< ဝတ်ပြုရာ 27 >
1 ၁ ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့ စောင့်ထိန်းရန်ပေးအပ် သည့်ပြဋ္ဌာန်းချက်များမှာအောက်ပါအတိုင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားကတိသစ္စာပြု၍ မိမိကိုယ်ကို ဆက်ကပ်ပူဇော်လျှင် သူသည်အောက်တွင်ဖော် ပြပါငွေများကို၊-
Und der Herr sprach zu Moses:
"Sprich zu den Söhnen Israels und sage ihnen: 'Wenn jemand Personen nach dem Schätzungswert dem Herrn gelobt,
3 ၃ ကျပ်စံတော်အရပေးဆောင်၍ မိမိကိုယ်ကို ရွေးယူနိုင်သည်။ -အသက်နှစ်ဆယ်မှခြောက်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားငါးဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားသုံးဆယ်ကျပ် -အသက်ငါးနှစ်မှနှစ်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားနှစ်ဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားတစ်ဆယ်ကျပ် -အသက်ငါးနှစ်အောက်ယောကျာ်းကလေးဖြစ်လျှင် ငွေသားငါးကျပ် -အသက်ငါးနှစ်အောက်မိန်းကလေးဖြစ်လျှင် ငွေသားသုံးကျပ် -အသက်ခြောက်ဆယ်ကျော်ယောကျာ်းဖြစ်လျှင် ငွေသားတစ်ဆယ့်ငါးကျပ် -အသက်ခြောက်ဆယ်ကျော်မိန်းမဖြစ်လျှင် ငွေသားတစ်ဆယ်ကျပ်
dann sei Schätzungswert des Männlichen von zwanzig bis zu sechzig Jahren nach heiligem Gewicht fünfzig Silberringe!
Ist es ein Weibliches, sei der Wert dreißig Ringe!
Ist es von fünf bis zu zwanzig Jahren, so sei der Wert des Männlichen zwanzig Ringe, der des Weiblichen zehn!
Ist es von einem Monat bis zu fünf Jahren, so sei der Wert des Männlichen fünf Silberringe, der des Weiblichen drei Silberringe!
Ist es von sechzig Jahren und darüber, so sei der Wert des Männlichen fünfzehn Ringe und der des Weibes zehn!
8 ၈ ကတိသစ္စာပြု၍မိမိကိုယ်မိမိဆက်ကပ် ပူဇော်သောသူသည် သတ်မှတ်ထားသောငွေကို မပေးနိုင်လျှင် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည်ထို သူပေးဆောင်နိုင်စွမ်းရှိသည့်အတိုင်း တန်ဖိုး ငွေကိုလျော့၍သတ်မှတ်ရမည်။
Ist es aber zu arm für den Schätzungswert, dann bringe man es vor den Priester, und der Priester werte es! Nach dem, was der Gelobende zahlen kann, soll ihn der Priester werten!
9 ၉ ထာဝရဘုရားအားပူဇော်ရန် သင့်တော်သည့် တိရစ္ဆာန်ကိုဆက်သမည်ဟုသစ္စာကတိပြု ထားလျှင် ထိုသို့သောယဇ်ကောင်သည်သန့်ရှင်း သည်ဖြစ်၍၊-
Und ist es Vieh, von dem man dem Herrn ein Opfer bringen will, dann soll alles, was einer davon gibt, dem Herrn geheiligt sein!
10 ၁၀ ကတိသစ္စာပြုသူသည် အခြားတိရစ္ဆာန်ကို အစားထိုး၍မဆက်သရ။ သူသည်အခြား တိရစ္ဆာန်ကိုအစားထိုးဆက်သလျှင် ယဇ် ကောင်နှစ်ကောင်စလုံးသည်ထာဝရဘုရား နှင့်ဆိုင်၏။-
Er soll es nicht auswechseln und nicht Gutes für Schlechtes vertauschen oder Schlechtes für Gutes, und tauscht er doch das eine Vieh mit dem anderen, so sei das eine geheiligt; aber auch das andere soll es sein!
11 ၁၁ ဆက်သရန်ကတိသစ္စာပြုထားသောတိရစ္ဆာန် သည် ဘာသာရေးထုံးနည်းအရမသန့်စင် လျှင် ထာဝရဘုရားအားမပူဇော်အပ်။ သူသည်တိရစ္ဆာန်ကိုယဇ်ပုရောဟိတ်ထံ သို့ယူဆောင်ခဲ့ရမည်။-
Ist es aber irgendein unreines Tier, das man dem Herrn nicht als Opfer darbringen darf, so stelle er das Vieh dem Priester vor!
12 ၁၂ ယဇ်ပုရောဟိတ်သည်တိရစ္ဆာန်ကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ်ရမည်။ ထိုသို့သတ်မှတ် သောတန်ဖိုးသည်အတည်ဖြစ်စေရမည်။-
Der Priester werte es zwischen gut und schlecht! Wie es der Priester wertet, so soll es bleiben!
13 ၁၃ ထိုသူသည်တိရစ္ဆာန်ကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း ၍ပေးရမည်။
Löst er es aber ein, so lege er ein Fünftel auf den Schätzungswert!
14 ၁၄ တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားမိမိအိမ်ကိုပူဇော်ဆက်သသည့် အခါ ယဇ်ပုရောဟိတ်သည်အိမ်၏အခြေ အနေကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ် ရမည်။ ထိုသို့သတ်မှတ်သောတန်ဖိုးသည် အတည်ဖြစ်စေရမည်။-
Weiht jemand dem Herrn sein Haus als heilige Gabe, so werte es der Priester zwischen gut und schlecht! Wie es der Priester schätzt, dabei soll es bleiben!
15 ၁၅ မိမိအိမ်ကိုပူဇော်ဆက်သသောသူသည် အိမ်ကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း၍ပေးရ မည်။
Will jemand, der sein Haus geweiht hat, es einlösen, so lege er ein Fünftel des Wertes darauf, und es sei wieder sein!
16 ၁၆ တစ်စုံတစ်ယောက်သောသူသည် မိမိ၏မြေယာ တစ်စိတ်တစ်ဒေသကို ထာဝရဘုရားအားပူ ဇော်ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ထိုမြေ ကွက်တွင်စိုက်ပျိုးနိုင်သော မျိုးစေ့အနည်းအများ အလိုက်တန်ဖိုးကိုဖြတ်ရမည်။ မုယောစပါး မျိုးစေ့တစ်တင်းစိုက်ရသောမြေကွက်ကို ငွေ သားတစ်ဆယ်နှုန်းဖြင့်တန်ဖိုးဖြတ်ရမည်။-
Weiht jemand etwas von seinem Besitz dem Herrn, so sei der Wert nach seiner Aussaat! Ein Malter Gerstenaussaat zu fünfzig Silberringen.
17 ၁၇ ထိုသူသည်မိမိ၏မြေယာကို ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်ကုန်ဆုံးချိန်၌ပူဇော် ဆက်သလျှင် တန်ဖိုးအပြည့်ပေးဆောင်ရ မည်။-
Weiht er vom Jubeljahre ab sein Feld, so soll es nach dem Richtwerte zu stehen kommen!
18 ၁၈ သူသည်မြေယာကိုပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ကုန်ဆုံးပြီးနောက် တစ်ချိန်ချိန်၌ပူဇော် ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ရှေ့လာမည့် ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိ ကျန် ရှိနေသေးသောနှစ်အရေအတွက်အလိုက် တန်ဖိုးငွေကိုလျှော့၍သတ်မှတ်ရမည်။-
Weiht er aber nach dem Jubeljahr sein Feld, so berechne der Priester den Silberpreis mit Rücksicht nach den Jahren, die bis zum Jubeljahre fehlen! Dies werde vom Richtwert abgezogen!
19 ၁၉ ထိုသူသည်မြေယာကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း ၍ပေးရမည်။-
Will aber der, der das Feld geweiht, es einlösen, dann lege er ein Fünftel des Wertes darauf, und es sei wieder sein!
20 ၂၀ သူသည်ထာဝရဘုရားထံတော်မှမြေယာ ကိုပြန်၍ ဦးစွာမဝယ်ယူဘဲလူတစ်ဦးထံ ရောင်းချခဲ့လျှင်သူသည်မြေယာကိုပြန်ဝယ် ယူခွင့်မရှိစေရ။-
Löst er aber das Feld nicht ein und hat man das Feld an einen anderen verkauft, so kann es nicht mehr eingelöst werden.
21 ၂၁ ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ် ကျရောက်သည့်အခါထိုမြေယာသည်ထာဝရ ဘုရားအားပူဇော်ဆက်သထားသောမြေ ဖြစ်၍ထာဝရဘုရားအမြဲပိုင်တော်မူ၏။ သို့ ဖြစ်၍ထိုမြေသည်ယဇ်ပုရောဟိတ်များနှင့် ဆိုင်သည်။
Vielmehr ist dies Feld, wird es im Jubeljahre frei, etwas, was dem Herrn geweiht ist, wie ein dem Bann verfallenes Feld. Dem Priester soll sein Besitz zufallen.
22 ၂၂ တစ်စုံတစ်ယောက်သောသူသည် မိမိယူထား သောလယ်မြေကိုထာဝရဘုရားအားပူဇော် ဆက်သလျှင်၊-
Weiht er jedoch dem Herrn ein Feld, das er sich selbst gekauft und das nicht zu seinem Erbbesitz gehört,
23 ၂၃ ယဇ်ပုရောဟိတ်သည် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်အထိ ကျန်ရှိနေသေး သောနှစ်များကိုရေတွက်၍ လယ်မြေ၏တန်ဖိုး ကိုသတ်မှတ်ရမည်။ ထိုသူသည်လယ်မြေ၏ တန်ဖိုးကို ထိုနေ့၌ပင်ပေးဆောင်ရမည်။ ထို ငွေသည်ထာဝရဘုရားနှင့်ဆိုင်သည်။-
so berechne ihm der Priester den Betrag des Richtwertes bis zum Jubeljahr! Er gebe den Wert an demselben Tag als heilige Gabe für den Herrn!
24 ၂၄ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်ကျရောက် သည့်အခါ ထိုလယ်မြေကိုမူလပိုင်ရှင်သို့ မဟုတ်သူ၏အဆက်အနွယ်များလက်သို့ ပြန်လည်ပေးအပ်ရမည်။
Im Jubeljahre kommt das Feld an den zurück, von dem er es gekauft und dem es als Erbbesitz gehört hat.
25 ၂၅ တန်ဖိုးငွေများကို ကျပ်ချိန်တော်အရသတ် မှတ်ရမည်။
Nach heiligem Gewicht geschehe jede Schätzung! Zwanzig Korn seien ein Ring!
26 ၂၆ နွားဦးပေါက်ဖြစ်စေ၊ သိုးဦးပေါက်ဖြစ်စေ၊ ဆိတ်ဦးပေါက်ဖြစ်စေ၊ ထာဝရဘုရားနှင့် သာဆိုင်သောကြောင့် မည်သူမျှယင်းတို့ကို စေတနာအလျောက်ပူဇော်သကာအဖြစ် ထာဝရဘုရားအားမဆက်သရ။-
Erstgeburten aber, die beim Vieh als erstgeworfen des Herrn sind, darf niemand opfern, weder Rind noch Schaf. Dem Herrn gehören sie ohnehin.
27 ၂၇ သို့ရာတွင်မသန့်စင်သောတိရစ္ဆာန်၏သား ဦးပေါက်ကိုမူကား ကျပ်ချိန်တော်အရ တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်း၍ပြန်ဝယ်ယူရမည်။ အကယ်၍ထို တိရစ္ဆာန်ကိုပြန်၍မဝယ်ယူလိုလျှင် အခြား သူတစ်ယောက်အားကျပ်ချိန်တော်အရ တန်ဖိုးဖြင့်ရောင်းရမည်။
Bei unreinem Vieh löse man es nach dem Schätzungswert und lege ein Fünftel des Betrags darauf! Wird es nicht eingelöst, so werde es nach dem Wert verkauft!
28 ၂၈ ထာဝရဘုရားအား အပြီးအပိုင်လုံးဝ ပူဇော်ဆက်သထားသောလူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ မြေယာကိုဖြစ်စေ မရောင်းမဝယ်ရ။ ထိုကဲ့သို့ပူဇော်ဆက်သ ထားသမျှကိုထာဝရဘုရားအမြဲ ပိုင်၏။-
Keinerlei Banngut, das ein Mann dem Herrn bannt, nichts, was ihm gehört, Mensch oder Vieh oder Erbgrundstück, darf verkauft oder eingelöst werden. Alles Banngut ist dem Herrn hochheilig.
29 ၂၉ ယင်းကဲ့သို့ထာဝရဘုရားအား ပူဇော် ဆက်သထားသောလူကိုပင်ပြန်၍မရွေး ယူရ။ သူ့ကိုအဆုံးစီရင်ရမည်။
Was von Menschen gebannt wird, darf nicht losgekauft werden. Es soll getötet werden!
30 ၃၀ မြေယာမှထွက်သောအသီးအနှံ သို့မဟုတ် သစ်သီးဆယ်ပုံတစ်ပုံသည် ထာဝရဘုရား နှင့်ဆိုင်၏။-
Aller Zehnte vom Boden, der Saatfrucht und der Baumfrüchte sind des Herrn. Sie sind dem Herrn geheiligt.
31 ၃၁ တစ်စုံတစ်ယောက်သောသူသည်ထိုအသီး အနှံကိုပြန်၍ဝယ်ယူလိုလျှင် စံချိန်တော် အရတန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ဝယ်ယူရမည်။-
Löst aber jemand einen Teil von seinem Zehnten ein, so soll er ein Fünftel des Betrages darauflegen!
32 ၃၂ မွေးမြူထားသောနွား၊ သိုး၊ ဆိတ်၊ တို့ကိုရေတွက် လော့။ ယင်းတို့အနက်ဆယ်ကောင်လျှင်တစ် ကောင်ကျထာဝရဘုရားနှင့်ဆိုင်၏။-
Bei allem Zehnten von Rind und Schaf, von allem, was unterm Hirtenstabe durchgeht, soll das zehnte Stück dem Herrn geheiligt werden.
33 ၃၃ ပိုင်ရှင်သည်ညံ့သောတိရစ္ဆာန်များကို ထာဝရ ဘုရားအတွက်ရွေးမိစေရန်မစီစဉ်ရ။ ရွေး ပြီးသောတိရစ္ဆာန်ကိုအစားထိုး၍မလဲလှယ် ရ။ တိရစ္ဆာန်တစ်ကောင်ကိုအခြားတစ်ကောင် နှင့်အစားထိုးလဲလှယ်လျှင် နှစ်ကောင်စလုံး သည်ထာဝရဘုရားနှင့်ဆိုင်သည်ဖြစ်၍ ထိုတိရစ္ဆာန်များကိုမရွေးယူနိုင်။
Man soll nicht zwischen gut und schlecht untersuchen! Man soll es nicht vertauschen! Tauschte man es doch, dann sei das eine dem Heiligtum verfallen, ebenso soll es mit dem anderen sein! Es darf nicht eingelöst werden.'"
34 ၃၄ ဤကားထာဝရဘုရားက သိနာတောင် ပေါ်တွင်မောရှေမှတစ်ဆင့် ဣသရေလ အမျိုးသားတို့အားပေးအပ်သောပညတ် များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောဝတ်ပြုရာ ကျမ်းပြီး၏။
Dies sind die Gebote, die der Herr dem Moses für die Israeliten auf dem Berge Sinai gegeben hat.