< ဝတ်ပြုရာ 6 >
1 ၁ တစ်ဖန်ထာဝရဘုရားသည်မောရှေအား အောက်ပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူ၏။-
And YHWH spake unto Moses, saying,
2 ၂ တစ်စုံတစ်ယောက်သည်ဣသရေလအမျိုး သားချင်းတစ်ဦးက အပ်နှံထားသောအာမခံ ငွေကိုပြန်ပေးရန်ငြင်းဆိုလျှင်သော်လည်း ကောင်း၊ သူ့ထံမှပစ္စည်းတစ်စုံတစ်ခုကိုခိုး ယူခြင်းသို့မဟုတ်သူ့အားလိမ်လည်လှည့် ဖြားခြင်းပြုလျှင်လည်းကောင်း၊-
If a soul sin, and commit a trespass against YHWH, and lie unto his neighbour in that which was delivered him to keep, or in fellowship, or in a thing taken away by violence, or hath deceived his neighbour;
3 ၃ သူတစ်ပါးပျောက်ဆုံးသောပစ္စည်းကိုတွေ့ လျက်နှင့် မတွေ့ဟုကျိန်ဆို၍မုသားကို ပြောလျှင်လည်းကောင်း ထာဝရဘုရား အားပြစ်မှားကူးလွန်ရာရောက်သဖြင့်ယဇ် ပူဇော်ရမည်။-
Or have found that which was lost, and lieth concerning it, and sweareth falsely; in any of all these that a man doeth, sinning therein:
4 ၄ ထိုအပြစ်များအနက်တစ်မျိုးမျိုးကိုကူး လွန်သူသည်မတရားသဖြင့် ယူထားသမျှ ကိုပြန်၍ပေးအပ်ရမည်။ သူ၌အပြစ်ရှိ ကြောင်းသိရသည့်နေ့၌ မိမိယူထားသော ငွေအပြင်နှစ်ဆယ်ရာခိုင်နှုန်းအပိုဆောင်း ၍ပိုင်ရှင်အားပြန်ပေးရမည်။-
Then it shall be, because he hath sinned, and is guilty, that he shall restore that which he took violently away, or the thing which he hath deceitfully gotten, or that which was delivered him to keep, or the lost thing which he found,
Or all that about which he hath sworn falsely; he shall even restore it in the principal, and shall add the fifth part more thereto, and give it unto him to whom it appertaineth, in the day of his trespass offering.
6 ၆ သူသည်ထာဝရဘုရားအားပူဇော်ရန် အပြစ် ဒဏ်ပြေရာယဇ်အဖြစ်အပြစ်အနာကင်း သောသိုးထီး သို့မဟုတ်ဆိတ်ထီးကိုယဇ် ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။ သိုး သို့မဟုတ်ဆိတ်၏တန်ဖိုးကိုကျပ်ချိန်တော် အရအဖိုးဖြတ်သည့်ငွေကိုပါဆက်သ ရမည်။-
And he shall bring his trespass offering unto YHWH, a ram without blemish out of the flock, with thy estimation, for a trespass offering, unto the priest:
7 ၇ ထိုနောက်ယဇ်ပုရောဟိတ်သည်ထိုသူ၏ အပြစ်အတွက် ယဇ်ပူဇော်သဖြင့်သူသည် အပြစ်လွတ်လိမ့်မည်။
And the priest shall make an atonement for him before YHWH: and it shall be forgiven him for any thing of all that he hath done in trespassing therein.
8 ၈ တစ်ဖန်ထာဝရဘုရားသည်မီးရှို့ရာယဇ် နှင့်ဆိုင်သော အောက်ပါပြဋ္ဌာန်းချက်များကို မောရှေမှတစ်ဆင့်အာရုန်နှင့်သူ၏သားတို့ အားချမှတ်ပေးတော်မူ၏။ မီးရှို့ရာယဇ်ကောင် ကိုယဇ်ပလ္လင်ပေါ်တွင် တစ်ညလုံးရှိစေရမည်။ ယဇ်ပလ္လင်မီးကိုလည်းအစဉ်တောက်လောင် နေစေရမည်။-
And YHWH spake unto Moses, saying,
Command Aaron and his sons, saying, This is the law of the burnt offering: It is the burnt offering, because of the burning upon the altar all night unto the morning, and the fire of the altar shall be burning in it.
10 ၁၀ ထိုနောက်ယဇ်ပုရောဟိတ်သည်ပိတ်ချော အပေါ်ရုံအင်္ကျီ၊ ပိတ်ချောဘောင်းဘီတို့ကို ဝတ်ဆင်၍ယဇ်ပလ္လင်ပေါ်ရှိယဇ်ကောင်မှ ကျွမ်းလောင်သောပြာကိုပလ္လင်ဘေးတွင် ထားရမည်။-
And the priest shall put on his linen garment, and his linen breeches shall he put upon his flesh, and take up the ashes which the fire hath consumed with the burnt offering on the altar, and he shall put them beside the altar.
11 ၁၁ ထိုနောက်သူသည်အဝတ်လဲ၍ စခန်းအပြင် ရှိဘာသာရေးထုံးနည်းအရ သန့်စင်ရာ အရပ်သို့ပြာကိုယူဆောင်သွားရမည်။-
And he shall put off his garments, and put on other garments, and carry forth the ashes without the camp unto a clean place.
12 ၁၂ ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမှမီးမငြိမ်းစေရ။ ယဇ် ပုရောဟိတ်သည်နံနက်တိုင်းယဇ်ပလ္လင်ပေါ်တွင် ထင်းတင်၍ မီးရှို့ရာယဇ်ကိုထင်းပုံပေါ်တွင် စီ၍တင်ရမည်။ ထိုယဇ်ပလ္လင်ပေါ်တွင်မိတ် သဟာယယဇ်၏ဆီဥကိုမီးရှို့ပူဇော်ရမည်။-
And the fire upon the altar shall be burning in it; it shall not be put out: and the priest shall burn wood on it every morning, and lay the burnt offering in order upon it; and he shall burn thereon the fat of the peace offerings.
13 ၁၃ ယဇ်ပလ္လင်မီးကိုအမြဲတောက်လောင်နေစေရ မည်။ မည်သည့်အခါမျှမီးမငြိမ်းစေရ။
The fire shall ever be burning upon the altar; it shall never go out.
14 ၁၄ ဘောဇဉ်သကာဆိုင်ရာပြဋ္ဌာန်းချက်များ မှာအောက်ပါအတိုင်းဖြစ်သည်။ အာရုန်၏ အဆက်အနွယ်ယဇ်ပုရောဟိတ်သည် ယဇ် ပလ္လင်ရှေ့တွင်ထာဝရဘုရားအားဘောဇဉ် သကာကိုပူဇော်ရမည်။-
And this is the law of the meat offering: the sons of Aaron shall offer it before YHWH, before the altar.
15 ၁၅ ဘောဇဉ်သကာအားလုံးကိုပူဇော်သည့် အထိမ်းအမှတ်အဖြစ် ယဇ်ပုရောဟိတ်သည် မုန့်ညက်လက်တစ်ဆုပ်၊ ဆီအနည်းငယ်နှင့် တကွအမွှေးအကြိုင်ကိုယူ၍ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ထိုဘောဇဉ် သကာ၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။-
And he shall take of it his handful, of the flour of the meat offering, and of the oil thereof, and all the frankincense which is upon the meat offering, and shall burn it upon the altar for a sweet savour, even the memorial of it, unto YHWH
16 ၁၆ ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။-
And the remainder thereof shall Aaron and his sons eat: with unleavened bread shall it be eaten in the holy place; in the court of the tabernacle of the congregation they shall eat it.
It shall not be baken with leaven. I have given it unto them for their portion of my offerings made by fire; it is most holy, as is the sin offering, and as the trespass offering.
18 ၁၈ အာရုန်၏အဆက်အနွယ်ယောကျာ်းတို့သည် ထာဝရဘုရားအား ပူဇော်သောဘောဇဉ် သကာမှဝေစုကိုထာဝစဉ်စားသုံးစေရ မည်။ အခြားသူတစ်စုံတစ်ယောက်က ထို ဘောဇဉ်သကာကိုထိကိုင်မိလျှင် ထိုဘောဇဉ် ၏သန့်ရှင်းမြင့်မြတ်မှုကြောင့်ဘေးသင့်လိမ့် မည်။
All the males among the children of Aaron shall eat of it. It shall be a statute for ever in your generations concerning the offerings of YHWH made by fire: every one that toucheth them shall be holy.
19 ၁၉ ထာဝရဘုရားသည် အာရုန်၏အဆက် အနွယ်ယဇ်ပုရောဟိတ်တို့အားသိက္ခာတင် ခြင်းနှင့်ပတ်သက်၍ အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်ချမှတ်ပေးတော် မူ၏။ ယဇ်ပုရောဟိတ်ကိုသိက္ခာတင်သောနေ့၌ သူသည်ထာဝရဘုရားအားမုန့်ညက်နှစ် ပေါင် (နေ့စဉ်ပူဇော်သောဘောဇဉ်အချင်အတွယ် အတိုင်း) ကိုနံနက်တစ်ပေါင်ညနေတစ်ပေါင် ပူဇော်ရမည်။-
And YHWH spake unto Moses, saying,
This is the offering of Aaron and of his sons, which they shall offer unto YHWH in the day when he is anointed; the tenth part of an ephah of fine flour for a meat offering perpetual, half of it in the morning, and half thereof at night.
21 ၂၁ မုန့်ညက်ကိုဆီရော၍သံအိုးကင်းပေါ်တွင် ဖုတ်ရမည်။ ထိုနောက်မုန့်ကိုချေ၍ ဘောဇဉ် သကာအဖြစ်ထာဝရဘုရားအားပူဇော် ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။-
In a pan it shall be made with oil; and when it is baken, thou shalt bring it in: and the baken pieces of the meat offering shalt thou offer for a sweet savour unto YHWH.
22 ၂၂ အာရုန်၏အဆက်အနွယ်ထဲမှယဇ်ပုရော ဟိတ်မင်းအဖြစ်အမှုတော်ဆောင်ရွက်ရသူ တိုင်းသည် ထိုပူဇော်သကာကိုအစဉ်ဆက်သ ရမည်။ ဤပြဋ္ဌာန်းချက်ကိုထာဝစဉ်လိုက်နာ ရမည်။ ထာဝရဘုရားအားပူဇော်သော ထို ဘောဇဉ်သကာကိုအကုန်အစင်မီးရှို့ ပူဇော်ရမည်။-
And the priest of his sons that is anointed in his stead shall offer it: it is a statute for ever unto YHWH, it shall be wholly burnt.
23 ၂၃ ယဇ်ပုရောဟိတ်ပူဇော်သောဘောဇဉ်သကာ ကိုမည်သူမျှမစားရ။ မုန့်အားလုံးကိုမီး ရှို့ရမည်။
For every meat offering for the priest shall be wholly burnt: it shall not be eaten.
24 ၂၄ ထာဝရဘုရားသည်အပြစ်ဖြေရာပူဇော် သကာနှင့်ဆိုင်သော အောက်ပါပြဋ္ဌာန်းချက် များကိုမောရှေမှတစ်ဆင့်၊ အာရုန်နှင့်သူ၏ သားတို့အားချမှတ်ပေးတော်မူ၏။ ယဇ်ပလ္လင် ၏မြောက်ဘက်ရှိမီးရှို့ရာယဇ်ကောင်များကို သတ်သောနေရာတွင် အပြစ်ဖြေရာယဇ်ကောင် ကိုသတ်ရမည်။ ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
And YHWH spake unto Moses, saying,
Speak unto Aaron and to his sons, saying, This is the law of the sin offering: In the place where the burnt offering is killed shall the sin offering be killed before YHWH: it is most holy.
26 ၂၆ ထိုယဇ်ကောင်ကိုပူဇော်သောယဇ်ပုရောဟိတ် သည် ထာဝရဘုရားစံတော်မူရာတဲတော် ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ယဇ်ကောင် ၏အသားကိုစားရမည်။-
The priest that offereth it for sin shall eat it: in the holy place shall it be eaten, in the court of the tabernacle of the congregation.
27 ၂၇ တစ်စုံတစ်ယောက်ကထိုယဇ်ကောင်၏အသား ကိုထိကိုင်မိလျှင် ထိုအသား၏သန့်ရှင်းမြင့် မြတ်မှုကြောင့်ဘေးသင့်လိမ့်မည်။ အဝတ်အထည် တွင်ယဇ်ကောင်၏အသွေးစွန်းလျှင် ထိုအစွန်း ကွက်ကိုသန့်ရှင်းရာဌာနတွင်ဆေးကြောရ မည်။-
Whatsoever shall touch the flesh thereof shall be holy: and when there is sprinkled of the blood thereof upon any garment, thou shalt wash that whereon it was sprinkled in the holy place.
28 ၂၈ ယဇ်ကောင်၏အသားကိုပြုတ်သောမြေအိုးကို ခွဲပစ်ရမည်။ အသားကိုကြေးအိုးတွင်ပြုတ် လျှင် ထိုအိုးကိုပွတ်တိုက်၍ရေဆေးရမည်။-
But the earthen vessel wherein it is sodden shall be broken: and if it be sodden in a brasen pot, it shall be both scoured, and rinsed in water.
29 ၂၉ ယဇ်ပုရောဟိတ်အနွယ်ထဲမှယောကျာ်းအပေါင်း တို့သည် ထိုယဇ်ကောင်၏အသားကိုစားနိုင် သည်။ ထိုပူဇော်သကာသည်အလွန်သန့်ရှင်း ၏။-
All the males among the priests shall eat thereof: it is most holy.
30 ၃၀ သို့ရာတွင်ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့ ယူဆောင်၍ အပြစ်ဖြေရာဝတ်တွင်အသုံးပြု လျှင်ထိုယဇ်ကောင်၏အသားကိုမစားရ။ မီးရှို့ရမည်။
And no sin offering, whereof any of the blood is brought into the tabernacle of the congregation to reconcile withal in the holy place, shall be eaten: it shall be burnt in the fire.