< ဝတ်ပြုရာ 5 >

1 အောက်​ဖော်​ပြ​ပါ​ကူး​လွန်​မူ​များ​အ​တွက် အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​ရန်​လို​အပ်​သည်။ တစ် စုံ​တစ်​ယောက်​သော​သူ​အား​တ​ရား​ရုံး​မှ​သက် သေ​ခံ​ရန်​ဆင့်​ခေါ်​သည့်​အ​ခါ သူ​သည်​မိ​မိ မြင်​ရ​ကြား​ရ​သည့်​အ​တိုင်း​ထုတ်​ဖော်​ပြော​ဆို ခြင်း​မ​ပြု​လျှင် အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။
တစုံ တယောက်သောသူသည် အမှုကို မြင် သည်ဖြစ်စေ ၊ သိ သည်ဖြစ်စေ ၊ ကျိန်ဆို စေသော စကား ကို ကြား ၍ ၊ သက်သေ ဖြစ်လျက်နှင့် ပြန်မ ပြော ဘဲနေသဖြင့် ပြစ်မှား ၍ ၊ မိမိ ဒုစရိုက် အပြစ်ကို ခံရ သော်၎င်း၊
2 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် တိ​ရစ္ဆာန်​အ​သေ ကောင်​အ​စ​ရှိ​သော​ဘာ​သာ​ထုံး​နည်း​အ​ရ မ​စင် ကြယ်​သော​အ​ရာ​ကို​မ​သိ​ဘဲ​နှင့်​ကိုင်​မိ​လျှင် ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ​ချင်း သူ​သည်​အ​ပြစ် ကူး​လွန်​ရာ​ရောက်​သည်။
တစုံ တယောက်သောသူ သည် မ စင်ကြယ်သော သားရဲ ၊ သားယဉ်၊ တွား တတ်သော တိရစ္ဆာန်၏ အသေ ကောင် အစရှိသော မ စင်ကြယ်သော အရာ တစုံ တခုကို အမှတ်တမဲ့ထိမိ သဖြင့် ၊ မ စင်ကြယ်ရာသို့ ရောက်၍ အပြစ် ရှိသော်၎င်း၊
3 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် လူ့​ကိုယ်​ခန္ဓာ​၏ အ​ညစ်​အ​ကြေး​တစ်​မျိုး​မျိုး​ကို အ​မှတ်​မ​ထင် ထိ​ကိုင်​မိ​လျှင် ထိ​ကိုင်​မိ​ကြောင်း​သိ​လျှင်​သိ ချင်း သူ​သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​သည်။
လူ ၌ ကပ်သော မ စင်ကြယ်သော အရာတစုံတခုကို လည်း မသိဘဲ ထိမိ ၍ နောက်တဖန် သိလျှင်၊ အပြစ်ရှိရာသို့ ရောက်သော်၎င်း၊
4 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မည်​သည့်​ကိစ္စ မျိုး​၌​မ​ဆို​အ​ကျိုး​အ​ပြစ်​ကို​မ​ဆင်​ခြင်​ဘဲ ကျိန်​ဆို​မိ​လျှင် ယင်း​သို့​ကျိန်​ဆို​မိ​ကြောင်း သိ​လျှင်​သိ​ချင်း​သူ​သည်​အ​ပြစ်​ကူး​လွန် ရာ​ရောက်​သည်။
တစုံ တယောက်သောသူသည် ကောင်း သောအမှု၊ မ ကောင်းသောအမှုကို ပြုမည်ဟု အကျိုးအပြစ် ကို မသိဘဲ ကျိန်ဆို လျက် သစ္စာပြု၍ နောက်တဖန်သိလျှင် ၊ အရင်ကျိန်ဆိုလျက် သစ္စာ ပြုလေရာရာ၌ အပြစ် တစုံ တခုရောက်သော်၎င်း ၊
5 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် အ​ပြစ်​ကူး လွန်​လျှင် အ​ပြစ်​ကူး​လွန်​ကြောင်း​ဝန်​ခံ​ရ မည်။-
ထိုသို့သောအပြစ် တစုံ တခုရောက်လျှင် ၊ ထိုအပြစ် ကို ဘော်ပြ တောင်းပန်ရမည်။
6 အ​ပြစ်​ဒဏ်​အ​တွက်​သူ​သည် ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​သိုး​မ​သို့​မ​ဟုတ်​ဆိတ်​မ​ကို​ယဇ် ပူ​ဇော်​ရန်​ယူ​ဆောင်​ခဲ့​ရ​မည်။ ယဇ်​ပု​ရော​ဟိတ် သည် ထို​သူ​၏​အ​ပြစ်​အ​တွက်​ယဇ်​ကောင်​ကို ပူ​ဇော်​ရ​မည်။
ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေရာ ယဇ်ဖြစ်စေခြင်းငှါသိုးသငယ် ဖြစ်စေ ၊ ဆိတ် သငယ် ဖြစ်စေ၊ အမ တကောင်ကောင်တည်းဟူသောဒုစရိုက် ဖြေရာယဇ်ကို ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ပြီးလျှင် ၊ ယဇ် ပုရောဟိတ်သည် ထိုသူ ၏ အပြစ် အတွက် အပြစ် ဖြေခြင်းကို ပြုရမည်။
7 ထို​သူ​သည်​သိုး​ကို​ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် သူ​၏​အ​ပြစ်​အ​တွက် ချိုး​နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ငှက်​တစ် ကောင်​ကို​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဖြင့်​လည်း ကောင်း၊ အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
သိုးသငယ် ကို မ တတ် နိုင်လျှင် ၊ ပြစ်မှား မိသော အပြစ်အတွက် အပြစ် ဖြေရာယဇ်ဘို့ တကောင်၊ မီး ရှို့ရာယဇ်ဘို့ တကောင် ၊ ခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်ကို ထာဝရဘုရား အထံတော်၊
8 သူ​သည်​ငှက်​များ​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ယူ​ဆောင်​ခဲ့​၍ ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​ဦး​စွာ​ပူ​ဇော်​ရ​မည်။ ယဇ်​ပု ရော​ဟိတ်​သည်​ထို​ငှက်​ဦး​ခေါင်း​ကို​မ​ပြတ် စေ​ဘဲ​လည်​ကို​လိမ်​ချိုး​ရ​မည်။-
ယဇ်ပုရောဟိတ် ရှေ့ သို့ ဆောင် ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည် အပြစ် ဖြေရာ ယဇ်ကောင်ကို အရင် ပူဇော် လျက် ၊ ခေါင်း ကိုလိမ် ၍ ဖြတ်ရမည်။ ကိုယ်ကို ရှင်းရှင်းမ ခွဲ ရ။
9 ထို့​နောက်​ငှက်​သွေး​အ​ချို့​ကို​ပလ္လင်​ဘေး​ဘက် သို့​ပက်​ဖျန်း​၍ ကျန်​သော​သွေး​ကို​ပလ္လင်​ခြေ ရင်း​သို့​ညှစ်​ချ​ရ​မည်။ ဤ​သည်​ကား​အ​ပြစ် ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-
ထိုအပြစ် ဖြေရာ ယဇ်ကောင်အသွေး ကို ယဇ် ပလ္လင်နံရံ ၌ ဖြန်း ၍ ၊ ကြွင်း သော အသွေး ကို ယဇ် ပလ္လင်ခြေရင်း နားမှာ ညှစ် ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်သတည်း။
10 ၁၀ ဒု​တိ​ယ​ငှက်​ကို​ပြ​ဋ္ဌာန်း​ချက်​များ​အ​ရ မီး​ရှို့​ပူ​ဇော်​ရ​မည်။ ထို​နည်း​အား​ဖြင့်​ယဇ် ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​ကို​ဖြေ​ရန် ယဇ်​ပူ​ဇော်​ရ​မည်။ ထို​သူ​သည်​လည်း​အ​ပြစ် လွတ်​လိမ့်​မည်။
၁၀ဒုတိယ ငှက်ကောင်ကို၊ ပညတ် တရားအတိုင်း မီး ရှို့ရာ ယဇ်ပူဇော် ရမည်။ ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် အတွက် အပြစ် ဖြေခြင်းကိုပြုလျှင် ၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
11 ၁၁ သူ​သည်​ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင် ပူ​ဇော်​ရန်​မ​တတ်​နိုင်​လျှင် အ​ပြစ်​ဖြေ​ရာ​ယဇ် အ​ဖြစ်​မုန့်​ညက်​နှစ်​ပေါင်​ကို ယဇ်​ပု​ရော​ဟိတ် ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ယင်း​ပူ​ဇော်​ခြင်း သည်​ဘော​ဇဉ်​သ​ကာ​ပူ​ဇော်​ခြင်း​မ​ဟုတ်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ခြင်း​ဖြစ် သော​ကြောင့် မုန့်​ညက်​ပေါ်​တွင်​သံ​လွင်​ဆီ သို့​မ​ဟုတ်၊ အ​မွှေး​နံ့​သာ​ကို​မ​လောင်း​ရ။-
၁၁ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို မ တတ် နိုင်လျှင် ၊ ပြစ်မှား သော သူ သည် အပြစ် ဖြေရာယဇ် အရာ၌ မုန့်ညက် တဩမဲကို ဆောင် ခဲ့၍ ဆက်ရမည်။ အပြစ်ဖြေရာယဇ် ဖြစ်သောကြောင့် ဆီ ကို မ လောင်း ရ။ လောဗန် ကို မ တင် ရ။
12 ၁၂ ယဇ်​ပု​ရော​ဟိတ်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ တော်​သို့ မုန့်​ညက်​အ​ကုန်​အ​စင်​ပူ​ဇော်​ဆက်​သ သည့်​အ​ထိမ်း​အ​မှတ်​အ​ဖြစ် မုန့်​ညက်​လက် တစ်​ဆုပ်​စာ​ကို​ယူ​၍​ပူ​ဇော်​သ​ကာ​အ​ဖြစ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ယင်း​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သ​တည်း။-
၁၂ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ပြီးလျှင် ၊ ယဇ် ပုရောဟိတ်သည် မုန့်ညက်တလက် ဆွန်းတည်းဟူသောပူဇော်သက္ကာအတွက် အတာကိုယူ ၍ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာနှင့်အတူယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ အပြစ် ဖြေရာယဇ် ဖြစ်သတည်း။
13 ၁၃ ဤ​နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို သူ​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ​ဇော်​သ​ဖြင့် ထို​သူ​သည်​အ​ပြစ်​လွတ်​လိမ့်​မည်။ ဘော​ဇဉ် သ​ကာ​ပူ​ဇော်​သည့်​နည်း​ကဲ့​သို့​ကျန်​သော မုန့်​ညက်​သည် ယဇ်​ပု​ရော​ဟိတ်​သုံး​ဆောင် ရန်​အ​တွက်​ဖြစ်​သည်။
၁၃ထိုသို့ ယဇ် ပုရောဟိတ်သည်၊ ထိုသူ ပြစ်မှား မိသော အပြစ် တစုံ တခုအတွက် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ သူ ၏ အပြစ်လွှတ် လိမ့်မည်။ ကြွင်းသောအရာသည် ဘောဇဉ်ပူဇော်သက္ကာ ကဲ့သို့ ၊ ယဇ်ပုရောဟိတ် အဘို့ ဖြစ် သည်ဟု မောရှေအား မိန့်တော်မူ၏။
14 ၁၄ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အောက်​ပါ ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။-
၁၄တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
15 ၁၅ တစ်​စုံ​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​၏ သန့်​ရှင်း​မြင့်​မြတ်​မှု​ကို အ​မှတ်​မ​ထင်​ထိ​ခိုက် အ​ပြစ်​ကူး​လွန်​မိ​သော်​အ​ပြစ်​အ​နာ​ကင်း သော​သိုး​ထီး၊ သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ထာ​ဝ​ရ ဘု​ရား​ထံ​တော်​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး သို့​မ​ဟုတ်​ဆိတ်​၏​တန်​ဖိုး​ကို ကျပ်​ချိန်​တော် အ​ရ​အ​ဖိုး​ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ ရ​မည်။-
၁၅တစုံတယောက် သောသူသည် တရားကိုမသိ၊ ထာဝရဘုရား နှင့်ဆိုင်သောအရာတို့၌ လွန်ကျူး ပြစ်မှား မိလျှင်၊ ထိုပြစ်မှား ခြင်းအတွက် ဒုစရိုက်ဖြေရာယဇ် တည်းဟူသောအပြစ် မပါသော သိုးထီး ကို၎င်း၊ အကျပ် တော်အလိုက် ချင့်တွက် ၍ ချိန်သော အလျော်ငွေကို၎င်း၊ ထာဝရဘုရား အထံ တော်သို့ ဆောင် ခဲ့ရမည်။
16 ၁၆ သူ​သည်​ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ် မှု​အ​တွက် မ​ဆောင်​ရွက်​ခဲ့​မိ​သည့်​လျော်​ငွေ တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​အ​ပို ဆောင်း​၍​ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။ ထို နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​၏​အ​ပြစ် အ​တွက် သိုး​ထီး​သို့​မ​ဟုတ်​ဆိတ်​ကို​ပူ​ဇော် သ​ဖြင့်​ထို​သူ​သည်​အ​ပြစ်​လွတ်​လိမ့်​မည်။
၁၆ထိုသို့ ဘုရား နှင့်ဆိုင်သော အရာ၌ ပြစ်မှား မိရာကို ပြုပြင် ပြီးလျှင် ၊ ငါး စုတစုကိုလည်း ထပ် ၍ယဇ်ပုရောဟိတ် အား ပေး ရမည်။ ယဇ် ပုရောဟိတ်သည်လည်း ၊ ဒုစရိုက် ဖြေရာယဇ်ဖြစ်သော သိုး အားဖြင့် ၊ ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ပြုလျှင်၊ သူ ၏ အပြစ်လွတ် လိမ့်မည်။
17 ၁၇ တစ်​စုံ​တစ်​ယောက်​သည် ထာ​ဝ​ရ​ဘု​ရား​၏ ပ​ညတ်​တော်​တစ်​ပါး​ပါး​ကို​အ​မှတ်​မ​ထင် ချိုး​ဖောက်​မိ​လျှင် သူ​သည်​အ​ပြစ်​ကူး​လွန် သ​ဖြင့်​အ​ပြစ်​ဒဏ်​ကို​ပေး​ဆောင်​ရ​မည်။-
၁၇တစုံ တယောက်သောသူသည်၊ ထာဝရဘုရား ပညတ် တော်မူသောအမှုတစုံ တခုကို ပြု ၍ ပြစ်မှား မိလျှင် ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သော်လည်း အပြစ် ရောက်၍ ထိုအပြစ် ကိုခံရ မည်။
18 ၁၈ သူ​သည်​အ​ပြစ်​အ​နာ​ကင်း​သော​သိုး​ထီး သို့​မ​ဟုတ်​ဆိတ်​ထီး​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ သို့​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​သိုး​သို့​မ​ဟုတ် ဆိတ်​၏​တန်​ဖိုး​ကို​ကျပ်​ချိန်​တော်​အ​ရ​အ​ဖိုး ဖြတ်​သည့်​ငွေ​ကို​ပါ​ဆက်​သ​ရ​မည်။ ထို​နောက် ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ​၏​အ​ပြစ်​အ​တွက် ယဇ်​ပူ​ဇော်​သ​ဖြင့်​သူ​သည်​အ​ပြစ်​လွတ်​လိမ့် မည်။-
၁၈ဒုစရိုက် ဖြေရာယဇ်ကိုပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေ နှင့်တကွ၊ အပြစ် မပါသော သိုး ထီးကို ဆောင် ခဲ့ရမည်။ တရားကိုမသိ ပြစ်မှား မိသော်လည်း ၊ ကိုယ်ပြစ်မှားမှန်းကို မ သိ သောသူ အဘို့ ယဇ် ပုရောဟိတ်သည် အပြစ် ဖြေခြင်းကို ပြုလျှင် ၊ ထိုသူ ၏ အပြစ်လွတ် လိမ့်မည်။
19 ၁၉ ယင်း​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကူး​လွန်​မိ​သည့်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ ရာ​ပူ​ဇော်​သ​ကာ​ဖြစ်​သ​တည်း။
၁၉ဒုစရိုက် ဖြေသောယဇ် ဖြစ်သတည်း။ အကယ်စင်စစ်ထိုသူ သည် ထာဝရဘုရား ကို ပြစ်မှား ရာ ရောက်သတည်းဟု မိန့်တော်မူ၏။

< ဝတ်ပြုရာ 5 >