< ဝတ်ပြုရာ 8 >
1 ၁ တစ်ဖန်ထာဝရဘုရားကမောရှေအား၊-
Alò, SENYÈ a te pale a Moïse. Li te di:
2 ၂ ``အာရုန်နှင့်သူ၏သားတို့ကိုငါစံတော်မူရာ တဲတော်တံခါးဝသို့ခေါ်ဆောင်ခဲ့လော့။ ယဇ် ပုရောဟိတ်ဝတ်စုံများ၊ သိက္ခာတင်ဆီ၊ အပြစ်ဖြေ ရာယဇ်အတွက်နွားပျိုတစ်ကောင်၊ သိုးထီးနှစ် ကောင်၊ တဆေးမဲ့မုန့်တစ်တောင်းကိုယူခဲ့လော့။-
“Pran Aaron ak fis li yo avè l, avèk vètman yo, lwil onksyon an, towo ofrann peche a, de belye, ak panyen pen san ledven an,
3 ၃ ထို့နောက်ဣသရေလအမျိုးသားအားလုံးကို ထိုနေရာ၌စုရုံးစေလော့'' ဟုမိန့်တော်မူသည်။
epi reyini tout asanble a nan pòtay tant asanble a.”
4 ၄ မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းဆောင်ရွက်၏။ လူတို့စုဝေး ရောက်ရှိလာသောအခါ၊-
Alò, Moïse te fè ojis sa ke SENYÈ a te kòmande li a. Lè asanble a te fin reyini nan pòtay tant asanble a,
5 ၅ မောရှေကသူတို့အား``ယခုငါပြုလုပ်မည့် အမှုသည် ထာဝရဘုရား၏အမိန့်တော်အရ ငါပြုလုပ်ခြင်းဖြစ်သည်'' ဟုဆိုလေ၏။
Moïse te di asanble a: “Sa se bagay ke SENYÈ a te kòmande pou fè yo.”
6 ၆ ထို့နောက်မောရှေသည် ထာဝရဘုရားမိန့်မှာ တော်မူသည်အတိုင်း အာရုန်နှင့်သူ၏သား တို့ကိုရှေ့သို့ထုတ်ဆောင်၍ရေဆေးကြော စေ၏။-
Konsa, Moïse te fè Aaron avèk fis li yo vin pwoche e te benyen yo avèk dlo.
7 ၇ အာရုန်အားအင်္ကျီ၊ ဝတ်ရုံနှင့်ခါးပန်းကို ခါးတွင်ဝတ်ဆင်ပေး၏။ ထိုနောက်သင်တိုင်း ကိုဝတ်ပေး၍လှပစွာရက်ထားသောခါး စည်းဖြင့်သင်တိုင်းကိုချည်နှောင်ပေး၏။-
Li te mete yon tinik sou li, mare senti li avèk yon sentiwon an twal, abiye li avèk yon manto, mete efòd la sou li; epi li te tache ban atistik efòd la e mare l sou li.
8 ၈ ရင်ဖုံးကိုတပ်ဆင်ပေးပြီးလျှင်ရင်ဖုံးထဲ ၌ဥရိမ်နှင့်သုမိမ် ကိုထည့်ထား၏။-
Li te mete pyès lestomak la sou li. Anplis, nan pyès lestomak la, li te mete Ourim nan avèk Toumim nan.
9 ၉ အာရုန်၏ဦးခေါင်းပေါ်တွင်ဗောင်းထုပ်ကိုတင်၍ ထာဝရဘုရားအားဆက်ကပ်သည့်အထိမ်း အမှတ်ဖြစ်သောရွှေသင်းကျစ်ကိုထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်းဗောင်း ထုပ်ရှေ့တွင်တပ်ဆင်ပေး၏။
Li te plase plastwon an sou tèt li. Sou plastwon an, pa devan, li te mete plak an lò a, kouwòn sen an, jan SENYÈ a te kòmande Moïse la.
10 ၁၀ ထိုနောက်မောရှေသည်သိက္ခာတင်ဆီကိုယူ ၍ ထာဝရဘုရားစံတော်မူရာတဲတော် နှင့်တဲတော်အတွင်းရှိပစ္စည်းတန်ဆာအား လုံးကိုလိမ်းလေ၏။ ဤနည်းအားဖြင့်ထာဝရ ဘုရားအားတဲတော်နှင့်တဲတော်ဆိုင်ရာ ပစ္စည်းရှိသမျှကိုဆက်ကပ်လေသည်။-
Alò, Moïse te pran lwil onksyon an e te onksyone tabènak la ak tout sa ki te ladann, epi li te konsakre yo.
11 ၁၁ ထိုနောက်မောရှေသည်ဆီအနည်းငယ်ကို ယူပြီးလျှင် ယဇ်ပလ္လင်နှင့်ယဇ်ပလ္လင်ဆိုင်ရာပစ္စည်း တန်ဆာတို့ကိုလည်းကောင်း၊ အင်တုံနှင့်၎င်း ၏အောက်ခြေကိုလည်းကောင်းခုနစ်ကြိမ် ဖျန်း၍ထာဝရဘုရားအားဆက်ကပ် လေသည်။-
Li te flite kèk lwil ladann sou lotèl la sèt fwa, e li te onksyone lotèl la avèk tout zouti li yo, ak basen an avèk baz li pou konsakre yo.
12 ၁၂ တစ်ဖန်သူသည်ဆီအနည်းငယ်ကိုအာရုန် ၏ဦးခေါင်းပေါ်တွင်လောင်းလျက် ယဇ်ပုရော ဟိတ်အဖြစ်သိက္ခာတင်သည်။-
Konsa, li te vide kèk nan lwil onksyon an sou tèt Aaron, e li te onksyone li, pou konsakre li.
13 ၁၃ ထိုနောက်မောရှေသည်ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းအာရုန်၏သားများကို ရှေ့သို့ခေါ်ဆောင်၍ အင်္ကျီများကိုဝတ်ဆင်ပေး ပြီးနောက်ခါးပန်းကိုခါးတွင်စည်းပေး၏။ ဦး ခေါင်းများပေါ်တွင်လည်းဦးထုပ်များကို ဆောင်းပေး၏။
Apre sa, Moïse te fè fis Aaron yo pwoche. Li te abiye yo avèk tinik yo, mare senti yo avèk sentiwon an twal yo e mare kas yo sou yo, jan SENYÈ a te kòmande Moïse la.
14 ၁၄ ထိုနောက်မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသည့်အတိုင်း အပြစ်ဖြေရာယဇ် ပူဇော်ရန်နွားပျိုကိုထုတ်ဆောင်ခဲ့၍ အာရုန် နှင့်သူ၏သားတို့အားနွား၏ဦးခေါင်းပေါ် တွင်လက်ကိုတင်စေသည်။-
Answit, li te pote towo ofrann peche a, e Aaron avèk fis li yo te poze men yo sou tèt towo ofrann peche a.
15 ၁၅ မောရှေသည်နွားကိုသတ်ပြီးလျှင်လက်ချောင်း ဖြင့်သွေးအနည်းငယ်ကိုယူ၍ ယဇ်ပလ္လင်ထောင့် များ၌ရှိသောအတက်များကိုသုတ်လိမ်း ခြင်း၊ ကျန်သောသွေးကိုယဇ်ပလ္လင်၏အောက် ခြေတွင်သွန်းလောင်းခြင်းဖြင့်ပလ္လင်ကိုဆက် ကပ်၍အပြစ်ဖြေရာယဇ်ပူဇော်နိုင်ရန် သန့်ရှင်းစေ၏။-
Apre sa, Moïse te touye li. Li te pran san an avèk dwèt li, li te mete kèk nan li toupatou sou kòn lotèl la, e te pirifye lotèl la. Rès san an, li te vide li nan baz lotèl la, e li te konsakre li pou fè ekspiyasyon pou li.
16 ၁၆ မောရှေသည်ဝမ်းတွင်းသားမှအဆီအား လုံး၊ အသည်းမှအဆီ၊ ကျောက်ကပ်နှင့် ကျောက်ကပ်အဆီတို့ကိုထုတ်ယူ၍ယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည်။-
Li te osi pran tout grès ki te sou zantray yo avèk gwo mòso fwa a, de ren yo avèk grès pa yo. Moïse te ofri li nan lafimen sou lotèl la.
17 ၁၇ သူသည်နွားသားရေအသားနှင့်အူများ အပါအဝင်ကျန်သောအပိုင်းတို့ကို ထာ ဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း စခန်းအပြင်ဘက်၌မီးရှို့လေသည်။
Men towo a avèk po li ak chè li, ak watè li, li te brile yo nan dife a deyò kan an jan SENYÈ a te kòmande Moïse la.
18 ၁၈ ထို့နောက်မောရှေသည်မီးရှို့ရာယဇ်ကိုပူဇော် ရန်သိုးထီးကိုထုတ်ဆောင်ခဲ့၍ အာရုန်နှင့်သူ ၏သားတို့အားသိုး၏ဦးခေါင်းပေါ်တွင် လက်ကိုတင်စေ၏။-
Alò, li te prezante belye ofrann brile a. Aaron avèk fis li yo te poze men yo sou tèt belye a.
19 ၁၉ မောရှေသည်သိုးကိုသတ်ပြီးလျှင် သွေးကို ယဇ်ပလ္လင်လေးဘက်ပေါ်သို့ပက်ဖျန်းလေ သည်။-
Moïse te touye li e li te flite san an toutotou lotèl la.
20 ၂၀ မောရှေသည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်း သိုးကိုအပိုင်းပိုင်းဖြတ်ပြီး လျှင်ဝမ်းတွင်းသားနှင့်နောက်ခြေတို့ကိုရေ နှင့်ဆေး၍ သိုး၏ဦးခေါင်း၊ အဆီမှစ၍ တစ်ကောင်လုံးကိုမီးရှို့ပူဇော်လေသည်။ ဤ မီးရှို့ရာယဇ်သည်ပူဇော်သကာဖြစ်၍ ၎င်း ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။
Lè li te fin koupe belye a an mòso, Moïse te ofri tèt la, mòso yo ak grès di ki kouvri ren yo nan lafimen.
Apre li te fin lave zantray yo ak janm yo avèk dlo, Moïse te ofri tout belye a nan lafimen sou lotèl la. Se te ofrann brile a pou yon bon odè. Li te yon ofrann pa dife bay SENYÈ a, jis jan ke SENYÈ a te kòmande Moïse la.
22 ၂၂ ထိုနောက်မောရှေသည်ယဇ်ပုရောဟိတ်များ ကိုသိက္ခာတင်ရာ၌ပူဇော်ရန် ဒုတိယသိုး ထီးကိုယူဆောင်ခဲ့၍ အာရုန်နှင့်သူ၏သား တို့ကသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်ကြသည်။-
Answit, li te prezante dezyèm belye a, belye òdinasyon an. Aaron avèk fis li yo te poze men yo sou tèt belye a.
23 ၂၃ မောရှေသည်သိုးကိုသတ်ပြီးလျှင်သွေး အနည်းငယ်ကိုယူ၍ အာရုန်၏လက်ယာ နားပျဉ်းကိုလည်းကောင်း၊ လက်ယာလက်မ နှင့်လက်ယာခြေမတို့ကိုလည်းကောင်း သုတ်လေသည်။-
Moïse te touye li, pran kèk nan san li e li te mete li sou tèt zòrèy dwat Aaron, sou pous men dwat li ak gwo zòtèy pye dwat li.
24 ၂၄ ထို့နောက်အာရုန်၏သားတို့ကိုခေါ်ပြီးလျှင် သူတို့၏လက်ယာနားပျဉ်းများ၊ လက်ယာ လက်မများနှင့်လက်ယာခြေမများကို သိုးသွေးဖြင့်သုတ်လေသည်။ မောရှေသည် ကျန်သောသွေးကိုယဇ်ပလ္လင်လေးဘက်ပေါ် သို့ပက်ဖျန်းလေသည်။-
Osi, li te fè fis Aaron yo vin toupre; epi Moïse te mete kèk nan san an sou tèt zòrèy dwat la, sou pous men dwat yo, ak sou gwo zòtèy pye dwat yo. Alò, Moïse te flite rès san an toutotou lotèl la.
25 ၂၅ သူသည်သိုး၏အဆီ၊ ဆူဖြိုးသောအမြီး၊ ဝမ်းတွင်းသားမှအဆုံးအပိုင်း၊ အသည်း မှအဆီ၊ ကျောက်ကပ်နှင့်ကျောက်ကပ်အဆီ၊ လက်ယာပေါင်တို့ကိုထုတ်ယူသည်။-
Li te pran grès la, grès ke a, tout grès ki te sou zantray yo, gwo mòso fwa a, de ren yo avèk grès pa yo ak kwis dwat la.
26 ၂၆ ထို့နောက်သူသည်ထာဝရဘုရားအားဆက် ကပ်ထားသောတဆေးမဲ့မုန့်တောင်းထဲမှမုန့်၊ ဆီနှင့်လုပ်သောမုန့်၊ မုန့်ကြွပ်တို့ကိုတစ်ခု စီယူ၍သိုးအဆီနှင့်လက်ယာပေါင်အပေါ် တွင်တင်သည်။-
Nan panyen pen san ledven ki te devan SENYÈ a, li te retire yon gato pen san ledven, yon gato pen mele avèk lwil ak yon galèt, e li te plase yo sou pati grès yo ak sou kwis dwat la.
27 ၂၇ သူသည်၎င်းတို့ကိုအာရုန်နှင့်သူ၏သားတို့ လက်သို့ပေးအပ်သဖြင့် သူတို့သည်ထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်သကြသည်။-
Answit, li te mete tout sa yo nan men Aaron ak nan men fis li yo, e li te prezante yo kòm yon ofrann balanse an lè devan SENYÈ a.
28 ၂၈ ထို့နောက်မောရှေသည်ထိုပူဇော်သကာများ ကိုသူတို့ထံမှပြန်ယူသဖြင့် သူသည် သိက္ခာ တင်ရာပူဇော်သကာအဖြစ်ယဇ်ပလ္လင်ပေါ် ရှိမီးရှို့ရာယဇ်ကောင်အပေါ်သို့တင်လျက် မီးရှို့လေသည်။ ထိုပူဇော်သကာသည်ထာဝရ ဘုရားအားပူဇော်သောပူဇော်သကာဖြစ်၍ ၎င်း၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။-
Answit, Moïse te pran yo nan men yo, e li te ofri yo nan lafimen sou lotèl la avèk ofrann brile yo. Yo te yon ofrann òdinasyon pou yon bon odè. Se te yon ofrann pa dife bay SENYÈ a.
29 ၂၉ ထို့နောက်မောရှေသည်သိုး၏ရင်ပုံသားကို အထူးပူဇော်သကာအဖြစ် ထာဝရဘုရား အားဆက်ကပ်လေသည်။ ထိုရင်ပုံသားမှာ သိက္ခာတင်ရာယဇ်ကောင်မှမောရှေပိုင်ဝေစု ဖြစ်သည်။ မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှအတိုင်းဆောင်ရွက်လေ သည်။
Moïse te pran pwatrin nan, e li te prezante li kòm yon ofrann balanse an lè devan SENYÈ a. Sa te pati pa Moïse nan belye òdinasyon an, jis jan ke SENYÈ a te kòmande Moïse la.
30 ၃၀ ထို့နောက်မောရှေသည်သိက္ခာတင်ဆီအနည်း ငယ်နှင့်ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်း ငယ်ကိုယူ၍ အာရုန်နှင့်သူ၏သားများအပေါ် သို့လည်းကောင်း၊ သူတို့၏အဝတ်များအပေါ် သို့လည်းကောင်းပက်ဖျန်းလေသည်။ ယင်းသို့ ပြုလုပ်ခြင်းအားဖြင့်သူသည် အာရုန်နှင့် သူ၏သားများနှင့်တကွသူတို့ဝတ်ဆင် သောအဝတ်များကို ထာဝရဘုရားထံ ဆက်ကပ်လေသည်။
Alò, Moïse te pran kèk nan lwil onksyon an e kèk nan san ki te sou lotèl la, e li te flite li sou Aaron, sou vètman pa li, sou fis li yo, sou vètman pou fis li yo avèk pa li a. Konsa, li te konsakre Aaron, vètman li yo, fis li yo ak vètman a fis li yo ansanm avèk li menm.
31 ၃၁ ထို့နောက်မောရှေကအာရုန်နှင့်သူ၏သား တို့အား``ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း သိုး၏အသားကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝအနီးတွင် ပြုတ်၍ ထိုအသားကိုသိက္ခာတင်ရာမုန့် တောင်းထဲမှမုန့်နှင့်စားကြလော့။-
Answit, Moïse te di a Aaron ak fis li yo: “Bouyi chè a nan pòtay tant asanble a, e manje li ansanm avèk pen ki nan panyen ofrann òdinasyon an, jis jan ke m te kòmande a lè m te di: ‘Aaron avèk fis li yo va manje li.’
32 ၃၂ ကြွင်းကျန်သောအသားနှင့်မုန့်ကိုမီးရှို့ ရမည်။
Sa ki rete nan chè a ak nan pen an, ou va brile li nan dife.
33 ၃၃ သင်တို့သည်သိက္ခာတင်မင်္ဂလာကာလခုနစ် ရက်မစေ့မီ တဲတော်တံခါးအပြင်သို့မ ထွက်ရ။-
Pandan sèt jou, nou pa pou sòti deyò pòtay tant asanble a, jis rive jou ke tan òdinasyon nou an fini: paske li va òdone nou pandan sèt jou.
34 ၃၄ သင်တို့အပြစ်ပြေစေရန်အတွက်ငါတို့ ယနေ့ပြုသောအမှုသည် ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်းဖြစ်သည်။-
“Sa ki te fèt la jodi a, konsa, SENYÈ a te bay lòd pou fè, pou fè ekspiyasyon pou nou.
35 ၃၅ သင်တို့သည်တဲတော်တံခါးဝတွင်ထာဝရ ဘုရားမိန့်မှာတော်မူသမျှကို ခုနစ်ရက် ပတ်လုံးနေ့ညမပြတ်ဆောင်ရွက်လျက်နေ ရမည်။ သင်တို့သည်မိန့်မှာတော်မူသည် အတိုင်းမဆောင်ရွက်လျှင် သေရလိမ့်မည် ဟုထာဝရဘုရားကငါ့အားမိန့်တော် မူပြီ'' ဟူ၍ဆင့်ဆိုလေသည်။-
Nan pòtay tant asanble a, anplis, nou va rete lajounen kon lannwit pandan sèt jou pou kenbe lòd SENYÈ a pou nou pa mouri: paske se konsa mwen resevwa lòd la.”
36 ၃၆ သို့ဖြစ်၍အာရုန်နှင့်သူ၏သားတို့သည် မောရှေမှတစ်ဆင့် ထာဝရဘုရားမိန့်မှာ တော်မူချက်တို့ကိုဆောင်ရွက်ကြလေ သည်။
Konsa, Aaron avèk fis li yo te fè tout bagay ke SENYÈ a te kòmande atravè Moïse yo.