< ဝတ်ပြုရာ 20 >
1 ၁ ထာဝရဘုရားသည်မောရှေမှတစ်ဆင့်၊-
Yahweh akazungumza na Musa, akasema,
2 ၂ ဣသရေလအမျိုးသားတို့အားအောက်ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့အထဲကဖြစ်စေ၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားထဲကဖြစ်စေ၊ တစ်ဦးဦးကမိမိ၏သားသမီးကိုမောလုတ်ဘုရားအားမီးရှို့ပူဇော်လျှင်တစ်မျိုးသားလုံးကထိုသူကိုခဲနှင့်ပစ်သတ်ရမည်။-
“Waambie watu wa Waisraeli, 'mtu yeyote miongoni mwa watu Israeli, au Mgeni yeyote anayeishi miongoni mwa Waisraeli atakayemtoa mtoto wake yeyote kwa Moleki, hakika atauawa. Ni lazima watu wa nchi wamponde kwa mawe.
3 ၃ မည်သူမဆိုမိမိ၏သားသမီးကိုမောလုတ်ဘုရားအားကိုးကွယ်ရာတွင်ပေးအပ်ခြင်းအားဖြင့်ငါ၏တဲတော်ကိုညစ်ညမ်းစေ၍ငါ၏နာမတော်ကိုရှုတ်ချလျှင် ငါသည်ထိုသူကိုမျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
Pia nitaukaza uso wangu dhidi ya mtu huyo na kumkatilia mbali kutoka miongoni mwa watu wake kwa sababu amemtoa mtoto wake kwa Moleki, ili kupatia unajisi mahali pangu patakatifu na kulinajisi jina langu takatifu.
4 ၄ အကယ်၍လူထုတစ်ရပ်လုံးက ထိုသူအားအရေးမယူသေဒဏ်မစီရင်လျှင်၊-
Na kama watu wa nchi watayafumba macho yao kwa mtu huyo anapomtoa mmoja wa watoto wake kwa Moleki, kama hawatamwua mtu huyo, ndipo Mimi mwenyewe nitaukaza uso wangu dhidi ya mtu huyo na ukoo wake,
5 ၅ သူနှင့်သူ၏မိသားစုကိုလည်းကောင်း၊ ထိုသူနည်းတူငါ့အားသစ္စာဖောက်၍မောလုတ်ဘုရားအားကိုးကွယ်သူရှိသမျှကိုလည်းကောင်း ငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။
Nami nitamkatilia mbali pamoja na yeyote anayejifanya kahaba ili kufanya umalaya na Moleki.
6 ၆ ``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူတို့ထံမှ အကြံဉာဏ်တောင်းခံသူကိုငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
Mtu yule anayewageukia wanaozungumza na wafu, au na wale wanaozungumza na roho ili kufanya ukahaba nao, Nitakaza uso wangu dhidi ya mtu huyo; Nami nitamkatilia mbali atoke miongoni mwa watu wake.
7 ၇ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။-
Kwa hiyo jitakaseni wenyewe na muwe watakatifu, kwa sababu Mimi ndimi Yahweh Mungu wenu.
8 ၈ ငါ၏ပညတ်များကိုစောင့်ထိန်းကြလော့။ ငါသည်သင်တို့အားသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။''
Mtazitunza amari zangu na kuzifuta. Mimi ndimi Yahweh anayewatenga ninyi muwe watakatifu.
9 ၉ ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။
Yeyote amlaaniye baba yake au mama yake hakika mtu huyo atauawa. Amemlaani baba yake au mama yake, kwa hiyo ana hatia na anastahili kufa.
10 ၁၀ တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသားချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။-
Mwanaume yeyote afanyaye uzinzi na mke wa mwanaume mwingine, yaani, yeyote anayezini na mke wa jirani yake—yule mwanaume mzinzi na mwanamke mzinzi ni lazima wote wawili wauawe.
11 ၁၁ ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူသည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
Mwanaume yeyote anayelala na mke wa baba yake ili kukutana naye kimwili amemfedhehesha baba yake mwenye. Wote wawili; mwana huyo na mke huyo wa baba yake kwa hakika watauawa. wanahatia na wanastahili kufa.
12 ၁၂ တစ်စုံတစ်ယောက်သည်မိမိ၏ချွေးမနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သွေးနီးစပ်သူခြင်းဖောက်ပြန်ခြင်းကြောင့်သေဒဏ်ကိုခံထိုက်၏။-
Kama mwanaume atalala na mke wa mwanawe, wote wawili; mwanaume huyo na mke huyo wa mwanawe hakika watauawa. Wametenda upotovu. Wana hatia na wanastahili kufa.
13 ၁၃ ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
Kama mwanaume analala na mwanaume mwingine kama alalavyo na mwanamke, wote wawili watakuwa wamefanya jambo lililo ovu. Hakika watauawa. Wana hatia na wanastahili kufa.
14 ၁၄ တစ်စုံတစ်ယောက်သည်သမီးနှင့်သူ၏မိခင်ကိုမယားအဖြစ်သိမ်းပိုက်လျှင် ရှက်ဖွယ်သောအမှုကိုပြုလုပ်ခြင်းဖြစ်သောကြောင့် သူတို့သုံးဦးစလုံးကိုမီးရှို့၍သတ်ရမည်။ သင်တို့တွင်ထိုကဲ့သို့ရှက်ဖွယ်သောအမှုမျိုးမရှိစေရ။-
Ikiwa mwanaume atamwoa mwanamke na pia akamwoa mama wa mwanamke huyo, huu ni uovu. Ni lazima wachomwe kwa moto, wote wawili, mwanaume huyo na manamke huyo, ili kwamba hapatakuwepo na uovu miongoni mwenu.
15 ၁၅ တစ်စုံတစ်ယောက်သည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုသူနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။-
Ikiwa mwanaume analala na mnyama, hakika atauawa, ni lazima mumuue na mnyama huyo pia.
16 ၁၆ မိန်းမတစ်ဦးသည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုမိန်းမနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။
Ikiwa mwanamke anamkaribia mnyama ili kulala naye, ni lazima mmuuwe mwanamke huyo pamoja na mnyama. Kwa hakika ni lazima wauawe. wana hatia na wanastahili kufa.
17 ၁၇ တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။-
Ikiwa mwanaume analala na dada yake, ama ni binti ya baba yake au binti ya mama yake—ikiwa wamelala pamoja, hilo ni jambo la aibu. Ni lazima wakatiliwe mbali watoke machoni pa watu wao, kwa sababu amelala na dada yake. Ni lazima aibebe hatia yake.
18 ၁၈ တစ်စုံတစ်ယောက်သည်ရာသီသွေးပေါ်လျက်ရှိသောမိန်းမနှင့်ကာမစပ်ယှက်လျှင် သူတို့နှစ်ဦးသည်သန့်စင်မှုဆိုင်ရာပညတ်ကိုချိုးဖောက်သဖြင့်ဣသရေလအမျိုးမှနှင်ထုတ်ရမည်။-
Kama mwanaume analala na mwanamke katika kipindi cha hedhi yake, na amekutana naye kimwili, atakuwa amefunua mtiririko wa damu yake, chanzo cha damu yake. Ni lizima wote wawili wakatiliwe mbali kutoka mingoni mwa watu wao.
19 ၁၉ တစ်စုံတစ်ယောက်သည်မိမိအဒေါ်နှင့်ကာမစပ်ယှက်လျှင် သွေးနီးစပ်သူချင်းဖောက်ပြန်သဖြင့်နှစ်ဦးစလုံးအပြစ်ခံရမည်။-
Usilale na dada ya mama yako, au dada ya baba yako, kwa sababu ungeweza kumwaibisha jamaa yako wa karibu. Ni lazima utabeba hatia yako mwenyewe.
20 ၂၀ တစ်စုံတစ်ယောက်သည်မိမိ၏ဘကြီး၊ ဘထွေး၏မယားနှင့်ကာမစပ်ယှက်လျှင်သူသည်ဘကြီး၊ ဘထွေး၏အသရေကိုဖျက်သောကြောင့်သူတို့သည်အပြစ်ဒဏ်ကိုခံရမည်။ နှစ်ဦးစလုံးသားသမီးများမရဘဲနေလိမ့်မည်။-
Ikiwa mwanaume analala na shangazi yake, atakuwa amemfedhehesha mjomba wake. Wanapokufa, nitawaadhibu wote wawili, na wanapokufa nitauondolea mbali urithi wa watoto wao ambao wangeliupokea kutoka kwa wazazi wao.
21 ၂၁ တစ်စုံတစ်ယောက်သည်မိမိညီအစ်ကို၏မယားနှင့်ထိမ်းမြားလျှင် သူတို့သည်သားသမီးမထွန်းကားဘဲရှိကြလိမ့်မည်။ သူသည်ဘာသာတရားထုံးနည်းအရမသန့်ရှင်းသောအမှုကိုပြု၍မိမိညီအစ်ကို၏အသရေကိုဖျက်၏။
Ikiwa mwanaume anamwoa mke wa kaka yake wakati ambapo kaka yake angali hai, hilo ni jambo la aibu. Amemfedhehesha kaka yake, na nitaondolea mbali mali yoyote amabayo watoto wao wangerithi kutoka kwa wazazi wao.
22 ၂၂ တစ်ဖန်ထာဝရဘုရားက``ငါပို့ဆောင်၍သင်တို့ရောက်ရှိမည့်ခါနာန်ပြည်မှသင်တို့နှင်ထုတ်ခြင်းမခံရစေရန် ငါ၏ပညတ်အားလုံးတို့ကိုစောင့်ထိန်းရမည်။-
Kwa hiyo imewapasa kuzishika amri na sheria zangu zote; ni lazima mzitii ili kwamba ile nchi ambayo ninawaleta kuishi isiwatapike nyinyi.
23 ၂၃ ထိုပြည်တွင်နေထိုင်သူတို့၏ဋ္ဌလေ့ထုံးစံများကိုမကျင့်သုံးနှင့်။ ထိုပြည်သို့သင်တို့ဝင်ရောက်နိုင်ရန် ငါသည်ထိုပြည်သားများကိုနှင်ထုတ်မည်။ ငါသည်သူတို့၏ဆိုးယုတ်သောအလေ့အကျင့်များကိုစက်ဆုပ်ရွံရှာ၏။-
Msienende katika desturi za mataifa ambayo nitayafukuza mbele yenu, ni kwa sababu wamefanya mambo haya yote, nami mimewachukia wao.
24 ၂၄ အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက်သန်သောထိုပြည်ကို သင်တို့ပိုင်ဆိုင်ရန်ငါပေးမည်ဟုကတိထားသည့်အတိုင်းငါပြုမည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၍ သင်တို့သည်အခြားလူမျိုးများနှင့်မတူငါသီးသန့်ရွေးချယ်ထားသောလူမျိုးဖြစ်၏။-
Nami nikawaambia ninyi, “Mtaimiliki nchi yao, nitaitoa kwenu ili muimiliki, nchi itiririkayo amaziwa na asali. Mimi ndimi Yahweh Mungu wenu, aliyewatenga nyinyi kutoka kwa watu wengine.
25 ၂၅ သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
Ni lazima pia mtofautishe kati ya wanya najisi na wale walio safi, na kati ya ndege walio najisi na walio safi. Msijichafue wenyewe kwa wanyama au ndege au kiumbe kitambaacho juu ya nchi kilicho najisi, ambacho nimekitenga kuwa najisi.
26 ၂၆ ငါသည်ထာဝရဘုရားဖြစ်၍သန့်ရှင်းသောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။ သင်တို့အားငါရွေးချယ်သဖြင့်ငါပိုင်၏။ ငါသာလျှင်သင်တို့ကိုပိုင်ရန်အတွက် သင်တို့အားလူမျိုးတကာမှငါသီးသန့်ရွေးချယ်တော်မူပြီ။
Mtakuwa watakatifu, kwa kuwa Mimi, Yahweh, ni mtakakatifu, nami nimewatenga nyinyi kutoka kwa watu wengine, kwa kuwa nyinyi ni wangu.
27 ၂၇ ``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။
Mwanaume au mwanamke anayeongea na wafu au anayeongea na roho hakika atauawa. Watu watawaponda kwa mawe. Wanayo hatia na wanastahili kufa.