< ဝတ်ပြုရာ 25 >

1 ထာ​ဝ​ရ​ဘု​ရား​သည် သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​အောက်​ပါ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​ချ မှတ်​ပေး​တော်​မူ​၏။ သင်​တို့​သည်​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​မည့်​ပြည်​သို့​ဝင် ရောက်​ကြ​သော​အ​ခါ သတ္တ​မ​နှစ်​ကျ​ရောက် သည့်​အ​ခါ​တိုင်း​လယ်​များ​ကို​မ​ထွန်​မ ယက်​မ​စိုက်​မ​ပျိုး​ခြင်း​အား​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မြှောက်​ရ​ကြ မည်။-
တဖန် သိနာ တောင် ပေါ် မှာ၊ မောရှေ အား ထာဝရဘုရား က၊
2
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် ငါ ပေး သော ပြည် သို့ ရောက် သောအခါ ၊ ထိုပြည် သည် ထာဝရဘုရား အဘို့ ဥပုသ် စောင့် ရမည်။
3 သင်​တို့​သည်​ခြောက်​နှစ်​မျှ​လယ်​များ​တွင် စိုက်​ပျိုး​ခြင်း၊ စ​ပျစ်​ကိုင်း​များ​ကို​သုတ်​သင် ရှင်း​လင်း​ခြင်း၊ အ​သီး​အ​နှံ​များ​ကို​ရိတ် သိမ်း​ခြင်း​ပြု​ရ​မည်။-
ခြောက် နှစ် ပတ်လုံးလယ် လုပ်လျက်၊ စပျစ် ဥယျာဉ်ကို သုတ်သင် ၍ အသီး ကို သိမ်း လျက် နေရမည်။
4 သို့​ရာ​တွင်​သတ္တ​မ​နှစ်​သည်​ထာ​ဝ​ရ​ဘု​ရား အား​ဆက်​ကပ်​ထား​သော​နှစ်​ဖြစ်​၍ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှန်​ထား ရ​မည်။ လယ်​များ​တွင်​မ​စိုက်​မ​ပျိုး​ရ။ စပျစ် ကိုင်း​များ​ကို​သုတ်​သင်​ရှင်း​လင်း​ခြင်း​မ ပြု​ရ။-
သတ္တမ နှစ် သည်၊ ထာဝရဘုရား အဘို့ ဥပုသ် နှစ်၊ တပြည်လုံး ငြိမ်ဝပ် စွာနေ၍ ဥပုသ် စောင့်ရသောနှစ်ဖြစ်၏။ လယ် မ လုပ် ရ။ စပျစ် ဥယျာဉ်ကို မ သုတ်သင် ရ။
5 မ​စိုက်​မ​ပျိုး​ရ​ဘဲ​နှင့်​အ​လို​အ​လျောက် သီး​သော​အ​သီး​အ​နှံ​များ​ကို​ပင်​မ​ရိတ် သိမ်း​ရ။ အ​ကိုင်း​အ​ခက်​ကို​မ​သုတ်​သင် မ​ရှင်း​လင်း​ဘဲ​နှင့်​သီး​သော​စ​ပျစ်​သီး များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။ ထို​နှစ်​တွင် မြေ​ကို​လုံး​ဝ​မ​ထွန်​ယက်​ဘဲ​ချန်​လှပ် ထား​ရ​မည်။-
လယ်၌ အလိုလို ပေါက်သော အသီး အနှံကိုမျှ မ ရိတ် ရ။ မ သုတ်သင်သော စပျစ်ဥယျာဉ် အသီး ကိုမျှ မ ဆွတ် ရ။ တပြည်လုံး ငြိမ်ဝပ် စွာ နေရသော နှစ် ဖြစ် ၏။
6 ထို​နှစ်​အ​တွင်း​မ​စိုက်​မ​ပျိုး​ဘဲ​မြေ​မှ ထွက်​သော​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို သင် တို့​နှင့်​တ​ကွ​သင်​တို့​၏​ကျေး​ကျွန်၊ လူ​ငှား၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား၊-
ပြည် ဥပုသ် တည်းဟူသောအလိုလို ဖြစ်ပွားသော အရာရှိသမျှသည်၊ သင်ကိုယ်မှစ၍သင် ၏ ကျွန် ၊ ကျွန် မ၊ သူငှါး ၊ ဧည့်သည် စားစရာ၊
7 တိ​ရစ္ဆာန်​အ​ယဉ်​နှင့်​အ​ရိုင်း​တို့​သည်​စား သုံး​နိုင်​ကြ​သည်။
သင် ၏ ပြည် ၌ ရှိသော သားယဉ် သားရဲ စားစရာဖြစ် ရမည်။
8 ခု​နစ်​နှစ်​ခု​နစ်​လီ​ဖြစ်​သော လေး​ဆယ့်​ကိုး နှစ်​ကို​ရေ​တွက်​လော့။-
ဥပုသ် နှစ် ခုနစ် နှစ်ကို ရေတွက် ၍ ၊ ခုနှစ် နှစ် ခုနှစ် လီ တည်းဟူသောလေး ဆယ်ကိုး နှစ် စေ့ပြီးမှ၊
9 ထို​နောက်​သတ္တ​မ​လ​ဆယ်​ရက်​နေ့​သည်​အ​ပြစ် ဖြေ​ရာ​နေ့​ဖြစ်​၍ လူ​တစ်​ယောက်​အား​တစ်​ပြည် လုံး​သို့​လှည့်​လည်​လျက်​တံ​ပိုး​ခ​ရာ​မှုတ်​စေ လော့။-
သတ္တမ လ ဆယ် ရက်နေ့၊ အပြစ် ဖြေခြင်းပြုရာနေ့ ၌ ၊ ယုဘိလတံပိုး ကို တပြည်လုံး မှုတ် စေရမည်။
10 ၁၀ ဤ​နည်း​အား​ဖြင့်​ငါး​ဆယ်​မြောက်​နှစ်​ကို သီး​သန့်​သတ်​မှတ်​လျက် တိုင်း​ပြည်​တွင်​နေ ထိုင်​သူ​အ​ပေါင်း​တို့​အား​လွတ်​ငြိမ်း​ချမ်း​သာ ခွင့်​ကို​ကြေ​ညာ​ရ​မည်။ အ​ရောင်း​အ​ဝယ်​ပြု လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ​ကို ဤ​နှစ်​၌​မူ​လ ပိုင်​ရှင်​သို့​မ​ဟုတ်​သူ​၏​အ​ဆက်​အ​နွယ် များ​ထံ​ပြန်​လည်​ပေး​အပ်​ရ​မည်။ ငွေ​ဝယ် ကျွန်​များ​ကို​သူ​တို့​၏​မိ​သား​စု​များ​ထံ သို့​ပြန်​စေ​ရ​မည်။-
၁၀ငါး ဆယ်မြောက်သောနှစ် ကို သန့်ရှင်း စေသဖြင့် ၊ တပြည်လုံး ၌ ပြည်သား အပေါင်း တို့အား ၊ လွတ် ရာ အခွင့်ကို ကြွေးကြော် ရမည်။ ယုဘိလ နှစ်ဖြစ်၍၊ လူတိုင်း မိမိ ပိုင် သောမြေ၊ မိမိ အဆွေ အမျိုးထံ သို့ပြန် ရမည်။
11 ၁၁ သင်​တို့​သည်​လယ်​များ​ကို​မ​စိုက်​မ​ပျိုး​ရ။ အ​လို​အ​လျောက်​သီး​သော​အ​သီး​အ​နှံ များ​ကို​လည်း​မ​ဆွတ်​မ​ခူး​ရ။-
၁၁ငါး ဆယ်မြောက်သောနှစ် သည် ယုဘိလ နှစ် ဖြစ် သောကြောင့် လယ် မ လုပ်ရ။ အလိုလို ပေါက်သော အပင်ကိုမျှ မ ရိတ် ရ။ မ သုတ်သင်သော စပျစ်ဥယျာဉ်အသီးကိုမျှ မ ဆွတ် ရ။
12 ၁၂ ထို​နှစ်​တစ်​နှစ်​လုံး​သည်​သင်​တို့​အ​တွက်​နှစ် ထူး​နှစ်​မြတ်​ဖြစ်​၏။ သင်​တို့​သည်​လယ်​မှ အ​လို​အ​လျောက်​ထွက်​သ​မျှ​ကို​သာ​စား သုံး​ရ​ကြ​မည်။
၁၂ယုဘိလ နှစ်သည် သန့်ရှင်း သော နှစ်ဖြစ်သောကြောင့် ၊ လယ် ၌ ရသောအသီး အနှံကိုသာ စား ရမည်။
13 ၁၃ အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ခဲ့​သော​ပစ္စည်း​ရှိ​သ​မျှ ကို ဤ​နှစ်​၌​မူ​လ​ပိုင်​ရှင်​လက်​သို့​ပြန်​လည်​ပေး အပ်​ရ​မည်။-
၁၃ယုဘိလ နှစ် တွင် လူ တိုင်း မိမိ ပိုင် သော မြေသို့ ပြန် ရမည်။
14 ၁၄ သို့​မှ​သာ​သင်​သည်​အ​မျိုး​သား​ချင်း​နှင့် အ​ရောင်း​အ​ဝယ်​ပြု​လုပ်​သည့်​အ​ခါ ထိုက် တန်​သော​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။-
၁၄သင်တို့သည် အချင်းချင်း ရောင်း ဝယ် မှုကို ပြုလျှင် ၊ တယောက် ကို တယောက်မ ညှဉ်းဆဲ ရ။
15 ၁၅ နောက်​တစ်​ကြိမ်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​မ​ကျ​ရောက်​မီ မြေ​မှ​အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​ကို​တွက်​ချက်​၍ မြေ​၏​တန်​ဖိုး​ကို​ဖြတ်​ရ​မည်။-
၁၅ယုဘိလ နှစ်လွန် ၍ လိုသေးသော နှစ် ပေါင်း၊ အသီး အနှံသီးလတံ့သော နှစ် ပေါင်းကို ရေတွက်၍ ရောင်း ဝယ်မှုကို ပြုရမည်။
16 ၁၆ အ​ရောင်း​အ​ဝယ်​ပြု​လုပ်​ရာ​၌​မြေ​မှ​အ​သီး အ​နှံ​ထွက်​အ​ကြိမ်​ပေါင်း​ကို​တွက်​ချက်​၍ ရောင်း ဝယ်​ရ​သည်​ဖြစ်​သော​ကြောင့် အ​သီး​အ​နှံ​ထွက် မည့်​နှစ်​အ​နည်း​အ​များ​အ​လိုက်​မြေ​တန်​ဖိုး ကို​ဖြတ်​ရ​မည်။-
၁၆ထိုသို့ အသီးသီးရသောနှစ်များကို လိုက်၍ ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဘိုး လျော့ လျက်၊ တိုး လျက် ရောင်း ဝယ်ရမည်။
17 ၁၇ သင်​တို့​သည်​အ​မျိုး​သား​ချင်း​ကို​မ​လှည့်​စား ရ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​ရို​သေ​ရ​မည်။
၁၇သင်တို့သည် တယောက် ကိုတယောက်မ ညှဉ်းဆဲ ရ။ သင် တို့၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
18 ၁၈ သင်​တို့​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ​ထိုင်​နိုင်​ရန် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​ရှိ​သ​မျှ ကို​စောင့်​ထိန်း​လော့။-
၁၈သင်တို့သည် ငါ့ စီရင် ထုံးဖွဲ့ချက်တို့ကို ကျင့် စောင့်လျှင်၊ ထိုပြည် ၌ ဘေး လွတ်လျက် နေ ရကြလိမ့်မည်။
19 ၁၉ မြေ​မှ​အ​သီး​အ​နှံ​ထွက်​သ​ဖြင့် သင်​တို့​သည် ဝ​လင်​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-
၁၉မြေ သည်လည်း မိမိ အသီး အနှံကိုပေး သဖြင့် ၊ သင်တို့သည် ဝ စွာစား ၍ ဘေး လွတ်လျက် နေ ရကြ လိမ့်မည်။
20 ၂၀ လယ်​များ​ကို​မ​စိုက်​မ​ပျိုး၊ အ​သီး​အ​နှံ​များ ကို​မ​စု​မ​သိမ်း​ရ​သော​သတ္တ​မ​နှစ်​တွင်​မည် ကဲ့​သို့​စား​ရ​ပါ​မည်​နည်း​ဟူ​၍​တစ်​စုံ​တစ် ယောက်​က​မေး​ကောင်း​မေး​လိမ့်​မည်။-
၂၀သင်တို့ကလည်း၊ သတ္တမ နှစ် တွင် ငါတို့သည် အဘယ် သို့စား ရမည်နည်း။ လယ် မ လုပ်ရ။ အသီး အနှံကို မ သိမ်း ရပါတကားဟု ဆို လျှင်၊
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​သည်​ဆ​ဋ္ဌ​မ​နှစ်​တွင် မြေ ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​နှစ်​နှစ်​စာ အ​တွက်​အ​သီး​အ​နှံ​ထွက်​လိမ့်​မည်။-
၂၁ဆဌမ နှစ် တွင် သင် တို့ကို ငါ ကောင်းကြီး ပေး၍ ၊ ထိုနှစ်တွင် သုံး နှစ် အဘို့ အသီး အနှံကို ဖြစ် စေမည်။
22 ၂၂ သင်​တို့​သည်​အ​ဋ္ဌ​မ​နှစ်​တွင်​လယ်​များ​ကို​စိုက် ပျိုး​သော​အ​ခါ ဆ​ဋ္ဌ​မ​နှစ်​က​ရိတ်​သိမ်း​ခဲ့​သော အ​သီး​အ​နှံ​ကို​စား​နေ​ရ​ဦး​မည်။ ထို​နှစ်​၌ စိုက်​ပျိုး​သော​အ​သီး​အ​နှံ​များ​ကို​မ​ရိတ်​သိမ်း မီ​တိုင်​အောင် သင်​တို့​တွင်​အ​စား​အ​စာ​ဖူ​လုံ လိမ့်​မည်။
၂၂သင်တို့သည် အဋ္ဌမ နှစ် တွင် လယ် လုပ်၍ နဝမ နှစ် တွင် အသီး အနှံကို သိမ်းရာ ကာလတိုင်အောင် ဟောင်း သော အသီး အနှံကို စား ရကြမည်။
23 ၂၃ မြေ​ကို​သင်​တို့​မ​ပိုင်။ ဘု​ရား​သ​ခင်​သာ​ပိုင် သ​ဖြင့် ယင်း​ကို​အ​ပြီး​အ​ပိုင်​မ​ရောင်း​ရ။ သင် တို့​သည်​ဧည့်​သည်​အာ​ဂန္တု​အ​ဖြစ်​နှင့်​သာ ထို ပြည်​သို့​ဝင်​ရောက်​အ​ခြေ​စိုက်​နေ​ထိုင်​သူ များ​ဖြစ်​ကြ​မည်။
၂၃မြေ ကို သူတပါး အစဉ် ပိုင်စေခြင်းငှါမ ရောင်း ရ။ မြေ သည် ငါ့ ဥစ္စာဖြစ်၏။ သင် တို့သည် ငါ ၌ တည်းသော ဧည့်သည် အာဂန္တုဖြစ်ကြ၏။
24 ၂၄ မြေ​ကို​ရောင်း​ချသည့်​အ​ခါ​မူ​လ​ပိုင်​ရှင်​က ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ခွင့်​ရှိ​စေ​ရ​မည်။-
၂၄သင် တို့သည် မြေ ကို ပိုင် လေရာရာ ၌ ရွေးနှုတ် ရသောအခွင့်ကိုပေး ရကြမည်။
25 ၂၅ ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​တစ်​ဦး​သည် ဆင်း​ရဲ​နွမ်း​ပါး​သ​ဖြင့် မိ​မိ​၏​မြေ​ကို​ရောင်း ချ​ရ​လျှင် သူ​နှင့်​အ​နီး​စပ်​ဆုံး​ဆွေ​မျိုး​သား ချင်း​က​ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​ရ​မည်။-
၂၅သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍၊ မိမိ ပိုင် သောမြေကို ရောင်း လျှင် ၎င်း ၊ သူ ၏ပေါက်ဘော် တစုံတယောက်သည် ဝယ်ခြင်းငှါလာ လျှင် ၎င်း၊ မိမိ ပေါက်ဘော် ရောင်း သောဥစ္စာကို ရွေးနှုတ် ရသောအခွင့်ရှိရမည်။
26 ၂၆ ထို​မြေ​ကို​ပြန်​၍​ဝယ်​ယူ​မည့်​ဆွေ​မျိုး​သား ချင်း​မ​ရှိ​သော် ပိုင်​ရှင်​သည်​နောင်​အ​ခါ​၌ ငွေ ကြေး​တတ်​နိုင်​သော​အ​ခါ​ကိုယ်​တိုင်​မြေ​ကို ပြန်​၍​ဝယ်​ယူ​နိုင်​စေ​ရ​မည်။-
၂၆ထိုမြေကို ရွေးနှုတ်သောသူတယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနှုတ်နိုင်လျှင်၊
27 ၂၇ ထို​အ​ခါ​၌​သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည် ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန်​ရှိ​နေ သေး​သော​နှစ်​များ​ကို​တွက်​ချက်​၍​ပေး​သင့် ပေး​ထိုက်​သော​တန်​ဖိုး​ကို​ပေး​၍​ဝယ်​ရ​မည်။ မည်​သို့​ပင်​ဖြစ်​စေ​သူ​သည်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ မိ​မိ​ပိုင်​မြေ​ကို ပြန်​လည်​ရ​ရှိ​မည်။-
၂၇မိမိ မြေ သို့ ပြန် အံ့သောငှါ ၊ ရောင်း ၍လွန်သော နှစ် ပေါင်းကို ရေတွက် ပြီးမှ ၊ လိုသေးသော အဘိုးကို အထက်က ရောင်း ခဲ့သော သူ အား ပြန် ပေးရမည်။
28 ၂၈ အ​ကယ်​၍​သူ​သည်​မြေ​ကို​ပြန်​ဝယ်​ယူ​ရန် ငွေ​မ​ရှိ​လျှင် ထို​မြေ​သည်​ရှေ့​လာ​မည့်​ပြန် လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ​ဝယ်​သူ ၏​လက်​ဝယ်​ရှိ​စေ​ရ​မည်။ ထို​နှစ်​၌​ယင်း​မြေ ကို​မူ​လ​ပိုင်​ရှင်​အား​ပြန်​ပေး​ရ​မည်။
၂၈ပြန်၍မ ပေး နိုင်လျှင် ရောင်း ခဲ့သောဥစ္စာကို ယုဘိလ နှစ် တိုင်အောင် ဝယ် သောသူလက် ၌ ရှိ စေရမည်။ ယုဘိလ နှစ်တွင် လက်လွှတ် ၍ အရှင်ဟောင်းလက်သို့ ရောက် စေရမည်။
29 ၂၉ မြို့​ရိုး​အ​တွင်း​၌​ရှိ​သော​အိမ်​ကို​ရောင်း​လျှင် ပိုင်​ရှင်​သည်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍ ဝယ်​ယူ​ခွင့်​ရှိ​သည်။-
၂၉မြို့ ထဲ၌ရှိသောအိမ် ကို အိမ်ရှင်ရောင်း လျှင် ၊ တနှစ် အတွင်းတွင် ရွေးနှုတ် သော အခွင့်ရှိ စေရမည်။
30 ၃၀ သို့​ရာ​တွင်​တစ်​နှစ်​အ​တွင်း​အိမ်​ကို​ပြန်​၍​မ ဝယ်​ယူ​လျှင် နောက်​တစ်​ဖန်​ပြန်​လည်​ဝယ်​ယူ ခွင့်​မ​ရှိ​သည့်​အ​ပြင်​ဝယ်​ယူ​သူ​နှင့်​သူ​၏ အ​ဆက်​အ​နွယ်​တို့​သည်​ထို​အိမ်​ကို​အ​မြဲ ပိုင်​စေ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် မ​ပေး​ရ။-
၃၀တနှစ် အတွင်းတွင် မ ရွေးနှုတ် လျှင် ၊ ထို အိမ် ကို ဝယ် သောသူမှစ၍သားစဉ် မြေးဆက်တို့သည် အမြဲ ပိုင်ရကြမည်။ ယုဘိလ နှစ်ရောက်သော်လည်းလက်မ လွှတ် ရ။
31 ၃၁ မြို့​ရိုး​မ​ရှိ​သော​ကျေး​ရွာ​များ​၌​ရှိ​သည့် အိမ်​များ​ကို​ရောင်း​ဝယ်​ရာ​တွင်​လယ်​ယာ များ​ကို​ရောင်း​ဝယ်​သည့်​နည်း​အ​တိုင်း​လိုက် နာ​ရ​မည်။ ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ နှစ်​တွင်​ထို​အိမ်​ကို​မူ​လ​ပိုင်​ရှင်​အား​ပြန် ပေး​ရ​မည်။-
၃၁မြို့ရိုး မ ရှိ၊ ရွာ ၌ရှိသောအိမ် ကို လယ်ယာ ကဲ့သို့မှတ် ၍ ရွေးနှုတ် ရသောအခွင့်ရှိ ၏။ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ် ရမည်။
32 ၃၂ လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​မိ​မိ​တို့​နေ​ထိုင် ရာ​သတ်​မှတ်​ထား​သော​မြို့​များ​တွင်​မိ​မိ တို့​ရောင်း​ပြီး​သော​အိမ်​များ​ကို​အ​ချိန် မ​ရွေး​ပြန်​၍​ဝယ်​ယူ​ခွင့်​ရှိ​သည်။-
၃၂သို့ရာတွင် လေဝိ သားပိုင်သော မြို့ နှင့်မြို့ အိမ် တို့ကို၊ အဘယ် ကာလအချိန်မဆိုဘဲ ရွေးနှုတ် ရသောအခွင့်ရှိ ၏။
33 ၃၃ လေ​ဝိ​အ​နွယ်​ဝင်​တစ်​ဦး​သည်​မိ​မိ​နေ​ထိုင် ရာ​မြို့​တွင် မိ​မိ​၏​အိမ်​ကို​ရောင်း​ပြီး​နောက် ပြန်​၍​မ​ဝယ်​လျှင် ပြန်​လည်​ပေး​အပ်​ခြင်း ဆိုင်​ရာ​နှစ်​၌​ထို​အိမ်​ကို​သူ့​အား​ပြန်​ပေး ရ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ နိုင်​ငံ​တွင် လေ​ဝိ​မြို့​များ​ကို​လေ​ဝိ​အ​နွယ် ဝင်​တို့​အ​မြဲ​ပိုင်​သော​ကြောင့်​ဖြစ်​သည်။-
၃၃လေဝိ သားပိုင် သော မြို့ ကို၎င်း၊ အိမ် ကို၎င်း၊ သူတပါးဝယ်လျှင်၊ ယုဘိလ နှစ်ရောက်သောအခါ လက်လွှတ် ရမည်။ အကြောင်း မူကား၊ ဣသရေလ လူအမျိုးသားတို့တွင် လေဝိ သားတို့သည်၊ ကိုယ် နေရာ မြို့ အိမ် မှတပါး အခြားသော ဥစ္စာမရှိ။
34 ၃၄ သို့​ရာ​တွင်​လေ​ဝိ​မြို့​ပတ်​ဝန်း​ကျင်​ရှိ​စား ကျက်​ကို​မူ မည်​သည့်​အ​ခါ​မျှ​မ​ရောင်း​ရ။ ထို စား​ကျက်​ကို​လေ​ဝိ​အ​နွယ်​ဝင်​တို့​အ​စဉ် အ​မြဲ​ပိုင်​၏။
၃၄သို့ ဆိုသော်လည်း၊ လေဝိ သားမြို့ နယ် ၌ရှိသောလယ်ယာ တို့ကို မ ရောင်း ရ။ အစဉ် အမြဲပိုင် ရမည်။
35 ၃၅ သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​တစ်​ဦး သည် ဆင်း​ရဲ​နွမ်း​ပါး​၍​အား​ကိုး​ရာ​မဲ့​ဖြစ် နေ​လျှင် သင့်​အိမ်​နီး​ချင်း​အ​ဖြစ်​ဆက်​လက်​၍ အ​သက်​ရှင်​နေ​ထိုင်​နိုင်​စေ​ရန် သူ့​အား​မိ​မိ ၏​သူ​ရင်း​ငှား​ကဲ့​သို့​ထောက်​ပံ့​ရ​မည်။-
၃၅သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ လက် အားလျော့ သဖြင့် တပါး အမျိုးသားဧည့်သည် အာဂန္တု ကဲ့သို့ဖြစ်လျှင်၊ သင့် ထံ မှာနေ စေခြင်းငှါ သူ့ ကို မစ ရမည်။
36 ၃၆ ထို​သူ​အား​ငွေ​ချေး​ရာ​၌​အ​တိုး​မ​ယူ​ရ။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​၍ သူ့​အား​သင် ၏​အိမ်​နီး​ချင်း​အ​ဖြစ်​အ​သက်​ရှင်​နေ​ထိုင် စေ​လော့။-
၃၆သူ၌ အတိုး အပွားကို မ ယူ ရ။ သင် ၏ အမျိုးသား ချင်းသည် သင့် ထံ မှာနေ စေခြင်းငှါ ၊ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ လော့။
37 ၃၇ သူ့​အား​ချေး​ငွေ​အ​ပေါ်​တွင်​အ​တိုး​မ​ယူ​ရ။ အ​စား​အ​စာ​ကို​အ​မြတ်​တင်​၍​သူ့​အား မ​ရောင်း​ရ။-
၃၇အတိုး အပွါး ကို မြော်လင့်၍ ငွေ ကို၎င်း၊ စားစရာ ကို၎င်း၊ သူ ၌ မ ချေး မငှါးရ။
38 ၃၈ ဤ​ကား​သင်​တို့​အား​ခါ​နာန်​ပြည်​ကို​ပေး​ရန် နှင့် သင်​တို့​၏​ဘု​ရား​ဖြစ်​ရန် သင်​တို့​ကို​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​လာ​သော သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​ဖြစ်​၏။
၃၈ငါသည် ခါနာန် ပြည် ကို သင် တို့အား ပေး ၍ ၊ သင် တို့၏ ဘုရား သခင်ဖြစ် အံ့သောငှါ ၊ သင် တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သော သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
39 ၃၉ သင်​၏​အိမ်​နီး​ချင်း​အ​မျိုး​သား​ချင်း​သည် အ​လွန်​ဆင်း​ရဲ​နွမ်း​ပါး​၍​သင့်​ထံ​တွင် မိ​မိ ကိုယ်​ကို​ကျွန်​အ​ဖြစ်​ဖြင့်​ရောင်း​လျှင် သူ့ အား​ကျွန်​ကဲ့​သို့​မ​စေ​ခိုင်း​ရ။-
၃၉သင် ၏ အမျိုးသား ချင်းသည် ဆင်းရဲ ၍ သင် ၌ အရောင်း ခံလျှင် ၊ အစေခံ ကျွန်ကိုပြု သကဲ့သို့သူ့ ကို အနိုင်မ ပြု ရ။
40 ၄၀ သူ​သည်​ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ရောက်​သည်​အ​ထိ သင့်​ထံ​မှာ​သူ​ရင်း​ငှား အ​ဖြစ်​သင်​၏​အ​မှု​ကို​ထမ်း​စေ​ရ​မည်။-
၄၀သူသည် သူငှါး ကဲ့သို့ ၎င်း၊ ဧည့်သည် ကဲ့သို့ ၎င်း၊ သင့် ထံ မှာနေ ၍ ယုဘိလ နှစ် တိုင်အောင် အစေခံ ရမည်။
41 ၄၁ ထို​အ​ချိန်​ရောက်​သည့်​အ​ခါ​သူ​နှင့်​သူ​၏​သား သ​မီး​တို့​သည် မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း​များ ရှိ​ရာ​ဇာ​တိ​ရပ်​ရွာ​သို့​ပြန်​စေ​ရ​မည်။-
၄၁ထိုအခါ သူ သည် သား သမီးနှင့်တကွ ထွက် ၍ ၊ မိမိ အဆွေ အမျိုး၊ မိမိ ဘိုး ဘပိုင် သောမြေသို့ ပြန် ရမည်။
42 ၄၂ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ကျွန်​များ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​၏။ သူ​တို့​ကို​ကျွန် ရောင်း​ကျွန်​ဝယ်​မ​ပြု​ရ။-
၄၂အကြောင်း မူကား၊ သူ တို့သည် အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်သော ငါ ၏ အမှုထမ်း ဖြစ်၍၊ အစေခံ ကျွန်ဖြစ်စေခြင်းငှါ၊ မ ရောင်း ရ။
43 ၄၃ သူ​တို့​အ​ပေါ်​ညှာ​တာ​ထောက်​ထား​သော သ​ဘော​ထား​ရှိ​ရ​မည်။ သင်​တို့​သည် ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့​ရိုသေ​ရ​မည်။-
၄၃သူ့ ကို ကြမ်းတမ်း စွာ မ စီရင် ရ။ သင် ၏ ဘုရား သခင်ကို ကြောက်ရွံ့ ရမည်။
44 ၄၄ စေ​ခိုင်း​ရန်​ကျွန်​လို​လျှင်​သင်​တို့​၏​ပတ်​ဝန်း ကျင်​နိုင်​ငံ​များ​မှ​ကျွန်​များ​ကို​ဝယ်​ယူ​လော့။-
၄၄သင် သည် စေခိုင်းသောကျွန် ၊ ကျွန် မတို့ကို၊ သင့် ပတ်လည် ဝန်းကျင်တို့၌ နေသော သာသနာပ လူတို့ တွင် ဝယ် ရမည်။
45 ၄၅ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား တို့​၏​သား​သ​မီး​များ​ကို​လည်း​ဝယ်​ယူ​နိုင် သည်။ သင်​တို့​၏​ပြည်​တွင်​မွေး​ဖွား​သော​ယင်း က​လေး​များ​ကို​သင်​တို့​ဝယ်​ယူ​နိုင်​သည်။-
၄၅ထိုမှတပါး၊ သင် တို့တွင် တည်း နေသောတကျွန်း တနိုင်ငံသားတို့ကို၎င်း၊ သင် တို့ပြည် ၌ သူတို့ရ သော သား သမီးများကို ၎င်းဝယ် ၍ ပိုင် ရမည်။
46 ၄၆ သင်​တို့​၏​သား​သ​မီး​များ​သည်​သူ​တို့​ကို အ​မွေ​အ​ဖြစ်​ဆက်​ခံ​နိုင်​သည်။ သူ​တို့​သည် သင်​တို့​သား​များ​၏​အ​စေ​ကို​တစ်​သက်​လုံး ခံ​စေ​ရ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​ချင်း​တို့​ကို​မူ​ကား​ထောက်​ထား​ညှာ​တာ ရ​မည်။
၄၆သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင် တို့နှင့် သင် တို့သား သမီးတို့သည် အမွေ ခံ၍ ပိုင် ရမည်။ ကိုယ် အမျိုးသား ချင်းတည်းဟူသောဣသရေလ အမျိုးသား ဖြစ်လျှင်၊ တယောက် ကိုတယောက်ကြမ်းတမ်း စွာ မ စီရင် ရ။
47 ၄၇ အ​ကယ်​၍​ဆင်း​ရဲ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ဦး​သည် သင်​တို့​နှင့်​အ​တူ​နေ​ထိုင် သည့်​လူ​မျိုး​ခြား​တစ်​ဦး​သို့​မ​ဟုတ်​သူ​၏ မိ​သား​စု​တစ်​ဦး​ထံ​တွင် မိ​မိ​ကိုယ်​ကို​ကျွန် အ​ဖြစ်​ရောင်း​ခဲ့​သည်​ရှိ​သော်၊-
၄၇သင့် အနား မှာတည်းနေသောတကျွန်း တနိုင်ငံသားသည် ငွေရတတ် ၍ သူ ၏အနား မှာနေသောသင် ၏ အမျိုးသားချင်း ဆင်းရဲ သဖြင့် ၊ သင့် အနား မှာ တည်းနေသောတကျွန်း တနိုင်ငံသား၌ ၎င်း၊ သူ၏ သား မြေး၌ ၎င်း၊ ကိုယ်ကိုရောင်းချ လျှင်၊
48 ၄၈ သူ့​ကို​ပြန်​၍​ဝယ်​ယူ​နိုင်​ခွင့်​ရှိ​သည်။ သူ​၏​ညီ အစ်​ကို​တစ်​ဦး​က​သော်​လည်း​ကောင်း၊-
၄၈ရောင်း ပြီးမှ ရွေးနှုတ် သော အခွင့်ရှိ စေရမည်။ မိမိ အမျိုးသား တစုံ တယောက်သည် ရွေးနှုတ် ရမည်။
49 ၄၉ ဦး​ကြီး​ဦး​လေး​က​သော်​လည်း​ကောင်း၊ ညီ​အစ် ကို​ဝမ်း​ကွဲ​က​သော်​လည်း​ကောင်း၊ နီး​စပ်​သူ​ဆွေ​မျိုး တစ်​ဦး​က​သော်​လည်း​ကောင်း​သူ့​အား​ပြန်​၍​ဝယ် ယူ​နိုင်​သည်။ သို့​တည်း​မ​ဟုတ်​သူ​ကိုယ်​တိုင်​ငွေ ကြေး​တတ်​နိုင်​လျှင်​မိ​မိ​ကိုယ်​ကို​ဝယ်​ယူ​နိုင် သည်။-
၄၉ဘကြီး ၊ ဘထွေး၊ ညီအစ်ကို တော်မှစ၍အဆွေ အမျိုးပေါက်ဘော် ရင်း တစုံတယောက်သည် ရွေးနှုတ် ရမည်။ ကိုယ်တိုင်တတ်နိုင် လျှင်လည်း ကိုယ်ကိုရွေးနှုတ် ရမည်။
50 ၅၀ မိ​မိ​အား​ဝယ်​ယူ​သူ​နှင့်​ညှိ​နှိုင်း​ပြီး​လျှင် မိ​မိ​ကိုယ်​ကို​မိ​မိ​ရောင်း​သည့်​နှစ်​မှ​အ​စ ပြု​၍ ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း ဆိုင်​ရာ​နှစ်​အ​ထိ မိ​မိ​ရ​မည့်​သူ​ရင်း​ငှား​ခ အ​ပေါ်​မူ​တည်​၍​အ​ဖိုး​အ​ခ​ကို​သတ်​မှတ် ရ​မည်။-
၅၀သခင်နှင့် ကျွန်တို့သည်၊ ရောင်း ဝယ်သော နှစ် မှစ၍ ယုဘိလ နှစ် တိုင်အောင် နှစ်ပေါင်းကို ရေတွက် ပြီးလျှင် ၊ နှစ်ပေါင်းအနည်းအများကိုထောက်၍၎င်း၊ သူငှါး လုပ် ရသည် ကာလ ကို ထောက်၍၎င်း၊ ကိုယ် အဘိုး ကို စီရင် ရမည်။
51 ၅၁ မိ​မိ​အား​တစ်​နှစ်​ပြီး​တစ်​နှစ်​ခန့်​သည့်​အ​နေ ဖြင့် ကျန်​သေး​သော​နှစ်​များ​ကို​တွက်​၍ မိ​မိ​ကိုယ် ကို​ရောင်း​သည့်​တန်​ဖိုး​၏​တစ်​စိတ်​တစ်​ဒေ​သ ကို​ပြန်​အမ်း​ရ​မည်။ သူ့​သ​ခင်​သည်​သူ့​အ​ပေါ် ညှာ​တာ​သော​သ​ဘော​ထား​ရှိ​ရ​မည်။-
၅၁ယုဘိလ နှစ် မ ရောက်မှီ၊ အစေခံရသောနှစ် ပေါင်း အနည်း အများကို ရေတွက် ၍၊
52 ၅၂
၅၂လိုသေးသော နှစ် ပေါင်း အနည်းအများ အလိုက် ရွေးရန်အဘိုးကို၊ ဝယ် ရင်းငွေ ထဲက နှုတ် ၍ ပြန် ပေး ရမည်။
53 ၅၃
၅၃ထိုသူသည် တနှစ် နောက်တနှစ်၊ သူငှါး ကဲ့သို့ နေ ရမည်။ သင့် မျက်မှောက် ၌ ညှဉ်းဆဲ ခြင်းကို မ ခံရ။
54 ၅၄ သူ​သည်​နည်း​တစ်​နည်း​နည်း​ဖြင့် ကျွန်​ဘ​ဝ​မှ မ​လွတ်​မြောက်​ခဲ့​လျှင် ရှေ့​လာ​မည့်​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​၌ သူ​နှင့်​သူ​၏​သား​သ​မီး တို့​လွတ်​မြောက်​ခွင့်​ရ​ရှိ​စေ​ရ​မည်။-
၅၄ထိုသို့သောနည်းဖြင့် မ ရွေး မနှုတ်လျှင် ၊ ယုဘိလ နှစ် ရောက်သောအခါ ၊ သူ့ ကို သား မယားနှင့်တကွ သခင်လက်မှ လွှတ် ရမည်။
55 ၅၅ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ကျွန်​များ​ဖြစ်​ခြင်း​ကြောင့်​ရာ​သက်​ပန် လူ​၏​ကျွန်​မ​ဖြစ်​စေ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော် မူ​ခဲ့​၏။ ကိုယ်​တော်​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၏။
၅၅အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည်၊ ငါ ၏ အမှုထမ်း ဖြစ်ကြ၏။ အဲဂုတ္တု ပြည် မှ ငါနှုတ် ဆောင်ခဲ့သော ငါ၏ အမှုထမ်းဖြစ်ကြ၏။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။

< ဝတ်ပြုရာ 25 >