< လုကာ 12 >

1 ထို​အ​ခါ​၌​ထောင်​ပေါင်း​များ​စွာ​သော​လူ​တို့ သည်​စု​ဝေး​လာ​ကြ​သ​ဖြင့်​အ​ချင်း​ချင်း​ပင် နင်း​မိ​ကြ​၏။ ကိုယ်​တော်​သည်​ဦး​စွာ​တ​ပည့် တော်​တို့​အား ``ဖာ​ရိ​ရှဲ​တို့​၏​ဟန်​ဆောင်​မှု တည်း​ဟူ​သော​တ​ဆေး​ကို​သ​တိ​ပြု​ကြ​လော့။-
तदुओ की जेबे ह्जारा री पीड़ लगी गी, एथो तक कि एकी-दूजे पाँदे पड़ने लगी रे थे। तेबे यीशु सबी ते पईले आपणे चेलेया खे बोलणे लगे, “फरीसिये रे कपटी सजेड़े ते चौकस रणा।
2 ဖုံး​အုပ်​ထား​သည့်​အ​ရာ​ဟူ​သ​မျှ​သည်​ပွင့် လာ​ရ​လိမ့်​မည်။ လျှို့​ဝှက်​ချက်​ဟူ​သ​မျှ​သည် လည်း​ပေါ်​လာ​ရ​လိမ့်​မည်။-
कुछ बी टकेया रा निए, जो खोलेया नि जाणा और ना कुछ छिपेया राए, जो जाणी नि सकदे।
3 သို့​ဖြစ်​၍​မှောင်​မိုက်​တွင်​သင်​တို့​ပြော​သော​စ​ကား များ​ကို​အ​လင်း​တွင်​လူ​တို့​ကြား​သိ​ကြ​လိမ့် မည်။ အိမ်​အ​တွင်း​ခန်း​တွင်​သင်​တို့​တီး​တိုး​ပြော ဆို​သော​စ​ကား​များ​ကို​အိမ်​ခေါင်​မိုး​ထက်​မှ ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
तेबेई तो, जो कुछ तुसे न्हेरे रे बोली राखेया, से सामणे सुणेया जाणा और जो तुसे कोठरिया रे आपणे कानो रे खसफस करी की बोली राखेया, से छतो पाँदो ते बोलेया करो।
4 ``ငါ​၏​အ​ဆွေ​တို့၊ သင်​တို့​အား​ငါ​ဆို​သည် ကား​ကိုယ်​ခန္ဓာ​ကို​သတ်​ခြင်း​မှ​တစ်​ပါး အ​ခြား မည်​သို့​မျှ​အန္တ​ရာယ်​မ​ပြု​သူ​များ​ကို​မ​ကြောက် ကြ​နှင့်။-
“आऊँ तुसा खे, जो मेरे दोस्त ए, बोलूँआ कि जो शरीरो खे काओए, पर तीजी ते पीछे ओर कुछ नि करी सकदे, तिना ते नि डरो।
5 သင်​တို့​ကြောက်​သင့်​သူ​ကို​ငါ​ဖော်​ပြ​မည်။ ကိုယ် ခန္ဓာ​ကို​သတ်​ပြီး​နောက်​သင်​တို့​အား​င​ရဲ​သို့ ချ​နိုင်​သူ​ဘု​ရား​သ​ခင်​ကို​ကြောက်​ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား​ထို​အ​ရှင်​ကို ကြောက်​ကြ​လော့။ (Geenna g1067)
आऊँ तुसा खे बताऊँआ कि केस ते डरना चाईयो, घात करने ते बाद, जेसखे नरको रे सेटणे रा अक्क ए, तेसते ई डरो; बल्कि आऊँ तुसा खे बोलूँआ कि तेसते ई डरो। (Geenna g1067)
6 ``စာ​က​လေး​ငါး​ကောင်​ကို​အ​ဿ​ရိ​နှစ်​ပြား ဖြင့်​ရောင်း​သည်​မ​ဟုတ်​လော။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​သည်​စာ​က​လေး​တစ်​ကောင်​ကို​မျှ​မေ့ လျော့​တော်​မ​မူ။-
दो पैसे रिया पाँज चिड़िया बिकोईया? तेबे बी परमेशर तिना बीचा ते एकी खे पनि पुलदा।
7 သင်​တို့​ဦး​ခေါင်း​က​ဆံ​ပင်​များ​ကို​ပင်​လျှင် အ​ကုန်​အ​စင်​ရေ​တွက်​ထား​တော်​မူ​ပြီ။ ထို့ ကြောင့်​မ​ကြောက်​ကြ​နှင့်။ သင်​တို့​ကား​စာ ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​တန်​၏။
बल्कि तुसा रे सिरो रे बाल़ बी सारे गिणे रे ए, तो डरो नि, तुसे बऊत चिड़िया ते बढ़ी की ए।
8 ``သင်​တို့​အား​ငါ​ဆို​သည်​ကား​ငါ့​တ​ပည့်​အ​ဖြစ် လူ​တို့​ရှေ့​တွင်​ဝန်​ခံ​သော​သူ​ကို လူ​သား​သည်​လည်း ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​များ​တို့​၏​ရှေ့ တွင် မိ​မိ​တ​ပည့်​အ​ဖြစ်​ဝန်​ခံ​တော်​မူ​လိမ့်​မည်။-
“आऊँ तुसा खे बोलूँआ कि जो कोई मांणूआ सामणे माखे मानी लओगा, तेबे से बी मां माणूं रे पुत्रो परमेशरो रे स्वर्गदूता सामणे मानी लणा।
9 ငါ့​ကို​လူ​တို့​ရှေ့​တွင်​ပစ်​ပယ်​သော​သူ​ကို လူ​သား​သည်​ဘု​ရား​သ​ခင်​၏​ကောင်း​ကင် တ​မန်​တို့​ရှေ့​တွင်​ပစ်​ပယ်​လိမ့်​မည်။
पर जो मांणूआ सामणे माखे ना करो, तेसखे परमेशरो रे स्वर्गदूता सामणे ना ऊणी।
10 ၁၀ ``လူ​သား​ကို​နှုတ်​ဖြင့်​ပြစ်​မှား​သူ​သည်​အ​ပြစ် ပြေ​လွတ်​ခွင့်​ရ​နိုင်​မည်​ဖြစ်​သော်​လည်း သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​ကို​ပြစ်​မှား​ပြော​ဆို​သူ​မူ ကား အ​ပြစ်​ပြေ​လွတ်​ခွင့်​ရ​နိုင်​လိမ့်​မည်​မ​ဟုတ်။
जो कोई माणूं रे पुत्रो रे खलाफ कोई गल्ल बोलोगा, तेसरा से अपराध माफ ऊई जाणा, पर जो कोई पवित्र आत्मा री निन्दा करोगा, तेसरा से अपराध माफ नि ऊणा
11 ၁၁ ``လူ​တို့​သည်​သင်​တို့​ကို​တ​ရား​ဇ​ရပ်​များ​သို့ လည်း​ကောင်း၊ မင်း​များ​အာ​ဏာ​ပိုင်​များ​ရှေ့​သို့ လည်း​ကောင်း ခေါ်​ဆောင်​လာ​ကြ​သော​အ​ခါ အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို​မ​စိုး​ရိမ်​ကြ နှင့်။-
जेबे लोक तुसा खे प्रार्थना रे कअरो रे, हाकिम और अधिकारिए सामणे लयी जाओगे, तो चिन्ता नि करना कि आसे किंयाँ और क्या जवाब देईए।
12 ၁၂ သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ရ​မည်​ကို​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​သည် ထို​အ​ချိန်​၌​သွန်​သင်​ပေး တော်​မူ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
कऊँकि पवित्र आत्मा तुसा गे तेसी बखते बताई देणा कि क्या बोलणा चाईयो।”
13 ၁၃ ပ​ရိ​သတ်​ထဲ​မှ​လူ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ကျွန်ုပ်​အား​အ​မွေ​ခွဲ​ဝေ​ပေး​ရန်​အစ်​ကို​ဖြစ် သူ​ကို​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​ကိုယ်​တော်​အား လျှောက်​ထား​၏။
तेबे पीड़ा बीचा ते एकी जणे यीशुए खे बोलेया, “ओ गुरू! मेरे पाईयो खे बोलो कि पिते री सम्पति माखे बांडी दे।”
14 ၁၄ ကိုယ်​တော်​က ``အ​ချင်း​လူ၊ အ​ဘယ်​သူ​သည်​ငါ့​ကို သင်​တို့​၏​တ​ရား​သူ​ကြီး​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​မွေ​ခွဲ​ဝေ​သူ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ခန့်​ထား သ​နည်း'' ဟု​ပြန်​၍​မိန့်​တော်​မူ​၏။-
यीशुए तेसखे बोलेया, “ओ मांणू! आऊँ किने तुसा रा न्यायी और बांडणे वाल़ा बणाई राखेया?”
15 ၁၅ ထို​နောက်​လူ​တို့​အား ``လော​ဘ​အ​မျိုး​မျိုး​ကို သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့။ လူ​၏​အ​သက် သည်​ဥစ္စာ​ပစ္စည်း​ကြွယ်​ဝ​မှု​အ​ပေါ်​တွင်​မ​တည်'' ဟု​မိန့်​တော်​မူ​၏။
तेबे तिने तिना खे बोलेया, “चौकस रओ; और हर प्रकारा रे लोबो ते आपू खे बचाई की राखो, कऊँकि केसी री बी जिन्दगी, तेसरी सम्पतिया ते बड़ी नि ऊँदी।”
16 ၁၆ ထို​နောက်​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင် ၍ ``သူ​ဌေး​တစ်​ဦး​သည် မိ​မိ​၏​လယ်​ယာ​မှ အ​သီး​အ​နှံ​များ​စွာ​ထွက်​သ​ဖြင့်၊-
यीशुए तिना खे एक उदारण बोलेया, “एक धनवानो री जमीना रे मुखती फसल ऊई।
17 ၁၇ `ငါ​၏​လယ်​ယာ​ထွက်​သီး​နှံ​များ​ကို​သို​ထား ရန်​နေ​ရာ​မ​ရှိ။ ငါ​သည်​အ​ဘယ်​သို့​ပြု​ရ အံ့​နည်း' ဟု တစ်​ကိုယ်​တည်း​တွေး​တော​လျက် နေ​၏။-
तेबे से आपणे मनो रे सोचणे लगेया कि आऊँ क्या करुँ? कऊँकि मांगे तो जगा निए, जेती आपणी फसल बगैरा राखूँ।
18 ၁၈ ထို​နောက် `ငါ​ဤ​သို့​ပြု​မည်။ ကျီ​ဟောင်း​များ ကို​ဖျက်​၍ ပို​မို​ကြီး​မား​သော​ကျီ​သစ်​များ ကို​တည်​ဆောက်​မည်။ ငါ​၏​ဂျုံ​စ​ပါး​နှင့်​အ​ခြား ပစ္စည်း​ဥစ္စာ​များ​ကို ထို​ကျီ​သစ်​ကြီး​များ​တွင် သို​မှီး​ထား​မည်။-
तेबे तिने सोचेया कि मां आपणे पण्डार तोड़ी की ओर बड़े पण्डार बनाणे और तेती मां आपणी सारी फसल और सम्पति राखणी
19 ၁၉ ထို​နောက်`သင်​သည်​နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင် ရန်​ဥစ္စာ​ပစ္စည်း​များ​ကို​သို​မှီး​ထား​ပြီး​ဖြစ်​၍ စိတ်​ချမ်း​သာ​စွာ​နေ​လော့။ စား​သောက်​ပျော်​ပါး စွာ​နေ​လော့' ဟု​ငါ့​ကိုယ်​ကို​ငါ​ပြော​မည်​ဟု ဆို​၏။-
और तिजी ते बाद आपणे प्राणो खे बोलणा कि ओ प्राण! ताखे कई साला तक मुखती सम्पति राखी ती री; चैन कर, खा-पी सुखो साथे रओ।
20 ၂၀ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​က `အ​ချင်း​လူ​မိုက်၊ ယ​ခု​ညဥ့်​ပင်​သင့်​အ​သက်​ချုပ်​ငြိမ်း​ရ​လိမ့်​မည်။ သို့​ဖြစ်​၍​သင်​စု​ဆောင်း​ထား​သည့်​ဥစ္စာ​ပစ္စည်း များ​ကား အ​ဘယ်​သူ​၏​လက်​သို့​ရောက်​လိမ့် မည်​နည်း' ဟု​မိန့်​တော်​မူ​၏။
पर परमेशरे तेसखे बोलेया, ‘ओ मूर्ख! आज की राती ई तेरी मौत ऊई जाणी, तेबे जो कुछ तैं कट्ठा करी राखेया, से केसरा ऊणा?’
21 ၂၁ ``မိ​မိ​အ​တွက်​ဘဏ္ဍာ​သို​မှီး​ထား​သော်​လည်း ဘု​ရား​သ​ခင်​၏​ရှေ့​တော်​တွင်​ဆင်း​ရဲ​သော သူ​ကား အ​ဆို​ပါ​သူ​ဌေး​နှင့်​တူ​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။
एड़ा ई से मांणू बीए, जो आपू खे पैसा कट्ठा करी राखेया, पर परमेशरो री नजरा रे अमीर निए।”
22 ၂၂ ထို​နောက်​သ​ခင်​ယေ​ရှု​က​တ​ပည့်​တော်​တို့ အား``သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​သို့​စား ရ​မည်​နည်း​ဟု အ​သက်​ရှင်​ရေး​အ​တွက်​မ​စိုး ရိမ်​ကြ​နှင့်။ အ​ဘယ်​အ​ရာ​ကို​ဝတ်​ရ​မည်​နည်း ဟု ကိုယ်​ခန္ဓာ​အ​တွက်​မ​စိုး​ရိမ်​ကြ​နှင့်။-
तेबे यीशुए आपणे चेलेया खे बोलेया, “तेबेई तो आऊँ तुसा खे बोलूँआ कि आपणी जिन्दगिया रे बारे रे ये चिन्ता नि करो कि आसे क्या खाऊँगे, ना आपणे शरीरो रे बारे रे कि क्या पईनुँगे।
23 ၂၃ အ​သက်​သည်​အ​စား​အ​စာ​ထက်​အ​ရေး​ကြီး ၏။ ကိုယ်​ခန္ဓာ​သည်​အ​ဝတ်​ထက်​အ​ရေး​ကြီး​၏။-
कऊँकि रोटिया ते जिन्दगी और टालेया ते शरीर केथी जादा किमती ए।
24 ၂၄ ကျီး​ကန်း​များ​ကို​ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ သူ​တို့​သည်​မျိုး​ကို​မ​ကြဲ၊ အ​သီး​အ​နှံ​များ ကို​မ​ရိတ်​မ​သိမ်း။ သူ​တို့​မှာ​ကုန်​လှောင်​ခန်း​များ၊ ကျီ​များ​မ​ရှိ။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ကျွေး​မွေး​တော်​မူ​၏။ သင်​တို့ ကား​ငှက်​များ​ထက်​များ​စွာ​အ​ဖိုး​ထိုက်​သည် မ​ဟုတ်​လော။-
कावा पाँदे त्यान देओ, सेयो ना बांदे, ना बाडदे, ना तिना रे पण्डार ए और ना पेढ़ू ऊँदा, तेबे बी परमेशर तिना खे पाल़ोआ, तुसा री कीमत पंछिया ते केथी बढ़ी की ए।
25 ၂၅ သင်​တို့​တွင်​အ​ဘယ်​သူ​သည်​စိုး​ရိမ်​ခြင်း အား​ဖြင့်​မိ​မိ​၏​အ​သက်​ကို​နှစ်​အ​နည်း ငယ်​မျှ​ပို​၍​ရှည်​စေ​နိုင်​သ​နည်း။-
तुसा बीचा ते एड़ा कुण ए, जो चिन्ता करी की आपणिया जिन्दगिया री एक कअड़ी बी बढ़ाई सकोआ?
26 ၂၆ ဤ​သို့​သေး​ငယ်​သော​အ​မှု​ကို​မ​တတ်​နိုင်​လျှင် အ​ဘယ်​ကြောင့်​အ​ခြား​အ​မှု​များ​အ​တွက် စိုး​ရိမ်​နေ​ကြ​သ​နည်း။-
तेबेई तो जे तुसे सबी ते छोटा काम पनि करी सकदे, तो ओरी बड़ी गल्ला खे चिन्ता करी क्या फाईदा?
27 ၂၇ တော​နှင်း​ပန်း​ပင်​များ​ကို​ကြည့်​ရှု​ဆင်​ခြင် ကြ​လော့။ ထို​ပန်း​ပင်​တို့​သည်​ဗိုင်း​မ​ငင်၊ ယက် ကန်း​လည်း​မ​ရက်၊ သို့​ရာ​တွင်​ဘုန်း​ကြီး​သော ရှော​လ​မုန်​မင်း​ကြီး​ပင်​လျှင် ထို​ပန်း​များ ကဲ့​သို့​မ​ဝတ်​မ​ဆင်​နိုင်​ဟု​သင်​တို့​အား ငါ​ဆို​၏။-
बांके जंगल़ी फूला पाँदे त्यान करो कि सेयो किंयाँ बड़ोए, सेयो ना तो मईणत करदे, ना आपू खे टाले बणाओए, तेबे बी आऊँ तुसा खे बोलूँआ कि राजा सुलेमान बी आपणे सारे एशो-आरामो रे बी, तिना बीचा ते केसी एकी जेड़े बी टाले नि पईने रा था।
28 ၂၈ ယုံ​ကြည်​ကိုး​စား​ခြင်း​နည်း​ပါး​သူ​တို့၊ ယ​နေ့ ကွင်း​ထဲ​တွင်​ရှိ​၍​နက်​ဖြန်​မီး​ဖို​ထဲ​သို့​ရောက် ရ​သော​တော​မြက်​ကို ဘု​ရား​သ​ခင်​သည်​ဤ​သို့ ဝတ်​ဆင်​ပေး​လျှင် သင်​တို့​အား​ထို​ထက်​မ​က ဝတ်​ဆင်​ပေး​မည်​မ​ဟုတ်​လော။''
तेबेई तो जेबे परमेशर मैदानो रे काओ खे, जो आज आए, और काल आगी बीचे फूकी देणा, तो जो तिदे बी एड़े बांके फूल खिलाओआ, तो ओ कम विश्वास करने वाल़ेयो! तुसा खे तेस इना ते बढ़ी की बांके टाले कऊँ नि पनयाणे?
29 ၂၉ ``အ​ဘယ်​အ​ရာ​ကို​စား​ရ​အံ့​နည်း၊ အ​ဘယ် အ​ရာ​ကို​သောက်​ရ​အံ့​နည်း​ဟူ​၍​စိုး​ရိမ်​ပူ​ပန် မှု​မ​ရှိ​ကြ​နှင့်။-
और तुसे एसा गल्ला री टोल़ा रे नि रओ कि आसे क्या खाऊँगे, क्या पिऊँगे और ना शक करो।
30 ၃၀ ထို​အ​ရာ​များ​ကို​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရား​သ​ခင် ကို​မ​ယုံ​ကြည်​သူ​တို့​သည်​ရှာ​ဖွေ​တတ်​ကြ ၏။ ထို​အ​ရာ​များ​ကို​သင်​တို့​လို​ကြောင်း​ကို သင်​တို့​အ​ဖ​သိ​တော်​မူ​၏။-
कऊँकि दुनिया री जातिया इना सबी चीजा री टोल़ा रे रओईया और तुसा रा पिता जाणोआ कि तुसा खे इना सबी चीजा री जरूरत ए।
31 ၃၁ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ကို ရှာ​ကြ​လော့။ သို့​ပြု​လျှင်​ထို​အ​ရာ​များ​ကို လည်း​သင်​တို့​အား​ပေး​တော်​မူ​လိမ့်​မည်။
पर परमेशरो रे राज्य री टोल़ा रे रओ, तो यो सब चीजा बी तुसा खे मिली जाणिया।
32 ၃၂ ``သိုး​စု​ငယ်၊ မ​ကြောက်​နှင့်။ သင်​တို့​၏​အ​ဖ သည်​သင်​တို့​အား​နိုင်​ငံ​တော်​ကို​ပေး​ရန် အ​လို​ရှိ​တော်​မူ​၏။-
“ओ छोटे चूण्ड, डर नि; कऊँकि तुसा रे पिता परमेशरो खे ये अच्छा लगेया कि तुसा खे राज्य देऊँ।
33 ၃၃ သင်​တို့​သည်​မိ​မိ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို​ရောင်း ၍ ဆင်း​ရဲ​သူ​တို့​အား​ပေး​ကမ်း​စွန့်​ကြဲ​ကြ​လော့။ မ​ဆွေး​မ​မြေ့​နိုင်​သည့်​ပိုက်​ဆံ​အိတ်​များ​ကို ဆောင်​ကြ​လော့။ သူ​ခိုး​မ​ကပ်၊ ပိုး​မ​ဖျက်​ဆီး ရာ​ကောင်း​ကင်​ဘုံ​၌ ကုန်​ခန်း​ခြင်း​မ​ရှိ​နိုင် သည့်​ဘဏ္ဍာ​ကို​ဆည်း​ပူး​ကြ​လော့။-
आपणी सम्पति बेची की दान करी देओ और आपू खे एड़े बटुए बणाओ, जो पुराणे नि ऊँदे, मतलब-स्वर्गो रे एड़ा धन कट्ठा करो, जो कटदा नि और तीजी रे नेड़े चोर नि जांदा और कीड़ा नि खांदा।
34 ၃၄ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​၏​ဘဏ္ဍာ​ရှိ​ရာ သို့ သင်​တို့​စိတ်​သည်​လည်း​ရောက်​တတ်​သော ကြောင့်​ဖြစ်​၏။''
कऊँकि जेती तुसा रा धन ए, तेती तुसा रा मन बी लगेया रा रणा।
35 ၃၅ ``သင်​တို့​သည်​အ​ဆင်​သင့်​ဖြစ်​ရန်​ခါး​ကို​စည်း လျက်​မီး​ခွက်​များ​ကို​ထွန်း​ညှိ​ထား​ကြ​လော့။-
“तुसा परमेशरो रा काम करने खे सदा त्यार रओ और मसीह रे आऊणे रे बखते और तेसखे ग्रहण करने खे एड़े त्यार रओ जेड़े दिऊए बल़दे दिऊए रओ।
36 ၃၆ မင်္ဂလာ​ဆောင်​မှ​ပြန်​လာ​သော​မိ​မိ​တို့​၏​သ​ခင် သည်​တံ​ခါး​ကို​ခေါက်​လျှင် ချက်​ချင်း​ဖွင့်​ပေး ရန်​စောင့်​မျှော်​နေ​ကြ​သော​အ​စေ​ခံ​များ​ကဲ့ သို့​ဖြစ်​ကြ​လော့။-
मेरे वापस आऊणे खे तिना दासा जेड़े त्यार रओ, जो आपणे स्वामिए खे न्याल़दे रओए कि से ब्याओ ते कदी जे आऊणा कि जेबे से आओ और द्वार खटखटाओ तो तेसखे फटाफट खोलेया जाओ।
37 ၃၇ အ​စေ​ခံ​တို့​စောင့်​မျှော်​နေ​ကြ​သည်​ကို သ​ခင် ပြန်​ရောက်​ချိန်​၌​တွေ့​ရှိ​ရ​၏။ ထို​အ​စေ​ခံ​တို့ သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​အား​အ​မှန် အ​ကန်​ငါ​ဆို​သည်​ကား သ​ခင်​သည်​ထို အ​စေ​ခံ​တို့​ကို​ဧည့်​သည်​များ​အ​ဖြစ်​စား ပွဲ​တွင်​ထိုင်​စေ​လျက် မိ​မိ​ကိုယ်​တိုင်​ခါး​ကို စည်း​ကာ​ဧည့်​ခံ​ကျွေး​မွေး​လိမ့်​မည်။-
धन्य ए सेयो दास, जिना खे स्वामी आयी की जागदे ऊए देखोए, आऊँ तुसा खे सच बोलूँआ कि स्वामिए एड़े टाले पईनणे जेड़े दास पईनोए और तेस दासा खे बठयाल़ी की से रोटी खाणे खे देणी जो तिने ब्याओ ते प्रिया ल्याई राखेया।
38 ၃၈ သူ​သည်​သန်း​ခေါင်​ယံ​၌​သော်​လည်း​ကောင်း၊ မိုး​သောက်​ယံ​၌​သော်​လည်း​ကောင်း​ကြွ​လာ သော​အ​ခါ စောင့်​မျှော်​လျက်​နေ​သော​အ​စေ​ခံ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။-
जे सेयो तिना खे राती रे दूजे या तीजे पईरे आयी की जागदा ऊआ पाओ, तो सेयो दास धन्य ए।
39 ၃၉ အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အချိန် ကို​သာ​သိ​ရ​လျှင် မိ​မိ​အိမ်​ကို​သူ​ခိုး​အ​ဖောက် ခံ​လိမ့်​မည်​မ​ဟုတ်​ကြောင်း​မှတ်​ထား​ကြ​လော့။-
पर तुसे जाणी लओ कि जे कअरो रा मालक जाणदा कि चोर कदी जे आऊणा, तो जागदा रंदा और आपणे कअरे चोरी नि ऊणे देंदा।
40 ၄၀ လူ​သား​သည်​သင်​တို့​မ​မျှော်​လင့်​သည့်​အ​ချိန် ၌​ကြွ​လာ​မည်​ဖြစ်​၍​သင်​တို့​အ​သင့်​ရှိ​နေ​ကြ လော့'' ဟု​မိန့်​တော်​မူ​၏။
तेबेई तुसे बी त्यार रओ, कऊँकि जेसा कअड़िया रे बारे रे तुसे सोचदे पनि, तेसी कअड़िया आँऊ माणूं रा पुत्र आयी जाणा।”
41 ၄၁ ပေ​တ​ရု​က ``အ​ရှင်၊ ဤ​ပုံ​ဥ​ပ​မာ​ကို​အ​ကျွန်ုပ် တို့​အ​တွက်​မိန့်​တော်​မူ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​ခပ်​သိမ်း​တို့​အ​တွက်​လော'' ဟု မေး​လျှောက်​၏။
तेबे पतरसे बोलेया, “ओ प्रभु! क्या तुसे ये उदारण आसा खेई बोलणे लगी रे या सबी खे।”
42 ၄၂ သ​ခင်​ဘု​ရား​က ``သစ္စာ​ရှိ​၍​လိမ္မာ​သော​အ​စေ​ခံ ကား အ​ဘယ်​သူ​နည်း။ အိမ်​ရှင်​သည်​အ​စေ​ခံ​များ ကို​အုပ်​ချုပ်​ရန်​နှင့်​အ​ချိန်​တန်​လျှင် ရိက္ခာ​များ ထုတ်​ပေး​ရန်​အ​စေ​ခံ​တစ်​ယောက်​ကို​ခန့်​ထား သည်​ဆို​အံ့။-
यीशुए बोलेया, “एक विश्वासो जोगा और अक्लमंद पण्डारी एड़ा ए: जेसखे कअरो रा मालक दूजे दासा पाँदे निगरानी और बखतो पाँदे रोटी देणे खे जिम्मेवारी देओआ। तिजी ते बाद से परदेशो खे चली जाओआ।
43 ၄၃ တာ​ဝန်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​သည်​ကို​အိမ်​ရှင် ပြန်​လာ​ချိန်​၌​တွေ့​ရ​လျှင် ထို​အ​စေ​ခံ​သည် မင်္ဂ​လာ​ရှိ​၏။-
धन्य ए से दास, जेसखे तेसरा मालक आयी की एड़ा ई करदा ऊआ पाओ।
44 ၄၄ အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား အိမ်​ရှင်​သည်​မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​စီ​မံ အုပ်​ချုပ်​ရန် ထို​အ​စေ​ခံ​အား​အပ်​နှင်း​လိမ့်​မည်။-
आऊँ तुसा खे सच लगी रा बोलणे कि तेस से आपणी सारी सम्पतिया पाँदे अक्कदार ठराणा।
45 ၄၅ သို့​ရာ​တွင်​အ​ကယ်​၍​ထို​အ​စေ​ခံ​သည်`ငါ့​သ​ခင် ပြန်​လာ​ရန်​ကြာ​ဦး​မည်' ဟု​စိတ်​တွင်​အောက်​မေ့ ကာ အ​စေ​ခံ​ယောကျာ်း၊ အ​စေ​ခံ​မိန်း​မ​တို့​အား ရိုက်​ပုတ်​၍ သောက်​စား​မူး​ယစ်​လျက်​နေ​သည် ဆို​အံ့။-
पर जे से दास सोचणे लगो कि मेरा मालक आऊणे रे देर करने लगी रा और दास-दासिया खे कुटणे-फानणे और खाणे-पीणे और पियक्कड़ ऊणे लगो
46 ၄၆ ထို​သူ​မ​မျှော်​လင့်​သည့်​နေ့၊ မ​သိ​မြင်​သည့် အ​ချိန်​၌​အိမ်​ရှင်​သည်​ပြန်​လာ​၍ သူ့​ကို​ပြင်း ထန်​စွာ​ဒဏ်​ခတ်​၍ သစ္စာ​မဲ့​သူ​တို့​ခံ​စား​ရ မည့်​ကံ​ကြမ္မာ​ကို​ခံ​စား​စေ​လိမ့်​မည်။
तो तेस दासो रा मालक एड़े दिने आऊणा, जेबे से तेसखे न्याल़दा ई ना ओ और एड़िया कअड़िया दे, जेतेखे से नि जाणदा ओ। तेबे तेस तेसखे बऊत दण्ड देणा और तेसरा इस्सा कपटिया साथे ठराणा।
47 ၄၇ ``အ​ရှင်​၏​အ​လို​ဆန္ဒ​ကို​သိ​လျက်​နှင့်​အ​သင့် ပြင်​ဆင်​၍​မ​ထား၊ ထို​အ​လို​ဆန္ဒ​သို့​လိုက်​လျော ခြင်း​ကို​မ​ပြု​ဘဲ​နေ​သော​အ​စေ​ခံ​သည်​ကြိမ် ဒဏ်​များ​စွာ​ခံ​ရ​လတ္တံ့။-
से दास, जो आपणे मालको री इच्छा जाणोआ पर त्यार नि रया और ना तेसरी इच्छा रे मुताबिक चलेया, तो तेस बऊत मार खाणी।
48 ၄၈ သို့​ရာ​တွင်​သ​ခင်​အ​လို​ဆန္ဒ​ကို​မ​သိ​ဘဲ ကြိမ်​ဒဏ်​ထိုက်​သော​အ​မှု​ကို​ပြု​မိ​သော​သူ မူ​ကား အ​နည်း​ငယ်​သာ​ကြိမ်​ဒဏ်​ခံ​ရ​လတ္တံ့။ ကျေး​ဇူး​ပြု​ခြင်း​များ​စွာ​ခံ​ရ​သော​သူ​သည် တာ​ဝန်​များ​စွာ​ရှိ​လိမ့်​မည်။ ပို​၍​ယုံ​ကြည် အပ်​နှံ​ခြင်း​ခံ​ရ​သော​သူ​သည်​ပို​၍​ဆောင် ရွက်​စ​ရာ​ရှိ​လိမ့်​မည်။
पर जो ना जाणी की मार खाणे जोगा काम करोगा, तेस थोड़ी मार खाणी, तेबेई तो जेसखे बऊत देई राखेया, तेसते बऊत मांगेया जाणा और जेसगे बऊत सम्बाल़ी राखेया, तेसते बऊत लया जाणा।
49 ၄၉ ``ငါ​သည်​ဤ​လော​က​ကို​မီး​လောင်​စေ​ရန်​လာ ၏။ ယ​ခု​ပင်​မီး​လောင်​စေ​ချင်​လှ​ပြီ။-
“आऊँ तरतिया पाँदे आग लगाणे आयी रा और ये चाऊँआ कि एबु ई सुलगी जांदी।
50 ၅၀ ငါ​ခံ​ယူ​ရ​မည့်​ဗတ္တိ​ဇံ​တစ်​ပါး​ရှိ​၏။ ထို​အ​မှု ကို​ဆောင်​ရွက်​၍​မ​ပြီး​မ​ချင်း ငါ​သည်​စိတ် ဒုက္ခ​ရောက်​လှ​၏။-
मां तो एक दुःखदाई बपतिस्मा लणा ए और जदुओ तक से नि ऊई लो, तदुओ तक आऊँ केड़िया दशा रे रणा?
51 ၅၁ ဤ​လော​က​ကို​ငြိမ်း​ချမ်း​သာ​ယာ​မှု​ပေး​ရန် ငါ​လာ​သည်​ဟု​ထင်​ကြ​သ​လော။ ယင်း​သို့​မ​ဟုတ်။ လူ​တို့​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား​စေ​ရန် သာ​လျှင်​ငါ​လာ​သ​တည်း။-
क्या तुसे एड़ा समजोए कि आऊँ तरतिया पाँदे मेल-जोल करने आयी रा? आऊँ बोलूँआ कि ना, बल्कि लग करने आयी रा।
52 ၅၂ ယ​ခု​မှ​စ​၍​လူ​ငါး​ယောက်​ရှိ​သည့်​အိမ်​ထောင် တွင်​နှစ်​ယောက်​က​တစ်​ဖက်၊ သုံး​ယောက်​က တစ်​ဖက်​စိတ်​ဝမ်း​ကွဲ​ပြား​ကြ​လိမ့်​မည်။-
कऊँकि आजो ते एकी कअरे पाँज जणे बिरोदी रणे। तीना, दूँईं ते और दूँईं तीना ते।
53 ၅၃ ဖ​ခင်​နှင့်​သား၊ မိ​ခင်​နှင့်​သ​မီး၊ ယောက္ခ​မ​ဖြစ် သူ​နှင့်​ချွေး​မ​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​ပြား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
पिते पाऊए ते और पाऊए, पिते ते, माया बेटिया ते और बेटिया माया ते, सासुआ बऊआ ते और बऊआ सासुआ ते बिरोद राखणा।”
54 ၅၄ ထို​နောက်​ကိုယ်​တော်​က ``အ​နောက်​အ​ရပ်​တွင် မိုး​တိမ်​တက်​လာ​သည်​ကို​မြင်​လျှင် မိုး​ရွာ​လိမ့် မည်​ဟု​သင်​တို့​ချက်​ချင်း​ပြော​တတ်​ကြ​၏။ သင် တို့​ပြော​သည့်​အ​တိုင်း​လည်း​ဖြစ်​တတ်​၏။-
यीशुए पीड़ा खे बी बोलेया, “जेबे बादल़ो खे पच्छमा ते उड़दे ऊए देखोए, तेबे फटाफट बोलोए कि बर्खा ऊणी और एड़ा ई ओआ।
55 ၅၅ တောင်​လေ​လာ​သည်​ကို​မြင်​သော်​နေ​ပူ​လိမ့်​မည် ဟု​ပြော​တတ်​ကြ​၏။ သင်​တို့​ပြော​သည့်​အ​တိုင်း လည်း​ဖြစ်​တတ်​၏။-
और जेबे अवा दक्खणो खे चलदी ऊई देखोए, तो बोलोए कि लू चलणी और एड़ा ई ओआ।
56 ၅၆ ကြောင်​သူ​တော်​တို့၊ သင်​တို့​သည်​မိုး​မြေ​၏ အ​ရိပ်​အ​ခြေ​ကို​ထောက်​လျက်​ရာ​သီ​ဥ​တု အ​ခြေ​အ​နေ​ကို​ပြော​နိုင်​ကြ​ပါ​လျက်​နှင့် ဤ ခေတ်​ကာ​လ​နှင့်​စပ်​ဆိုင်​သော​နိ​မိတ်​များ​ကို အ​ဘယ်​ကြောင့်​မ​သိ​နိုင်​ကြ​သ​နည်း။''
ओ कपटियो! तुसे तरती और सर्गो रे रूप-रंगो रे भेद करी सकोए, पर एस जुगो रे बारे रे कऊँ भेद करना नि जाणदे?
57 ၅၇ ``မှန်​ကန်​သည့်​အ​မှု​ကို​ပြု​ရန်​အ​ဘယ်​ကြောင့် သင်​တို့​ကိုယ်​တိုင်​မ​ဆုံး​ဖြတ်​ကြ​သ​နည်း။-
“तुसे आपू ई न्याय कऊँ नि करी लंदे कि अच्छा क्या ए?
58 ၅၈ သင်​၏​တ​ရား​တွေ့​ဘက်​နှင့်​အ​တူ တ​ရား သူ​ကြီး​ထံ​ကို​သွား​ရာ​လမ်း​တွင်​ကျေ​အေး အောင်​စေ့​စပ်​လော့။ ထို​သို့​မ​ပြု​ပါ​မူ သူ​သည် သင့်​အား​တ​ရား​သူ​ကြီး​၏​ရှေ့​သို့​ဆွဲ​ခေါ် သွား​လိမ့်​မည်။ တ​ရား​သူ​ကြီး​သည် သင့်​အား မင်း​မှု​ထမ်း​လက်​သို့​ပေး​အပ်​လိုက်​လိမ့်​မည်။ မင်း​မှု​ထမ်း​သည်​လည်း​သင့်​အား​ထောင်​ချ ထား​လိမ့်​မည်။-
जेबे तूँ आपणे दुश्मणो साथे हाकिमो गे जाणे लगी रा, तो बाटा रेई तेसते छुटणे री कोशिश करी लो, एड़ा नि ओ कि से ताखे न्यायियो गे खिंजी की ल्याओ और न्यायी ताखे सिपाईया गे देयो और सिपाई ताखे जेला रे पाई देओ।
59 ၅၉ အ​ကြွေး​အ​ကုန်​ပြေ​လည်​အောင်​မ​ဆပ်​မ​ချင်း သင်​သည်​ထောင်​မှ​ထွက်​ရ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ဆို​၏'' ဟူ​၍​ပ​ရိ​သတ်​သင်​တို့​အား​မိန့် တော်​မူ​၏။
आऊँ तुसा खे बोलूँआ कि जदुओ तक तुसे दमड़ी-दमड़ी (पाई-पाई) नि देई देओगे, तदुओ तक तेथा ते छुटणा नि।”

< လုကာ 12 >