< ဝတ်ပြုရာ 8 >

1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
တဖန် ထာဝရဘုရား က၊
2 ``အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို​ငါ​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ်​ဆောင်​ခဲ့​လော့။ ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊ သိက္ခာ​တင်​ဆီ၊ အ​ပြစ်​ဖြေ ရာ​ယဇ်​အ​တွက်​နွား​ပျို​တစ်​ကောင်၊ သိုး​ထီး​နှစ် ကောင်၊ တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​ကို​ယူ​ခဲ့​လော့။-
သင်သည် အာရုန် နှင့် သူ ၏သား များ၊ အဝတ် များ၊ လိမ်း ရန်ဆီ ၊ အပြစ် ဖြေရာ ယဇ်ဘို့ နွား ထီး၊ သိုး ထီးနှစ် ကောင်၊ တဆေး မဲ့ မုန့်တတောင်း ကိုယူ ၍၊
3 ထို့​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​အား​လုံး​ကို ထို​နေ​ရာ​၌​စု​ရုံး​စေ​လော့'' ဟု​မိန့်​တော်​မူ​သည်။
ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့သို့ ပရိသတ် အပေါင်း ကို စည်ဝေး စေလော့ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
4 မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း​ဆောင်​ရွက်​၏။ လူ​တို့​စု​ဝေး ရောက်​ရှိ​လာ​သော​အ​ခါ၊-
မောရှေ ပြု ၍ ၊ ပရိသတ် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာ စည်းဝေး ကြ၏။
5 မော​ရှေ​က​သူ​တို့​အား``ယ​ခု​ငါ​ပြု​လုပ်​မည့် အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​အ​ရ ငါ​ပြု​လုပ်​ခြင်း​ဖြစ်​သည်'' ဟု​ဆို​လေ​၏။
မောရှေ ကလည်း ၊ ဤသို့ ထာဝရဘုရား မှာ ထား တော်မူပြီဟု ပရိသတ် တို့အား ပြောဆို လျက်၊
6 ထို့​နောက်​မော​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည်​အ​တိုင်း အာ​ရုန်​နှင့်​သူ​၏​သား တို့​ကို​ရှေ့​သို့​ထုတ်​ဆောင်​၍​ရေ​ဆေး​ကြော စေ​၏။-
ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အာရုန် နှင့် သူ ၏သား တို့ကို ခေါ် ခဲ့၍ ရေချိုး ပြီးလျှင် ၊
7 အာ​ရုန်​အား​အင်္ကျီ၊ ဝတ်​ရုံ​နှင့်​ခါး​ပန်း​ကို ခါး​တွင်​ဝတ်​ဆင်​ပေး​၏။ ထို​နောက်​သင်​တိုင်း ကို​ဝတ်​ပေး​၍​လှ​ပ​စွာ​ရက်​ထား​သော​ခါး စည်း​ဖြင့်​သင်​တိုင်း​ကို​ချည်​နှောင်​ပေး​၏။-
အာရုန်ကို အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလေ၏။ ဝတ်လုံ နှင့် သင်တိုင်း ကိုလည်း ခြုံ စေ၍ ၊ ထူးဆန်းသောသင်တိုင်း ခါးစည်း ဖြင့် စည်း လေ၏။
8 ရင်​ဖုံး​ကို​တပ်​ဆင်​ပေး​ပြီး​လျှင်​ရင်​ဖုံး​ထဲ ၌​ဥ​ရိမ်​နှင့်​သု​မိမ် ကို​ထည့်​ထား​၏။-
ရင်ဖုံး ကိုလည်း ဆင်စေ၍ ၊ ရင်ဖုံး အထဲ ၌ ဥရိမ် နှင့် သုမိမ် ကို သွင်း ထားလေ၏။
9 အာ​ရုန်​၏​ဦး​ခေါင်း​ပေါ်​တွင်​ဗောင်း​ထုပ်​ကို​တင်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သည့်​အ​ထိမ်း အ​မှတ်​ဖြစ်​သော​ရွှေ​သင်း​ကျစ်​ကို​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဗောင်း ထုပ်​ရှေ့​တွင်​တပ်​ဆင်​ပေး​၏။
သူ ၏ခေါင်း ပေါ် မှာ ဗေါင်း ကိုတင် ၍ ၊ သန့်ရှင်း သော ရွှေ သင်းကျစ် ပြား ကို ဗေါင်း ရှေ့ ၌ တပ် လေ၏။
10 ၁၀ ထို​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​ကို​ယူ ၍ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် နှင့်​တဲ​တော်​အ​တွင်း​ရှိ​ပစ္စည်း​တန်​ဆာ​အား လုံး​ကို​လိမ်း​လေ​၏။ ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ ဘု​ရား​အား​တဲ​တော်​နှင့်​တဲ​တော်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​ကို​ဆက်​ကပ်​လေ​သည်။-
၁၀ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မောရှေ သည် လိမ်း ရန်ဆီ ကိုယူ ၍ ၊ တဲ တော်နှင့် တဲတော် တန်ဆာရှိသမျှ ကို လိမ်း သဖြင့် သန့်ရှင်း စေ၏။
11 ၁၁ ထို​နောက်​မော​ရှေ​သည်​ဆီ​အ​နည်း​ငယ်​ကို ယူ​ပြီး​လျှင် ယဇ်​ပလ္လင်​နှင့်​ယဇ်​ပလ္လင်​ဆိုင်​ရာ​ပစ္စည်း တန်​ဆာ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့်​၎င်း ၏​အောက်​ခြေ​ကို​လည်း​ကောင်း​ခု​နစ်​ကြိမ် ဖျန်း​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လေ​သည်။-
၁၁ထိုဆီကို ယဇ် ပလ္လင်ပေါ် မှာ ခုနစ် ကြိမ် ဖြန်း ၍ ၊ ယဇ် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း ၊ အင်တုံ နှင့် ခြေထောက် ကို၎င်း ၊ သန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။
12 ၁၂ တစ်​ဖန်​သူ​သည်​ဆီ​အ​နည်း​ငယ်​ကို​အာ​ရုန် ၏​ဦး​ခေါင်း​ပေါ်​တွင်​လောင်း​လျက် ယဇ်​ပု​ရော ဟိတ်​အ​ဖြစ်​သိက္ခာ​တင်​သည်။-
၁၂လိမ်း ရန်ဆီ ကို အာရုန် ခေါင်း ပေါ် မှာ လောင်း ၍ သူ့ ကိုသန့်ရှင်း စေခြင်းငှါ လိမ်း လေ၏။
13 ၁၃ ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သည့်​အ​တိုင်း​အာ​ရုန်​၏​သား​များ​ကို ရှေ့​သို့​ခေါ်​ဆောင်​၍ အင်္ကျီ​များ​ကို​ဝတ်​ဆင်​ပေး ပြီး​နောက်​ခါး​ပန်း​ကို​ခါး​တွင်​စည်း​ပေး​၏။ ဦး ခေါင်း​များ​ပေါ်​တွင်​လည်း​ဦး​ထုပ်​များ​ကို ဆောင်း​ပေး​၏။
၁၃အာရုန် ၏သား တို့ကိုလည်း အင်္ကျီ ဝတ် စေ၍ ၊ ခါးပန်း ကို စည်း စေလျက် ၊ ဦးထုပ် ကို ဆောင်း စေလေ၏။
14 ၁၄ ထို​နောက်​မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သည့်​အ​တိုင်း အ​ပြစ်​ဖြေ​ရာ​ယဇ် ပူ​ဇော်​ရန်​နွား​ပျို​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန် နှင့်​သူ​၏​သား​တို့​အား​နွား​၏​ဦး​ခေါင်း​ပေါ် တွင်​လက်​ကို​တင်​စေ​သည်။-
၁၄ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ အပြစ် ဖြေရာယဇ်ဘို့ နွား ထီးကို ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို နွား ခေါင်း ပေါ် မှာ တင် ကြ၏။
15 ၁၅ မော​ရှေ​သည်​နွား​ကို​သတ်​ပြီး​လျှင်​လက်​ချောင်း ဖြင့်​သွေး​အ​နည်း​ငယ်​ကို​ယူ​၍ ယဇ်​ပလ္လင်​ထောင့် များ​၌​ရှိ​သော​အ​တက်​များ​ကို​သုတ်​လိမ်း ခြင်း၊ ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​၏​အောက် ခြေ​တွင်​သွန်း​လောင်း​ခြင်း​ဖြင့်​ပလ္လင်​ကို​ဆက် ကပ်​၍​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​နိုင်​ရန် သန့်​ရှင်း​စေ​၏။-
၁၅နွားကိုသတ် ၍ ၊ မောရှေ သည် ယဇ် ပလ္လင်ပတ်လည် ဦးချို တို့၌ အသွေး ကို လက်ညှိုး နှင့် ယူ ၍ ထည့် သဖြင့် ၊ ယဇ် ပလ္လင်ကို စင်ကြယ် စေပြီးမှ ၊ ကြွင်းသော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နား၌ သွန် ၍ ၊ ထိုယဇ်ပလ္လင်ပေါ်မှာ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း သန့်ရှင်း စေ၏။
16 ၁၆ မော​ရှေ​သည်​ဝမ်း​တွင်း​သား​မှ​အ​ဆီ​အား လုံး၊ အ​သည်း​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သည်။-
၁၆အအူ ကိုဖုံး သော ဆီဥ ရှိသမျှ ၊ အသည်း ပေါ်၌ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ကိုယူ ၍ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။
17 ၁၇ သူ​သည်​နွား​သား​ရေ​အ​သား​နှင့်​အူ​များ အ​ပါ​အ​ဝင်​ကျန်​သော​အ​ပိုင်း​တို့​ကို ထာ ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း စ​ခန်း​အ​ပြင်​ဘက်​၌​မီး​ရှို့​လေ​သည်။
၁၇အရေ ၊ အသား ၊ ချေးနု နှင့်တကွ နွား ကောင်ကို၊ တပ် ပြင် မှာ ရှို့ ရ၏။
18 ၁၈ ထို့​နောက်​မော​ရှေ​သည်​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော် ရန်​သိုး​ထီး​ကို​ထုတ်​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ ၏​သား​တို့​အား​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင် လက်​ကို​တင်​စေ​၏။-
၁၈ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ မီး ရှို့ရာယဇ်ပြုသောသိုး ထီးကိုလည်း ဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည်၊ မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။
19 ၁၉ မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင် သွေး​ကို ယဇ်​ပလ္လင်​လေး​ဘက်​ပေါ်​သို့​ပက်​ဖျန်း​လေ သည်။-
၁၉သိုးကိုသတ် ပြီးလျှင် ၊ မောရှေ သည် အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။
20 ၂၀ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည့်​အ​တိုင်း သိုး​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​ပြီး လျှင်​ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​တို့​ကို​ရေ နှင့်​ဆေး​၍ သိုး​၏​ဦး​ခေါင်း၊ အ​ဆီ​မှ​စ​၍ တစ်​ကောင်​လုံး​ကို​မီး​ရှို့​ပူ​ဇော်​လေ​သည်။ ဤ မီး​ရှို့​ရာ​ယဇ်​သည်​ပူ​ဇော်​သကာ​ဖြစ်​၍ ၎င်း ၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော် မူ​၏။
၂၀သိုး ကိုလည်း အပိုင်း ပိုင်းဖြတ် ပြီးလျှင် ၊ ခေါင်း မှစ၍သားတစ် များနှင့် ဆီဥ ကို မီး ရှို့လေ၏။
21 ၂၁
၂၁ဝမ်းထဲ ၌ရှိသောအရာနှင့် ခြေ တို့ကို ဆေးကြော ၍ ၊ သိုး တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့လေ၏။ မွှေးကြိုင် ရာဘို့ မီး ရှို့သော ယဇ်ဖြစ်သတည်း။ မီး ဖြင့် ထာဝရဘုရား အား ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
22 ၂၂ ထို​နောက်​မော​ရှေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ ကို​သိက္ခာ​တင်​ရာ​၌​ပူ​ဇော်​ရန် ဒု​တိ​ယ​သိုး ထီး​ကို​ယူ​ဆောင်​ခဲ့​၍ အာ​ရုန်​နှင့်​သူ​၏​သား တို့​က​သိုး​၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို တင်​ကြ​သည်။-
၂၂ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အခြား သောသိုး ၊ အရာ ၌ ခန့်ထားရာ သိုး ကိုဆောင် ခဲ့၍ ၊ အာရုန် နှင့် သူ ၏သား တို့သည် မိမိ တို့လက် ကို သိုး ခေါင်း ပေါ် မှာ တင် ကြ၏။
23 ၂၃ မော​ရှေ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး အ​နည်း​ငယ်​ကို​ယူ​၍ အာ​ရုန်​၏​လက်​ယာ နား​ပျဉ်း​ကို​လည်း​ကောင်း၊ လက်​ယာ​လက်​မ နှင့်​လက်​ယာ​ခြေ​မ​တို့​ကို​လည်း​ကောင်း သုတ်​လေ​သည်။-
၂၃သိုးကိုသတ် ပြီးမှ ၊ မောရှေ သည် အသွေး ကိုယူ ၍ ၊ အာရုန် ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၌ ၎င်း ၊ လက်ျာ ခြေမ ၌ ၎င်း ၊ ထည့် လေ၏။
24 ၂၄ ထို့​နောက်​အာ​ရုန်​၏​သား​တို့​ကို​ခေါ်​ပြီး​လျှင် သူ​တို့​၏​လက်​ယာ​နား​ပျဉ်း​များ၊ လက်​ယာ လက်​မ​များ​နှင့်​လက်​ယာ​ခြေ​မ​များ​ကို သိုး​သွေး​ဖြင့်​သုတ်​လေ​သည်။ မော​ရှေ​သည် ကျန်​သော​သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​ပေါ် သို့​ပက်​ဖျန်း​လေ​သည်။-
၂၄အာရုန် ၏ သား တို့ကိုလည်း ခေါ် ခဲ့၍ ၊ သူ တို့လက်ျာ နား ပျဉ်း ၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ တို့၌ အသွေး ကိုထည့် ပြီးမှ ၊ ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း လေ၏။
25 ၂၅ သူ​သည်​သိုး​၏​အ​ဆီ၊ ဆူ​ဖြိုး​သော​အ​မြီး၊ ဝမ်း​တွင်း​သား​မှ​အ​ဆုံး​အ​ပိုင်း၊ အ​သည်း မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့်​ကျောက်​ကပ်​အ​ဆီ၊ လက်​ယာ​ပေါင်​တို့​ကို​ထုတ်​ယူ​သည်။-
၂၅ဆီဥ ၊ အမြီး ၊ အအူ ကို ဖုံး သော ဆီဥ ၊ အသည်း ပေါ်၌ ရှိသောအမြှေး ၊ ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ် ကိုဖုံးသော ဆီဥ ၊ လက်ျာ ပခုံး ၊
26 ၂၆ ထို့​နောက်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဆက် ကပ်​ထား​သော​တ​ဆေး​မဲ့​မုန့်​တောင်း​ထဲ​မှ​မုန့်၊ ဆီ​နှင့်​လုပ်​သော​မုန့်၊ မုန့်​ကြွပ်​တို့​ကို​တစ်​ခု စီ​ယူ​၍​သိုး​အ​ဆီ​နှင့်​လက်​ယာ​ပေါင်​အ​ပေါ် တွင်​တင်​သည်။-
၂၆ထာဝရဘုရား ရှေ့ တော်၌ ထားသော တဆေး မဲ့ မုန့်တောင်း ထဲက တဆေး မဲ့ မုန့်တလုံး ၊ ဆီ နှင့် လုပ်သော မုန့်ပြား တပြား ၊ မုန့်ကြွပ် တချပ် ကိုယူ ၍ ၊ မုန့်များကို ဆီဥ နှင့် လက်ျာ ပခုံး ပေါ် မှာ ထည့် ပြီးလျှင်၊
27 ၂၇ သူ​သည်​၎င်း​တို့​ကို​အာ​ရုန်​နှင့်​သူ​၏​သား​တို့ လက်​သို့​ပေး​အပ်​သ​ဖြင့် သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ဆက်​သ​ကြ​သည်။-
၂၇အာရုန် ၏လက် ၊ သူ ၏သား တို့လက် ၌ ထိုအရာတို့ကို ထား ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ၊ ချီလွှဲ သဖြင့် ၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။
28 ၂၈ ထို့​နောက်​မော​ရှေ​သည်​ထို​ပူ​ဇော်​သ​ကာ​များ ကို​သူ​တို့​ထံ​မှ​ပြန်​ယူ​သ​ဖြင့် သူ​သည် သိက္ခာ တင်​ရာ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ယဇ်​ပလ္လင်​ပေါ် ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင်​အ​ပေါ်​သို့​တင်​လျက် မီး​ရှို့​လေ​သည်။ ထို​ပူ​ဇော်​သ​ကာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​ဖြစ်​၍ ၎င်း​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။-
၂၈ထိုအရာတို့ကို သူ တို့လက် မှ ခံယူ ၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရာယဇ်နှင့်အတူ ရှို့ လေ၏။ မွှေးကြိုင် သော အနံ့ရှိ၍ အရာ ၌ ခန့်ထားရာ ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာ ဖြစ်သတည်း။
29 ၂၉ ထို့​နောက်​မော​ရှေ​သည်​သိုး​၏​ရင်​ပုံ​သား​ကို အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ် ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​လေ​သည်။ ထို​ရင်​ပုံ​သား​မှာ သိက္ခာ​တင်​ရာ​ယဇ်​ကောင်​မှ​မော​ရှေ​ပိုင်​ဝေ​စု ဖြစ်​သည်။ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့် မှာ​တော်​မူ​သ​မျှ​အ​တိုင်း​ဆောင်​ရွက်​လေ သည်။
၂၉ထိုနောက် မောရှေ သည် ရင်ပတ် ကို ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ သဖြင့်၊ ချီလွှဲ သော ပူဇော်သက္ကာပြုလေ၏။ အရာ ၌ ခန့်ထားရာ သိုး ၏ ရင်ပတ်သည် မောရှေ ၏အဘို့ ဖြစ်သတည်း။
30 ၃၀ ထို့​နောက်​မော​ရှေ​သည်​သိက္ခာ​တင်​ဆီ​အ​နည်း ငယ်​နှင့်​ယဇ်​ပလ္လင်​ပေါ်​တွင်​ရှိ​သော​သွေး​အ​နည်း ငယ်​ကို​ယူ​၍ အာ​ရုန်​နှင့်​သူ​၏​သား​များ​အ​ပေါ် သို့​လည်း​ကောင်း၊ သူ​တို့​၏​အ​ဝတ်​များ​အ​ပေါ် သို့​လည်း​ကောင်း​ပက်​ဖျန်း​လေ​သည်။ ယင်း​သို့ ပြု​လုပ်​ခြင်း​အား​ဖြင့်​သူ​သည် အာ​ရုန်​နှင့် သူ​၏​သား​များ​နှင့်​တ​ကွ​သူ​တို့​ဝတ်​ဆင် သော​အ​ဝတ်​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ ဆက်​ကပ်​လေ​သည်။
၃၀တဖန် ယဇ် ပလ္လင်ပေါ် မှာရှိသော အသွေး နှင့် လိမ်း ရန်ဆီ ကိုယူ ၍ အာရုန် နှင့် သူ ၏ အဝတ် ၌ ၎င်း၊ သူ ၏သား တို့နှင့် သူတို့အဝတ် ၌ ၎င်း၊ ဖြန်း သဖြင့်၊ အာရုန် မှစ၍သား များ၊ အဝတ် များတို့ကို သန့်ရှင်း စေ လေ၏။
31 ၃၁ ထို့​နောက်​မော​ရှေ​က​အာ​ရုန်​နှင့်​သူ​၏​သား တို့​အား``ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည့် အ​တိုင်း သိုး​၏​အ​သား​ကို​ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​အ​နီး​တွင် ပြုတ်​၍ ထို​အ​သား​ကို​သိက္ခာ​တင်​ရာ​မုန့် တောင်း​ထဲ​မှ​မုန့်​နှင့်​စား​ကြ​လော့။-
၃၁မောရှေ သည်၊ အာရုန် နှင့် သူ ၏သား တို့အား လည်း ၊ ထိုသိုး၏ အသား ကို ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး နားမှာ ပြုတ် ကြလော့။ ထာဝရဘုရားက၊ အာရုန် နှင့် သူ ၏သား တို့သည် ထိုအသားကို စား ရကြမည် ဟု ငါ့အား မှာ ထားတော်မူသည်အတိုင်း ၊ ထိုအသားကို၎င်း၊ အရာ ၌ ခန့်ထားရာ မုန့်တောင်း ၌ ရှိသော မုန့် ကို၎င်း၊ ထို အရပ်၌ စား ကြလော့။
32 ၃၂ ကြွင်း​ကျန်​သော​အ​သား​နှင့်​မုန့်​ကို​မီး​ရှို့ ရ​မည်။
၃၂ကျန် ကြွင်းသော အသား နှင့် မုန့် ကိုမီး ရှို့ ရမည်။
33 ၃၃ သင်​တို့​သည်​သိက္ခာ​တင်​မင်္ဂ​လာ​ကာ​လ​ခု​နစ် ရက်​မ​စေ့​မီ တဲ​တော်​တံ​ခါး​အ​ပြင်​သို့​မ ထွက်​ရ။-
၃၃သင် တို့ကို အရာ ၌ ခန့်ထားရာ ကာလ ခုနစ် ရက် မ စေ့မှီ ပရိတ်သတ်စည်းဝေး ရာ တဲ တော်တံခါး ပြင် သို့ မ ထွက် ရကြ။ ခုနစ် ရက် ပတ်လုံးအရာ၌ ခန့်ထားခြင်း မင်္ဂလာကို ဆောင်ရကြမည်။
34 ၃၄ သင်​တို့​အ​ပြစ်​ပြေ​စေ​ရန်​အ​တွက်​ငါ​တို့ ယ​နေ့​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း​ဖြစ်​သည်။-
၃၄ယနေ့ ပြု သည်အတိုင်း သင် တို့အဘို့ အပြစ် ဖြေခြင်းကို ပြုမည်အကြောင်း ထာဝရဘုရား မှာ ထား တော်မူပြီ။
35 ၃၅ သင်​တို့​သည်​တဲ​တော်​တံ​ခါး​ဝ​တွင်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ​ကို ခု​နစ်​ရက် ပတ်​လုံး​နေ့​ည​မ​ပြတ်​ဆောင်​ရွက်​လျက်​နေ ရ​မည်။ သင်​တို့​သည်​မိန့်​မှာ​တော်​မူ​သည် အ​တိုင်း​မ​ဆောင်​ရွက်​လျှင် သေ​ရ​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား​မိန့်​တော် မူ​ပြီ'' ဟူ​၍​ဆင့်​ဆို​လေ​သည်။-
၃၅ထိုကြောင့် သင်တို့သည် သေ ဘေးနှင့် ကင်း လွတ်ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား မှာ၊ ခုနစ် ရက် ပတ်လုံးနေ့ ညဉ့်မပြတ်နေ ၍ ၊ ထာဝရဘုရား အမှု တော်ကို စောင့်ရကြမည်။ ထိုသို့ ငါ့အားမှာ ထားတော်မူပြီဟု ဆင့်ဆိုသည်ဖြစ်၍၊
36 ၃၆ သို့​ဖြစ်​၍​အာ​ရုန်​နှင့်​သူ​၏​သား​တို့​သည် မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​ချက်​တို့​ကို​ဆောင်​ရွက်​ကြ​လေ သည်။
၃၆မောရှေ အားဖြင့် ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း ၊ အာရုန် နှင့် သူ ၏သား တို့သည် ပြု ကြ၏။

< ဝတ်ပြုရာ 8 >