< ဝတ်ပြုရာ 17 >

1 ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​မှ​တစ်​ဆင့်​အာ​ရုန်၊ သူ​၏​သား​များ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား အောက်​ဖော်​ပြ​ပါ​ပ​ညတ် များ​ကို​ချ​မှတ်​ပေး​တော်​မူ​၏။-
L'Eternel parla aussi à Moïse, en disant:
2
Parle à Aaron et à ses fils, et à tous les enfants d'Israël, et leur dis: C'est ici ce que l'Eternel a commandé, en disant:
3 ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​မှ​လွဲ​၍ အ​ခြား​တစ်​နေ​ရာ​ရာ​တွင်​နွား​ကို ဖြစ်​စေ၊ ဆိတ်​ကို​ဖြစ်​စေ​သတ်​၍ ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​သည် ပ​ညတ်​တော်​ကို​ချိုး​ဖောက်​သူ​ဖြစ်​၏။ သူ​သည် သွေး​သွန်း​မှု​လွန်​ကူး​သော​ကြောင့် ထာ​ဝ​ရ ဘု​ရား​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း​ခံ ရ​မည်။-
Quiconque de la maison d'Israël aura égorgé un bœuf, ou un agneau, ou une chèvre dans le camp, ou qui l'aura égorgé hors du camp,
4
Et ne l'aura point amené à l'entrée du Tabernacle d'assignation pour en faire une offrande à l'Eternel devant le pavillon de l'Eternel, le sang sera imputé à cet homme-là; il a répandu du sang; c'est pourquoi cet homme-là sera retranché du milieu de son peuple.
5 ဤ​ပ​ညတ်​၏​ရည်​ရွယ်​ချက်​မှာ​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ယ​ခင်​က​တိ​ရစ္ဆာန်​များ​ကို ကွင်း​ပြင်​၌​သတ်​ခဲ့​သော်​လည်း ယ​ခု​ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​၌​သတ်​စေ​ရန်​ဖြစ်​သည်။ သူ တို့​သည်​တိ​ရစ္ဆာန်​များ​ကို ယဇ်​ပု​ရော​ဟိတ်​ထံ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် မိတ်​သ​ဟာ​ယ​ယဇ်​အ​ဖြစ်​သတ်​၍​ပူ​ဇော် ရ​မည်။-
Afin que les enfants d'Israël amènent leurs sacrifices, lesquels ils sacrifient dans les champs, qu'ils les amènent, dis-je, à l'Eternel, à l'entrée du Tabernacle d'assignation, vers le Sacrificateur, et qu'ils les sacrifient en sacrifices de prospérités à l'Eternel;
6 ယဇ်​ပု​ရော​ဟိတ်​သည် သွေး​ကို​တဲ​တော်​တံ​ခါး​ဝ ရှိ​ယဇ်​ပလ္လင်​လေး​ဘက်​တွင် ပက်​ဖျန်း​ရ​မည်။ ထို နောက်​အ​ဆီ​ကို​မီး​ရှို့​ပူ​ဇော်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​နှစ်​သက်​တော်​မူ​သော​ရ​နံ့​ကို​ထွက် ပေါ်​စေ​မည်။-
Et que le Sacrificateur en répande le sang sur l'autel de l'Eternel à l'entrée du Tabernacle d'assignation, et en fasse fumer la graisse en bonne odeur à l'Eternel;
7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ ဘု​ရား​အား​သစ္စာ​ဖောက်​၍​ကွင်း​ပြင်​များ​တွင် တိ​ရစ္ဆာန်​များ​ကို​သတ်​ပြီး နတ်​မိစ္ဆာ​တို့​အား နောက်​တစ်​ဖန်​မ​ပူ​ဇော်​ရ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဤ​ပ​ညတ်​ကို​ထာ​ဝ​စဉ်​စောင့်​ထိန်း ရ​ကြ​မည်။
Et qu'ils n'offrent plus leurs sacrifices aux diables, avec lesquels ils ont paillardé. Que ce leur soit une ordonnance perpétuelle en leurs âges.
8 ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ တဲ​တော်​တံ​ခါး​ဝ​မှ​လွဲ​၍​အ​ခြား တစ်​နေ​ရာ​တွင် မီး​ရှို့​သော​ယဇ်​ကို​သော်​လည်း ကောင်း၊ အ​ခြား​ယဇ်​ကောင်​ကို​သော်​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​လျှင်​ထို​သူ​ကို ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ် ရ​မည်။
Tu leur diras donc: Quiconque des enfants d'Israël, ou des étrangers qui font leur séjour parmi eux, aura offert un holocauste ou un sacrifice,
9
Et qui ne l'aura point amené à l'entrée du Tabernacle d'assignation, pour le sacrifier à l'Eternel, cet homme-là sera retranché d'entre ses peuples.
10 ၁၀ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား သား​ဖြစ်​စေ၊ သွေး​ပါ​သော​အ​သား​ကို​စား လျှင် ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​ကို​မျက်​နှာ လွှဲ​၍ မိ​မိ​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​တော် မူ​လိမ့်​မည်။-
Quiconque de la famille d'Israël ou des étrangers qui font leur séjour parmi eux, aura mangé de quelque sang que ce soit, je mettrai ma face contre cette personne qui aura mangé du sang, et je la retrancherai du milieu de son peuple.
11 ၁၁ သတ္တ​ဝါ​တိုင်း​၏​အသက်​သည်​သွေး​၌​တည်​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​လူ​တို့​၏​အ​ပြစ် ပြေ​စေ​ရန်​အ​တွက် သွေး​ဟူ​သ​မျှ​ကို​ယဇ်​ပလ္လင် ပေါ်​သို့​သွန်း​လောင်း​ရ​မည်​ဟု​ပ​ညတ်​တော် မူ​၏။ သွေး​သည်​အ​သက်​ဖြစ်​၍ အ​ပြစ်​ကို ပြေ​စေ​၏။-
Car l'âme de la chair est dans le sang; c'est pourquoi je vous ai ordonné qu'il soit mis sur l'autel afin de faire propitiation pour vos âmes; car c'est le sang qui fera propitiation pour l'âme.
12 ၁၂ ထို​အ​ကြောင်း​ကြောင့်​ဣ​သ​ရေ​လ​အမျိုး​သား ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နှင့်​နေ ထိုင်​သော​လူ​မျိုး​ခြား​သား​ဖြစ်​စေ သွေး​ပါ သော​အ​သား​ကို​မ​စား​ရ​ဟု​ထာ​ဝ​ရ ဘု​ရား​ပ​ညတ်​တော်​မူ​၏။
C'est pourquoi j'ai dit aux enfants d'Israël: Que personne d'entre vous ne mange du sang; que l'étranger même qui fait son séjour parmi vous, ne mange point de sang.
13 ၁၃ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နှင့်​နေ​ထိုင်​သော​လူ​မျိုး​ခြား ဖြစ်​စေ၊ စား​နိုင်​သော​တိ​ရစ္ဆာန်​သို့​မ​ဟုတ်​ငှက် ကို​ဖမ်း​မိ​လျှင် ထို​သတ္တဝါ​၏​သွေး​ကို​မြေ​ကြီး ပေါ်​သို့​သွန်း​လောင်း​၍​မြေ​ဖြင့်​ဖုံး​ရ​မည်။-
Et quiconque des enfants d'Israël, et des étrangers qui font leur séjour parmi eux, aura pris à la chasse une bête sauvage, ou un oiseau que l'on mange, il répandra leur sang, et le couvrira de poussière.
14 ၁၄ သတ္တ​ဝါ​တိုင်း​၏​အ​သက်​သည်​သွေး​၌​တည်​သော ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သွေး ပါ​သော​အ​သား​ကို​မ​စား​ရ။ စား​သော​သူ​သည် ကိုယ်​တော်​၏​လူ​မျိုး​တော်​မှ​ထုတ်​ပယ်​ခြင်း ကို​ခံ​ရ​မည်​ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။
Car l'âme de toute chair est dans son sang, c'est son âme; c'est pourquoi j'ai dit aux enfants d'Israël: Vous ne mangerez point le sang d'aucune chair; car l'âme de toute chair est son sang; quiconque en mangera sera retranché.
15 ၁၅ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား သား​ဖြစ်​စေ၊ ဋ္ဌမ္မ​တာ​အ​လျောက်​သေ​သော တိ​ရစ္ဆာန်​၏​အ​သား သို့​မ​ဟုတ်​သား​ရဲ​ကိုက် သတ်​၍​သေ​သော​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား လျှင် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​စောင့်​ဆိုင်း ပြီး​မှ ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လာ​လိမ့်​မည်။-
Et toute personne qui aura mangé de la chair de quelque bête morte d'elle-même, ou déchirée [par les bêtes sauvages], tant celui qui est né au pays que l'étranger, lavera ses vêtements, et se lavera avec de l'eau, et il sera souillé jusqu'au soir; puis il sera net.
16 ၁၆ ထို​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည် မိမိ အ​ပြစ်​၏​ဆိုး​ကျိုး​ဆက်​ကို​ခံ​ရ​မည်။
Que s'il ne lave pas [ses vêtements], et sa chair, il portera son iniquité.

< ဝတ်ပြုရာ 17 >