< ဝတ်ပြုရာ 15 >

1 ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန်​အ​တွက် အောက်​ဖော်​ပြ ပါ​ပ​ညတ်​များ​ကို​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား​ချ​မှတ်​ပေး​တော်​မူ​၏။ ယောကျာ်း​တစ်​ယောက် သည် ရိ​နာ​ကျ​နေ​လျှင်​ဖြစ်​စေ၊ ရိ​နာ​ကျ ခြင်း​ရပ်​စဲ​သွား​လျှင်​ဖြစ်​စေ၊ မ​သန့်​စင်​ချေ။-
2
တဖန် မောရှေ နှင့် အာရုန် အား ထာဝရဘုရား က၊2သင်တို့သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ရိနာ စွဲသော ယောက်ျား သည် မ စင်ကြယ်။
3
အစဉ်ယို သည်ဖြစ်စေ ၊ တခါတလေရပ် သည်ဖြစ်စေ၊ ထိုသူ သည် မ စင်ကြယ်။
4 ထို​သူ​ထိုင်​သော​အိပ်​ရာ​သို့​မ​ဟုတ်​အိပ်​သော အိပ်​ရာ​သည်​လည်း​မ​သန့်​စင်။-
အိပ် သမျှ ထိုင် သမျှ သော အိပ် ရာထိုင်ရာတို့သည်လည်း မ စင်ကြယ်။
5 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထို​သူ အိပ်​သော​အိပ်​ရာ​ကို​ထိ​မိ​လျှင်၊-
သူ ၏အိပ်ရာ ကို ထိ သော သူ ၊ သူ့ထိုင်ရာ အပေါ်မှာ ထိုင် သောသူ၊ သူ၏ကိုယ် ကို ထိ သောသူ၊ သူ၏တံထွေး ထိမိသောသူသည်၊ မိမိ အဝတ် ကိုလျှော် ၍ကိုယ်ကိုရေချိုး ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။
6 ထိုင်​သော​နေ​ရာ​တွင်​ထိုင်​မိ​လျှင် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
7 ရိ​နာ​စွဲ​သော​သူ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အဝတ်​များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။-
8 ရိ​နာ​စွဲ​သော​သူ​သည်​ဘာ​သာ​တ​ရား​ထုံး နည်း​နှင့်​ဆိုင်​၍ သန့်​စင်​သူ​တစ်​ဦး​အ​ပေါ်​သို့ တံ​တွေး​ထွေး​မိ​လျှင် တံ​တွေး​ထွေး​ခံ​ရ​သူ သည်​မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ မည်။ သူ​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။-
9 ရိ​နာ​စွဲ​သော​သူ​ထိုင်​သော​ကုန်း​နှီး​သို့ မ​ဟုတ်​ထိုင်​ခုံ​သည်​မ​သန့်​စင်။-
ရိနာ စွဲသော သူစီး သော ကုန်းနှီး လည်း မ စင်ကြယ်။
10 ၁၀ ထို​သူ​ထိုင်​သော​အ​ရာ​ကို​ကိုင်​တွယ်​မိ​သော သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့် မည်။ ထို​သူ​ထိုင်​မိ​သော​ဝတ္ထု​ပစ္စည်း​ကို​သယ် ဆောင်​သော​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော် ၍​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
၁၀သူ့ အောက် ၌ရှိ သော အရာ ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်။ ထိုအရာ တစုံတခုကို ဆောင် သောသူသည်၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။
11 ၁၁ ရိ​နာ​စွဲ​သော​သူ​သည်​မိ​မိ​၏​လက်​များ​ကို မ​ဆေး​ဘဲ​နှင့် တစ်​စုံ​တစ်​ယောက်​ကို​ထိ​ကိုင် မိ​လျှင် အ​ကိုင်​ခံ​ရ​သော​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
၁၁ရိနာ စွဲသောသူသည်၊ လက် မ ဆေး ဘဲ သူတပါး ကို လက်နှင့်ထိ လျှင် ၊ ထိုသူသည် မိမိ အဝတ် ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။
12 ၁၂ ရိ​နာ​စွဲ​သော​သူ​ကိုင်​မိ​သော​မြေ​အိုး​မြေ ခွက်​ကို​ခွဲ​ပစ်​ရ​မည်။ သူ​ကိုင်​မိ​သော​သစ်​သား အိုး​သစ်​သား​ခွက်​ကို​ရေ​နှင့်​ဆေး​ရ​မည်။
၁၂ရိနာ စွဲသောသူ ထိ သော မြေ တန်ဆာ ကို ခွဲ ရမည်။ သစ်သား တန်ဆာ ကို ရေ နှင့် ဆေး ရမည်။
13 ၁၃ ထို​သူ​သည်​ရိ​နာ​ပျောက်​ကင်း​ပြီး​နောက် ခု​နစ် ရက်​စောင့်​ဆိုင်း​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ​ကို ဖွပ်​လျှော်​၍​စမ်း​ရေ​ဖြင့်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​တွင်​သူ​သည် ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​လိမ့်​မည်။-
၁၃ရိနာ စွဲသောသူသည် အနာ ပျောက်သောအခါ ၊ ပျောက်သောနေ့က စ၍၊ ခုနစ် ရက် လွန်မှ မိမိ အဝတ် ကို လျှော် ၍ ၊ စီး သောရေ နှင့် ကိုယ် ကိုချိုး သဖြင့် စင်ကြယ် ရ၏။
14 ၁၄ အ​ဋ္ဌ​မ​နေ့​တွင်​သူ​သည် ချိုး​နှစ်​ကောင်​သို့ မ​ဟုတ်​ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင် ခဲ့​၍​ယဇ်​ပု​ရော​ဟိတ်​ထံ​ပေး​အပ်​ရ​မည်။-
၁၄အဋ္ဌမ နေ့ ၌ လည်း ၊ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ထာဝရဘုရား ရှေ့ တော်၌ ပရိသတ်စည်းဝေး ရာ တံခါး နားသို့ ဆောင် ခဲ့၍ ၊ ယဇ်ပုရောဟိတ် အား ပေး ရမည်။
15 ၁၅ ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက် ငှက်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​သူ အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။
၁၅ယဇ် ပုရောဟိတ်သည် အပြစ် ဖြေရာယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို ပူဇော် ၍ ၊ ရိနာစွဲသော သူ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုရမည်။
16 ၁၆ ယောကျာ်း​တစ်​ယောက်​သည်​သုက်​ရည်​ယို​လျှင် တစ်​ကိုယ်​လုံး​ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
၁၆ယောက်ျား သည် သုတ် ရည်ထွက် လျှင် တကိုယ်လုံး ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။
17 ၁၇ သုက်​ရည်​ထိ​မိ​သော​အ​ဝတ်​အ​ထည် သို့​မ​ဟုတ် သား​ရေ​ထည်​ကို​ဖွပ်​လျှော်​ရ​မည်။ ထို​အ​ရာ ဝတ္ထု​သည်​ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ လိမ့်​မည်။-
၁၇သုတ် ရည်ထိသောအဝတ် ၊ သားရေ ရှိသမျှ တို့ကို ရေ နှင့် လျှော် ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။
18 ၁၈ ယောကျာ်း​နှင့်​မိန်း​မ၊ ကာ​မ​စပ်​ယှက်​ပြီး​လျှင် နှစ်​ဦး​စ​လုံး​ရေ​ချိုး​ရ​မည်။ သူ​တို့​သည်​ည ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။
၁၈ယောက်ျား သည် မိန်းမ နှင့် သံဝါသ ပြုလျှင် ၊ နှစ်ယောက်စလုံးတို့သည် ရေချိုး ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။
19 ၁၉ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ရာ​သီ​သွေး ပေါ်​လျှင် သူ​သည်​ခု​နစ်​ရက်​မ​သန့်​စင်​ဘဲ​ရှိ လိမ့်​မည်။ သူ့​ကို​ထိ​ကိုင်​မိ​သော​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
၁၉မိန်းမ သည် ဥတု ရောက် လျှင် ၊ ခုနစ် ရက် ပတ်လုံးဥတု မစင်ကြယ်ရာ၌ နေရမည်။ သူ့ ကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။
20 ၂၀ ရာ​သီ​သွေး​ပေါ်​ချိန်​အ​တွင်း​ထို​အ​မျိုး သ​မီး​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​အိပ် သော​အိပ်​ရာ​တို့​သည်​မ​သန့်​စင်။-
၂၀ဥတု မစင်ကြယ်လျက် အိပ် သမျှ ၊ ထိုင် သမျှ တို့သည် မ စင်ကြယ်ဖြစ်၏။
21 ၂၁ သူ​ထိုင်​သော​နေ​ရာ​သို့​မ​ဟုတ်​သူ​အိပ်​သော အိပ်​ရာ​ကို​ထိ​ကိုင်​မိ​သော​သူ​သည် မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
၂၁သူ ၏အိပ်ရာ ၊ သူ၏ထိုင် ရာကို ထိ သောသူသည်၊ မိမိ အဝတ် ကိုလျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်၏။
22 ၂၂
၂၂
23 ၂၃
၂၃
24 ၂၄ ရာ​သီ​သွေး​ပေါ်​သော​မိန်း​မ​သည်​မ​သန့်​စင် သော​ကြောင့် သူ​နှင့်​ကာ​မ​စပ်​ယှက်​သော​ယောကျာ်း သည်​လည်း ခု​နစ်​ရက်​တိုင်​အောင်​မ​သန့်​စင်​ဘဲ ရှိ​လိမ့်​မည်။ ထို​သူ​၏​အိပ်​ရာ​သည်​လည်း မ​သန့်​စင်။
၂၄သူ၏နေရာ ထိုင် ရာစွန်းလျှင် ၊ ထိုနေရာထိုင်ရာကို ထိ သောသူသည် ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။
25 ၂၅ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ရာ​သီ​သွေး ပေါ်​ချိန်​မ​ကျ​ဘဲ​နှင့် ရက်​အ​တန်​ကြာ​မျှ သွေး​ဆင်း​လျှင်​သော်​လည်း​ကောင်း၊ ရာ​သီ သွေး​ပေါ်​ချိန်​ကို​လွန်​၍​သွေး​ဆက်​ဆင်း​နေ လျှင်​သော်​လည်း​ကောင်း၊ သူ​သည်​သွေး​မ​ရပ် မ​ချင်း​ရာ​သီ​သွေး​ပေါ်​ချိန်​မှာ​ကဲ့​သို့ မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
၂၅ဥတု ရောက် သော မိန်းမ နှင့် သံဝါသ ပြုသောသူသည် ခုနှစ် ရက် ပတ်လုံးမ စင်ကြယ်၊ အိပ်ရာ ရှိသမျှ လည်း မ စင်ကြယ်ဖြစ်၏။
26 ၂၆ ရာ​သီ​သွေး​ပေါ်​ချိန်​အ​တွင်း​သူ​ထိုင်​သော အ​ရာ သို့​မ​ဟုတ်​သူ​အိပ်​သော​အိပ်​ရာ​သည် မ​သန့်​စင်​ချေ။-
၂၆ဥတု မစင်ကြယ်ရာ ကာလလွန် မှ၊ သွေးယိုနာမပျောက်လျှင်၊ အနာမပျောက်မှီတိုင်အောင်ဥတု မစင်ကြယ်လျက် နေရသကဲ့သို့ မ စင်ကြယ်ဖြစ် ၏။
27 ၂၇ ထို​အ​ရာ​တို့​ကို​ထိ​ကိုင်​မိ​သော​သူ​သည်​မ​သန့် စင်​သ​ဖြင့် မိ​မိ​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​၍ ရေ​ချိုး​ရ​မည်။ သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ဘဲ​ရှိ​လိမ့်​မည်။-
၂၇အနာမပျောက်မှီတိုင်အောင်သူ၏အိပ်ရာ သည် ဥတု မစင်ကြယ်သော အိပ်ရာ ကဲ့သို့ ၎င်း၊ ထိုင် ရာသည်လည်း ထိုကဲ့သို့ ၎င်း မစင်ကြယ် ဖြစ် ကြ၏။
28 ၂၈ အ​မျိုး​သ​မီး​သည်​သွေး​ဆင်း​ခြင်း​ရပ်​ပြီး နောက် ခု​နစ်​ရက်​ကြာ​လျှင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​သန့်​စင်​လာ​လိမ့်​မည်။-
၂၈ထိုအရာတို့ကို ထိ သောသူသည်လည်း မ စင်ကြယ်သောကြောင့် ၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ်ကို ရေချိုး ရမည်။ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်၏။
29 ၂၉ အ​ဋ္ဌ​မ​နေ့​၌​သူ​သည်​ချိုး​နှစ်​ကောင်​သို့​မ​ဟုတ် ခို​နှစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့​၍​ယဇ်​ပု​ရော ဟိတ်​ထံ​ပေး​အပ်​ရ​မည်။-
၂၉ထိုမိန်းမသည် သွေးယိုနာ ပျောက် ၍ ခုနစ် ရက် လွန် လျှင် စင်ကြယ် လိမ့်မည်။
30 ၃၀ ယဇ်​ပု​ရော​ဟိတ်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ငှက်​တစ်​ကောင်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက် အ​ခြား​ငှက်​တစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အ​မျိုး သ​မီး​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။
၃၀အဋ္ဌမ နေ့ ၌ ခို နှစ် ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ် ကောင်ဖြစ်စေ၊ တခုခုကို ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။
31 ၃၁ ထာ​ဝ​ရ​ဘု​ရား​သည်​စ​ခန်း​အ​လယ်​တွင် တည် ရှိ​သည့်​စံ​တော်​မူ​ရာ​တဲ​တော်​ကို​မ​ညစ်​ညမ်း စေ​ခြင်း​အ​လို့​ငှာ မ​သန့်​စင်​သော​အ​မှု​များ နှင့်​ဆိုင်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို မော​ရှေ​အား​ဖြင့်​သ​တိ​ပေး​တော်​မူ​၏။ အ​ကယ်​၍​သူ​တို့​သည်​တဲ​တော်​ကို ညစ်​ညမ်း စေ​လျှင်​အ​သက်​သေ​ဆုံး​ရ​ကြ​မည်။
၃၁ယဇ် ပုရောဟိတ်သည် အပြစ် ဖြေရာယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို ပူဇော် ၍ ၊ ဥတုမ စင်ကြယ်သော မိန်းမ အဘို့ ထာဝရဘုရား ရှေ့ တော်၌ အပြစ် ဖြေခြင်းကို ပြုရမည်။
32 ၃၂ ဤ​ပ​ညတ်​တို့​သည်​ကား​ရိ​နာ​စွဲ​သော​သူ၊ သုက်​ရည်​ယို​သော​သူ၊-
၃၂ထိုသို့ ဣသရေလ အမျိုးသား တို့သည် မိမိ တို့တွင် ရှိသောငါ့ တဲ တော်ကို ညစ်ညူး စေ၍ ၊ မိမိ တို့ မ စင်ကြယ်ရာ၌ မ သေ စေခြင်းငှါ ၊ သူ တို့ကို မ စင်ကြယ်ခြင်းနှင့် ကင်းစင် စေရမည်။
33 ၃၃ ရာ​သီ​သွေး​ပေါ်​သော​အ​မျိုး​သ​မီး၊ ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​စင်​သော​မိန်း​မ​နှင့် ကာ​မ​စပ်​ယှက်​သော​ယောကျာ်း​တို့​နှင့်​သက် ဆိုင်​သော​ပ​ညတ်​များ​ဖြစ်​သ​တည်း။
၃၃ဤ ရွေ့ကား၊ ရိနာ စွဲသောသူ၊ သုတ်ရည် ထွက် ၍ညစ်ညူး သောသူ၊

< ဝတ်ပြုရာ 15 >