< ဝတ်ပြုရာ 7 >

1 အ​ပြစ်​ဒဏ်​ပြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​မှာ အောက်​ပါ​အ​တိုင်း ဖြစ်​သည်။ ဤ​ပူ​ဇော်​သ​ကာ​သည်​အ​လွန် သန့်​ရှင်း​၏။-
EIA hoi ke kanawai o ka mohaihala: he hoano loa ia.
2 ယဇ်​ပလ္လင်​၏​မြောက်​ဘက်​ရှိ​မီး​ရှို့​ရာ​ယဇ်​ကောင် များ​ကို​သတ်​သည့်​နေ​ရာ​တွင် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​အ​တွက်​ယဇ်​ကောင်​ကို​သတ် ရ​မည်။ သွေး​ကို​ယဇ်​ပလ္လင်​လေး​ဘက်​စ​လုံး ပေါ်​သို့​ပက်​ဖျန်း​ရ​မည်။-
Ma kahi e pepehi ai lakou i ka mohaikuni, malaila no e pepehi ai lakou i ka mohaihala, a e pipi i ke koko ona maluna o ke kuahu a puni.
3 ယဇ်​ပု​ရော​ဟိတ်​သည်​ဆူ​ဖြိုး​သော​အ​မြီး ဝမ်း​တွင်း​သား​မှ​အ​ဆီ၊ ကျောက်​ကပ်​နှင့် ကျောက်​ကပ်​အ​ဆီ၊ အ​သည်း​မှ​အ​ကောင်း ဆုံး​အ​ပိုင်း​စ​သည်​တို့​ကို​ထုတ်​ယူ​၍​ယဇ် ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​ရ​မည်။-
A e mohai aku oia i kona kaikea a pau; o ka huelo, a me ka nikiniki maluna o ka naau,
4
A o na puupaa elua, a me ke konahua maluna o laua, ka mea ma ka puhaka, a me ka aa o ke au ma ke akepaa, me na puupaa, oia kana e lawe ai:
5 ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ရှိ​သ​မျှ​ကို​ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ကား အ​ပြစ်​ဒဏ်​ပြေ​ရာ​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။-
A e kuni aku ke kahuna ia mau mea, maluna o ke kuahu, he mohai kanmahaia ma ke ahi ia Iehova; he mohaihala ia.
6 ယဇ်​ပု​ရော​ဟိတ်​ယောကျာ်း​အ​ပေါင်း​တို့​သည် ထို ယဇ်​ကောင်​၏​အ​သား​ကို​စား​နိုင်​သည်။ ထို​ပူ​ဇော် သ​ကာ​သည်​အ​လွန်​သန့်​ရှင်း​သော​ကြောင့် သန့်​ရှင်း ရာ​ဌာ​န​တွင်​စား​ရ​မည်။
A e ai na kane a pau iwaena o na kahuna ia mea; e aiia ma kahi hoano; he mea hoano loa ia.
7 အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ​နှင့် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​နှစ်​မျိုး​စ​လုံး​နှင့်​ဆိုင်​သော ပြ​ဋ္ဌာန်း​ချက်​မှာ ယဇ်​ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ် သည်​ယဇ်​ကောင်​၏​အ​သား​ကို​စား​သုံး​ခွင့်​ရှိ ခြင်း​ဖြစ်​သည်။-
E like me ka mohailawehala, pela no ka mohaihala, he kanawai hookahi no ia mau mea; e lilo no ia i ke kahuna, nana ia e hoolilo i kalahala.
8 မီး​ရှို့​ရာ​ယဇ်​ကောင်​၏​သား​ရေ​သည် ယဇ်​ပူ​ဇော် သော​ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-
A o ke kahuna nana i mohai aku i ka mohaikuni o kekahi kanaka, e lilo nona ka ili o ka mohaikuni ana i mohai ai.
9 မီး​ဖို​တွင်​ဖုတ်​သော​ဘော​ဇဉ်​သ​ကာ၊ အိုး​သို့ မ​ဟုတ်​သံ​အိုး​ကင်း​ပေါ်​၌​ကင်​သော​ဘော​ဇဉ် သ​ကာ​တို့​သည်​လည်း ပူ​ဇော်​သော​ယဇ် ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။-
A o kamohaiai apau i moa i ka umu, a i moa i ko paparai, a me ke pa, e lilo no ia na ke kahuna nana ia i mohai aku.
10 ၁၀ သို့​ရာ​တွင်​မ​ဖုတ်​မ​ကင်​ရ​သေး​သော​ဘော​ဇဉ် သ​ကာ​သည် ဆီ​နှင့်​ရော​ပြီး​သည်​ဖြစ်​စေ၊ ဆီ နှင့်​မ​ရော​ရ​သေး​သည်​ဖြစ်​စေ၊ အာ​ရုန်​၏ အ​မျိုး​အ​နွယ်​ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့ နှင့်​ဆိုင်​သ​ဖြင့် အ​ညီ​အ​မျှ​ဝေ​ယူ​စေ​ရ မည်။
A o na mohaiai a pau i huiia me ka aila, a maloo, e lilo na na keiki a pau a Aarona e like ka kekahi me ka kekahi.
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​မိတ်​သ​ဟာ ယ​ယဇ်​နှင့်​ဆိုင်​ရာ​ပြ​ဋ္ဌာန်း​ချက်​များ​သည် ကား အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။-
Eia hoi ke kanawai o ka alaila o na mohaihoomalu ana e mohai aku ai ia Iehova.
12 ၁၂ တစ်​စုံ​တစ်​ယောက်​သည်​ဘု​ရား​သ​ခင်​အား ကျေး​ဇူး​တော်​ချီး​မွမ်း​သည့်​ယဇ်​ကို​ပူ​ဇော် သော​အ​ခါ ယဇ်​ကောင်​နှင့်​အ​တူ​တ​ဆေး မ​ပါ​သော​မုန့်​ကို​လည်း​ယူ​ဆောင်​ခဲ့​ရ​မည်။ ၎င်း​မုန့်​မှာ​သံ​လွင်​ဆီ​နှင့်​မုန့်​ညက်​ရော​၍​ပြု လုပ်​သော​မုန့်​လုံး​သို့​မ​ဟုတ်​သံ​လွင်​ဆီ​သုတ် သော​မုန့်​ပြား သို့​မ​ဟုတ်​သံ​လွင်​ဆီ​နှင့်​မုန့် ညက်​ရော​၍​ပြု​လုပ်​သော​မုန့်​ဖြစ်​ရ​မည်။ ဤ​မုန့်​များ​တွင်​တဆေး​မ​ပါ​စေ​ရ။-
A ma e mohai oia ia i mea e hoomaikai ai, alaila, e mohai aku oia me ka alana hoomaikai i na popopalaoa hn ole i huiia me ka aila, a me na papapalaoa hu ole i hamoia me ka aila, a me na popopalaoa i huiia me ka aila, no ka palaoa wali i paraiia.
13 ၁၃ ထို​မုန့်​များ​အ​ပြင် တ​ဆေး​ထည့်​၍​ဖုတ် သော​မုန့်​များ​ကို​လည်း​ဆက်​ကပ်​ရ​မည်။-
A he mea e ae kana e mohaiai he mohai nana, o ka berena hu me ka alana hoomaikai no kana mau mohaihoomalu.
14 ၁၄ မုန့်​တစ်​မျိုး​စီ​မှ​တစ်​ခု​ကျ​ကို ထာ​ဝ​ရ​ဘု​ရား အား​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။ ထို​ဆက်​ကပ်​သော​မုန့်​များ​သည်​ယဇ်​ကောင်​၏ သွေး​ကို ယဇ်​ပလ္လင်​ဘေး​သို့​ပက်​ဖျန်း​သော​ယဇ် ပု​ရော​ဟိတ်​စား​သုံး​ရန်​အ​တွက်​ဖြစ်​သည်။-
A noloko o ia mea e mohai aku ai ia i hookahi no ka mohai okoa, i mohai hoali ia Iehova; a e lilo ia na ke kahuna nana i pipi i ke koko o na mohaihoomalu.
15 ၁၅ မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​ကို​ပူ​ဇော်​သော​နေ့ ၌ အ​သား​ကို​အ​ကုန်​စား​ရ​မည်။ နောက်​တစ်​နေ့ နံ​နက်​အ​ထိ အ​သား​အ​ကြွင်း​အ​ကျန်​မ​ရှိ စေ​ရ။
A o ka io o ka alana, o kana mau mohaihoomalu no ka hoomaikai, e aiia ia i ka la i mohaiia'i ia; aole oia e hookoe i kauwahi a kakahiaka.
16 ၁၆ တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​အ​ဋ္ဌိ​ဋ္ဌာန်​ပြည့် သည်​အ​တွက်​ဖြစ်​စေ၊ မိ​မိ​၏​စေ​တ​နာ​အ လျောက်​ဖြစ်​စေ​မိတ်​သ​ဟာ​ယ​ယဇ်​ကို​ပူ​ဇော် ဆက်​ကပ်​သည့်​အ​ခါ ပူ​ဇော်​သော​နေ့​၌​ယဇ် ကောင်​၏​အ​သား​ကို​အ​ကုန်​စား​ရန်​မ​လို။ ကြွင်း​ကျန်​သော​အ​သား​ကို​နောက်​တစ်​နေ့ ၌​စား​နိုင်​သည်။-
Aka, ina he mea hoohiki paha, a he mohai haawi wale, ka alana o kona mohai, e aiia ia i ka la i mohai aku ai oia i kana mohai; a ia la ae, aiia'i kolaila koena.
17 ၁၇ သို့​ရာ​တွင်​တ​တိ​ယ​နေ့​သို့​တိုင်​အောင် ကျန် နေ​သေး​သော​အ​သား​ကို​မူ​ကား​မီး​ရှို့​ပစ် ရ​မည်။-
Aka o ke koena o ka io o ka alana, i ke kolu o ka la, e hoopauia ia i ke ahi.
18 ၁၈ အ​သား​အ​ကြွင်း​အ​ကျန်​ကို​တ​တိ​ယ​နေ့​၌ စား​လျှင် ဘု​ရား​သ​ခင်​သည်​ထို​သူ​ပူ​ဇော်​သော ယဇ်​ကို​လက်​ခံ​တော်​မူ​မည်​မ​ဟုတ်။ ပူ​ဇော်​သော သူ​သည်​လည်း​အ​ကျိုး​ကို​မ​ခံ​ရ။ ထို​ယဇ်​သည် မ​စင်​ကြယ်​သ​ဖြင့် အ​သား​ကို​စား​သော​သူ​၌ အ​ပြစ်​ရောက်​လိမ့်​မည်။-
A ina e aiia kauwahi o ka io o ka alana o kana mau mohaihoomalu, i ke kolu o ka la, aole ia e maliuia mai, aole hoi e heluia ia na ka mea nana ia e mohai aku; e lilo ia i mea e hoowahawahaia, a o ka mea nana e ai ia mea, o kau maluna ona kona hewa.
19 ၁၉ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​စင်​ကြယ်​သော အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​သော​အ​သား ကို​မ​စား​ရ။ ၎င်း​ကို​မီး​ရှို့​ပစ်​ရ​မည်။ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​သော​သူ သည် မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​အ​သား​ကို စား​နိုင်​သည်။-
A o ka io i pili i ka mea maemae ole, aole ia e aiia, e hoopauia oia i ke ahi. A o ka io hoi, e ai ka poe maemae a pau i ka io.
20 ၂၀ မ​သန့်​ရှင်း​သူ​က​ထို​အ​သား​ကို​စား​လျှင် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ် ထုတ်​ခြင်း​ခံ​ရ​မည်။-
Aka o ka mea nana e ai i ka io o ka alana o na mohaihoomalu, na mea o Iehova, e kau ana kona haumia maluna ona, e okiia'ku ia mai kona poe kanaka aku.
21 ၂၁ ထို​အ​ပြင်​တစ်​စုံ​တစ်​ယောက်​သည်​လူ​မှ​ဖြစ် စေ၊ တိ​ရစ္ဆာန်​မှ​ဖြစ်​စေ၊ ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​စင်​သော​အ​ရာ​တစ်​စုံ​တစ်​ခု​နှင့် ထိ​မိ​ပြီး​မှ ထို​ယဇ်​ကောင်​၏​အ​သား​ကို​စား လျှင် ထို​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။
A o ke kanaka nana e hoopa aku i ka mea haumia, i ka haumia paha o ke kanaka, a i ka holoholona haumia, a i kekahi mea haumia e hoowahawahaia, a e ai hoi i ka io o ka alana o na mohaihoomalu, na mea o Iehova, e okiia'ku oia mai kona poe kanaka aku.
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို မော​ရှေ​အား​ဖြင့်​ချ​မှတ်​ပေး​တော်​မူ​၏။ သိုး၊ ဆိတ်၊ နွား​တို့​၏​အ​ဆီ​ကို​မ​စား​ရ။-
Olelo mai la hoi o Iehova ia Mose, i mai la,
23 ၂၃
E olelo aku oe i na mamo a Iseraela, penei, Mai ai oukou i ke kaikea o ka bipi kauo, a o ka hipa, a o ke kao.
24 ၂၄ သ​ဘာ​ဝ​အ​လျောက်​သေ​သော​တိ​ရစ္ဆာန်​၏ အ​ဆီ၊ သို့​မ​ဟုတ်​သား​ရဲ​ကိုက်​သတ်​၍​သေ သော​တိ​ရစ္ဆာန်​၏​အ​ဆီ​ကို​မ​စား​ရ။ သို့​ရာ တွင်​ထို​အ​ဆီ​ကို​အ​ခြား​ကိစ္စ​များ​အ​တွက် အ​သုံး​ပြု​နိုင်​သည်။-
A o ke kaikea o ka holoholona make wale, a o ke kaikea o ka mea i haehaeia e na holoholona, e pono ia i ka kela mea keia mea e ae, aole loa hoi oukou e ai ia mea.
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​အား​မီး​ရှို့​ရာ​ယဇ်​ပူ​ဇော် သော​ယဇ်​ကောင်​၏​အ​ဆီ​ကို​စား​သော​သူ သည် ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​မှ ပယ်​ထုတ်​ခြင်း​ခံ​ရ​မည်။-
A o ka mea nana e ai i ko kaikea o ka holoholona a na kanaka i kaumaha ai i ka mohai ma ke ahi ia Iehova, o ka mea i ai ia mea, oia ke okiia'ku mai kona poo kanaka aku.
26 ၂၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မည်​သည့် အ​ရပ်​၌​နေ​ထိုင်​သည်​မ​ဆို ငှက်​၏​သွေး​သို့ မ​ဟုတ်​တိ​ရစ္ဆာန်​၏​သွေး​ကို​မ​စား​ရ။-
Aole hoi oukou e ai i ko koko, o ke koko o ka manu, a o ka holoholona, iloko o kahi o ko oukou mau hale.
27 ၂၇ ဤ​ပ​ညတ်​ကို​ချိုး​ဖောက်​သော​သူ​သည် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ပယ်​ထုတ်​ခြင်း​ခံ​ရ မည်။
O ke kanaka i ai i ke koko, oia ke okiia'ku mai kona poe kanaka aku.
28 ၂၈ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက် အောက်​ပါ​ပြ​ဋ္ဌာန်း ချက်​များ​ကို​မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​အား​မိတ်​သ​ဟာ​ယ ယဇ်​ကို​ပူ​ဇော်​သော​သူ​သည် ယဇ်​ကောင်​၏ အ​စိတ်​အ​ပိုင်း​အ​ချို့​ကို​ထာ​ဝ​ရ​ဘု​ရား အ​တွက်​အ​ထူး​လှူ​ဖွယ်​အ​ဖြစ်၊-
Olelo mai la hoi o Iehova ia Mose, i mai la,
29 ၂၉
E olelo aku oe i na mamo a Iseraela, penei, O ka mea mohai i ka alana o kana mau mohaihoomalu ia Iehova, e lawe mai oia i kana mohai ia Iehova noloko o ka alana o kana mau mohaihoomalu.
30 ၃၀ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သ​ကာ​အ​နေ​နှင့် မိ​မိ လက်​နှင့်​ကိုယ်​တိုင်​ယူ​ဆောင်​ခဲ့​ရ​မည်။ သူ​သည် ယဇ်​ကောင်​၏​အ​ဆီ​နှင့်​တ​ကွ​ရင်​ပုံ​သား​ကို ထာ​ဝ​ရ​ဘု​ရား​အ​တွက် အ​ထူး​ပူ​ဇော် သ​ကာ​အ​ဖြစ်​ယူ​ဆောင်​ခဲ့​ရ​မည်။-
Na kona mau lima no e lawe mai i na mohai o Iehova i kaumahaia ma ke ahi, o ke kaikea me ka umauma, oia kana e lawe mai ai, i hooluliia ka umauma i mohaihoali ma ke alo o Iehova.
31 ၃၁ ယဇ်​ပု​ရော​ဟိတ်​သည်​အ​ဆီ​ကို​ယဇ်​ပလ္လင်​ပေါ် တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ သို့​ရာ​တွင်​ရင်​ပုံ​သား သည် ယဇ်​ပု​ရော​ဟိတ်​များ​စား​သုံး​ရန်​အ​တွက် ဖြစ်​သည်။-
A e kuni ke kahuna i ke kai kea maluna o ke kuahu; a e lilo ka umauma na Aaroua a me kana mau keiki.
32 ၃၂ မိတ်​သ​ဟာ​ယ​ယဇ်​ကောင်​၏​သွေး​နှင့်​အ​ဆီ ကို ပူ​ဇော်​သော​ယဇ်​ပု​ရော​ဟိတ်​အား ယဇ်​ကောင် ၏​လက်​ယာ​ပေါင်​ကို​အ​ထူး​လှူ​ဖွယ်​အ​ဖြစ် ပေး​ရ​မည်။-
A o ka uha mua akau, oia ka oukou e haawi aku ai i ke kahuna i mohaihoali, noloko o na alana o na mohaihoomalu a oukou.
33 ၃၃
O kekahi o ka Aarona mau keiki nana e mohai aku i ke koko o na mohaihoomalu a me ke kaikea, e lilo nana ka nha mua akau i kuleana nona.
34 ၃၄ ယဇ်​ကောင်​၏​ရင်​ပုံ​သား​နှင့်​လက်​ယာ​ပေါင်​တို့ သည် ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထံ​မှ ယဇ်​ပု​ရော​ဟိတ်​များ​အား အ​ထူး​လှူ​ဖွယ်​အ​ဖြစ်​သတ်​မှတ်​ပေး​သော ဝေ​စု​ဖြစ်​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ထို​ဝေ​စု​ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား ထာ​ဝ​စဉ်​လှူ​ဒါန်း​ရ​မည်။-
No ka mea, o ka umauma luli, a me ka uha hoali, oia ka'u i lawe ai mai na mamo a Iseraela, noluna mai hoi o na alana o ka lakou mau mohaihoomalu, a na haawi hoi aa ia mau mea ia Aarona ke kahuna, a i kana mau keiki; he kanawai mau iwaena o na mamo a Iseraela,
35 ၃၅ ဤ​ဝေ​စု​သည်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ယဇ် ပု​ရော​ဟိတ်​များ​အ​ဖြစ် သိက္ခာ​ခံ​ယူ​သည့်​နေ့ ၌​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သော​ယဇ် ကောင်​မှ​ရ​ရှိ​ခဲ့​သော​ဝေ​စု​ဖြစ်​သည်။-
Oia hoi ko ka poni ana o Aarona, a me ko ka pom ana o kana mau keiki noloko mai o na mohai o Iehova i kanmahaia ma ke ahi, i ka la i haawi ai oia ia lakou e lawelawe imua o Iehova ma ka oihanakahuna;
36 ၃၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ဝေ​စု ကို​ယဇ်​ပု​ရော​ဟိတ်​တို့​အား​ပေး​လှူ​ရန် ထို နေ့​၌​ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​တော်​မူ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဤ​ပ​ညတ် ကို​ထာ​ဝ​စဉ်​လိုက်​နာ​ရ​ကြ​မည်။
O ka mea a Iehova i kanoha mai ai e haawiia na lakou ko na mamo a Iseraela, i ka la i poni ai oia ia lakou, he kanawai mau no ko lakou mau hanauna.
37 ၃၇ ဤ​ကား​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​သ​ကာ၊ အ​ပြစ်​ဖြေ​ရာ​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ၊ သိက္ခာ​တင်​ရာ​ပူ​ဇော်​သ​ကာ၊ မိတ်​သ​ဟာ​ယ​ပူ​ဇော်​သ​ကာ​တို့​နှင့်​ဆိုင် သော​ပြ​ဋ္ဌာန်း​ချက်​များ​ဖြစ်​သည်။-
Oia ka kanawai o ka mohaikuni, o ka mohaiai, a o ka mohailawehala, a me ka mohaihala, a o na mohai poni, a me ka alana o na mohaihoomalu;
38 ၃၈ တော​ကန္တာ​ရ​ရှိ​သိ​နာ​တောင်​ပေါ်​၌​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​ဤ​ပြ​ဋ္ဌာန်း​ချက် များ​ကို​လိုက်​နာ​ရန်​မှာ​ထား​တော်​မူ​သော​နေ့​၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ချ​မှတ်​ပေး တော်​မူ​၏။
Ka mea a Iehova i kanoha mai ai ia Mose ma ka mauna Sinai, i ka la i kanoha mai ai oia i na mamo a Iseraela e kanmaha lakou i ko lakou mau mohai ia Iehova, ma ka waonahele o Sinai.

< ဝတ်ပြုရာ 7 >