< ဝတ်ပြုရာ 1 >

1 ထာ​ဝ​ရ​ဘု​ရား​သည် စံ​တော်​မူ​ရာ​တဲ​တော် ထဲ​မှ​မော​ရှေ​ကို​ဆင့်​ခေါ်​၍ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ယဇ်​ပူ​ဇော်​ရာ​တွင်​လိုက်​နာ​ရန် အောက် ဖော်​ပြ​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး တော်​မူ​သည်။ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တိ​ရစ္ဆာန်​ကို​ယဇ် ပူ​ဇော်​သည့်​အ​ခါ မိ​မိ​နွား​အုပ်​ထဲ​မှ​ဖြစ်​စေ၊ သိုး​အုပ်​သို့​မ​ဟုတ်​ဆိတ်​အုပ်​ထဲ​မှ​ဖြစ်​စေ တိ​ရစ္ဆာန်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-
ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွင်လျက် မောရှေကို ခေါ်တော်မူ၍၊
2
သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကို ဆောင်ခဲ့၍ ဆက်ရမည်။
3 နွား​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​မည်​ဆို​လျှင် ထို​နွား​၌​အ​ပြစ်​အ​နာ​မ​ရှိ​စေ​ရ။ ထာ​ဝ​ရ ဘု​ရား​သည်​ထို​သူ​ကို​နှစ်​သက်​လက်​ခံ​ရန်​သူ သည်​နွား​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
နွားကို မီးရှို့ရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးအနားမှာ ဆက်ရမည်။
4 သူ​သည်​နွား​၏​ဦး​ခေါင်း​ပေါ်​တွင် မိ​မိ​လက်​ကို တင်​သ​ဖြင့် နွား​ကို​သူ​၏​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​လက်​ခံ​တော်​မူ​မည်။-
ပူဇော်သော နွား၏ခေါင်းပေါ်မှာ မိမိလက်ကို တင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။
5 သူ​သည်​ထို​နေ​ရာ​တွင်​နွား​ကို​သတ်​၍ အာ​ရုန် ၏​သား​များ​ဖြစ်​ကြ​သော​ယဇ်​ပု​ရော​ဟိတ်​တို့ က​သွေး​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​သ​ပြီး လျှင် တဲ​တော်​တံ​ခါး​ဝ​တွင်​ရှိ​သော​ယဇ်​ပလ္လင် ဘေး​လေး​ဘက်​စ​လုံး​ပေါ်​သို့​ပက်​ဖျန်း​ရ ကြ​မည်။-
ထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေး ကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။
6 ထို​နောက်​သူ​သည်​နွား​ကို​အ​ရေ​ဆုတ်​၍ ခုတ် ဖြတ်​ရ​မည်။-
ပူဇော်သောသူသည် ထိုအကောင်၏ အရေကို ချွတ်၍ အပိုင်းပိုင်း ဖြတ်ရမည်။
7 ယဇ်​ပု​ရော​ဟိတ်​တို့​က​ယဇ်​ပလ္လင်​ပေါ်​တွင် ထင်း​ကို​စီ​ခင်း​၍ မီး​ညှိ​ရ​မည်။-
အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊
8 ထို့​နောက်​အ​သား​တစ်၊ ဦး​ခေါင်း​နှင့်​အ​ဆီ​ကို ထင်း​ပေါ်​တွင်​စီ​တင်​ရ​မည်။-
ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သားတများကို တင်ရမည်။
9 ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို​ရေ​ဆေး ရ​မည်။ ထို့​နောက်​တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ် သည် တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​ကို​ပလ္လင်​ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့ ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။
ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တ ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
10 ၁၀ ထို​သူ​သည်​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို​ယဇ်​ပူ ဇော်​လို​လျှင် ထို​ယဇ်​ကောင်​သည်​အ​ပြစ်​အ​နာ ကင်း​သည့်​သိုး​ထီး​ဆိတ်​ထီး​ဖြစ်​ရ​မည်။-
၁၀သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊
11 ၁၁ သူ​သည်​ယဇ်​ကောင်​ကို​ယဇ်​ပလ္လင်​၏​မြောက်​ဘက် တွင်​သတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​များ​သည်​ယဇ် ကောင်​၏​သွေး​ကို ပလ္လင်​ဘေး​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-
၁၁ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင် မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
12 ၁၂ သူ​သည်​ယဇ်​ကောင်​ကို​ခုတ်​ဖြတ်​ပြီး​နောက် တာ​ဝန် ကျ​ယဇ်​ပု​ရော​ဟိတ်​သည်​အ​သား​တစ်၊ ဦး​ခေါင်း နှင့်​အ​ဆီ​ကို​ထင်း​မီး​ပေါ်​တွင်​တင်​ရ​မည်။-
၁၂ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ်၍ ခေါင်းနှင့်ဆီဥကို စုထားပြီးလျှင် ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ ရှိသော ထင်းမီးအပေါ်မှာ ခင်းရမည်။
13 ၁၃ သူ​သည်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို ရေ​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​တစ်​ကောင် လုံး​ကို​ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။
၁၃ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင် ဆေးရမည်။ ယဇ်ပုရောဟိတ်သည် တကောင် လုံးကို ဆောင်ခဲ့၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
14 ၁၄ တစ်​စုံ​တစ်​ယောက်​သည်​ငှက်​ကို​ယဇ်​ပူ​ဇော် လို​လျှင် ငှက်​သည်​ချိုး​ငှက်​သို့​မ​ဟုတ်​ခို​ဖြစ် ရ​မည်။-
၁၄ထာဝရဘုရားအား ငှက်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ ဆက်ရမည်။
15 ၁၅ ယဇ်​ပု​ရော​ဟိတ်​သည်​ငှက်​ကို​ပလ္လင်​သို့​ယူ​ဆောင် ခဲ့​၍ လည်​ပင်း​ကို​လိမ်​ချိုး​ပြီး​လျှင် ငှက်​ဦး​ခေါင်း ကို​ပလ္လင်​တွင်​မီး​ရှို့​ရ​မည်။ ငှက်​သွေး​ကို​ပလ္လင် ဘေး​ပေါ်​သို့​ညှစ်​ချ​ရ​မည်။-
၁၅ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်သို့ ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည်။
16 ၁၆ ထို့​နောက်​စ​လုတ်​ရှိ​အ​စာ​နှင့်​တ​ကွ​စ​လုတ် ကို​ထုတ်​၍ ပလ္လင်​အ​ရှေ့​ဘက်​ရှိ​ပြာ​ပုံ​ထဲ​သို့ ပစ်​လိုက်​ရ​မည်။-
၁၆စာလုတ်မှစ၍ စာလုတ်၌ ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင် အရှေ့ဘက်နား၌ ပစ်ထားရမည်။
17 ၁၇ သူ​သည်​အ​တောင်​ပံ​များ​ကို​ကိုင်​၍​ငှက်​ကိုယ် ကို​ဆွဲ​ဖွင့်​ရ​မည်။ သို့​ရာ​တွင်​အ​တောင်​များ​မ ကျွတ်​ထွက်​စေ​ရ။ ထို့​နောက်​တစ်​ကောင်​လုံး​ကို ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။
၁၇အတောင်ပါလျက် ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီး အပေါ်မှာ မီးရှို့ရမည်။ မီးရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။

< ဝတ်ပြုရာ 1 >