< ဝတ်ပြုရာ 23 >
1 ၁ ထာဝရဘုရားသည် ဣသရေလအမျိုး သားတို့စုဝေးဝတ်ပြုသည့်ပွဲတော်များနှင့် ဆိုင်သည့်ပြဋ္ဌာန်းချက်များကိုမောရှေအား ဖြင့် အောက်ပါအတိုင်းချမှတ်ပေးတော်မူ၏။-
The LORD spoke to Moses, saying,
"Speak to the children of Israel, and tell them, 'The set feasts of the LORD, which you shall proclaim to be holy convocations, even these are my set feasts.
3 ၃ သင်တို့သည်ခြောက်ရက်အလုပ်လုပ်၍ ဥပုသ် နေ့ဖြစ်သောသတ္တမနေ့တွင်အလုပ်မှနား ရမည်။ ထိုနေ့၌အလုပ်မလုပ်ဘဲစုဝေး ဝတ်ပြုကိုးကွယ်ရမည်။ သင်တို့နေထိုင်ရာ မည်သည့်အရပ်၌မဆိုဥပုသ်နေ့ကိုစောင့်ထိန်း လော့။-
"'Six days shall work be done: but on the seventh day is a Sabbath of solemn rest, a holy convocation; you shall do no manner of work. It is a Sabbath to the LORD in all your dwellings.
4 ၄ အောက်ဖော်ပြပါပွဲတော်များကိုသတ်မှတ် သောအချိန်အခါများတွင်ကျင်းပရမည် ဖြစ်ကြောင်းကြေညာလော့။
"'These are the set feasts of the LORD, even holy convocations, which you shall proclaim in their appointed season.
5 ၅ ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီး မွမ်းသည့်ပသခါပွဲတော်ကိုပထမလ၊ တစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်တွင်စတင် ကျင်းပရမည်။-
In the first month, on the fourteenth day of the month in the evening, is the LORD's Passover.
6 ၆ တစ်ဆယ့်ငါးရက်မြောက်နေ့တွင်တဆေးမဲ့ မုန့်ပွဲတော်အစပြုသည်ဖြစ်၍ သင်တို့သည် ခုနစ်ရက်ပတ်လုံးတဆေးပါသောမုန့်ကို မစားရ။-
On the fifteenth day of the same month is the feast of unleavened bread to the LORD. Seven days you shall eat unleavened bread.
7 ၇ ပွဲတော်ပထမရက်၌သင်တို့သည်စုဝေး ဝတ်ပြုကိုးကွယ်ရမည်။ အသက်မွေးဝမ်း ကျောင်းအလုပ်ကိုမလုပ်ရ။-
In the first day you shall have a holy convocation. You shall do no regular work.
8 ၈ ခုနစ်ရက်ပတ်လုံးထာဝရဘုရားအား ပူဇော် သကာကိုဆက်သရမည်။ သို့ရာတွင်သတ္တမ နေ့၌စုဝေးဝတ်ပြုကိုးကွယ်၍အသက်မွေး ဝမ်းကျောင်းအလုပ်ကိုမလုပ်ရ။
But you shall offer an offering made by fire to the LORD seven days. In the seventh day is a holy convocation: you shall do no regular work.'"
9 ၉ သင်တို့သည်ထာဝရဘုရားပေးသနား တော်မူမည့်ပြည်သို့ရောက်ရှိ၍ စပါးရိတ် သောအခါအဦးရိတ်သောကောက်လှိုင်းစည်း ကိုယဇ်ပုရောဟိတ်ထံသို့ယူဆောင်ခဲ့ရမည်။-
The LORD spoke to Moses, saying,
"Speak to the children of Israel, and tell them, 'When you have come into the land which I give to you, and shall reap its the harvest, then you shall bring the sheaf of the first fruits of your harvest to the priest:
11 ၁၁ သင်တို့သည်ထာဝရဘုရား၏စိတ်တော် နှင့်တွေ့နိုင်ရန် ယဇ်ပုရောဟိတ်သည်ထိုကောက် လှိုင်းစည်းကိုအထူးပူဇော်သကာအဖြစ် ဆက်သရမည်။ ယဇ်ပုရောဟိတ်သည်ထို ပူဇော်သကာကို ဥပုသ်နေ့လွန်သည့်နောက် တစ်နေ့တွင်ဆက်သရမည်။-
and he shall wave the sheaf before the LORD, to be accepted for you. On the next day after the Sabbath the priest shall wave it.
12 ၁၂ ဘောဇဉ်ပူဇော်သကာကိုပူဇော်သောနေ့၌ အနာအဆာကင်းသောတစ်နှစ်သားသိုး ကလေးကိုလည်းမီးရှို့ရာယဇ်အဖြစ် ပူဇော်ရမည်။-
On the day when you wave the sheaf, you shall offer a male lamb without blemish a year old for a burnt offering to the LORD.
13 ၁၃ ထိုမီးရှို့ပူဇော်သောယဇ်နှင့်အတူသံလွင် ဆီရောသောမုန့်ညက်လေးပေါင်ကို ဘောဇဉ် ပူဇော်သကာအဖြစ်ဆက်သရမည်။ ထိုပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။ ထိုယဇ်နှင့်အတူစပျစ်ရည်ငါး ဆယ်သားခန့်ကိုလည်းဆက်သရမည်။-
The meal offering with it shall be two tenth parts of an ephah of fine flour mingled with oil, an offering made by fire to the LORD for a pleasant aroma; and the drink offering with it shall be of wine, the fourth part of a hin.
14 ၁၄ ဘုရားသခင်အားဦးစွာမဆက်သဘဲ ကောက်သစ်ကိုအစိမ်းဖြစ်စေ၊ ကျော်၍ဖြစ်စေ၊ မုန့်လုပ်၍ဖြစ်စေမစားရ။ သင်တို့၏အမျိုး အစဉ်အဆက်သည်ပညတ်ကိုထာဝစဉ် စောင့်ထိန်းရမည်။
You shall eat neither bread, nor roasted grain, nor fresh grain, until this same day, until you have brought the offering of your God. This is a statute forever throughout your generations in all your dwellings.
15 ၁၅ ဥပုသ်နေ့အလွန်နောက်တစ်နေ့ဖြစ်သည့်ထာဝရ ဘုရားအား ကောက်လှိုင်းစည်းကိုဆက်သသည့် နေ့မှအစပြု၍ရက်သတ္တပတ်ခုနစ်ပတ်ရေ တွက်လော့။-
"'You shall count from the next day after the Sabbath, from the day that you brought the sheaf of the wave offering; seven Sabbaths shall be completed:
16 ၁၆ သတ္တမဥပုသ်နေ့လွန်သည့်နောက်တစ်နေ့ဖြစ် သောငါးဆယ်မြောက်နေ့၌ ထာဝရဘုရား အားကောက်သစ်ကိုတစ်ဖန်ဆက်သလော့။-
even to the next day after the seventh Sabbath you shall number fifty days; and you shall offer a new meal offering to the LORD.
17 ၁၇ မိသားစုတိုင်းကမုန့်နှစ်လုံးကိုယူခဲ့၍ ထာဝရဘုရားအားအထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ယင်းသို့ဆက်သရာ၌ မုန့်တစ်လုံးစီကို တဆေးရောသောမုန့်ညက် လေးပေါင်ဖြင့်ဖုတ်ပြီးလျှင် အဦးဆုံးရ သောကောက်နှံပူဇော်သကာအဖြစ်ထာဝရ ဘုရားအားပူဇော်ရမည်။-
You shall bring out of your habitations two loaves of bread for a wave offering made of two tenth parts of an ephah of fine flour. They shall be baked with yeast, for first fruits to the LORD.
18 ၁၈ သင်တို့အသိုင်းအဝိုင်းသည်အထက်ပါပူဇော် သကာနှင့်အတူ အနာအဆာကင်းသောတစ် နှစ်သားသိုးကလေးခုနစ်ကောင်၊ နွားထီးတစ် ကောင်နှင့်ဆိတ်နှစ်ကောင်တို့ကိုပူဇော်ရမည်။ ထိုယဇ်ကောင်များကိုမီးရှို့ရာယဇ်အဖြစ် ပူဇော်သည့်အခါ ဘောဇဉ်ပူဇော်သကာ၊ စပျစ် ရည်ပူဇော်သကာတို့ကိုလည်းပူဇော်ရမည်။ ထိုပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
You shall present with the bread seven lambs without blemish a year old, one young bull, and two rams. They shall be a burnt offering to the LORD, with their meal offering, and their drink offerings, even an offering made by fire, of a sweet aroma to the LORD.
19 ၁၉ ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းကောင်း၊ မိတ်သဟာယ ယဇ်အဖြစ် တစ်နှစ်သားသိုးကလေးနှစ်ကောင် ကိုလည်းကောင်းပူဇော်ရမည်။-
You shall offer one male goat for a sin offering, and two male lambs a year old for a sacrifice of peace offerings.
20 ၂၀ ယဇ်ပုရောဟိတ်သည်မုန့်နှင့်သိုးကလေး နှစ်ကောင်ကို ယဇ်ပုရောဟိတ်များအတွက် ထာဝရဘုရားအား အထူးပူဇော်သကာ အဖြစ်ဆက်သရမည်။ ဤပူဇော်သကာ တို့သည်သန့်ရှင်း၏။-
The priest shall wave them with the bread of the first fruits for a wave offering before the LORD, with the two lambs. They shall be holy to the LORD for the priest.
21 ၂၁ ထိုနေ့၌အသက်မွေးဝမ်းကျောင်းအလုပ် ကိုမလုပ်ဘဲ စုဝေးဝတ်ပြုကိုးကွယ်ရကြ မည်။ သင်တို့၏အဆက်အနွယ်များသည် မည်သည့်အရပ်တွင်နေထိုင်သည်မဆို ဤ ပညတ်ကိုထာဝစဉ်စောင့်ထိန်းရကြမည်။-
You shall make proclamation on the same day: there shall be a holy convocation to you; you shall do no regular work. This is a statute forever in all your dwellings throughout your generations.
22 ၂၂ ကောက်ရိတ်သည့်အခါလယ်ကွက်အနားတစ် လျှောက်ရှိကောက်ပင်များကိုမရိတ်နှင့်၊ ကျန် ကြွင်းသောကောက်နှံများကိုပြန်ကျော့၍မ ရိတ်ရ။ ထိုကောက်ပင်အကျန်အကြွင်းများ ကိုဆင်းရဲသားနှင့်လူမျိုးခြားတို့အတွက် ချန်ထားရမည်။ ထာဝရဘုရားသည် သင်တို့ ၏ဘုရားသခင်ဖြစ်တော်မူ၏။
"'When you reap the harvest of your land, you shall not wholly reap into the corners of your field, neither shall you gather the gleanings of your harvest: you shall leave them for the poor, and for the foreigner. I am the LORD your God.'"
23 ၂၃ သတ္တမလ၊ ပထမနေ့ရက်ကိုအထူးနား ရက်အဖြစ်သတ်မှတ်လော့။ ထိုနေ့၌တံပိုး မှုတ်သံကိုကြားရလျှင် ဝတ်ပြုကိုးကွယ် ရန်စုဝေးကြလော့။-
The LORD spoke to Moses, saying,
"Speak to the children of Israel, saying, 'In the seventh month, on the first day of the month, shall be a solemn rest to you, a memorial of blowing of trumpets, a holy convocation.
25 ၂၅ ထာဝရဘုရားအားပူဇော်သကာကို ဆက်သလော့။ အသက်မွေးဝမ်းကျောင်း အလုပ်ကိုမလုပ်ရ။
You shall do no regular work; and you shall offer an offering made by fire to the LORD.'"
26 ၂၆ နှစ်စဉ်သတ္တမလ၊ ဆယ်ရက်နေ့၌လူအပေါင်း တို့သည် အပြစ်ပြေရာဝတ်ကိုပြုရမည်။ ထို နေ့၌မည်သည့်အစားအစာကိုမျှမစားရ။ ဝတ်ပြုကိုးကွယ်ရန်စုဝေး၍ ထာဝရဘုရား အားပူဇော်သကာကိုဆက်သရမည်။-
The LORD spoke to Moses, saying,
"However on the tenth day of this seventh month is the day of atonement: it shall be a holy convocation to you, and you shall afflict yourselves; and you shall offer an offering made by fire to the LORD.
28 ၂၈ ထိုနေ့သည်အပြစ်ပြေရာဝတ်ကိုပြုရာ နေ့ဖြစ်သောကြောင့်အလုပ်မလုပ်ရ။-
You shall do no manner of work in that same day; for it is a day of atonement, to make atonement for you before the LORD your God.
29 ၂၉ ထိုနေ့၌အစားအစာတစ်စုံတစ်ခုကိုစား သောသူအား ဘုရားသခင်၏လူမျိုးတော်မှ ထုတ်ပယ်ရမည်။-
For whoever it is who shall not deny himself in that same day; shall be cut off from his people.
30 ၃၀ ထိုနေ့၌အလုပ်လုပ်သောသူအား ထာဝရ ဘုရားကိုယ်တော်တိုင်သေဒဏ်စီရင်မည်။-
Whoever it is who does any manner of work in that same day, that person I will destroy from among his people.
31 ၃၁ သင်တို့၏အဆက်အနွယ်များသည်မည်သည့် အရပ်တွင်နေထိုင်သည်မဆို ဤပညတ်ကို စောင့်ထိန်းရမည်။-
You shall do no manner of work: it is a statute forever throughout your generations in all your dwellings.
32 ၃၂ ထိုလကိုးရက်နေဝင်ချိန်မှဆယ်ရက်နေ့နေဝင် ချိန်အထိအထူးနားရက်အဖြစ်သတ်မှတ်ရ မည်။ ထိုရက်အတွင်းမည်သည့်အစားအစာ ကိုမျှမစားရ။
It shall be a Sabbath of solemn rest for you, and you shall deny yourselves. In the ninth day of the month at evening, from evening to evening, you shall keep your Sabbath."
33 ၃၃ သစ်ခက်နေပွဲတော်သည်သတ္တမလ၊ တစ်ဆယ့် ငါးရက်နေ့မှအစပြု၍ခုနစ်ရက်ပတ်လုံး ကျင်းပသောပွဲတော်ဖြစ်သည်။-
The LORD spoke to Moses, saying,
"Speak to the children of Israel, and say, 'On the fifteenth day of this seventh month is the feast of booths for seven days to the LORD.
35 ၃၅ ပွဲတော်ပထမနေ့၌အသက်မွေးဝမ်းကျောင်း အလုပ်ကိုမလုပ်ဘဲ ဝတ်ပြုကိုးကွယ်ရန်စု ဝေးရကြမည်။-
On the first day shall be a holy convocation: you shall do no regular work.
36 ၃၆ ခုနစ်ရက်ပတ်လုံးနေ့စဉ်ပူဇော်သကာကို ဆက်သရမည်။ အဋ္ဌမနေ့၌တစ်ဖန်ဝတ်ပြု ကိုးကွယ်ရန်စုဝေး၍ ပူဇော်သကာကိုဆက် သရမည်။ ထိုနေ့သည်ဝတ်ပြုကိုးကွယ်ရာ နေ့ဖြစ်သောကြောင့်အလုပ်မလုပ်ရ။
Seven days you shall offer an offering made by fire to the LORD. On the eighth day shall be a holy convocation to you; and you shall offer an offering made by fire to the LORD. It is a solemn assembly; you shall do no regular work.
37 ၃၇ (ဤဘာသာရေးပွဲတော်များတွင် ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းရန် သင်တို့သည်စုဝေးဝတ်ပြုကိုးကွယ်ခြင်း နှင့်မီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်ပူဇော် သကာ၊ ယဇ်ပူဇော်ခြင်းစပျစ်ရည်ပူဇော် သကာများကိုသတ်မှတ်သောနေ့ရက်အလိုက် ပူဇော်ခြင်းကိုပြုလုပ်ရကြမည်။-
"'These are the appointed feasts of the LORD, which you shall proclaim to be holy convocations, to offer an offering made by fire to the LORD, a burnt offering, and a meal offering, a sacrifice, and drink offerings, each on its own day;
38 ၃၈ ဤပွဲတော်များသည်ပုံမှန်ဥပုသ်နေ့များ အပြင်ကျင်းပရသောပွဲတော်များဖြစ်၏။ ဤပူဇော်သကာများသည် ထာဝရဘုရား အားပုံမှန်ပူဇော်ခြင်း၊ သစ္စာဝတ်ဖြေရာ ပူဇော်ခြင်း၊ စေတနာအလျောက်ပူဇော် ခြင်းများအပြင်ပူဇော်ရသောပူဇော် သကာများဖြစ်သည်။)
besides the Sabbaths of the LORD, and besides your gifts, and besides all your vows, and besides all your freewill offerings, which you give to the LORD.
39 ၃၉ သင်တို့ကောက်သိမ်းပြီးသောအခါ သစ်ခက်နေ ပွဲတော်ကိုသတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့မှ အစပြု၍ ခုနစ်ရက်တိုင်တိုင်ကျင်းပရမည်။ ပွဲတော်ပထမနေ့ကိုအထူးနားရက်အဖြစ် သတ်မှတ်ရမည်။-
"'So on the fifteenth day of the seventh month, when you have gathered in the fruits of the land, you shall keep the feast of the LORD seven days: on the first day shall be a solemn rest, and on the eighth day shall be a solemn rest.
40 ၄၀ ထိုနေ့၌အကောင်းဆုံးသစ်သီးများ၊ စွန် ပလွံခက်များ၊ အရွက်ဝေဆာသောအကိုင်း အခက်များကိုယူ၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းသောပွဲတော် ကိုစတင်ကျင်းပလော့။-
You shall take on the first day the fruit of goodly trees, branches of palm trees, and boughs of thick trees, and willows of the brook; and you shall rejoice before the LORD your God seven days.
41 ၄၁ ထိုပွဲတော်ကိုခုနစ်ရက်တိုင်တိုင်ဆင်ယင် ကျင်းပရမည်။ သင်တို့၏အဆက်အနွယ် တို့သည်ဤပညတ်ကိုထာဝစဉ်စောင့်ထိန်း ရကြမည်။-
You shall keep it a feast to the LORD seven days in the year: it is a statute forever throughout your generations; you shall keep it in the seventh month.
42 ၄၂ ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်သော အခါ၌ကိုယ်တော်သည် သူတို့အားသစ်ခက် တဲများတွင်နေထိုင်စေတော်မူကြောင်းကို သင်တို့၏အဆက်အနွယ်များသတိရ ကြစေခြင်းငှာ သင်တို့အပေါင်းသည်ခုနစ် ရက်ပတ်လုံးတဲများ၌နေထိုင်ရမည်။ ကိုယ် တော်သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်တော်မူ၏။
You shall dwell in booths seven days. All who are native-born in Israel shall dwell in booths,
that your generations may know that I made the children of Israel to dwell in booths, when I brought them out of the land of Egypt. I am the LORD your God.'"
44 ၄၄ သို့ဖြစ်၍မောရှေသည်ဤနည်းအားဖြင့် ထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းသည့်ပွဲတော်များနှင့်ဆိုင်သော ပညတ်များကိုဣသရေလအမျိုးသား တို့အားပြဋ္ဌာန်းပေးလေ၏။
Moses declared to the children of Israel the appointed feasts of the LORD.