< ဝတ်ပြုရာ 7 >
1 ၁ အပြစ်ဒဏ်ပြေရာပူဇော်သကာနှင့်ဆိုင် သောပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
“赎愆祭的条例乃是如此:这祭是至圣的。
2 ၂ ယဇ်ပလ္လင်၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင် များကိုသတ်သည့်နေရာတွင် အပြစ်ဒဏ်ပြေ ရာပူဇော်သကာအတွက်ယဇ်ကောင်ကိုသတ် ရမည်။ သွေးကိုယဇ်ပလ္လင်လေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-
人在那里宰燔祭牲,也要在那里宰赎愆祭牲;其血,祭司要洒在坛的周围。
3 ၃ ယဇ်ပုရောဟိတ်သည်ဆူဖြိုးသောအမြီး ဝမ်းတွင်းသားမှအဆီ၊ ကျောက်ကပ်နှင့် ကျောက်ကပ်အဆီ၊ အသည်းမှအကောင်း ဆုံးအပိုင်းစသည်တို့ကိုထုတ်ယူ၍ယဇ် ပလ္လင်ပေါ်တွင်ပူဇော်ရမည်။-
又要将肥尾巴和盖脏的脂油,
两个腰子和腰子上的脂油,就是靠腰两旁的脂油,并肝上的网子和腰子,一概取下。
5 ၅ ယဇ်ပုရောဟိတ်သည်အဆီရှိသမျှကိုယဇ် ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤကား အပြစ်ဒဏ်ပြေရာထာဝရဘုရားအား ပူဇော်သကာဖြစ်သတည်း။-
祭司要在坛上焚烧,为献给耶和华的火祭,是赎愆祭。
6 ၆ ယဇ်ပုရောဟိတ်ယောကျာ်းအပေါင်းတို့သည် ထို ယဇ်ကောင်၏အသားကိုစားနိုင်သည်။ ထိုပူဇော် သကာသည်အလွန်သန့်ရှင်းသောကြောင့် သန့်ရှင်း ရာဌာနတွင်စားရမည်။
祭司中的男丁都可以吃这祭物;要在圣处吃,是至圣的。
7 ၇ အပြစ်ဖြေရာပူဇော်သကာနှင့် အပြစ်ဒဏ်ပြေ ရာပူဇော်သကာနှစ်မျိုးစလုံးနှင့်ဆိုင်သော ပြဋ္ဌာန်းချက်မှာ ယဇ်ပူဇော်သောယဇ်ပုရောဟိတ် သည်ယဇ်ကောင်၏အသားကိုစားသုံးခွင့်ရှိ ခြင်းဖြစ်သည်။-
赎罪祭怎样,赎愆祭也是怎样,两个祭是一个条例。献赎愆祭赎罪的祭司要得这祭物。
8 ၈ မီးရှို့ရာယဇ်ကောင်၏သားရေသည် ယဇ်ပူဇော် သောယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။-
献燔祭的祭司,无论为谁奉献,要亲自得他所献那燔祭牲的皮。
9 ၉ မီးဖိုတွင်ဖုတ်သောဘောဇဉ်သကာ၊ အိုးသို့ မဟုတ်သံအိုးကင်းပေါ်၌ကင်သောဘောဇဉ် သကာတို့သည်လည်း ပူဇော်သောယဇ် ပုရောဟိတ်ပိုင်ရာဖြစ်၏။-
凡在炉中烤的素祭和煎盘中做的,并铁鏊上做的,都要归那献祭的祭司。
10 ၁၀ သို့ရာတွင်မဖုတ်မကင်ရသေးသောဘောဇဉ် သကာသည် ဆီနှင့်ရောပြီးသည်ဖြစ်စေ၊ ဆီ နှင့်မရောရသေးသည်ဖြစ်စေ၊ အာရုန်၏ အမျိုးအနွယ်ယဇ်ပုရောဟိတ်အားလုံးတို့ နှင့်ဆိုင်သဖြင့် အညီအမျှဝေယူစေရ မည်။
凡素祭,无论是油调和的是干的,都要归亚伦的子孙,大家均分。”
11 ၁၁ ထာဝရဘုရားအားပူဇော်သောမိတ်သဟာ ယယဇ်နှင့်ဆိုင်ရာပြဋ္ဌာန်းချက်များသည် ကား အောက်ပါအတိုင်းဖြစ်သည်။-
“人献与耶和华平安祭的条例乃是这样:
12 ၁၂ တစ်စုံတစ်ယောက်သည်ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းသည့်ယဇ်ကိုပူဇော် သောအခါ ယဇ်ကောင်နှင့်အတူတဆေး မပါသောမုန့်ကိုလည်းယူဆောင်ခဲ့ရမည်။ ၎င်းမုန့်မှာသံလွင်ဆီနှင့်မုန့်ညက်ရော၍ပြု လုပ်သောမုန့်လုံးသို့မဟုတ်သံလွင်ဆီသုတ် သောမုန့်ပြား သို့မဟုတ်သံလွင်ဆီနှင့်မုန့် ညက်ရော၍ပြုလုပ်သောမုန့်ဖြစ်ရမည်။ ဤမုန့်များတွင်တဆေးမပါစေရ။-
他若为感谢献上,就要用调油的无酵饼和抹油的无酵薄饼,并用油调匀细面做的饼,与感谢祭一同献上。
13 ၁၃ ထိုမုန့်များအပြင် တဆေးထည့်၍ဖုတ် သောမုန့်များကိုလည်းဆက်ကပ်ရမည်။-
要用有酵的饼和为感谢献的平安祭,与供物一同献上。
14 ၁၄ မုန့်တစ်မျိုးစီမှတစ်ခုကျကို ထာဝရဘုရား အားအထူးလှူဖွယ်အဖြစ်ဆက်ကပ်ရမည်။ ထိုဆက်ကပ်သောမုန့်များသည်ယဇ်ကောင်၏ သွေးကို ယဇ်ပလ္လင်ဘေးသို့ပက်ဖျန်းသောယဇ် ပုရောဟိတ်စားသုံးရန်အတွက်ဖြစ်သည်။-
从各样的供物中,他要把一个饼献给耶和华为举祭,是要归给洒平安祭牲血的祭司。
15 ၁၅ မိတ်သဟာယယဇ်ကောင်ကိုပူဇော်သောနေ့ ၌ အသားကိုအကုန်စားရမည်။ နောက်တစ်နေ့ နံနက်အထိ အသားအကြွင်းအကျန်မရှိ စေရ။
为感谢献平安祭牲的肉,要在献的日子吃,一点不可留到早晨。
16 ၁၆ တစ်စုံတစ်ယောက်သည် မိမိ၏အဋ္ဌိဋ္ဌာန်ပြည့် သည်အတွက်ဖြစ်စေ၊ မိမိ၏စေတနာအ လျောက်ဖြစ်စေမိတ်သဟာယယဇ်ကိုပူဇော် ဆက်ကပ်သည့်အခါ ပူဇော်သောနေ့၌ယဇ် ကောင်၏အသားကိုအကုန်စားရန်မလို။ ကြွင်းကျန်သောအသားကိုနောက်တစ်နေ့ ၌စားနိုင်သည်။-
若所献的是为还愿,或是甘心献的,必在献祭的日子吃,所剩下的第二天也可以吃。
17 ၁၇ သို့ရာတွင်တတိယနေ့သို့တိုင်အောင် ကျန် နေသေးသောအသားကိုမူကားမီးရှို့ပစ် ရမည်။-
但所剩下的祭肉,到第三天要用火焚烧;
18 ၁၈ အသားအကြွင်းအကျန်ကိုတတိယနေ့၌ စားလျှင် ဘုရားသခင်သည်ထိုသူပူဇော်သော ယဇ်ကိုလက်ခံတော်မူမည်မဟုတ်။ ပူဇော်သော သူသည်လည်းအကျိုးကိုမခံရ။ ထိုယဇ်သည် မစင်ကြယ်သဖြင့် အသားကိုစားသောသူ၌ အပြစ်ရောက်လိမ့်မည်။-
第三天若吃了平安祭的肉,这祭必不蒙悦纳,人所献的也不算为祭,反为可憎嫌的,吃这祭肉的,就必担当他的罪孽。
19 ၁၉ ဘာသာရေးထုံးနည်းအရမစင်ကြယ်သော အရာတစ်စုံတစ်ခုနှင့် ထိမိသောအသား ကိုမစားရ။ ၎င်းကိုမီးရှို့ပစ်ရမည်။ ဘာသာရေးထုံးနည်းအရသန့်ရှင်းသောသူ သည် မိတ်သဟာယယဇ်ကောင်၏အသားကို စားနိုင်သည်။-
“挨了污秽物的肉就不可吃,要用火焚烧。至于平安祭的肉,凡洁净的人都要吃;
20 ၂၀ မသန့်ရှင်းသူကထိုအသားကိုစားလျှင် ထာဝရဘုရား၏လူမျိုးတော်မှပယ် ထုတ်ခြင်းခံရမည်။-
只是献与耶和华平安祭的肉,人若不洁净而吃了,这人必从民中剪除。
21 ၂၁ ထိုအပြင်တစ်စုံတစ်ယောက်သည်လူမှဖြစ် စေ၊ တိရစ္ဆာန်မှဖြစ်စေ၊ ဘာသာရေးထုံးနည်း အရမသန့်စင်သောအရာတစ်စုံတစ်ခုနှင့် ထိမိပြီးမှ ထိုယဇ်ကောင်၏အသားကိုစား လျှင် ထိုသူသည်ထာဝရဘုရား၏လူမျိုး တော်မှပယ်ထုတ်ခြင်းခံရမည်။
有人摸了什么不洁净的物,或是人的不洁净,或是不洁净的牲畜,或是不洁可憎之物,吃了献与耶和华平安祭的肉,这人必从民中剪除。”
22 ၂၂ ထာဝရဘုရားသည်ဣသရေလအမျိုးသား တို့အတွက် အောက်ပါပြဋ္ဌာန်းချက်များကို မောရှေအားဖြင့်ချမှတ်ပေးတော်မူ၏။ သိုး၊ ဆိတ်၊ နွားတို့၏အဆီကိုမစားရ။-
耶和华对摩西说:
“你晓谕以色列人说:牛的脂油、绵羊的脂油、山羊的脂油,你们都不可吃。
24 ၂၄ သဘာဝအလျောက်သေသောတိရစ္ဆာန်၏ အဆီ၊ သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အဆီကိုမစားရ။ သို့ရာ တွင်ထိုအဆီကိုအခြားကိစ္စများအတွက် အသုံးပြုနိုင်သည်။-
自死的和被野兽撕裂的,那脂油可以做别的使用,只是你们万不可吃。
25 ၂၅ ထာဝရဘုရားအားမီးရှို့ရာယဇ်ပူဇော် သောယဇ်ကောင်၏အဆီကိုစားသောသူ သည် ထာဝရဘုရား၏လူမျိုးတော်မှ ပယ်ထုတ်ခြင်းခံရမည်။-
无论何人吃了献给耶和华当火祭牲畜的脂油,那人必从民中剪除。
26 ၂၆ ဣသရေလအမျိုးသားတို့သည်မည်သည့် အရပ်၌နေထိုင်သည်မဆို ငှက်၏သွေးသို့ မဟုတ်တိရစ္ဆာန်၏သွေးကိုမစားရ။-
在你们一切的住处,无论是雀鸟的血是野兽的血,你们都不可吃。
27 ၂၇ ဤပညတ်ကိုချိုးဖောက်သောသူသည် ထာဝရ ဘုရား၏လူမျိုးတော်မှပယ်ထုတ်ခြင်းခံရ မည်။
无论是谁吃血,那人必从民中剪除。”
28 ၂၈ တစ်ဖန်ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့အတွက် အောက်ပါပြဋ္ဌာန်း ချက်များကိုမောရှေမှတစ်ဆင့်ချမှတ်ပေး တော်မူ၏။ ထာဝရဘုရားအားမိတ်သဟာယ ယဇ်ကိုပူဇော်သောသူသည် ယဇ်ကောင်၏ အစိတ်အပိုင်းအချို့ကိုထာဝရဘုရား အတွက်အထူးလှူဖွယ်အဖြစ်၊-
耶和华对摩西说:
“你晓谕以色列人说:献平安祭给耶和华的,要从平安祭中取些来奉给耶和华。
30 ၃၀ မီးရှို့ရာယဇ်ပူဇော်သကာအနေနှင့် မိမိ လက်နှင့်ကိုယ်တိုင်ယူဆောင်ခဲ့ရမည်။ သူသည် ယဇ်ကောင်၏အဆီနှင့်တကွရင်ပုံသားကို ထာဝရဘုရားအတွက် အထူးပူဇော် သကာအဖြစ်ယူဆောင်ခဲ့ရမည်။-
他亲手献给耶和华的火祭,就是脂油和胸,要带来,好把胸在耶和华面前作摇祭,摇一摇。
31 ၃၁ ယဇ်ပုရောဟိတ်သည်အဆီကိုယဇ်ပလ္လင်ပေါ် တွင် မီးရှို့ပူဇော်ရမည်။ သို့ရာတွင်ရင်ပုံသား သည် ယဇ်ပုရောဟိတ်များစားသုံးရန်အတွက် ဖြစ်သည်။-
祭司要把脂油在坛上焚烧,但胸要归亚伦和他的子孙。
32 ၃၂ မိတ်သဟာယယဇ်ကောင်၏သွေးနှင့်အဆီ ကို ပူဇော်သောယဇ်ပုရောဟိတ်အား ယဇ်ကောင် ၏လက်ယာပေါင်ကိုအထူးလှူဖွယ်အဖြစ် ပေးရမည်။-
你们要从平安祭中把右腿作举祭,奉给祭司。
亚伦子孙中,献平安祭牲血和脂油的,要得这右腿为分;
34 ၃၄ ယဇ်ကောင်၏ရင်ပုံသားနှင့်လက်ယာပေါင်တို့ သည် ထာဝရဘုရားကဣသရေလအမျိုး သားတို့ထံမှ ယဇ်ပုရောဟိတ်များအား အထူးလှူဖွယ်အဖြစ်သတ်မှတ်ပေးသော ဝေစုဖြစ်သည်။ ဣသရေလအမျိုးသားတို့ သည် ထိုဝေစုကိုယဇ်ပုရောဟိတ်တို့အား ထာဝစဉ်လှူဒါန်းရမည်။-
因为我从以色列人的平安祭中,取了这摇的胸和举的腿给祭司亚伦和他子孙,作他们从以色列人中所永得的分。”
35 ၃၅ ဤဝေစုသည်အာရုန်နှင့်သူ၏သားတို့ယဇ် ပုရောဟိတ်များအဖြစ် သိက္ခာခံယူသည့်နေ့ ၌ထာဝရဘုရားအားပူဇော်သောယဇ် ကောင်မှရရှိခဲ့သောဝေစုဖြစ်သည်။-
这是从耶和华火祭中,作亚伦受膏的分和他子孙受膏的分,正在摩西叫他们前来给耶和华供祭司职分的日子,
36 ၃၆ ဣသရေလအမျိုးသားတို့သည် ဤဝေစု ကိုယဇ်ပုရောဟိတ်တို့အားပေးလှူရန် ထို နေ့၌ထာဝရဘုရားပညတ်တော်မူ၏။ ဣသရေလအမျိုးသားတို့သည် ဤပညတ် ကိုထာဝစဉ်လိုက်နာရကြမည်။
就是在摩西膏他们的日子,耶和华吩咐以色列人给他们的。这是他们世世代代永得的分。
37 ၃၇ ဤကားမီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်သကာ၊ အပြစ်ဖြေရာပူဇော်သကာ၊ အပြစ်ဒဏ်ပြေ ရာပူဇော်သကာ၊ သိက္ခာတင်ရာပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာတို့နှင့်ဆိုင် သောပြဋ္ဌာန်းချက်များဖြစ်သည်။-
这就是燔祭、素祭、赎罪祭、赎愆祭,和平安祭的条例,并承接圣职的礼,
38 ၃၈ တောကန္တာရရှိသိနာတောင်ပေါ်၌ထာဝရ ဘုရားသည် မောရှေမှတစ်ဆင့်ဤပြဋ္ဌာန်းချက် များကိုလိုက်နာရန်မှာထားတော်မူသောနေ့၌ ဣသရေလအမျိုးသားတို့အားချမှတ်ပေး တော်မူ၏။
都是耶和华在西奈山所吩咐摩西的,就是他在西奈旷野吩咐以色列人献供物给耶和华之日所说的。