< ဝတ်ပြုရာ 23 >

1 ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​စု​ဝေး​ဝတ်​ပြု​သည့်​ပွဲ​တော်​များ​နှင့် ဆိုင်​သည့်​ပြ​ဋ္ဌာန်း​ချက်​များ​ကို​မော​ရှေ​အား ဖြင့် အောက်​ပါ​အ​တိုင်း​ချ​မှတ်​ပေး​တော်​မူ​၏။-
တဖန် မောရှေ အား ထာဝရဘုရား က၊
2
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် စီရင် ရသောဓမ္မစည်းဝေး ခြင်းတည်းဟူသောငါ ထာဝရဘုရား ၏ ပွဲတော် များဟူမူကား၊
3 သင်​တို့​သည်​ခြောက်​ရက်​အ​လုပ်​လုပ်​၍ ဥ​ပုသ် နေ့​ဖြစ်​သော​သတ္တ​မ​နေ့​တွင်​အ​လုပ်​မှ​နား ရ​မည်။ ထို​နေ့​၌​အ​လုပ်​မ​လုပ်​ဘဲ​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ သင်​တို့​နေ​ထိုင်​ရာ မည်​သည့်​အ​ရပ်​၌​မ​ဆို​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း လော့။-
ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် ငြိမ်ဝပ် စွာနေရသော ဥပုသ် နေ့၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရသောနေ့ဖြစ်၏။ ထို နေ့၌ သင်တို့သည် အလုပ် မ လုပ် ရကြ။ သင် တို့နေရာ အရပ် ရပ်၌ ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ်၏။
4 အောက်​ဖော်​ပြ​ပါ​ပွဲ​တော်​များ​ကို​သတ်​မှတ် သော​အ​ချိန်​အ​ခါ​များ​တွင်​ကျင်း​ပ​ရ​မည် ဖြစ်​ကြောင်း​ကြေ​ညာ​လော့။
အချိန် တန်မှ သင်တို့ကြော်ငြာ ရသော ဓမ္မစည်းဝေး ခြင်းတည်းဟူသောထာဝရဘုရား ၏ ပွဲတော် များ ဟူမူကား ၊
5 ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး မွမ်း​သည့်​ပ​သ​ခါ​ပွဲ​တော်​ကို​ပ​ထ​မ​လ၊ တစ်​ဆယ့်​လေး​ရက်​နေ့၊ နေ​ဝင်​ချိန်​တွင်​စ​တင် ကျင်း​ပ​ရ​မည်။-
ပဌမ လ ဆယ် လေး ရက်နေ့ ညဦး ယံ၌ ၊ ထာဝရဘုရား ၏ ပသခါ ပွဲဖြစ်၏။
6 တစ်​ဆယ့်​ငါး​ရက်​မြောက်​နေ့​တွင်​တ​ဆေး​မဲ့ မုန့်​ပွဲ​တော်​အ​စ​ပြု​သည်​ဖြစ်​၍ သင်​တို့​သည် ခု​နစ်​ရက်​ပတ်​လုံး​တ​ဆေး​ပါ​သော​မုန့်​ကို မ​စား​ရ။-
၎င်း လ ဆယ် ငါး ရက် နေ့၌ ထာဝရဘုရား အဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ် ရက် ပတ်လုံးတဆေး မဲ့မုန့် ကို စား ရကြမည်။
7 ပွဲ​တော်​ပ​ထ​မ​ရက်​၌​သင်​တို့​သည်​စု​ဝေး ဝတ်​ပြု​ကိုး​ကွယ်​ရ​မည်။ အ​သက်​မွေး​ဝမ်း ကျောင်း​အ​လုပ်​ကို​မ​လုပ်​ရ။-
ပဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြု ရမည်။ လောကီအလုပ် ကို မ လုပ် ရ။
8 ခု​နစ်​ရက်​ပတ်​လုံး​ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော် သ​ကာ​ကို​ဆက်​သ​ရ​မည်။ သို့​ရာ​တွင်​သတ္တ​မ နေ့​၌​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​၍​အ​သက်​မွေး ဝမ်း​ကျောင်း​အ​လုပ်​ကို​မ​လုပ်​ရ။
ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အား မီး ဖြင့်ပူဇော်သက္ကာကို ပြု ရမည်။ သတ္တမ နေ့ ၌ လည်း ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ လောကီအလုပ် ကို မ လုပ် ရဟု မိန့် တော်၏။
9 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား တော်​မူ​မည့်​ပြည်​သို့​ရောက်​ရှိ​၍ စ​ပါး​ရိတ် သော​အ​ခါ​အ​ဦး​ရိတ်​သော​ကောက်​လှိုင်း​စည်း ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
တဖန် မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
10 ၁၀
၁၀သင်တို့သည် ငါ ပေး သော ပြည် သို့ ရောက် ၍ စပါးကိုရိတ် သောအခါ ၊ အဦး ရိတ် သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။
11 ၁၁ သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​စိတ်​တော် နှင့်​တွေ့​နိုင်​ရန် ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ကောက် လှိုင်း​စည်း​ကို​အ​ထူး​ပူ​ဇော်​သကာ​အ​ဖြစ် ဆက်​သ​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည်​ထို ပူ​ဇော်​သ​ကာ​ကို ဥ​ပုသ်​နေ့​လွန်​သည့်​နောက် တစ်​နေ့​တွင်​ဆက်​သ​ရ​မည်။-
၁၁သင် တို့သည် စိတ် တော်နှင့် တွေ့ခြင်းငှါ ယဇ် ပုရောဟိတ်သည် ဥပုသ် နေ့လွန်မှ၊ နက်ဖြန် နေ့တွင် ထိုကောက်လှိုင်း ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရမည်။
12 ၁၂ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို​ပူ​ဇော်​သော​နေ့​၌ အ​နာ​အ​ဆာ​ကင်း​သော​တစ်​နှစ်​သား​သိုး က​လေး​ကို​လည်း​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​ရ​မည်။-
၁၂ကောက်လှိုင်း ကို ချီလွှဲ သောနေ့ ၌ အခါ မလည်အပြစ် မပါသော သိုးသငယ် အထီးကို ထာဝရဘုရား အဘို့ မီး ရှို့ရာယဇ်ပြု၍ ပူဇော် ရမည်။
13 ၁၃ ထို​မီး​ရှို့​ပူ​ဇော်​သော​ယဇ်​နှင့်​အ​တူ​သံ​လွင် ဆီ​ရော​သော​မုန့်​ညက်​လေး​ပေါင်​ကို ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​သ​ရ​မည်။ ထို​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။ ထို​ယဇ်​နှင့်​အ​တူ​စ​ပျစ်​ရည်​ငါး ဆယ်​သား​ခန့်​ကို​လည်း​ဆက်​သ​ရ​မည်။-
၁၃ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာ ကား၊ ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောဆီ နှင့် ရော သော မုန့်ညက် နှစ် ဩမဲဖြစ်ရမည်။ သွန်း လောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည် သုံးလောဃ ဖြစ်ရမည်။
14 ၁၄ ဘု​ရား​သ​ခင်​အား​ဦး​စွာ​မ​ဆက်​သ​ဘဲ ကောက်​သစ်​ကို​အ​စိမ်း​ဖြစ်​စေ၊ ကျော်​၍​ဖြစ်​စေ၊ မုန့်​လုပ်​၍​ဖြစ်​စေ​မ​စား​ရ။ သင်​တို့​၏​အ​မျိုး အ​စဉ်​အ​ဆက်​သည်​ပ​ညတ်​ကို​ထာ​ဝ​စဉ် စောင့်​ထိန်း​ရ​မည်။
၁၄သင် တို့၏ ဘုရား သခင်ထံတော်သို့ ပူဇော် သက္ကာကို ဆောင် ခဲ့သောနေ့မ ရောက်မှီ၌၊ မုန့် ၊ ဆန် လှော်၊ စိမ်း သောအသီးအနှံကို မ စား ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသော ပညတ် တော်ဖြစ်သတည်း။
15 ၁၅ ဥ​ပုသ်​နေ့​အ​လွန်​နောက်​တစ်​နေ့​ဖြစ်​သည့်​ထာ​ဝ​ရ ဘု​ရား​အား ကောက်​လှိုင်း​စည်း​ကို​ဆက်​သ​သည့် နေ့​မှ​အ​စ​ပြု​၍​ရက်​သတ္တ​ပတ်​ခု​နစ်​ပတ်​ရေ တွက်​လော့။-
၁၅ချီလွှဲ ရာ ပူဇော်သက္ကာကောက်လှိုင်း ကို ဆောင် ခဲ့သောနေ့ ၊ ဥပုသ် နေ့အလွန် နက်ဖြန် နေ့က စ၍သီတင်းခုနစ် သီတင်းစေ့ အောင် ရေတွက် ရမည်။
16 ၁၆ သတ္တ​မ​ဥ​ပုသ်​နေ့​လွန်​သည့်​နောက်​တစ်​နေ့​ဖြစ် သော​ငါး​ဆယ်​မြောက်​နေ့​၌ ထာ​ဝ​ရ​ဘု​ရား အား​ကောက်​သစ်​ကို​တစ်​ဖန်​ဆက်​သ​လော့။-
၁၆သတ္တမ ဥပုသ် နေ့အလွန် နက်ဖြန် နေ့အထိ အရက် ငါး ဆယ်တိုင်တိုင်ရေတွက် ပြီးလျှင် ၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ် ကို ဆက် ရကြမည်။
17 ၁၇ မိ​သား​စု​တိုင်း​က​မုန့်​နှစ်​လုံး​ကို​ယူ​ခဲ့​၍ ထာ​ဝ​ရ​ဘု​ရား​အား​အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ယင်း​သို့​ဆက်​သ​ရာ​၌ မုန့်​တစ်​လုံး​စီ​ကို တ​ဆေး​ရော​သော​မုန့်​ညက် လေး​ပေါင်​ဖြင့်​ဖုတ်​ပြီး​လျှင် အ​ဦး​ဆုံး​ရ သော​ကောက်​နှံ​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ရ​မည်။-
၁၇ထာဝရဘုရား အဘို့ အဦး သီးသော အသီး၊ တဆေး ဖြင့် ဖောင်းကြွသော မုန့်ညက် နှစ် ဩမဲနှင့် လုပ်သော ချီလွှဲ ရာမုန့် နှစ် လုံးကို သင် တို့အိမ် မှ ထုတ် ဆောင်ခဲ့၍၊
18 ၁၈ သင်​တို့​အ​သိုင်း​အ​ဝိုင်း​သည်​အ​ထက်​ပါ​ပူ​ဇော် သ​ကာ​နှင့်​အ​တူ အ​နာ​အ​ဆာ​ကင်း​သော​တစ် နှစ်​သား​သိုး​က​လေး​ခု​နစ်​ကောင်၊ နွား​ထီး​တစ် ကောင်​နှင့်​ဆိတ်​နှစ်​ကောင်​တို့​ကို​ပူ​ဇော်​ရ​မည်။ ထို​ယဇ်​ကောင်​များ​ကို​မီး​ရှို့​ရာ​ယဇ်​အ​ဖြစ် ပူ​ဇော်​သည့်​အ​ခါ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ စ​ပျစ် ရည်​ပူ​ဇော်​သ​ကာ​တို့​ကို​လည်း​ပူ​ဇော်​ရ​မည်။ ထို​ပူ​ဇော်​သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​၏။-
၁၈ထိုမုန့် နှင့်တကွ အခါ မလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်၊ နွား သငယ် အထီးတကောင်၊ ဆိတ် နှစ် ကောင်ကို ဆက် ၍၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာနှင့်တကွ ၊ ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော်ရမည်။
19 ၁၉ ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ ယဇ်​အ​ဖြစ် တစ်​နှစ်​သား​သိုး​က​လေး​နှစ်​ကောင် ကို​လည်း​ကောင်း​ပူ​ဇော်​ရ​မည်။-
၁၉အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ် တကောင် ကို၎င်း၊ မိဿဟာယ ယဇ်ဘို့ အခါ မလည်သော သိုးသငယ် နှစ် ကောင်ကို၎င်း ပူဇော် ၍
20 ၂၀ ယဇ်​ပု​ရော​ဟိတ်​သည်​မုန့်​နှင့်​သိုး​က​လေး နှစ်​ကောင်​ကို ယဇ်​ပု​ရော​ဟိတ်​များ​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ အ​ဖြစ်​ဆက်​သ​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ တို့​သည်​သန့်​ရှင်း​၏။-
၂၀ယဇ် ပုရောဟိတ်သည် အဦး သီးသော အသီးမုန့် နှင့်တကွ ချီလွှဲ သဖြင့် ၊ သိုး သငယ်နှစ် ကောင်ပါ လျက်၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရား ရှေ့ မှာ သန့်ရှင်း သော အရာဖြစ် သတည်း။
21 ၂၁ ထို​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း​အ​လုပ် ကို​မ​လုပ်​ဘဲ စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ရ​ကြ မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် မည်​သည့်​အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း​ရ​ကြ​မည်။-
၂၁ထို နေ့ ၌ လည်း ဓမ္မစည်းဝေး ခြင်းကို စီရင် ရကြမည်။ လောကီအလုပ် ကို မ လုပ် ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် ဖြစ်သတည်း။
22 ၂၂ ကောက်​ရိတ်​သည့်​အ​ခါ​လယ်​ကွက်​အ​နား​တစ် လျှောက်​ရှိ​ကောက်​ပင်​များ​ကို​မ​ရိတ်​နှင့်၊ ကျန် ကြွင်း​သော​ကောက်​နှံ​များ​ကို​ပြန်​ကျော့​၍​မ ရိတ်​ရ။ ထို​ကောက်​ပင်​အ​ကျန်​အ​ကြွင်း​များ ကို​ဆင်း​ရဲ​သား​နှင့်​လူ​မျိုး​ခြား​တို့​အ​တွက် ချန်​ထား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့ ၏​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​၏။
၂၂ကိုယ် မြေ ၌ ဖြစ်သောစပါးကိုရိတ် သောအခါ ၊ လယ် ထောင့် တို့ကို အကုန်အစင်မ ရိတ် ရ။ သိမ်း ရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မ ကောက် မသိမ်းရ။ ထိုအရာကို ဆင်းရဲ သောသူ ဧည့်သည် အာဂန္တု အဘို့ ချန် ခြွင်းရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
23 ၂၃ သတ္တ​မ​လ၊ ပ​ထ​မ​နေ့​ရက်​ကို​အ​ထူး​နား ရက်​အ​ဖြစ်​သတ်​မှတ်​လော့။ ထို​နေ့​၌​တံ​ပိုး မှုတ်​သံ​ကို​ကြား​ရ​လျှင် ဝတ်​ပြု​ကိုး​ကွယ် ရန်​စု​ဝေး​ကြ​လော့။-
၂၃တဖန် မောရှေ အား ထာဝရဘုရား က၊
24 ၂၄
၂၄သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် သတ္တမ လ ၊ ပဌမ နေ့ရက်၌ တံပိုးမှုတ် ပွဲ၊ ဓမ္မစည်းဝေး ခြင်းကို ပြုရသော ဥပုသ် နေ့ကို စောင့်ရကြမည်။
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​လော့။ အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ရ။
၂၅လောကီအလုပ် ကို မ လုပ် ရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက် ရမည်ဟု မိန့် တော်မူ၏။
26 ၂၆ နှစ်​စဉ်​သတ္တ​မ​လ၊ ဆယ်​ရက်​နေ့​၌​လူ​အ​ပေါင်း တို့​သည် အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရ​မည်။ ထို နေ့​၌​မည်​သည့်​အ​စား​အ​စာ​ကို​မျှ​မ​စား​ရ။ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု​ဝေး​၍ ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​သ​ကာ​ကို​ဆက်​သ​ရ​မည်။-
၂၆တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
27 ၂၇
၂၇သတ္တမ လ ၊ ဒသမ နေ့သည်လည်း အပြစ် ဖြေရာနေ့ ၊ ဓမ္မ စည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံ စွာကျင့် ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။
28 ၂၈ ထို​နေ့​သည်​အ​ပြစ်​ပြေ​ရာ​ဝတ်​ကို​ပြု​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။-
၂၈ထို နေ့ ၌ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ ဖြစ်၏။
29 ၂၉ ထို​နေ့​၌​အ​စား​အ​စာ​တစ်​စုံ​တစ်​ခု​ကို​စား သော​သူ​အား ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ ထုတ်​ပယ်​ရ​မည်။-
၂၉ထို နေ့ ၌ ခြိုးခြံ စွာ မ ကျင့်သောသူ မည်သည် ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံရမည်။
30 ၃၀ ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​အား ထာ​ဝ​ရ ဘု​ရား​ကိုယ်​တော်​တိုင်​သေ​ဒဏ်​စီ​ရင်​မည်။-
၃၀ထို နေ့ ၌ အလုပ် တစုံ တခုကို လုပ် သော သူ မည်သည်ကို၊ သူ ၏အမျိုး မှ ငါပယ်ရှား ဖျက်ဆီးမည်။
31 ၃၁ သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည်​မည်​သည့် အ​ရပ်​တွင်​နေ​ထိုင်​သည်​မ​ဆို ဤ​ပ​ညတ်​ကို စောင့်​ထိန်း​ရ​မည်။-
၃၁အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။
32 ၃၂ ထို​လ​ကိုး​ရက်​နေ​ဝင်​ချိန်​မှ​ဆယ်​ရက်​နေ့​နေ​ဝင် ချိန်​အ​ထိ​အ​ထူး​နား​ရက်​အ​ဖြစ်​သတ်​မှတ်​ရ မည်။ ထို​ရက်​အ​တွင်း​မည်​သည့်​အ​စား​အ​စာ ကို​မျှ​မ​စား​ရ။
၃၂ထို နေ့သည် ငြိမ်ဝပ် စွာ နေရသောနေ့၊ ခြိုးခြံ စွာကျင့်ရသောနေ့ဖြစ်၏။ နဝမ နေ့ ညဦး မှစ၍ နက်ဖြန်ညဦး တိုင်အောင် ဥပုသ် စောင့် ရမည်ဟု မိန့် တော်မူ၏။
33 ၃၃ သစ်​ခက်​နေ​ပွဲ​တော်​သည်​သတ္တမ​လ၊ တစ်​ဆယ့် ငါး​ရက်​နေ့​မှ​အ​စ​ပြု​၍​ခု​နစ်​ရက်​ပတ်​လုံး ကျင်း​ပ​သော​ပွဲ​တော်​ဖြစ်​သည်။-
၃၃တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
34 ၃၄
၃၄သင်တို့သည် သတ္တမ လ ၊ ဆယ် ငါး ရက် နေ့မှစ၍ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ သကေနေ ပွဲ ကိုခံရကြမည်။
35 ၃၅ ပွဲ​တော်​ပ​ထ​မ​နေ့​၌​အ​သက်​မွေး​ဝမ်း​ကျောင်း အ​လုပ်​ကို​မ​လုပ်​ဘဲ ဝတ်​ပြု​ကိုး​ကွယ်​ရန်​စု ဝေး​ရ​ကြ​မည်။-
၃၅ပဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ အလုပ် ကို မ လုပ် ရ။
36 ၃၆ ခု​နစ်​ရက်​ပတ်​လုံး​နေ့​စဉ်​ပူ​ဇော်​သ​ကာ​ကို ဆက်​သ​ရ​မည်။ အ​ဋ္ဌ​မ​နေ့​၌​တစ်​ဖန်​ဝတ်​ပြု ကိုး​ကွယ်​ရန်​စု​ဝေး​၍ ပူ​ဇော်​သ​ကာ​ကို​ဆက် သ​ရ​မည်။ ထို​နေ့​သည်​ဝတ်​ပြု​ကိုး​ကွယ်​ရာ နေ့​ဖြစ်​သော​ကြောင့်​အ​လုပ်​မ​လုပ်​ရ။
၃၆ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ အဋ္ဌမ နေ့ ၌ လည်း၊ ဓမ္မစည်းဝေး ခြင်းကို ပြု ၍ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ထူးဆန်းသောစည်းဝေး ခြင်းဖြစ်၍ လောကီ အလုပ်ကိုမ လုပ် ရ။
37 ၃၇ (ဤ​ဘာ​သာ​ရေး​ပွဲ​တော်​များ​တွင် ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ရန် သင်​တို့​သည်​စု​ဝေး​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း နှင့်​မီး​ရှို့​ရာ​ပူ​ဇော်​သ​ကာ၊ ဘော​ဇဉ်​ပူ​ဇော် သ​ကာ၊ ယဇ်​ပူ​ဇော်​ခြင်း​စ​ပျစ်​ရည်​ပူ​ဇော် သ​ကာ​များ​ကို​သတ်​မှတ်​သော​နေ့​ရက်​အ​လိုက် ပူ​ဇော်​ခြင်း​ကို​ပြု​လုပ်​ရ​ကြ​မည်။-
၃၇ဤရွေ့ကား ၊ ထာဝရဘုရား ၏ဥပုသ် နေ့၊ ထာဝရဘုရား အား ဆက်ကပ် ရသော အလှူဒါန၊ သစ္စာဂတိ နှင့်ဆိုင်သောပူဇော်သက္ကာ ၊ အလိုလို ပြုသောပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးသီးတို့၌ထာဝရဘုရားအား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ ၊ ယဇ် ပူဇော်ခြင်း၊ သွန်းလောင်း ရာပူဇော်သက္ကာကိုပြုစေခြင်းငှါစီရင်ရသောဓမ္မ စည်းဝေးခြင်း၊ ထာဝရဘုရား ၏ပွဲ တော်များဖြစ်သတည်း။
38 ၃၈ ဤ​ပွဲ​တော်​များ​သည်​ပုံ​မှန်​ဥ​ပုသ်​နေ့​များ အ​ပြင်​ကျင်း​ပ​ရ​သော​ပွဲ​တော်​များ​ဖြစ်​၏။ ဤ​ပူ​ဇော်​သ​ကာ​များ​သည် ထာ​ဝ​ရဘု​ရား အား​ပုံ​မှန်​ပူ​ဇော်​ခြင်း၊ သစ္စာ​ဝတ်​ဖြေ​ရာ ပူ​ဇော်​ခြင်း၊ စေ​တ​နာ​အ​လျောက်​ပူ​ဇော် ခြင်း​များ​အ​ပြင်​ပူ​ဇော်​ရ​သော​ပူ​ဇော် သ​ကာ​များ​ဖြစ်​သည်။)
၃၈
39 ၃၉ သင်​တို့​ကောက်​သိမ်း​ပြီး​သော​အ​ခါ သစ်​ခက်​နေ ပွဲ​တော်​ကို​သတ္တ​မ​လ၊ တစ်​ဆယ့်​ငါး​ရက်​နေ့​မှ အ​စ​ပြု​၍ ခု​နစ်​ရက်​တိုင်​တိုင်​ကျင်း​ပ​ရ​မည်။ ပွဲ​တော်​ပ​ထ​မ​နေ့​ကို​အ​ထူး​နား​ရက်​အ​ဖြစ် သတ်​မှတ်​ရ​မည်။-
၃၉ထိုမှတပါး၊ သင် တို့သည် မြေ အသီး အနှံကို သိမ်းယူ သောနောက် ၊ သတ္တမ လ ဆယ် ငါး ရက် နေ့မှစ၍ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အား ပွဲ ခံကြရမည်။ ပဌမ နေ့ နှင့် အဋ္ဌမ နေ့ ၌ ဥပုသ် စောင့်ရကြမည်။
40 ၄၀ ထို​နေ့​၌​အ​ကောင်း​ဆုံး​သစ်​သီး​များ၊ စွန် ပ​လွံ​ခက်​များ၊ အ​ရွက်​ဝေ​ဆာ​သော​အ​ကိုင်း အ​ခက်​များ​ကို​ယူ​၍ ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​သော​ပွဲ​တော် ကို​စ​တင်​ကျင်း​ပ​လော့။-
၄၀ပဌမ နေ့ ၌ ကောင်းမွန် သော သစ်သီး ၊ စွန်ပလွံ ခက် ၊ မိုဃ်းမခ ပင် အစရှိသော အရွက်များ သော အပင် ၏ အကိုင်း အခက်တို့ကိုယူ ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ရက် ပတ်လုံးရွှင်လန်း ခြင်းကို ပြုရကြမည်။
41 ၄၁ ထို​ပွဲ​တော်​ကို​ခု​နစ်​ရက်​တိုင်​တိုင်​ဆင်​ယင် ကျင်း​ပ​ရ​မည်။ သင်​တို့​၏​အ​ဆက်​အ​နွယ် တို့​သည်​ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။-
၄၁ထိုပွဲတော် ကို တနှစ် တနှစ်လျှင် ခုနစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ ခံရ ကြမည်။ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမ လ ၌ ခံရ ကြမည်။
42 ၄၂ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​သော အ​ခါ​၌​ကိုယ်​တော်​သည် သူ​တို့​အား​သစ်​ခက် တဲ​များ​တွင်​နေ​ထိုင်​စေ​တော်​မူ​ကြောင်း​ကို သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သ​တိ​ရ ကြ​စေ​ခြင်း​ငှာ သင်​တို့​အ​ပေါင်း​သည်​ခု​နစ် ရက်​ပတ်​လုံး​တဲ​များ​၌​နေ​ထိုင်​ရ​မည်။ ကိုယ် တော်​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​၏။
၄၂ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောအခါ၊
43 ၄၃
၄၃သစ်ခက်တဲ ၌ နေ စေကြောင်းကို သင် တို့အမျိုး အစဉ်အဆက်တို့သည် သိမှတ် မည်အကြောင်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည် သစ်ခက်တဲ ၌ ခုနှစ် ရက် ပတ်လုံးနေ ရကြမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
44 ၄၄ သို့​ဖြစ်​၍​မော​ရှေ​သည်​ဤ​နည်း​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​သည့်​ပွဲ​တော်​များ​နှင့်​ဆိုင်​သော ပ​ညတ်​များ​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ပြ​ဋ္ဌာန်း​ပေး​လေ​၏။
၄၄မောရှေ သည်လည်း ၊ ထာဝရဘုရား ၏ ပွဲတော် များကို ဣသရေလ အမျိုးသား တို့အား ပြန်ကြား လေ၏။

< ဝတ်ပြုရာ 23 >