< လုကာ 11 >

1 အ​ခါ​တစ်​ပါး​၌​ကိုယ်​တော်​သည်​တစ်​ခု​သော အ​ရပ်​တွင်​ဆု​တောင်း​ပတ္ထ​နာ​ပြု​လျက်​နေ​တော် မူ​၏။ ဆု​တောင်း​ပတ္ထ​နာ​ပြီး​ဆုံး​သော​အ​ခါ တ​ပည့်​တော်​တစ်​ဦး​က ``အ​ရှင်​ဘု​ရား၊ ယော​ဟန် သည်​မိ​မိ​၏​တ​ပည့်​များ​အား​ဆု​တောင်း​ပတ္ထ နာ​ပြု​ရန်​နည်း​ပေး​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့​အား လည်း​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​၏။
တရံရောအခါ ကိုယ်တော် သည် တစ်စုံတစ်ခု သောအရပ် တွင် ဆုတောင်း တော်မူပြီးလျှင် ၊ တပည့် တော်တစ် ယောက်က၊ သခင် ၊ ဆုတောင်း စေခြင်းငှာယောဟန် သည်မိမိ တပည့် တို့အား နည်းပေး သကဲ့သို့ အကျွန်ုပ် တို့အား နည်းပေး တော်မူပါဟု လျှောက် သော်၊
2 ကိုယ်​တော်​က ``သင်​တို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော အ​ခါ၊ `အို အ​ဖ၊ကိုယ်​တော်​ရှင်​၏​နာ​မ​တော်​ကို ရို​သေ​လေး​မြတ်​ကြ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​၏​အုပ်​စိုး​တော်​မူ​ခြင်း​ရှိ​ပါ စေ​သော။
ကိုယ်တော်က၊ သင်တို့သည်ဆုတောင်း လျှင် မြွက်ဆို ရမည်မှာ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ ၊ ကိုယ်တော် ၏ နာမ တော်အား ရိုသေ လေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံ တော် တည်ထောင် ပါစေသော။
3 လို​အပ်​သော​အ​စား​အ​စာ​ကို​အ​ကျွန်ုပ်​တို့​အား၊ နေ့​စဉ်​နေ့​တိုင်း​ပေး​သ​နား​တော်​မူ​ပါ။
အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော။ အသက် မွေးလောက်သောအစာ ကို အကျွန်ုပ် တို့အား နေ့ရက် အစဉ် အတိုင်း ပေး သနားတော်မူပါ။
4 အ​ကျွန်ုပ်​တို့​အား​သူ​တစ်​ပါး​တို့​မှား​မိ​သည့် အ​ပြစ်​များ​ကို၊ အ​ကျွန်ုပ်​တို့​ဖြေ​လွှတ်​ကြ​သ​ကဲ့​သို့​အ​ကျွန်ုပ် တို့​၏ အ​ပြစ်​များ​ကို​ဖြေ​လွှတ်​တော်​မူ​ပါ။ အ​ကျွန်ုပ်​တို့​သည်​လွန်​ကဲ​သော​စုံ​စမ်း​သွေး ဆောင်​ခြင်း​ကို မ​ခံ​ရ​ပါ​စေ​နှင့်' ဟူ​၍​မြွက်​ဆို​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
အကျွန်ုပ် တို့ကို ပြစ်မှား သောသူရှိသမျှ တို့၏ အပြစ်ကို အကျွန်ုပ် သည်လွှတ် သောကြောင့် ၊ အကျွန်ုပ် တို့၏အပြစ် များကို လွှတ် တော်မူပါ။ အပြစ် သွေးဆောင် ရာသို့ မ လိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါဟု ဆုတောင်းကြလော့ ဟု မိန့်တော်မူ၏။
5 ထို​နောက်​ကိုယ်​တော်​က ``သင်​တို့​တွင်​တစ်​စုံ​တစ် ယောက်​သော​သူ​သည်​သန်း​ခေါင်​အ​ချိန်​၌​မိတ် ဆွေ​တစ်​ဦး​၏​အိမ်​သို့​သွား​၍ `အ​ဆွေ၊ ကျွန်ုပ်​၏ အိမ်​သို့​ခ​ရီး​သည်​မိတ်​ဆွေ​တစ်​ယောက်​ရောက်​ရှိ လာ​ပါ​သည်။ ကျွန်ုပ်​တို့​ထံ​တွင်​သူ့​အား​ကျွေး စ​ရာ​ဘာ​မျှ​မ​ရှိ​သ​ဖြင့် မုန့်​သုံး​လုံး​ကို​ချေး လို​ပါ​သည်' ဟု​ဆို​သော်၊-
တစ်ဖန် မိန့် တော်မူသည်ကား၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူ၌ အဆွေ ခင်ပွန်းရှိ သည်ဖြစ်၍ ၊ သန်းခေါင် အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့ သွား ပြီးလျှင် ၊ အဆွေ ၊
6
အကျွန်ုပ် အဆွေ ခင်ပွန်းတစ်ယောက်သည် ခရီး မှ လာ၍ အကျွန်ုပ် ထံသို့ ရောက် ပါပြီ။ သူ့ ကို ကျွေး စရာ မ ရှိ သောကြောင့် မုန့် သုံး လုံးချေး နှင့် ပါဟုဆို သော်၊
7 အိမ်​ရှင်​က `ကျွန်ုပ်​ကို​မ​နှောင့်​ယှက်​ပါ​နှင့်။ အိမ် တံ​ခါး​ကို​ပိတ်​ထား​ပြီး​လေ​ပြီ။ သား​သမီး များ​နှင့်​ကျွန်ုပ်​သည်​အိပ်​ရာ​ဝင်​ကြ​ပြီး​ဖြစ် ၏။ ထို့​ကြောင့်​ကျွန်ုပ်​ထ​၍​သင့်​အား​ဘာ​မျှ မ​ပေး​နိုင်​ပါ' ဟု​အိမ်​တွင်း​မှ​ပြော​လိမ့်​မည်။-
အိမ်ရှင် ကလည်း၊ ငါ့ ကိုမ နှောင့်ရှက် နှင့်။ တံခါး ပိတ် လျက်ရှိ၏။ ငါ့ သားသမီး တို့သည် ငါ နှင့် အိပ် လျက်ရှိ ကြ၏။ ငါထ ၍ သင့် အားမ ပေး နိုင် ဟု အိမ်ထဲက ပြန်ပြော သည်အရာမှာ၊
8 အိမ်​ရှင်​သည်​မိတ်​ဆွေ​တစ်​ဦး​အ​နေ​ဖြင့်​အိပ်​ရာ မှ​ထ​၍​သူ့​အား​မုန့်​များ​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။ သို့​သော်​လည်း​ထို​သူ​သည်​အ​ရှက်​အ​ကြောက် ကင်း​မဲ့​စွာ​ဆက်​လက်​တောင်း​ခံ​နေ​သော​ကြောင့် အိမ်​ရှင်​သည်​ထ​၍​လို​သ​မျှ​သော​မုန့်​များ ကို​ပေး​လိမ့်​မည်။-
ငါဆို သည်ကား၊ အဆွေ ခင်ပွန်းဖြစ် သည်ကိုထောက်၍မ ထ ၊ မပေး သော်လည်း ၊ အားမလျော့ဘဲ တောင်း၍နေသောကြောင့် ထ ၍လိုချင် သမျှ ကို ပေး လိမ့်မည်။
9 သင်​တို့​အား​ငါ​ဆို​သည်​ကား​တောင်း​ကြ​လော့၊ တောင်း​လျှင်​ရ​ကြ​လိမ့်​မည်။ ရှာ​ကြ​လော့၊ ရှာ လျှင်​တွေ့​ကြ​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​ကြ လော့၊ ခေါက်​လျှင်​တံ​ခါး​ကို​ဖွင့်​လိမ့်​မည်။-
တစ်ဖန်ငါ ဆို သည်ကား၊ တောင်း ကြလော့။ တောင်းလျှင် ရ မည်။ ရှာ ကြလော့။ ရှာလျှင် တွေ့ မည်။ တံခါးကိုခေါက် ကြလော့၊ ခေါက်လျှင် ဖွင့် မည်။
10 ၁၀ တောင်း​သူ​သည်​ရ​လိမ့်​မည်။ ရှာ​သော​သူ​သည် တွေ့​လိမ့်​မည်။ တံ​ခါး​ကို​ခေါက်​သော​သူ​အား တံ​ခါး​ကို​ဖွင့်​ပေး​လိမ့်​မည်။-
၁၀တောင်း သောသူ မည်သည်ကားရ ၏။ ရှာ သောသူ လည်း တွေ့ ၏။ ခေါက် သောသူ အားလည်း တံခါးကို ဖွင့် ၏။
11 ၁၁ သင်​တို့​တွင်​အ​ဘယ်​ဖ​ခင်​သည်​မိ​မိ​၏​သား က​ငါး​ကို​တောင်း​လျှင်​မြွေ​ကို​ပေး​မည်​နည်း။-
၁၁သင် တို့တွင် အဘ ဖြစ်သောသူ ၌ သား သည် မုန့်ကိုတောင်းလျှင် အဘသည်ကျောက်ကိုပေးမည်လော့။ ငါး ကိုတောင်း လျှင် ငါး အစား ၌ မြွေ ကိုပေး မည်လော။
12 ၁၂ ကြက်​ဥ​ကို​တောင်း​လျှင်​ကင်း​မြီး​ကောက်​ကို ပေး​မည်​နည်း။-
၁၂ဥ ကိုတောင်း လျှင် ကင်းမြီးကောက် ကို ပေး မည်လော။
13 ၁၃ သင်​တို့​သည်​ဆိုး​သော​သူ​များ​ဖြစ်​လျက်​ပင် သား​သ​မီး​များ​အား​အ​ကောင်း​ကို​ပေး​တတ် လျှင်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​အ​ဖ​သည် တောင်း​လျှောက်​သော​သူ​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို​သာ​၍​ပေး​တော်​မူ​မည်​မ​ဟုတ် လော'' ဟု​မိန့်​တော်​မူ​၏။
၁၃သင် တို့သည် အဆိုး ဖြစ် လျက်ပင် ကိုယ် သား တို့အား ကောင်း သောအရာ ကို ပေး တတ်လျှင်၊ ထိုမျှမက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို့အဘ သည် ဆုတောင်း သောသူ တို့အား သန့်ရှင်း သောဝိညာဉ် တော်ကို သာ၍ပေး တော်မူမည် မဟုတ်လော ဟု မိန့်တော်မူ၏။
14 ၁၄ သ​ခင်​ယေ​ရှု​သည်​ဆွံ့​အ​သော​နတ်​မိစ္ဆာ​ကို နှင်​ထုတ်​တော်​မူ​၍​နတ်​မိစ္ဆာ​ထွက်​သွား​သည် နောက်​ဆွံ့​အ​သော​သူ​သည်​စ​ကား​ပြော လေ​၏။ လူ​ပ​ရိ​သတ်​တို့​သည်​များ​စွာ​အံ့​သြ ကြ​၏။-
၁၄တရံရောအခါ စကားအ သောနတ်ဆိုး ကို နှင်ထုတ် တော်မူ၍ ၊ နတ်ဆိုး ထွက် သည်နောက် အ သောသူ သည် စကား ပြော၏။ အစုအဝေး တို့သည်လည်း အံ့ဩ ကြ၏။
15 ၁၅ သို့​ရာ​တွင်​လူ​အ​ချို့​က ``ကိုယ်​တော်​သည်​နတ် မိစ္ဆာ​ဘု​ရင်​ဗေလ​ဇေ​ဗုလ​ကို​အ​မှီ​ပြု​၍​နတ် မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်'' ဟု​ဆို​ကြ​၏။
၁၅အချို့ တို့က ဤသူသည် နတ်ဆိုး မင်း ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်ဟု ဆို ကြ၏။
16 ၁၆ အ​ချို့​က​ကိုယ်​တော်​အား​ပ​ရိ​ယာယ်​ဆင် ၍ ``ကောင်း​ကင်​မှ​နိ​မိတ်​လက္ခ​ဏာ​တစ်​ရပ် ကို​ပြ​တော်​မူ​ပါ'' ဟု​တောင်း​ခံ​ကြ​၏။-
၁၆အချို့ တို့သည်လည်း ၊စုံစမ်း နှောက်ယှက်ခြင်းငှာမိုဃ်း ကောင်းကင်က ဖြစ်သော နိမိတ် လက္ခဏာကို တောင်း ကြ၏။
17 ၁၇ ကိုယ်​တော်​သည်​ထို​သူ​တို့​၏​အ​ကြံ​အ​စည်​ကို သိ​တော်​မူ​သ​ဖြင့် ``တိုင်း​နိုင်​ငံ​တစ်​ခု​တွင်​လူ တို့​စိတ်​ဝမ်း​ကွဲ​ပြား​လျက်​နေ​လျှင် ထို​နိုင်​ငံ​သည် မ​ကြာ​မီ​ပျက်​စီး​မည်​သာ​ဖြစ်​၏။ အိမ်​ထောင်​တစ် ခု​တွင်​အိမ်​သူ​အိမ်​သား​တို့​စိတ်​ဝမ်း​ကွဲ​ပြား လျက်​နေ​လျှင် ထို​အိမ်​ထောင်​သည်​ပျက်​စီး မည်​သာ​ဖြစ်​၏။-
၁၇ထို သူ တို့၏စိတ် ကို သိ တော်မူသည်ဖြစ်၍ ၊ တိုင်း နိုင်ငံမည်သည်ကား၊ မိမိ နှင့်မသင့်မတင့် ကွဲပြား လျှင် ပျက်စီး ခြင်းသို့ရောက်လိမ့်မည်၊ အိမ် မည်သည်ကား ၊ မိမိနှင့်မသင့်မတင့် ကွဲပြားလျှင်လဲ လိမ့်မည်။
18 ၁၈ ထို့​ကြောင့်​စာ​တန်​၏​နိုင်​ငံ​တွင်​စိတ်​ဝမ်း​ကွဲ​ပြား မှု​ရှိ​လျှင် အ​ဘယ်​သို့​လျှင်​ရပ်​တည်​နိုင်​မည်​နည်း။ ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ​ပြု​၍ နတ်​မိစ္ဆာ များ​ကို​နှင်​ထုတ်​သည်​ဟု​သင်​တို့​ဆို​ကြ​၏။-
၁၈ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကိုနှင်ထုတ် သည်ဟု သင်တို့ဆို သည်အတိုင်း ၊ စာတန် သည် မိမိ နှင့် မသင်မတင့် ကွဲပြား လျှင် သူ ၏နိုင်ငံ သည် အဘယ်သို့ တည် နိုင်မည်နည်း။
19 ၁၉ အ​ကယ်​၍​ငါ​သည်​ဗေ​လ​ဇေ​ဗု​လ​ကို​အ​မှီ ပြု​၍​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည်​ဆို​ပါ​မူ သင်​တို့​၏​တ​ပည့်​များ​ကား​မည်​သူ​ကို​အ​မှီ ပြု​၍ နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ကြ​သ​နည်း။ ထို​သူ​တို့​က​ပင်​လျှင်​သင်​တို့​မှား​ကြောင်း သက်​သေ​ထူ​ကြ​၏။-
၁၉ငါ သည် ဗေလဇေဗုလ ကို အမှီပြု ၍ နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ သင် တို့၏သား တို့သည် အဘယ်သူ ကိုအမှီပြု ၍ နှင်ထုတ် ကြသနည်း။ထိုကြောင့် သူ တို့သည်သင် တို့အားတရား စီရင်သောသူဖြစ် ကြ လိမ့်မည်။
20 ၂၀ သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး တော်​အား​ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​သည် ဖြစ်​သော​ကြောင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော် သည်​သင်​တို့​တွင်​တည်​လျက်​ရှိ​လေ​ပြီ။''
၂၀ငါ သည် ဘုရားသခင် ၏ လက်ညှိုး တော်အားဖြင့် နတ်ဆိုး တို့ကို နှင်ထုတ် သည်မှန်လျှင် ၊ အကယ်စင်စစ် သင် တို့၌ ဘုရားသခင် ၏နိုင်ငံ တော်တည်ချိန်ရောက် လေပြီ။
21 ၂၁ ``ခွန်​အား​ကြီး​သူ​သည်​လက်​နက်​စုံ​နှင့် မိ​မိ အိမ်​ကို​စောင့်​ကြပ်​နေ​သော​အ​ခါ သူ​၏​ဥစ္စာ ပစ္စည်း​များ​သည်​လုံ​ခြုံ​မှု​ရှိ​၏။-
၂၁သူရဲ သည် လက်နက်စုံ နှင့် မိမိ အိမ်ဦး ၌ စောင့် နေစဉ်အခါ သူ ၏ဥစ္စာ သည် လုံခြုံ စွာရှိ ၏။
22 ၂၂ သို့​ရာ​တွင်​ထို​သူ​ထက်​ခွန်​အား​ကြီး​သူ​သည် ရောက်​လာ​၍ သူ့​ကို​တိုက်​ခိုက်​အောင်​မြင်​သော အ​ခါ သူ​အား​ကိုး​အား​ထား​ပြု​သည့်​လက် နက်​များ​ကို​သိမ်း​ယူ​သွား​လိမ့်​မည်။ တိုက်​ခိုက် ၍​ရ​ရှိ​သော​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း​ခွဲ ဝေ​လိမ့်​မည်။''
၂၂သူ့ ထက် တတ်စွမ်း နိုင်သောသူသည်လာ ၍ သူ့ ကိုအောင် ပြီးမှ၊ သူကိုးစား သော လက်နက်စုံ ကို သိမ်းယူ ၍ ဥစ္စာပရိကံ များကို ခွဲဝေ လိမ့်မည်။
23 ၂၃ ``ငါ့​ဘက်​မှာ​မ​နေ​သူ​သည်​ငါ့​ကို​ဆန့်​ကျင် သူ​ဖြစ်​၏။ ငါ​နှင့်​အ​တူ​မ​စု​မ​သိမ်း​သူ​သည် ကြဲ​ဖြန့်​သူ​ဖြစ်​၏။''
၂၃ငါ့ ဘက်၌ မ နေ သောသူ သည် ငါ့ ရန်ဘက် ဖြစ် ၏။ ငါ နှင့်အတူ မ စု မသိမ်းသောသူ သည် ကြဲဖြန့် သောသူ ဖြစ်၏။
24 ၂၄ ``ညစ်​ညမ်း​သော​နတ်​သည်​လူ​ထဲ​က​ထွက်​သည့် အ​ခါ​ခြောက်​သွေ့​ရာ​အ​ရပ်​သို့​လှည့်​လည်​၍ နား​စ​ရာ​နေ​ရာ​ကို​ရှာ​တတ်​၏။ ရှာ​မ​တွေ့ လျှင် `ငါ​ယ​ခင်​နေ​ခဲ့​သည့်​နေ​ရာ​သို့​ပင် ပြန်​ပါ​အံ့' ဟု​ဆို​၏။-
၂၄ညစ်ညူး သောနတ် သည် လူ ထဲက ထွက် လျှင် ၊ ခြောက်ကပ် သောအရပ် တို့၌ လည် ၍ ငြိမ်သက် ခြင်းကို ရှာ တတ်၏။ မ တွေ့ လျှင် ၊ ငါသည်ထွက်ခဲ့ သော နေမြဲအိမ် သို့ ပြန် ရဦးမည်ဟုဆို ၍ ၊
25 ၂၅ သို့​ဖြစ်​၍​သူ​သည်​ထို​နေ​ရာ​သို့​ပြန်​သွား သော​အ​ခါ သပ်​ရပ်​စွာ​လှဲ​ကျင်း​ထား​သည် ကို​တွေ့​သော်၊-
၂၅ရောက် သောအခါ ၊ ထိုအိမ်သည် သုတ်သင် ပြင်ဆင် လျက်ရှိသည်ကို တွေ့ သော်၊
26 ၂၆ မိ​မိ​ထက်​ညစ်​ညမ်း​သော​နတ်​ခု​နစ်​ဦး​ကို​ခေါ် ခဲ့​ပြီး​လျှင်​ထို​နေ​ရာ​တွင်​နေ​လေ​၏။ သို့​ဖြစ် ၍​နတ်​ပူး​ဝင်​သူ​၏​နောက်​ဆုံး​ဖြစ်​အင်​သည် ပ​ထ​မ​ဖြစ်​အင်​ထက်​ဆိုး​လေ​၏'' ဟု​မိန့် တော်​မူ​၏။
၂၆မိမိ ထက်သာ၍ညစ်ညူး သောနတ်ဆိုး ခုနစ် ယောက်ကို ခေါ် ပြီးလျှင် ထို လူထဲသို့ဝင် ၍ နေ ကြ၏၊ ထို လူ ၏နောက် ဖြစ် ဟန်သည် ရှေ့ ဖြစ်ဟန်ထက်သာ၍ဆိုး သည် ဟု မိန့်တော်မူ၏။
27 ၂၇ သ​ခင်​ယေ​ရှု​သည်​ဤ​သို့​မိန့်​တော်​မူ​ပြီး သော​အ​ခါ လူ​ပ​ရိ​သတ်​ထဲ​က​အ​မျိုး​သမီး တစ်​ယောက်​သည် ``အ​ရှင့်​ကို​မွေး​၍​နို့​တိုက် ရ​သော​အ​မျိုး​သမီး​သည်​မင်္ဂ​လာ​ရှိ​ပါ​၏'' ဟု​လျှောက်​၏။
၂၇ထိုသို့ မိန့် တော်မူစဉ် တွင်မိန်းမ တစ် ယောက်သည် လူအစုအဝေး ထဲက ခေါ် ၍ ကိုယ်တော် ကို လွယ် သော ဝမ်း နှင့် စို့ တော်မူသောသားမြတ် သည်မင်္ဂလာ ရှိပါ၏ဟု လျှောက် လျှင်၊
28 ၂၈ သို့​ရာ​တွင်​ကိုယ်​တော်​က ``ဘု​ရား​သ​ခင်​၏ နှုတ်​က​ပတ်​တော်​ကို​ကြား​၍​လိုက်​နာ​သူ​သည် မင်္ဂ​လာ​ရှိ​၏​ဟု​ဆို​လျှင်​ပို​၍​သင့်​မြတ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။
၂၈ကိုယ်တော် က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို နာ ၍ ကျင့်စောင့် သောသူ သည်မြတ်စွာ သော မင်္ဂလာ ရှိသည် ဟု မိန့် တော်မူ၏။
29 ၂၉ လူ​ပ​ရိ​သတ်​တို့​သည်​စု​ရုံး​လျက်​နေ​ကြ​စဉ် ကိုယ်​တော်​က ``ယ​ခု​ခေတ်​လူ​တို့​သည်​အ​လွန် ဆိုး​ညစ်​လှ​ပါ​သည်​တ​ကား။ သူ​တို့​သည်​နိ​မိတ် လက္ခ​ဏာ​ကို​တောင်း​ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န ၏​နိ​မိတ်​လက္ခ​ဏာ​မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ် လက္ခ​ဏာ​ကို​မျှ​သူ​တို့​အား​ပြ​လိမ့်​မည်​မ​ဟုတ်။-
၂၉လူ အစုအဝေးတို့သည် ထူထပ် လျက်ရှိကြသောအခါ ကိုယ်တော်က၊ ဤ လူမျိုး သည် ဆိုးညစ် သောအမျိုး ဖြစ် ၏။ နိမိတ် လက္ခဏာကို တောင်း သည်မှာ ပရောဖက်ယောန ၏ နိမိတ် လက္ခဏာမှတစ်ပါး အဘယ် လက္ခဏာ ကိုမျှ သူ တို့အားမပြ ရာ။
30 ၃၀ နိ​နေ​ဝေ​မြို့​သား​တို့​အ​တွက်​ယော​န​သည် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​သ​ကဲ့​သို့​ဤ​ခေတ်​လူ​တို့ အ​တွက်​လူ​သား​သည်​လည်း​နိ​မိတ်​လက္ခ​ဏာ ဖြစ်​ပေ​အံ့။-
၃၀ယောန သည် နိနေဝေ မြို့သားတို့အား နိမိတ် လက္ခဏာဖြစ် သကဲ့သို့ လူ သား သည် ဤ လူမျိုး အား ဖြစ် လိမ့်မည်။
31 ၃၁ ရှေ​ဘ​ပြည်​က​ဘု​ရင်​မ​သည်​ဉာဏ်​ပ​ညာ​ရှင် ရှော​လ​မုန်​မင်း​ကြီး​၏​စ​ကား​ကို​ကြား​နာ​ရ အောင်​ဝေး​လံ​ရပ်​ခြား​တိုင်း​တစ်​ပါး​မှ​လာ ရောက်​ခဲ့​၏။ ယ​ခု​အ​ခါ​၌​မူ​ရှော​လ​မုန်​ထက် ကြီး​မြတ်​သည့်​အ​ရာ​ရောက်​ရှိ​နေ​လေ​ပြီ။ သို့ ဖြစ်​၍​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​တွင်​ရှေ​ဘ ပြည်​ဘု​ရင်​မ​သည်​ထ​၍​ထို​သူ​တို့​အား​ပြစ် တင်​စွပ်​စွဲ​လိမ့်​မည်။-
၃၁တရားဆုံးဖြတ် တော်မူသောအခါ တောင် ပြည်ကို အစိုးရသောမိဖုရား သည် ဤ လူမျိုး တစ်ဘက်၌ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ။ ထိုမိဖုရားသည် ရှောလမုန် မင်းကြီး၏ ပညာ စကားကို နားထောင် ခြင်းငှာမြေကြီး စွန်း မှ လာ ၏။ဤ အရပ်၌ ကား၊ ရှောလမုန် ထက် သာ၍ကြီးမြတ်သောသူရှိ၏။
32 ၃၂ နိ​နေ​ဝေ​မြို့​သား​တို့​သည်​ယော​န​ဟော​ပြော သွန်​သင်​ချက်​ကြောင့်​နောင်​တ​ရ​ခဲ့​ကြ​၏။ ယ​ခု မှာ​မူ​ယော​န​ထက်​ကြီး​မြတ်​သည့်​အ​ရာ​ရောက် ရှိ​နေ​လေ​ပြီ။ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​၌ နိ​နေ​ဝေ​မြို့​သား​တို့​သည်​ထ​၍​ဤ​လူ​တို့ အား​ပြစ်​တင်​စွပ်​စွဲ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
၃၂တရားဆုံးဖြတ် တော်မူသောအခါ နိနေဝေ မြို့သားတို့သည် ဤ လူမျိုး တစ်ဘက်၌ထ ၍ အရှုံးခံ စေလတံ့။ အကြောင်းမူကား ၊ ထိုသူတို့သည် ယောန ဟောပြော သော စကားကြောင့် နောင်တရ ကြ၏။
33 ၃၃ လူ​တို့​သည် ``ဆီ​မီး​ကို​ထွန်း​ညှိ​၍​ဖုံး​ကွယ်​ထား လေ့​မ​ရှိ။ တောင်း​ဖြင့်​လည်း​အုပ်​ထား​လေ့​မ​ရှိ။ အိမ်​ထဲ​သို့​ဝင်​လာ​သူ​များ​အ​လင်း​ရ​စေ​ရန် မီး​တင်​ခုံ​ပေါ်​မှာ​တင်​ထား​လေ့​ရှိ​၏။-
၃၃ဤ အရပ်၌ကား ယောန ထက် သာ၍ကြီးမြတ်သောသူရှိ၏။ ဆီမီး ထွန်း ၍ ကွယ်ရာ ၌ ဖုံးထား လေ့မ ရှိ။ တောင်း ဇလားအောက် ၌လည်း ထားလေ့မ ရှိ။ ဝင်လာ သောသူ သည် အလင်း ကိုရ စေခြင်းငှာ ဆီမီးခုံ အပေါ်မှာ တင်ထားလေ့ရှိ၏။
34 ၃၄ မျက်​စိ​သည်​ကိုယ်​ခန္ဓာ​အ​တွက်​ဆီ​မီး​သ​ဖွယ်​ဖြစ် ၏။ မျက်​စိ​ကောင်း​လျှင်​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု လုံး​လင်း​လိမ့်​မည်။ မျက်စိ​မ​ကောင်း​လျှင်​မူ​ကား သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည်​မှောင်​လျက် နေ​လိမ့်​မည်။-
၃၄ကိုယ် ၏ဆီမီး ကား၊ မျက်စိ တည်း။ ထိုကြောင့် မျက်စိ ကြည်လင် သောအခါ တကိုယ်လုံး လင်း လိမ့်မည်။ မျက်စိမြှေးရှက် သောအခါ တကိုယ်လုံး မိုက် လိမ့်မည်။
35 ၃၅ သို့​ဖြစ်​၍​သင်​တို့​တွင်​ရှိ​သည့်​အ​လင်း​သည် အ​မှောင်​မ​ဖြစ်​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-
၃၅ကိုယ် ၌ ရှိသောအလင်း ကို မှောင်မိုက် မ ဖြစ် စေခြင်းငှာသတိပြု လော့။
36 ၃၆ အ​ကယ်​၍​သင်​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သည် မှောင်​ကွက်​လုံး​ဝ​မ​ရှိ​ဘဲ​လင်း​လျက်​နေ​လျှင် ဆီ​မီး​သည်​တောက်​ပ​သော​အ​လင်း​ဖြင့်​သင့် အ​ပေါ်​၌​ထွန်း​လင်း​သ​ကဲ့​သို့ သင်​တို့​ကိုယ် ခန္ဓာ​တစ်​ခု​လုံး​သည်​အ​လင်း​နှင့်​ပြည့်​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
၃၆အင်္ဂါ တစ်ခု မျှမ မိုက် ဘဲ တစ်ကိုယ်လုံး လင်း လျှင် ၊ ဆီမီး ၏အရောင် နှင့် လင်း စေသကဲ့သို့ လုံးလုံး လင်း လျက် ရှိ လိမ့်မည် ဟု မိန့် တော်မူ၏။
37 ၃၇ ထို​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ပြီး​သော​အ​ခါ ဖာ​ရိ​ရှဲ​တစ်​ယောက်​သည်​ကိုယ်​တော်​အား​ည စာ​သုံး​ဆောင်​တော်​မူ​ရန်​ပင့်​ဖိတ်​၏။-
၃၇ထိုသို့ မိန့် တော်မူစဉ် တွင်ဖာရိရှဲ တစ်ယောက်သည် အစာ ကိုသုံးဆောင်တော်မူစေခြင်းငှာ ကိုယ်တော် ကို ခေါ်ပင့် လျှင်၊ သူ၏အိမ် သို့ကြွ၍ စားပွဲ ၌ လျောင်းတော်မူ၏။
38 ၃၈ ကိုယ်​တော်​သည်​ထို​သူ​၏​အိမ်​သို့​ကြွ​၍​စား​ပွဲ တွင်​ထိုင်​တော်​မူ​၏။ ဤ​သို့​အ​စား​အ​စာ​မ​သုံး ဆောင်​မီ​ကိုယ်​တော်​သည်​ဆေး​ကြော​ခြင်း​ပြု တော်​မ​မူ​သည်​ကို​ထို​ဖာ​ရိ​ရှဲ​မြင်​သော​အ​ခါ အံ့​သြ​လေ​၏။-
၃၈အစာ ကိုမ စားမှီ ဆေး ခြင်းကို ပြုတော်မ မူသည်ကို ဖာရိရှဲ သည်မြင် လျှင် အံ့ဩ လေ၏။
39 ၃၉ သ​ခင်​ဘု​ရား​က ``သင်​တို့​ဖာရိရှဲ​များ​သည်​ပန်း ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ်​အောင် ဆေး​ကြော​ကြ​သော်​လည်း​သင်​တို့​၏​စိတ်​အ​တွင်း မှာ​ကား​အ​ကြမ်း​ဖက်​မှု၊ ဆိုး​ညစ်​မှု​တို့​ဖြင့်​ပြည့် လျက်​နေ​၏။-
၃၉သခင် ဘုရားကလည်း ၊ ဖာရိရှဲ ဖြစ်သော သင် တို့သည် ဖလား ၊ လင်ပန်း ကိုအပြင် ၌ ဆေးကြော ကြ၏။ အတွင်း ၌ကား လုယူ ခြင်း၊ ဆိုးညစ် ခြင်းနှင့် ပြည့် လျက်ရှိ၏။
40 ၄၀ အ​ချင်း​လူ​မိုက်​တို့၊ ပြင်​ပ​သဏ္ဌာန်​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ရှင်​သည် အ​တွင်း​သဏ္ဌာန်​ကို လည်း​ဖန်​ဆင်း​တော်​မူ​သည်​မ​ဟုတ်​လော။-
၄၀လူမိုက် တို့၊ အပြင် ကို ဖန်ဆင်း သောသူ သည် အတွင်း ကိုလည်း ဖန်ဆင်း တော်မူသည်မဟုတ် လော။
41 ၄၁ သို့​ရာ​တွင်​သင်​တို့​၏​ပန်း​ကန်​ခွက်​ယောက် များ​တွင်​ရှိ​သည့်​အ​ရာ​များ​ကို​ဆင်း​ရဲ​သူ များ​အား​ပေး​ကမ်း​ကြ​လော့။ သို့​ပြု​လျှင် အ​ရာ​ခပ်​သိမ်း​တို့​သည်​သင်​တို့​အ​တွက်​သန့် စင်​လိမ့်​မည်။''
၄၁သာ၍ကောင်းသောနည်းမူကား၊ တတ်နိုင် သမျှအတိုင်း ဆင်းရဲသားတို့အား စွန့်ကြဲ ကြလော့။ သို့ပြုလျှင် ခပ်သိမ်း သောအရာတို့သည် သင် တို့အားသန့်ရှင်း ကြလိမ့်မည်။
42 ၄၂ ``ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည်​ပင်​စိမ်း​ရွက်၊ လူ​ရွက်​နှင့်​အ​ခြား ဆေး​ဖက်​ဝင်​အ​ရွက်​အ​မျိုး​မျိုး​ကို​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ မှု​နှင့်​ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို လျစ်​လူ​ရှု​ကြ​သည်။ သင်​တို့​သည်​ဆယ်​ဖို့ တစ်​ဖို့​ပေး​လှူ​ခြင်း​ကို​တ​ရား​မျှ​တ​မှု​နှင့် ဘု​ရား​သ​ခင်​အား​ကြည်​ညို​မှု​တို့​ကို​ပါ ကျင့်​သုံး​သင့်​၏။''
၄၂ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပင်စိမ်း ရွက်၊ လျူ ရွက်မျိုးမှစ၍ မြက်ပင် အမျိုးမျိုး ကို ဆယ်ဘို့တဘို့ လှူကြသည်တွင်၊ တရား သဖြင့်စီရင်ခြင်း၊ ဘုရားသခင် ကိုချစ် ခြင်းအမှုကိုကား လှပ် ၍ ထားကြ၏။ အရင်ဆိုသောအရာတို့ကိုမ လှပ် မထား၊ နောက်ဆိုသောအရာတို့ကိုကျင့် ရ မည်။
43 ၄၃ ``အ​ချင်း​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​တ​ရား​ဇ​ရပ်​များ​တွင် မြင့်​မြတ်​သော​နေ​ရာ​များ​ကို​လည်း​ကောင်း၊ စျေး​ရပ်​ကွက်​တွင်​လူ​တို့​အ​လေး​ပြု​ခြင်း ကို​လည်း​ကောင်း​နှစ်​သက်​ကြ​၏။-
၄၃ဖာရိရှဲ တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ တရားစရပ် ၌ မြင့်မြတ် သောနေရာ ထိုင်ရာကို၎င်း ၊ ဈေး ၌ ရိုသေစွာနှုတ်ဆက် ခြင်းကို၎င်း နှစ်သက် ကြ၏။
44 ၄၄ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် အ​မှတ်​အ​သား​မ​ရှိ​သည့်​သင်္ချိုင်း​တွင်း​များ​နှင့် တူ​၏။ လူ​တို့​သည်​ထို​တွင်း​များ​အ​ပေါ်​မှာ လျှောက်​၍​သွား​ကြ​သော​အ​ခါ​သင်္ချိုင်း​တွင်း ဖြစ်​မှန်း​ကို​မ​သိ​ကြ'' ဟု​မိန့်​တော်​မူ​၏။
၄၄သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ မ ထင်ရှားသော သင်္ချိုင်း တွင်းနှင့်တူကြ၏။ ထိုတွင်းအပေါ်မှာသွားလာ သောသူ တို့သည် သင်္ချိုင်းတွင်းရှိမှန်းကိုမျှ မ သိ ကြ ဟု မိန့် တော်မူ၏။
45 ၄၅ ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက်​က ``ဆ​ရာ​တော်၊ အ​ရှင်​ဤ​သို့​မိန့်​တော်​မူ​သည်​မှာ​အ​ကျွန်ုပ် တို့​ကို​လည်း​စော်​ကား​ရာ​ရောက်​ပါ​သည်'' ဟု လျှောက်​၏။
၄၅ကျမ်းတတ် တစ် ယောက်ကလည်း ၊ အရှင် ဘုရား ထိုသို့ ဆို လျှင် အကျွန်ုပ် တို့ကိုပင် ကဲ့ရဲ့ အပြစ်တင်တော်မူ၏ဟု လျှောက် သော်၊
46 ၄၆ ကိုယ်​တော်​က ``အ​ချင်း​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​လည်း​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ အ​ထမ်း ရ​ခက်​သည့်​ဝန်​ထုပ်​များ​ကို​သင်​တို့​သည်​လူ များ​အား​ထမ်း​စေ​ကြ​လျက်​သင်​တို့​ကိုယ်​တိုင် မူ​ကား​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့်​မျှ မ​တို့​ကြ။-
၄၆ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထမ်း ခဲသောဝန် ကိုသူတစ်ပါးအပေါ်မှာတင် တတ်၏။
47 ၄၇ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​၏ ဘိုး​ဘေး​များ​က​သတ်​သော​ပ​ရော​ဖက်​များ အ​တွက်​သင်​တို့​က​ဂူ​များ​တည်​ဆောက်​ပေး ကြ​၏။-
၄၇ကိုယ် လက်ဖျား နှင့်မျှမ တို့ ကြ။ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပရောဖက် တို့၏ သင်္ချိုင်း များကိုတည်လုပ် ၍၊ သင် တို့၏ ဘိုးဘေး များသည် သူ တို့ကိုသတ် ကြ၏။
48 ၄၈ ဤ​သို့​လျှင်​သင်​တို့​၏​ဘိုး​ဘေး​များ​ကူး​လွန် ခဲ့​သည့်​အ​မှု​များ​တွင် သင်​တို့​အ​လို​တူ​အ​လို ပါ​ဖြစ်​ကြ​၏။ သင်​တို့​၏​ဘိုးဘေး​များ​သည် ပ​ရော​ဖက်​များ​ကို​သတ်​၍ သင်​တို့​က​သင်္ချိုင်း များ​ကို​တည်​ဆောက်​ပေး​ကြ​၏။-
၄၈အကယ်စင်စစ် သင် တို့သည် ဘိုးဘေး တို့၏ အပြုအမူ ကိုလက်ခံ ကြ၏။ ဘိုးဘေး တို့သည် ပရောဖက် များကို သတ် ကြပြီ။ သင် တို့မူကား ၊ သင်္ချိုင်းတို့ကို တည်လုပ်ကြ၏။
49 ၄၉ သို့​ဖြစ်​ခြင်း​ကြောင့်​ဘု​ရား​သ​ခင်​သည်​ရွှေ ဉာဏ်​တော်​ဖြင့်`ဤ​လူ​များ​ထဲ​သို့​ပ​ရော​ဖက် များ၊ စေ​တ​မန်​များ​ကို​ငါ​စေ​လွှတ်​မည်။ ထို ပ​ရော​ဖက်​များ၊ စေ​တ​မန်​များ​အ​နက်​အ​ချို့ ကို​သူ​တို့​ညှဉ်း​ဆဲ​၍​အ​ချို့​ကို​သတ်​ကြ​လိမ့် မည်' ဟု​မိန့်​တော်​မူ​၏။-
၄၉ထိုကြောင့် ၊ ဘုရားသခင် ၏ ဉာဏ် စီရင်တော်မူသည်ကား၊ ပရောဖက် ၊ တမန်တော် တို့ကို သူ တို့ရှိရာ သို့ ငါစေလွှတ် မည်။ သူတို့သည် ထိုပရောဖက်၊ တမန်တော်အချို့တို့ကို ညှဉ်းဆဲ ကြလိမ့်မည်။ အချို့တို့ကို သတ် ကြ လိမ့်မည်။
50 ၅၀ သို့​ဖြစ်​၍​အာ​ဗေ​လ​မှ​သည်​ဗိ​မာန်​တော် အ​တွင်း​ပိုင်း​နှင့်​ယဇ်​ပလ္လင်​အ​ကြား​မှာ အ​သတ် ခံ​ခဲ့​ရ​သည့်​ပ​ရော​ဖက်​ဇာ​ခ​ရိ​အ​ထိ၊ ကမ္ဘာ တည်​ချိန်​မှ​စ​၍​အ​သတ်​ခံ​ခဲ့​ရ​သော​ပ​ရော ဖက်​များ​၏​အ​သွေး​ကြောင့် ဤ​ခေတ်​လူ​တို့ သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​ကြ လိမ့်​မည်။ ထို​အ​မှု​အား​လုံး​အ​တွက် ဤ​ခေတ် လူ​တို့​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ ကြ​လိမ့်​မည်​ဟု​ငါ​အ​မှန်​ဆို​၏။
၅၀ထိုကြောင့်၊ အာဗေလ ၏ အသွေး မှစ၍ ၊ ယဇ်ပလ္လင် နှင့် အိမ် တော်၏အကြား ၌ သတ်ခဲ့ပြီးသော ဇာခရိ ၏အသွေး တိုင်အောင် ကမ္ဘာ ဦး မှစ၍ သွန်း ပြီးသော ပရောဖက် အပေါင်း တို့၏အသွေး ကြောင့် ယခု ဖြစ်သောလူ တို့သည် စစ်ကြော ခြင်းကို ခံရကြမည်။
51 ၅၁
၅၁ငါအမှန် ဆို သည်ကား၊ ယခု ဖြစ်သောလူ တို့သည် ထိုစစ်ကြော ခြင်းကိုခံရကြမည်။
52 ၅၂ ``ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ ရှိ​ကြ​၏။ သင်​တို့​သည်​အ​သိ​ပ​ညာ​ဗိ​မာန် တံ​ခါး​သော့​ကို​သိမ်း​ထား​ပြီး​လျှင်​ကိုယ်​တိုင် လည်း​မ​ဝင်၊ ဝင်​လို​သူ​များ​ကို​လည်း​ဆီး​တား ကြ​၏'' ဟု​မိန့်​တော်​မူ​၏။
၅၂ကျမ်းတတ် တို့၊ သင် တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ပညာ ဖွင့်သော သော့ ကို သိမ်းထား ကြပြီ။ မိမိ တို့လည်းမ ဝင် ၊ ဝင် လိုသောသူ တို့ကိုလည်း ဆီးတား ကြသည် ဟု မိန့် တော်မူ၏။
53 ၅၃ ထို​အ​ရပ်​မှ​ကိုယ်​တော်​ထွက်​ကြွ​တော်​မူ​သော အ​ခါ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ဖာ​ရိ​ရှဲ​များ သည် ကိုယ်​တော်​အား​ပြင်း​ထန်​စွာ​ဝေ​ဖန်​မှု​ကို စ​တင်​ပြု​လုပ်​လာ​ကြ​၏။-
၅၃ထိုသို့ ပရိသတ် တို့အား မိန့်တော်မူစဉ်တွင် ကျမ်းပြု ဆရာနှင့် ဖာရိရှဲ တို့သည် ကိုယ်တော် ၌အပြစ်တင် ခွင့်ကို ရမည်အကြောင်း၊
54 ၅၄ နှုတ်​တော်​ထွက်​စ​ကား​တွင်​အ​မှား​ရှာ​ရန် များ​စွာ​သော​အ​ကြောင်း​အ​ရာ​တို့​ကို​မေး မြန်း​ကြ​၏။
၅၄ချောင်းမြောင်း လျက် စကား တော်ကိုဘမ်း ခြင်းငှာရှာကြံလျက်၊ ကျပ်ကျပ်တိုက်တွန်း၍ အရာရာ တို့၌ မေးစစ် ကြ၏။

< လုကာ 11 >