူ၍ပရိသတ်သင်တို့အားမိန့် တော်မူ၏။
Kažem ti: neæeš odande iziæi dok ne daš i pošljednjega dinara.