< ဝတ်ပြုရာ 20 >
1 ၁ ထာဝရဘုရားသည်မောရှေမှတစ်ဆင့်၊-
UThixo wathi kuMosi,
2 ၂ ဣသရေလအမျိုးသားတို့အားအောက်ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့အထဲကဖြစ်စေ၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားထဲကဖြစ်စေ၊ တစ်ဦးဦးကမိမိ၏သားသမီးကိုမောလုတ်ဘုရားအားမီးရှို့ပူဇော်လျှင်တစ်မျိုးသားလုံးကထိုသူကိုခဲနှင့်ပစ်သတ်ရမည်။-
“Tshela abako-Israyeli uthi: ‘Loba ngubani kwabako-Israyeli kumbe owezizweni ohlala kini onikela abantwana bakhe kunkulunkulu uMoleki, kumele abulawe. Izakhamizi kazimkhande ngamatshe.
3 ၃ မည်သူမဆိုမိမိ၏သားသမီးကိုမောလုတ်ဘုရားအားကိုးကွယ်ရာတွင်ပေးအပ်ခြင်းအားဖြင့်ငါ၏တဲတော်ကိုညစ်ညမ်းစေ၍ငါ၏နာမတော်ကိုရှုတ်ချလျှင် ငါသည်ထိုသူကိုမျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
Mina ngizamdela lowomuntu, ngimkhuphe ebantwini bakibo; ngoba nxa enikele ngabantwabakhe kuMoleki, usengcolise indlu yami engcwele, wahlambaza lebizo lami elingcwele.
4 ၄ အကယ်၍လူထုတစ်ရပ်လုံးက ထိုသူအားအရေးမယူသေဒဏ်မစီရင်လျှင်၊-
Nxa izakhamizi zendawo zingangamnanzi lowomuntu enikela umntanakhe kuMoleki zingambulali,
5 ၅ သူနှင့်သူ၏မိသားစုကိုလည်းကောင်း၊ ထိုသူနည်းတူငါ့အားသစ္စာဖောက်၍မောလုတ်ဘုရားအားကိုးကွယ်သူရှိသမျှကိုလည်းကောင်း ငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။
mina ngizamhlamukela lowomuntu labomuzi wakhe, ngibakhuphe ebantwini bakibo, yena kanye labo bonke abahlanganyela laye njengeziphingi kuMoleki.
6 ၆ ``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူတို့ထံမှ အကြံဉာဏ်တောင်းခံသူကိုငါသည်မျက်နှာလွှဲ၍ငါ၏လူမျိုးတော်မှထုတ်ပယ်မည်။-
Ngizamhlamukela lowo oya ezangomeni lezanuseni njengesiphingi sazo, ngokulandelana lazo. Ngizamkhupha kwabakibo.
7 ၇ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။-
Zingcweliseni libengcwele ngoba mina nginguThixo uNkulunkulu wenu.
8 ၈ ငါ၏ပညတ်များကိုစောင့်ထိန်းကြလော့။ ငါသည်သင်တို့အားသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။''
Gcinani izimiso zami lizilandele. Mina nginguThixo olenza libengcwele.
9 ၉ ထာဝရဘုရားသည် အောက်ပါပညတ်များကိုပြဋ္ဌာန်းပေးတော်မူ၏။ မိမိ၏မိဘတို့ကိုကျိန်ဆဲသောသူအားသေဒဏ်စီရင်ရမည်။ သူသည်မိဘကိုကျိန်ဆဲသောကြောင့်သေဒဏ်ကိုခံထိုက်၏။
Lowo othuka uyise loba unina kabulawe. Usethuke uyise loba unina ngakho usefanele ukufa.
10 ၁၀ တစ်စုံတစ်ယောက်သည် ဣသရေလအမျိုးသားချင်း၏မယားနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။-
Nxa indoda ifeba lomfazi womunye, umfazi kamakhelwane, kababulawe bobabili isiphingi lesiphingikazi leso.
11 ၁၁ ဖခင်၏မယားတစ်ဦးဦးနှင့်ဖောက်ပြန်သူသည် မိမိဖခင်၏အသရေကိုဖျက်သဖြင့် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
Nxa indoda ilala lomfazi kayise, isiyembule ubunqunu bukayise. Leyondoda lonina lowo kababulawe. Bafanele ukufa.
12 ၁၂ တစ်စုံတစ်ယောက်သည်မိမိ၏ချွေးမနှင့်ဖောက်ပြန်လျှင် သူတို့နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သွေးနီးစပ်သူခြင်းဖောက်ပြန်ခြင်းကြောင့်သေဒဏ်ကိုခံထိုက်၏။-
Nxa indoda ilala lomalokazana wayo, kababulawe bobabili. Lokho asebekwenzile kulihlazo. Bafanele ukufa.
13 ၁၃ ယောကျာ်းချင်းကာမဆက်ဆံသူတို့သည်စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုလုပ်သဖြင့် နှစ်ဦးစလုံးကိုသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။-
Nxa indoda ilala lenye indoda ingathi ilala lomfazi, bobabili benze amanyala. Kababulawe. Bafanele ukufa.
14 ၁၄ တစ်စုံတစ်ယောက်သည်သမီးနှင့်သူ၏မိခင်ကိုမယားအဖြစ်သိမ်းပိုက်လျှင် ရှက်ဖွယ်သောအမှုကိုပြုလုပ်ခြင်းဖြစ်သောကြောင့် သူတို့သုံးဦးစလုံးကိုမီးရှို့၍သတ်ရမည်။ သင်တို့တွင်ထိုကဲ့သို့ရှက်ဖွယ်သောအမှုမျိုးမရှိစေရ။-
Nxa indoda ithatha umfazi, ithathe lonina, kubi lokho. Yona indoda labesifazane labo kabatshiswe ngomlilo ukuze kungabi lokuxhwala phakathi kwenu.
15 ၁၅ တစ်စုံတစ်ယောက်သည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုသူနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။-
Nxa indoda iphinga lesifuyo, kayibulawe, lesifuyo leso sibulawe.
16 ၁၆ မိန်းမတစ်ဦးသည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုမိန်းမနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။ သူတို့သည်သေထိုက်သောအပြစ်ကိုကူးလွန်ကြ၏။
Nxa owesifazane ehahabela isifuyo aphinge laso, mbulaleni owesifazane lowo kanye lesifuyo leso sibulawe. Kumele kubulawe kokubili ngoba konke kulomlandu.
17 ၁၇ တစ်စုံတစ်ယောက်သည် မိမိ၏နှမအရင်းသို့မဟုတ်ဖအေတူမအေကွဲနှမနှင့်ထိမ်းမြားလျှင် သူတို့ကိုလူထုရှေ့မှောက်တွင်ရှုတ်ချ၍ ဣသရေလအမျိုးမှထုတ်ပယ်ရမည်။ သူသည်မိမိ၏နှမနှင့်ကာမစပ်ယှက်သောကြောင့်အပြစ်ကိုခံရမည်။-
Nxa indoda ithatha udadewabo, indodakazi kayise loba ekanina balale bonke, kulihlazo. Kabaxotshwe kwabakibo. Isinqunule udadewabo ngakho isibelomlandu.
18 ၁၈ တစ်စုံတစ်ယောက်သည်ရာသီသွေးပေါ်လျက်ရှိသောမိန်းမနှင့်ကာမစပ်ယှက်လျှင် သူတို့နှစ်ဦးသည်သန့်စင်မှုဆိုင်ရာပညတ်ကိုချိုးဖောက်သဖြင့်ဣသရေလအမျိုးမှနှင်ထုတ်ရမည်။-
Nxa indoda ilala lowesifazane esemfuleni, isinqunule umthombo walowomfula, lowesifazane lowo usewembulile. Bobabili kabaxotshwe ebantwini bakibo.
19 ၁၉ တစ်စုံတစ်ယောက်သည်မိမိအဒေါ်နှင့်ကာမစပ်ယှက်လျှင် သွေးနီးစပ်သူချင်းဖောက်ပြန်သဖြင့်နှစ်ဦးစလုံးအပြစ်ခံရမည်။-
Ungalali lodadewabo kanyoko loba okayihlo, ngoba kuyikunqunula isihlobo segazi. Lobabili lizakuba lomlandu.
20 ၂၀ တစ်စုံတစ်ယောက်သည်မိမိ၏ဘကြီး၊ ဘထွေး၏မယားနှင့်ကာမစပ်ယှက်လျှင်သူသည်ဘကြီး၊ ဘထွေး၏အသရေကိုဖျက်သောကြောင့်သူတို့သည်အပြစ်ဒဏ်ကိုခံရမည်။ နှစ်ဦးစလုံးသားသမီးများမရဘဲနေလိမ့်မည်။-
Nxa umuntu elala lomkamfowabo kayise, usenqunule umfowabo kayise. Balomlandu. Bazakufa bengelamntwana.
21 ၂၁ တစ်စုံတစ်ယောက်သည်မိမိညီအစ်ကို၏မယားနှင့်ထိမ်းမြားလျှင် သူတို့သည်သားသမီးမထွန်းကားဘဲရှိကြလိမ့်မည်။ သူသည်ဘာသာတရားထုံးနည်းအရမသန့်ရှင်းသောအမှုကိုပြု၍မိမိညီအစ်ကို၏အသရေကိုဖျက်၏။
Nxa indoda ithatha umfazi womfowabo, lokho kuyisenzo sokungcola; usembule ubunqunu bomfowabo. Bazakufa bengelamntwana.
22 ၂၂ တစ်ဖန်ထာဝရဘုရားက``ငါပို့ဆောင်၍သင်တို့ရောက်ရှိမည့်ခါနာန်ပြည်မှသင်တို့နှင်ထုတ်ခြင်းမခံရစေရန် ငါ၏ပညတ်အားလုံးတို့ကိုစောင့်ထိန်းရမည်။-
Gcinani zonke izimiso zami lemithetho yami, liyilandele ukuze lelolizwe engililethe ukuba lihlale khona lingalikhafuli.
23 ၂၃ ထိုပြည်တွင်နေထိုင်သူတို့၏ဋ္ဌလေ့ထုံးစံများကိုမကျင့်သုံးနှင့်။ ထိုပြည်သို့သင်တို့ဝင်ရောက်နိုင်ရန် ငါသည်ထိုပြည်သားများကိုနှင်ထုတ်မည်။ ငါသည်သူတို့၏ဆိုးယုတ်သောအလေ့အကျင့်များကိုစက်ဆုပ်ရွံရှာ၏။-
Lingabolandela amasiko ezizwe engizazixotsha phambi kwenu. Ngoba bazenza zonke lezizinto ngabenyanya.
24 ၂၄ အစာရေစာပေါကြွယ်ဝ၍မြေသြဇာထက်သန်သောထိုပြည်ကို သင်တို့ပိုင်ဆိုင်ရန်ငါပေးမည်ဟုကတိထားသည့်အတိုင်းငါပြုမည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၍ သင်တို့သည်အခြားလူမျိုးများနှင့်မတူငါသီးသန့်ရွေးချယ်ထားသောလူမျိုးဖြစ်၏။-
Kodwa ngathi kini, “Lizalithumba ilizwe labo; ngizalipha lona libe yilifa lenu, ilizwe eligeleza uchago loluju.” Mina yimi uThixo uNkulunkulu wenu olenze lehluka kwabezizwe.
25 ၂၅ သို့ဖြစ်၍သင်တို့သည်စားနိုင်သောတိရစ္ဆာန်နှင့်ငှက်၊ မစားနိုင်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုသေချာစွာခွဲခြားသတ်မှတ်ရမည်။ မသန့်သောတိရစ္ဆာန်နှင့်ငှက်တို့ကိုမစားရ။ ငါသည်ယင်းတို့ကိုမသန့်ဟုသတ်မှတ်ထားသဖြင့်ထိုသတ္တဝါတို့၏အသားကိုစားလျှင်သင်တို့သည်ညစ်ညမ်းလိမ့်မည်။-
Ngakho-ke kumele lazi umahluko phakathi kwezinyamazana ezihlanzekileyo lezingahlanzekanga; kanjalo lezinyoni. Lingazingcolisi ngezinyamazana loba ngezinyoni loba ngani ehuquzela phansi, lezo engiziphawule ngathi zingcolile kini.
26 ၂၆ ငါသည်ထာဝရဘုရားဖြစ်၍သန့်ရှင်းသောကြောင့် သင်တို့သည်သန့်ရှင်းရကြမည်။ သင်တို့အားငါရွေးချယ်သဖြင့်ငါပိုင်၏။ ငါသာလျှင်သင်တို့ကိုပိုင်ရန်အတွက် သင်တို့အားလူမျိုးတကာမှငါသီးသန့်ရွေးချယ်တော်မူပြီ။
Kumele libengcwele kimi ngoba mina Thixo ngingcwele njalo ngilahlukanisile kwabezizwe ukuthi libe ngabami.
27 ၂၇ ``သေလွန်သူတို့၏ဝိညာဉ်များနှင့်တိုင်ပင်သောအမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေကျောက်ခဲနှင့်ပစ်သတ်ရမည်။ သူသည်သေထိုက်သောအပြစ်ကိုကူးလွန်၏'' ဟုမိန့်တော်မူ၏။
Indoda loba umfazi ovumisayo loba oyisanuse phakathi kwenu, kabulawe. Bakhandeni ngamatshe. Yindaba yabo.’”