< ဝတ်ပြုရာ 15 >
1 ၁ ထာဝရဘုရားသည် ဣသရေလအမျိုး သားတို့လိုက်နာရန်အတွက် အောက်ဖော်ပြ ပါပညတ်များကိုမောရှေနှင့်အာရုန်တို့ အားချမှတ်ပေးတော်မူ၏။ ယောကျာ်းတစ်ယောက် သည် ရိနာကျနေလျှင်ဖြစ်စေ၊ ရိနာကျ ခြင်းရပ်စဲသွားလျှင်ဖြစ်စေ၊ မသန့်စင်ချေ။-
2 ၂
3 ၃
4 ၄ ထိုသူထိုင်သောအိပ်ရာသို့မဟုတ်အိပ်သော အိပ်ရာသည်လည်းမသန့်စင်။-
5 ၅ တစ်စုံတစ်ယောက်သောသူသည် ထိုသူ အိပ်သောအိပ်ရာကိုထိမိလျှင်၊-
6 ၆ ထိုင်သောနေရာတွင်ထိုင်မိလျှင် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
7 ၇ ရိနာစွဲသောသူကိုထိကိုင်မိသောသူသည် မိမိအဝတ်များကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။-
8 ၈ ရိနာစွဲသောသူသည်ဘာသာတရားထုံး နည်းနှင့်ဆိုင်၍ သန့်စင်သူတစ်ဦးအပေါ်သို့ တံတွေးထွေးမိလျှင် တံတွေးထွေးခံရသူ သည်မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။-
9 ၉ ရိနာစွဲသောသူထိုင်သောကုန်းနှီးသို့ မဟုတ်ထိုင်ခုံသည်မသန့်စင်။-
10 ၁၀ ထိုသူထိုင်သောအရာကိုကိုင်တွယ်မိသော သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့် မည်။ ထိုသူထိုင်မိသောဝတ္ထုပစ္စည်းကိုသယ် ဆောင်သောသူသည် မိမိအဝတ်ကိုဖွပ်လျှော် ၍ရေချိုးရမည်။ သူသည်ညဦးတိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
11 ၁၁ ရိနာစွဲသောသူသည်မိမိ၏လက်များကို မဆေးဘဲနှင့် တစ်စုံတစ်ယောက်ကိုထိကိုင် မိလျှင် အကိုင်ခံရသောသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
12 ၁၂ ရိနာစွဲသောသူကိုင်မိသောမြေအိုးမြေ ခွက်ကိုခွဲပစ်ရမည်။ သူကိုင်မိသောသစ်သား အိုးသစ်သားခွက်ကိုရေနှင့်ဆေးရမည်။
13 ၁၃ ထိုသူသည်ရိနာပျောက်ကင်းပြီးနောက် ခုနစ် ရက်စောင့်ဆိုင်းပြီးလျှင် မိမိအဝတ်များကို ဖွပ်လျှော်၍စမ်းရေဖြင့်ရေချိုးရမည်။ ထို အခါတွင်သူသည် ဘာသာရေးထုံးနည်း အရသန့်စင်လိမ့်မည်။-
14 ၁၄ အဋ္ဌမနေ့တွင်သူသည် ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံ တော်မူရာတဲတော်တံခါးဝသို့ယူဆောင် ခဲ့၍ယဇ်ပုရောဟိတ်ထံပေးအပ်ရမည်။-
15 ၁၅ ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် အတွက် ငှက်တစ်ကောင်ကိုပူဇော်ရမည်။ ဤ နည်းအားဖြင့်ယဇ်ပုရောဟိတ်သည် ထိုသူ အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
16 ၁၆ ယောကျာ်းတစ်ယောက်သည်သုက်ရည်ယိုလျှင် တစ်ကိုယ်လုံးရေချိုးရမည်။ သူသည်ညဦး တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
17 ၁၇ သုက်ရည်ထိမိသောအဝတ်အထည် သို့မဟုတ် သားရေထည်ကိုဖွပ်လျှော်ရမည်။ ထိုအရာ ဝတ္ထုသည်ညဦးတိုင်အောင်မသန့်စင်ဘဲရှိ လိမ့်မည်။-
18 ၁၈ ယောကျာ်းနှင့်မိန်းမ၊ ကာမစပ်ယှက်ပြီးလျှင် နှစ်ဦးစလုံးရေချိုးရမည်။ သူတို့သည်ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။
19 ၁၉ အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်လျှင် သူသည်ခုနစ်ရက်မသန့်စင်ဘဲရှိ လိမ့်မည်။ သူ့ကိုထိကိုင်မိသောသူသည် ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
20 ၂၀ ရာသီသွေးပေါ်ချိန်အတွင်းထိုအမျိုး သမီးထိုင်သောနေရာသို့မဟုတ်အိပ် သောအိပ်ရာတို့သည်မသန့်စင်။-
21 ၂၁ သူထိုင်သောနေရာသို့မဟုတ်သူအိပ်သော အိပ်ရာကိုထိကိုင်မိသောသူသည် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
22 ၂၂
23 ၂၃
24 ၂၄ ရာသီသွေးပေါ်သောမိန်းမသည်မသန့်စင် သောကြောင့် သူနှင့်ကာမစပ်ယှက်သောယောကျာ်း သည်လည်း ခုနစ်ရက်တိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။ ထိုသူ၏အိပ်ရာသည်လည်း မသန့်စင်။
25 ၂၅ အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်ချိန်မကျဘဲနှင့် ရက်အတန်ကြာမျှ သွေးဆင်းလျှင်သော်လည်းကောင်း၊ ရာသီ သွေးပေါ်ချိန်ကိုလွန်၍သွေးဆက်ဆင်းနေ လျှင်သော်လည်းကောင်း၊ သူသည်သွေးမရပ် မချင်းရာသီသွေးပေါ်ချိန်မှာကဲ့သို့ မသန့်စင်ဘဲရှိလိမ့်မည်။-
26 ၂၆ ရာသီသွေးပေါ်ချိန်အတွင်းသူထိုင်သော အရာ သို့မဟုတ်သူအိပ်သောအိပ်ရာသည် မသန့်စင်ချေ။-
27 ၂၇ ထိုအရာတို့ကိုထိကိုင်မိသောသူသည်မသန့် စင်သဖြင့် မိမိအဝတ်များကိုဖွပ်လျှော်၍ ရေချိုးရမည်။ သူသည်ညဦးတိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
28 ၂၈ အမျိုးသမီးသည်သွေးဆင်းခြင်းရပ်ပြီး နောက် ခုနစ်ရက်ကြာလျှင်ဘာသာရေးထုံး နည်းအရသန့်စင်လာလိမ့်မည်။-
29 ၂၉ အဋ္ဌမနေ့၌သူသည်ချိုးနှစ်ကောင်သို့မဟုတ် ခိုနှစ်ကောင်ကို ထာဝရဘုရားစံတော်မူရာ တဲတော်တံခါးဝသို့ယူဆောင်ခဲ့၍ယဇ်ပုရော ဟိတ်ထံပေးအပ်ရမည်။-
30 ၃၀ ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် အတွက်ငှက်တစ်ကောင်၊ မီးရှို့ရာယဇ်အတွက် အခြားငှက်တစ်ကောင်ကိုပူဇော်ရမည်။ ဤ နည်းအားဖြင့်ယဇ်ပုရောဟိတ်သည်ထိုအမျိုး သမီးအတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
31 ၃၁ ထာဝရဘုရားသည်စခန်းအလယ်တွင် တည် ရှိသည့်စံတော်မူရာတဲတော်ကိုမညစ်ညမ်း စေခြင်းအလို့ငှာ မသန့်စင်သောအမှုများ နှင့်ဆိုင်၍ ဣသရေလအမျိုးသားတို့ကို မောရှေအားဖြင့်သတိပေးတော်မူ၏။ အကယ်၍သူတို့သည်တဲတော်ကို ညစ်ညမ်း စေလျှင်အသက်သေဆုံးရကြမည်။
32 ၃၂ ဤပညတ်တို့သည်ကားရိနာစွဲသောသူ၊ သုက်ရည်ယိုသောသူ၊-
33 ၃၃ ရာသီသွေးပေါ်သောအမျိုးသမီး၊ ဘာသာ ရေးထုံးနည်းအရမသန့်စင်သောမိန်းမနှင့် ကာမစပ်ယှက်သောယောကျာ်းတို့နှင့်သက် ဆိုင်သောပညတ်များဖြစ်သတည်း။