< ဝတ်ပြုရာ 20 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့်၊-
တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
2 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​၏။ ``သင်​တို့​အ​ထဲ​က​ဖြစ်​စေ၊ သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​ထဲ​က​ဖြစ်​စေ၊ တစ်​ဦး​ဦး​က​မိ​မိ​၏​သား​သ​မီး​ကို​မော​လုတ်​ဘု​ရား​အား​မီး​ရှို့​ပူ​ဇော်​လျှင်​တစ်​မျိုး​သား​လုံး​က​ထို​သူ​ကို​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။-
ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။
3 မည်​သူ​မ​ဆို​မိ​မိ​၏​သား​သ​မီး​ကို​မော​လုတ်​ဘု​ရား​အား​ကိုး​ကွယ်​ရာ​တွင်​ပေး​အပ်​ခြင်း​အား​ဖြင့်​ငါ​၏​တဲ​တော်​ကို​ညစ်​ညမ်း​စေ​၍​ငါ​၏​နာမ​တော်​ကို​ရှုတ်​ချ​လျှင် ငါ​သည်​ထို​သူ​ကို​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။-
ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
4 အ​ကယ်​၍​လူ​ထု​တစ်​ရပ်​လုံး​က ထို​သူ​အား​အ​ရေး​မ​ယူ​သေ​ဒဏ်​မ​စီ​ရင်​လျှင်၊-
မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊-
5 သူ​နှင့်​သူ​၏​မိ​သား​စု​ကို​လည်း​ကောင်း၊ ထို​သူ​နည်း​တူ​ငါ့​အား​သစ္စာ​ဖောက်​၍​မော​လုတ်​ဘု​ရား​အား​ကိုး​ကွယ်​သူ​ရှိ​သ​မျှ​ကို​လည်း​ကောင်း ငါ​သည်​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။
ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၍ မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။
6 ``သေ​သူ​တို့​၏​ဝိ​ညာဉ်​နှင့်​ဆက်​သွယ်​သော​သူ​တို့​ထံ​မှ အ​ကြံ​ဉာဏ်​တောင်း​ခံ​သူ​ကို​ငါ​သည်​မျက်​နှာ​လွှဲ​၍​ငါ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​မည်။-
လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
7 ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​သော​ကြောင့် သင်​တို့​သည်​သန့်​ရှင်း​ရ​ကြ​မည်။-
သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍၊ သန့်ရှင်းခြင်းရှိကြလော့။
8 ငါ​၏​ပညတ်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ ငါ​သည်​သင်​တို့​အား​သန့်​ရှင်း​စေ​သော​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။''
ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်၏။
9 ထာ​ဝ​ရ​ဘု​ရား​သည် အောက်​ပါ​ပ​ညတ်​များ​ကို​ပြ​ဋ္ဌာန်း​ပေး​တော်​မူ​၏။ မိ​မိ​၏​မိ​ဘ​တို့​ကို​ကျိန်​ဆဲ​သော​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​သည်​မိ​ဘ​ကို​ကျိန်​ဆဲ​သော​ကြောင့်​သေ​ဒဏ်​ကို​ခံ​ထိုက်​၏။
မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။
10 ၁၀ တစ်​စုံ​တစ်​ယောက်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ချင်း​၏​မ​ယား​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
၁၀သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။
11 ၁၁ ဖ​ခင်​၏​မ​ယား​တစ်​ဦး​ဦး​နှင့်​ဖောက်​ပြန်​သူ​သည် မိ​မိ​ဖ​ခင်​၏​အ​သ​ရေ​ကို​ဖျက်​သ​ဖြင့် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-
၁၁ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
12 ၁၂ တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ချွေး​မ​နှင့်​ဖောက်​ပြန်​လျှင် သူ​တို့​နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သွေး​နီး​စပ်​သူ​ခြင်း​ဖောက်​ပြန်​ခြင်း​ကြောင့်​သေ​ဒဏ်​ကို​ခံ​ထိုက်​၏။-
၁၂ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
13 ၁၃ ယောကျာ်း​ချင်း​ကာ​မ​ဆက်​ဆံ​သူ​တို့​သည်​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​အ​မှု​ကို​ပြု​လုပ်​သ​ဖြင့် နှစ်​ဦး​စ​လုံး​ကို​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။-
၁၃မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
14 ၁၄ တစ်​စုံ​တစ်​ယောက်​သည်​သ​မီး​နှင့်​သူ​၏​မိ​ခင်​ကို​မ​ယား​အ​ဖြစ်​သိမ်း​ပိုက်​လျှင် ရှက်​ဖွယ်​သော​အ​မှု​ကို​ပြု​လုပ်​ခြင်း​ဖြစ်​သော​ကြောင့် သူ​တို့​သုံး​ဦး​စ​လုံး​ကို​မီး​ရှို့​၍​သတ်​ရ​မည်။ သင်​တို့​တွင်​ထို​ကဲ့​သို့​ရှက်​ဖွယ်​သော​အ​မှု​မျိုး​မ​ရှိ​စေ​ရ။-
၁၄ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။
15 ၁၅ တစ်​စုံ​တစ်​ယောက်​သည်​တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် ထို​သူ​နှင့်​တ​ကွ​တိ​ရစ္ဆာန်​ကို​လည်း​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
၁၅ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည်။
16 ၁၆ မိန်း​မ​တစ်​ဦး​သည်​တိ​ရစ္ဆာန်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် ထို​မိန်း​မ​နှင့်​တ​ကွ​တိ​ရစ္ဆာန်​ကို​လည်း​သေ​ဒဏ်​စီ​ရင်​ရ​မည်။ သူ​တို့​သည်​သေ​ထိုက်​သော​အ​ပြစ်​ကို​ကူး​လွန်​ကြ​၏။
၁၆မိန်းမသည်လည်း၊ မိမိနှင့်တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
17 ၁၇ တစ်​စုံ​တစ်​ယောက်​သည် မိ​မိ​၏​နှ​မ​အ​ရင်း​သို့​မ​ဟုတ်​ဖ​အေ​တူ​မ​အေ​ကွဲ​နှ​မ​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​ကို​လူ​ထု​ရှေ့​မှောက်​တွင်​ရှုတ်​ချ​၍ ဣ​သ​ရေ​လ​အ​မျိုး​မှ​ထုတ်​ပယ်​ရ​မည်။ သူ​သည်​မိ​မိ​၏​နှ​မ​နှင့်​ကာ​မ​စပ်​ယှက်​သော​ကြောင့်​အ​ပြစ်​ကို​ခံ​ရ​မည်။-
၁၇ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။
18 ၁၈ တစ်​စုံ​တစ်​ယောက်​သည်​ရာ​သီ​သွေး​ပေါ်​လျက်​ရှိ​သော​မိန်း​မ​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သူ​တို့​နှစ်​ဦး​သည်​သန့်​စင်​မှု​ဆိုင်​ရာ​ပ​ညတ်​ကို​ချိုး​ဖောက်​သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​မှ​နှင်​ထုတ်​ရ​မည်။-
၁၈ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။
19 ၁၉ တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​အ​ဒေါ်​နှင့်​ကာ​မ​စပ်​ယှက်​လျှင် သွေး​နီး​စပ်​သူ​ချင်း​ဖောက်​ပြန်​သ​ဖြင့်​နှစ်​ဦး​စ​လုံး​အ​ပြစ်​ခံ​ရ​မည်။-
၁၉အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။
20 ၂၀ တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​၏​ဘ​ကြီး၊ ဘ​ထွေး​၏​မ​ယား​နှင့်​ကာ​မ​စပ်​ယှက်​လျှင်​သူ​သည်​ဘ​ကြီး၊ ဘ​ထွေး​၏​အ​သ​ရေ​ကို​ဖျက်​သော​ကြောင့်​သူ​တို့​သည်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​မည်။ နှစ်​ဦး​စ​လုံး​သား​သ​မီး​များ​မ​ရ​ဘဲ​နေ​လိမ့်​မည်။-
၂၀အဘ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံးသားမရဘဲ နေရလိမ့်မည်။
21 ၂၁ တစ်​စုံ​တစ်​ယောက်​သည်​မိ​မိ​ညီ​အစ်​ကို​၏​မ​ယား​နှင့်​ထိမ်း​မြား​လျှင် သူ​တို့​သည်​သား​သ​မီး​မ​ထွန်း​ကား​ဘဲ​ရှိ​ကြ​လိမ့်​မည်။ သူ​သည်​ဘာ​သာ​တ​ရား​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​သော​အ​မှု​ကို​ပြု​၍​မိ​မိ​ညီ​အစ်​ကို​၏​အ​သ​ရေ​ကို​ဖျက်​၏။
၂၁ညီအစ်ကို၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။
22 ၂၂ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​ပို့​ဆောင်​၍​သင်​တို့​ရောက်​ရှိ​မည့်​ခါ​နာန်​ပြည်​မှ​သင်​တို့​နှင်​ထုတ်​ခြင်း​မ​ခံ​ရ​စေ​ရန် ငါ​၏​ပ​ညတ်​အား​လုံး​တို့​ကို​စောင့်​ထိန်း​ရ​မည်။-
၂၂သင်တို့ကို ငါ ပို့ဆောင်၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။
23 ၂၃ ထို​ပြည်​တွင်​နေ​ထိုင်​သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​ကျင့်​သုံး​နှင့်။ ထို​ပြည်​သို့​သင်​တို့​ဝင်​ရောက်​နိုင်​ရန် ငါ​သည်​ထို​ပြည်​သား​များ​ကို​နှင်​ထုတ်​မည်။ ငါ​သည်​သူ​တို့​၏​ဆိုး​ယုတ်​သော​အ​လေ့​အ​ကျင့်​များ​ကို​စက်​ဆုပ်​ရွံ​ရှာ​၏။-
၂၃သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့ မလိုက်ရ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။
24 ၂၄ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ​၍​မြေ​သြ​ဇာ​ထက်​သန်​သော​ထို​ပြည်​ကို သင်​တို့​ပိုင်​ဆိုင်​ရန်​ငါ​ပေး​မည်​ဟု​က​တိ​ထား​သည့်​အ​တိုင်း​ငါ​ပြု​မည်။ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘုရား​ဖြစ်​၍ သင်​တို့​သည်​အ​ခြား​လူ​မျိုး​များ​နှင့်​မ​တူ​ငါ​သီး​သန့်​ရွေး​ချယ်​ထား​သော​လူ​မျိုး​ဖြစ်​၏။-
၂၄သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှါ ငါအပိုင်ပေး မည်ဟု ငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။
25 ၂၅ သို့​ဖြစ်​၍​သင်​တို့​သည်​စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်၊ မ​စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်​တို့​ကို​သေ​ချာ​စွာ​ခွဲ​ခြား​သတ်​မှတ်​ရ​မည်။ မ​သန့်​သော​တိ​ရစ္ဆာန်​နှင့်​ငှက်​တို့​ကို​မ​စား​ရ။ ငါ​သည်​ယင်း​တို့​ကို​မ​သန့်​ဟု​သတ်​မှတ်​ထား​သ​ဖြင့်​ထို​သတ္တ​ဝါ​တို့​၏​အ​သား​ကို​စား​လျှင်​သင်​တို့​သည်​ညစ်​ညမ်း​လိမ့်​မည်။-
၂၅ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ။
26 ၂၆ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ်​၍​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​သန့်​ရှင်း​ရ​ကြ​မည်။ သင်​တို့​အား​ငါ​ရွေး​ချယ်​သ​ဖြင့်​ငါ​ပိုင်​၏။ ငါ​သာ​လျှင်​သင်​တို့​ကို​ပိုင်​ရန်​အ​တွက် သင်​တို့​အား​လူ​မျိုး​တ​ကာ​မှ​ငါ​သီး​သန့်​ရွေး​ချယ်​တော်​မူ​ပြီ။
၂၆ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ်၍၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဘို့ သန့်ရှင်းခြင်းရှိရကြမည်။
27 ၂၇ ``သေ​လွန်​သူ​တို့​၏​ဝိ​ညာဉ်​များ​နှင့်​တိုင်​ပင်​သော​အ​မျိုး​သား​ဖြစ်​စေ၊ အ​မျိုး​သ​မီး​ဖြစ်​စေ​ကျောက်​ခဲ​နှင့်​ပစ်​သတ်​ရ​မည်။ သူ​သည်​သေ​ထိုက်​သော​အပြစ်​ကို​ကူး​လွန်​၏'' ဟု​မိန့်​တော်​မူ​၏။
၂၇ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။

< ဝတ်ပြုရာ 20 >