< ဝတ်ပြုရာ 14 >
1 ၁ ထာဝရဘုရားကကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအားဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းဆိုင်ရာအောက်ဖော်ပြ ပါပညတ်များကိုမောရှေအားချမှတ်ပေး တော်မူ၏။ ထိုသူအားသန့်စင်သူအဖြစ် ကြေညာမည့်နေ့၌ယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။-
၁တဖန် မောရှေ အား ထာဝရဘုရား က၊
၂နူနာ စွဲသောသူသည် စင်ကြယ် စေသောနေ့ ၌ ကျင့်ရသောတရား ဟူမူကား၊
3 ၃ ယဇ်ပုရောဟိတ်သည်သူ့ကိုစခန်းအပြင် သို့ထုတ်၍စစ်ဆေးရမည်။ သူ၏ရောဂါ ပျောက်ကင်းလျှင်၊-
၃ထိုသူကို ယဇ်ပုရောဟိတ် ထံ သို့ခေါ် ခဲ့ပြီးမှ ယဇ် ပုရောဟိတ်သည်၊ တပ် ပြင် သို့ ထွက် ၍ ကြည့်ရှု သောအခါ ၊ နူနာ ပျောက် သည်မှန်လျှင်
4 ၄ ဘာသာရေးထုံးနည်းအရသန့်စင်သောငှက် နှစ်ကောင်နှင့်တကွသစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကိုယူဆောင်စေ ခဲ့ရမည်။-
၄စင်ကြယ် စေခြင်းကို ခံရသောထိုသူအဘို့ ၊ အသက် ရှင်၍ စင်ကြယ် သော ငှက် နှစ် ကောင်၊ အာရဇ် သစ်သား ၊ နီမောင်း သောကြိုး ၊ ဟုဿုပ် ပင်ညွန့်တို့ကို မှာ လိုက်၍၊
5 ၅ ထို့နောက်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ ငှက်တစ်ကောင်ကိုသတ်စေရ မည်။-
၅စီး သောရေ ကိုထည့်သော မြေ အိုး ထဲ ၌ငှက် တကောင် ကိုသတ် စေပြီးမှ၊
6 ၆ ယဇ်ပုရောဟိတ်သည်သစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်နှင့်တကွငှက်အရှင်ကို သတ်ပြီးသောငှက်၏သွေးထဲ၌နှစ်ရမည်။-
၆အာရဇ် သစ်သား ၊ နီမောင်း သောကြိုး ၊ ဟုဿုပ် ပင်ညွန့်နှင့်တကွ ၊ အသက် ရှင်သော ငှက် ကိုယူ ၍ ၊ ငှက် သွေး ရောပြီးသော ရေ ၌ နှစ် ပြီးလျှင်၊
7 ၇ ထို့နောက်သူသည်ကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအား သွေးဖြင့်ခုနစ်ကြိမ်ပက် ဖျန်းပြီးလျှင်သန့်စင်သူဖြစ်ကြောင်းကြေ ညာရမည်။ ငှက်အရှင်ကိုကွင်းပြင်သို့ပျံ စေရမည်။-
၇နူနာစင်ကြယ် စေရသော လူအပေါ် မှာ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ၍ ၊ ထိုသူ သည် စင်ကြယ် သည်ဟု စီရင်ရမည်။ ထိုနောက် အသက် ရှင်သော ငှက် ကို ဟင်းလင်း သော အရပ် ၌ လွှတ် လိုက်ရမည်။
8 ၈ ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
၈စင်ကြယ် စေရသောသူသည် မိမိ အဝတ် ကို လျှော် ၍ ၊ မိမိ ဆံပင် ကို အကုန် အစင်ရိတ် ပြီးမှ ၊ စင်ကြယ် စေခြင်းငှါ ရေချိုး ရမည်။ ထိုနောက် ၊ တပ် ထဲ သို့ ဝင် ၍ ၊ မိမိ တဲ ပြင် ၌ ခုနစ် ရက် နေ ရမည်။
9 ၉ သတ္တမနေ့တွင်သူ၏ဆံပင်၊ မုတ်ဆိတ်မွေး၊ မျက်ခုံးမွေးနှင့်ကိုယ်ပေါ်မှအမွေးရှိသမျှ ကိုတစ်ဖန်ရိတ်ပြီးလျှင် မိမိအဝတ်များ ကိုဖွပ်လျှော်၍ရေချိုးရမည်။ ထိုအခါသူ သည်ဘာသာရေးထုံးနည်းအရသန့်စင် လိမ့်မည်။
၉သတ္တမ နေ့ ၌ မိမိ ဆံပင် ၊ မုတ်ဆိတ် ၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေး ရှိသမျှ ကို ရိတ် ၍၊ မိမိ အဝတ် ကို လျှော် ပြီးမှ ၊ ရေချိုး ၍ စင်ကြယ် ရ၏။
10 ၁၀ အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
၁၀အဋ္ဌမ နေ့ ၌ လည်း ၊ အပြစ် မရှိ၊ အခါ မလည်သော သိုးသငယ် အထီးနှစ် ကောင်၊ အမ တကောင် ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့၊ ဆီ ရော သော မုန့်ညက် သုံး ဩမဲနှင့် ဆီ တ လောဃ ကို၎င်း ယူ ပြီးလျှင်၊
11 ၁၁ ယဇ်ပုရောဟိတ်သည်ထိုသူကိုအထက်ပါ ပူဇော်သကာများနှင့်တကွ ထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ် ဆောင်ခဲ့ရမည်။-
၁၁စင်ကြယ် စေသော ယဇ် ပုရောဟိတ်သည်၊ စင်ကြယ် စေအပ်သော လူ ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ထာဝရဘုရား ရှေ့ တော်၌ ထိုပူဇော်သက္ကာနှင့်တကွ ဆက် ရမည်။
12 ၁၂ ထို့နောက်ယဇ်ပုရောဟိတ်သည်သိုးအထီး တစ်ကောင်နှင့် သံလွင်ဆီအဝက်သားကို အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရ မည်။ ထိုပူဇော်သကာတို့ကို ယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအား အထူးလှူ ဖွယ်အဖြစ်ဆက်ကပ်ရမည်။-
၁၂သိုးသငယ် အထီးတကောင် ကို ယူ ပြီးလျှင် ဒုစရိုက် ဖြေရာယဇ်ဘို့ ပူဇော် ၍ ၊ ထာဝရဘုရား ရှေ့ တော် ၌ ချီလွှဲ သော ပူဇော်သက္ကာဘို့ ဆီ တလောဃ နှင့်တကွ ချီလွှဲ ရမည်။
13 ၁၃ သူသည်အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ ရာယဇ်ကောင်များကို သတ်သောသန့်ရှင်းရာ ဌာနတွင်သိုးကိုသတ်ရမည်။ အပြစ်ဒဏ်ပြေ ရာယဇ်ကောင်သည်အပြစ်ဖြေရာယဇ်ကောင် ကဲ့သို့ ယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။ ထိုယဇ် သည်အလွန်သန့်ရှင်းသည်။-
၁၃ထိုသိုးသငယ် ကို အပြစ် ဖြေရာ ယဇ်ကောင်၊ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၊ သန့်ရှင်း ရာဌာန ၌ သတ် ရမည်။ အကြောင်း မူကား၊ အပြစ် ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက် ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်း ပေ၏။
14 ၁၄ ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ်ကို ပြုနေသောသူ၏လက်ယာနားပျဉ်း၊ လက် ယာလက်မနှင့်လက်ယာခြေမတို့တွင်သိုး ၏သွေးဖြင့်သုတ်ရမည်။-
၁၄ယဇ် ပုရောဟိတ်သည် ဒုစရိုက် အပြစ်ဖြေရာ ယဇ်ကောင်အသွေး ကိုယူ ၍ စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ၊ ထည့် ရမည်။
15 ၁၅ ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက် ဝဲလက်ဖဝါးထဲသို့သံလွင်ဆီအနည်း ငယ်ကိုလောင်းထည့်လျက်၊-
၁၅ဆီအချို့ကိုလည်း ယူ၍၊ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊
16 ၁၆ လက်ယာလက်ညှိုးဖြင့်ဆီကိုတို့၍ ထာဝရ ဘုရား၏ရှေ့တော်တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
၁၆ထို ဆီ ကို မိမိ လက်ျာ လက်ညှိုး နှင့် တို့ယူ၍ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။
17 ၁၇ တစ်ဖန်သူသည်ဘာသာရေးထုံးနည်း အရ သန့်စင်ခြင်းဝတ်ကိုပြုနေသူ၏ လက်ယာနားပျဉ်း၊ လက်ယာလက်မ၊ လက် ယာခြေမတို့တွင်လက်ဖဝါးထဲမှဆီ နှင့်သိုး၏သွေးအနည်းငယ်ဖြင့်သုတ် ရမည်။-
၁၇မိမိ လက် ၌ ကြွင်း သောဆီ ကို စင်ကြယ် စေရသောသူ ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ရှိသောဒုစရိုက် ဖြေရာ ယဇ်ကောင်အသွေး အပေါ် မှာ ထည့် ရမည်။
18 ၁၈ လက်ဖဝါးထဲတွင်ကျန်ရှိသောဆီဖြင့် ထို သူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအား ဖြင့်သူသည်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
၁၈မိမိလက် ၌ ကြွင်း သေးသောဆီ ကို၊ စင်ကြယ် စေရသောသူ ၏ခေါင်း ပေါ် မှာ လောင်း ၍ ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။
19 ၁၉ ထိုနောက်ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကိုပူဇော်၍ သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရမည်။ ထိုနောက်သူသည်မီးရှို့ရာယဇ် ကောင်ကိုသတ်၍၊-
၁၉ထိုမှတပါး၊ စင်ကြယ် စေရသော သူအဘို့ အပြစ် ဖြေခြင်းငှါ ၊ အပြစ် ဖြေရာယဇ်ကို ပူဇော် ၍ ၊ နောက် တဖန် မီး ရှို့ရာယဇ်ကောင်ကိုသတ် ရမည်။
20 ၂၀ ဘောဇဉ်ပူဇော်သကာနှင့်တကွ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအား ဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ် ကိုဆောင်ရွက်ပြီးနောက်ရောဂါပျောက်ကင်း သူသည်သန့်စင်လိမ့်မည်။
၂၀မီး ရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ယဇ် ပလ္လင်ပေါ် မှာ ပူဇော် သဖြင့် ထိုလူအဘို့ အပြစ် ဖြေခြင်းကို ပြု၍ ၊ သူသည်သန့်ရှင်း ရ၏။
21 ၂၁ ထိုသူသည်ဆင်းရဲသဖြင့် အထက်ပါပူဇော် သကာများကိုသန့်စင်ခြင်းဝတ်အတွက် အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရန် မတတ်နိုင်လျှင် သိုးထီးကလေးတစ်ကောင် ကိုသာယူဆောင်ခဲ့ရမည်။ ထိုယဇ်သည်ယဇ် ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးလှူဘွယ်ဖြစ်သည်။ သူသည်ဘောဇဉ် ပူဇော်သကာအတွက် သံလွင်ဆီနှင့်ရော သောမုန့်ညက်နှစ်ပေါင်ကိုလည်းကောင်း၊ သံ လွင်ဆီအဝက်သားကိုလည်းကောင်းယူခဲ့ ရမည်။-
၂၁ထိုသူ သည် ဆင်းရဲ ၍ ဤမျှလောက်မ တတ် နိုင်လျှင် ၊ ချီလွှဲ ၍ မိမိ အပြစ် ဖြေခြင်းကို ပြုစရာဘို့ ၊ ဒုစရိုက် ဖြေရာယဇ် သိုးငယ် တကောင် ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ဆီ ရော သော မုန့်ညက် တဩမဲနှင့် ဆီ တလောဃ ကို၎င်း၊
22 ၂၂ အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ် အတွက်တစ်ကောင်စီပူဇော်ရန် ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင်ကိုလည်းယူခဲ့ရမည်။-
၂၂တတ်နိုင် သမျှအတိုင်း ၊ ခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်၊ အပြစ် ဖြေရာ ယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို၎င်းယူ၍၊
23 ၂၃ သန့်စင်ခြင်းဝတ်ကိုပြုသည့်အဋ္ဌမနေ့၌ သူသည် ထိုပူဇော်သကာတို့ကိုယဇ်ပုရော ဟိတ်ထံတဲတော်တံခါးဝသို့ယူဆောင်ခဲ့ ရမည်။-
၂၃မိမိ စင်ကြယ် ခြင်းအလိုငှါ ၊ ထာဝရဘုရား ရှေ့ တော်တွင် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ယဇ်ပုရောဟိတ် ထံ သို့၊ အဋ္ဌမ နေ့ ၌ ဆောင် ခဲ့ပြီးမှ၊
24 ၂၄ ယဇ်ပုရောဟိတ်သည်သိုးနှင့်သံလွင်ဆီကို ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးပူဇော်သကာအဖြစ်ဆက်ကပ်ရမည်။-
၂၄ယဇ် ပုရောဟိတ်သည် ဒုစရိုက် အပြစ်ဖြေရာ ယဇ်သိုးသငယ် နှင့် ဆီ တလောဃ ကို ယူ ၍ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာပူဇော်သက္ကာဘို့ ချီလွှဲ ရမည်။
25 ၂၅ သူသည်သိုးကိုသတ်ပြီးလျှင်သွေးအနည်း ငယ်ဖြင့် ထိုသူ၏လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့ကိုသုတ်ရမည်။-
၂၅ထိုသိုးသငယ် ကိုသတ် ပြီးလျှင် ၊ အသွေး ကိုယူ ၍ စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ထည့် ရမည်။
26 ၂၆ ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက်ဝဲ လက်ဖဝါးထဲတွင်ဆီအနည်းငယ်ကိုထည့် ၍၊-
၂၆ဆီ အချို့ကိုလည်း မိမိလက်ဝဲ လက်ဝါး ၌ လောင်း ပြီးလျှင်၊
27 ၂၇ လက်ယာလက်ညှိုးဖြင့် ထာဝရဘုရား၏ ရှေ့တော်၌ခုနစ်ကြိမ်ဖျန်းရမည်။-
၂၇ထို ဆီ ကို မိမိ လက်ျာ လက်ညှိုး နှင့် ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။
28 ၂၈ တစ်ဖန်သူသည်သွေးသုတ်ပြီးသောနေရာ များဖြစ်သည့်လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့တွင်ဆီအနည်း ငယ်သုတ်ရမည်။-
၂၈မိမိ လက် ၌ ကြွင်းသောဆီ ကို စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ရှိသောဒုစရိုက် ဖြေရာ ယဇ်ကောင်အသွေး ပေါ် မှာထည့် ၍၊
29 ၂၉ တစ်ဖန်သူသည်လက်ဖဝါးထဲတွင်ကျန်ရှိ သောဆီဖြင့် ထိုသူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအားဖြင့်သန့်စင်ခြင်းဝတ်ကိုပြု ရမည်။-
၂၉မိမိ၌ ကြွင်း သေးသော ဆီ ကို ထိုလူခေါင်း အပေါ် မှာ လောင်း ၍၊ သူ့ အဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။
30 ၃၀ ထိုနောက်ယဇ်ပုရောဟိတ်သည်ချိုးတစ်ကောင်၊ သို့မဟုတ်ခိုတစ်ကောင်ကိုအပြစ်ဖြေရာ ယဇ်အတွက်လည်းကောင်း၊-
၃၀ထိုသူသည် တတ် နိုင်သမျှအတိုင်း ခို နှစ်ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ်ကောင်ဖြစ်စေ၊
31 ၃၁ အခြားတစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့်တကွ ထာဝရဘုရားအားပူဇော်ရမည်။ ဤနည်း အားဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်း ဝတ်ကိုဆောင်ရွက်ရမည်။-
၃၁အပြစ် ဖြေရာယဇ်ဘို့ တကောင် ၊ ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ မီး ရှို့ရာယဇ်ဘို့တကောင် ကို ဆောင်ခဲ့၍၊ ယဇ် ပုရောဟိတ်သည် ပူဇော်လျက်၊ ထိုသူအဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။
32 ၃၂ ဤပညတ်သည်ကားဆင်းရဲ၍မတတ်နိုင် သည့်ကိုယ်ရေပြားရောဂါသည် လိုက်နာရ မည့်သန့်စင်ခြင်းဝတ်နှင့်ဆိုင်သောပညတ် ဖြစ်သတည်း။
၃၂ဤ ရွေ့ကား၊ နူနာ စွဲ၍ မိမိ စင်ကြယ် စေ ခြင်းငှါ မ တတ် နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သော တရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
33 ၃၃ ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အိမ်များတွင်ဖားဥစွဲခြင်းနှင့်ပတ်သက် ၍ အောက်ဖော်ပြပါပညတ်များကိုချမှတ် ပေးတော်မူ၏။ (ဤပညတ်သည် ဣသရေလ အမျိုးသားတို့ပိုင်ဆိုင်နေထိုင်ရန် ထာဝရ ဘုရားပေးတော်မူမည့်ခါနာန်ပြည်သို့ရောက် ရှိပြီးနောက်လိုက်လျှောက်ရမည့်ပညတ်များ ဖြစ်သည်။-)
၃၃ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
၃၄သင် တို့ပိုင် ထိုက်ရာ၊ ငါ ပေး သော ခါနာန် ပြည် သို့ သင်တို့ရောက် သောအခါ ၊ သင် တို့နေရာ ထိုပြည် တွင် အိမ် တစုံတခု၌ နူနာ ကို ငါစွဲစေလျှင် ၎င်း
35 ၃၅ တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။-
၃၅အိမ်ရှင်သည် ယဇ်ပုရောဟိတ် ထံ သို့သွား ၍ ၊ အကျွန်ုပ် အိမ် ကို နူနာ စွဲဟန် ရှိပါ၏ဟု ပြောဆို လျှင် ၎င်း၊
36 ၃၆ ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် မစစ်ဆေးမီ ပစ္စည်းရှိသမျှကိုအပြင်သို့ ထုတ်စေရမည်။ ထိုသို့မပြုလုပ်လျှင်အိမ်ထဲ ၌ရှိသမျှသောပစ္စည်းများကိုမသန့်စင်ဟု ကြေညာရမည်။ ထိုနောက်သူသည်အိမ်ထဲ သို့ဝင်၍၊-
၃၆ထို အိမ် ၌ ရှိသမျှ တို့သည်၊ မ စင်ကြယ် ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ် ပုရောဟိတ်သည် နူနာ ကို အကြည့် အရှုမ ဝင်မှီ၊ ရှိသမျှကို ထုတ် စေခြင်းငှါ စီရင် ရမည်။ ထိုနောက် ယဇ် ပုရောဟိတ်သည် ထိုအိမ် ကို အကြည့် အရှုဝင် ၍၊
37 ၃၇ ဖားဥကိုစစ်ဆေးရမည်။ အိမ်ထရံပေါ် တွင်စိမ်းဖန့်ဖန့်၊ နီကြန့်ကြန့်ဖားဥစွဲသည့် အကွက်များချိုင့်ဝင်နေကြောင်းတွေ့ရှိရ လျှင်၊-
၃၇အနာ ကို ကြည့်ရှု သောအခါ ၊ ကျောက်ထရံ ချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း ၊ ခပ်နီနီ ဖြစ်၍၊ ကျောက်ထရံ ထဲ ၌အနာစွဲဟန် ရှိလျှင်၊
38 ၃၈ သူသည်အိမ်အပြင်သို့ထွက်၍အိမ်ကို ခုနစ်ရက်ပိတ်ထားစေရမည်။-
၃၈အိမ် တံခါး ပြင်သို့ ထွက် ၍ ၊ ထိုအိမ် ကို ခုနစ် ရက် ပတ်လုံးပိတ် ထားရမည်။
39 ၃၉ သူသည်သတ္တမနေ့၌ ထိုအိမ်သို့တစ်ဖန်သွား ရောက်စစ်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ဖားဥများပြန့်ပွားလျက်ရှိကြောင်းတွေ့ရ လျှင်၊-
၃၉သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် အကြည့် အရှုလာ ၍ ၊ ကျောက်ထရံ ၌ အနာ တိုးပွား လျှင်၊
40 ၄၀ ဖားဥစွဲသောကျောက်တုံးများကိုထုတ်၍ မြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
၄၀အနာ စွဲသော ကျောက် တို့ကို နှုတ် ပယ်၍ ၊ မြို့ ပြင် မ စင်ကြယ်သော အရပ် ၌ ပစ် ထားစေခြင်းငှါ ယဇ် ပုရောဟိတ် စီရင် ၍၊
41 ၄၁ ထိုနောက်အိမ်တွင်းထရံများမှအင်္ဂတေကို ခြစ်ခွာစေရမည်။ ခြစ်ခွာ၍ရသောအင်္ဂတေ ကိုမြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
၄၁ထိုအိမ် ကို အတွင်း ပတ်လည်၌ ခြစ် စေရမည်။ ခြစ် ၍ကျသော အမှုန့် ကိုလည်း မြို့ ပြင် မ စင်ကြယ်သောအရပ် ၌ သွန် ပစ်ရမည်။
42 ၄၂ ထုတ်ပစ်သောကျောက်တုံးများနေရာတွင် အခြားကျောက်တုံးများဖြင့်အစားထိုး ၍ ထရံများကိုအင်္ဂတေဖြင့်အသစ်မွမ်းမံ စေရမည်။
၄၂အရင်ကျောက် အစား ၌ အခြား သော ကျောက် ကိုယူ ၍ ထည့်ပြီးလျှင် ၊ အသစ် သော အင်္ဂတေနှင့် မွမ်းမံ ရမည်။
43 ၄၃ ထိုအိမ်တွင်ကျောက်တုံးများကိုထုတ်၍ထရံ များကိုခြစ်လျက် အင်္ဂတေအသစ်မွမ်းမံပြီး နောက်ဖားဥစွဲပြန်လျှင်၊-
၄၃ထိုသို့ ကျောက် ကို နှုတ် ပယ်၍ အိမ် ကိုခြစ် ခြင်း၊ အသစ်မွမ်းမံ ခြင်းကို ပြုပြီးမှ ၊ တဖန် အနာစွဲ ပြန်လျှင်၊
44 ၄၄ ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် စစ်ဆေးရမည်။ ဖားဥပြန့်ပွားလျက်ရှိသည် ကိုတွေ့ရလျှင်ထိုအိမ်သည်မသန့်စင်ချေ။-
၄၄ယဇ်ပုရောဟိတ် လည်း အကြည့် အရှုလာ ၍ ထိုအိမ် ၌ အနာ တိုးပွါး သည် မှန်လျှင်၊ စားတတ်သော နူနာ ဖြစ်၏။ ထိုအိမ် သည် မစင်ကြယ် သောကြောင့်၊
45 ၄၅ ထိုအခါအိမ်ကိုဖြိုချ၍ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကိုမြို့ပြင်ရှိအညစ်အကြေး စွန့်ရာအရပ်သို့ယူဆောင်သွားရမည်။-
၄၅ကျောက် ၊ သစ်သား ၊ အင်္ဂတေ ရှိသမျှ ကို ဖြိုဖျက် ၍ ၊ မြို့ ပြင် မ စင်ကြယ်သော အရပ် သို့ ယူ သွားရမည်။
46 ၄၆ အိမ်ကိုပိတ်ထားသည့်ကာလအတွင်း အိမ်ထဲသို့ဝင်မိသူသည်ညဦးတိုင်အောင် မသန့်စင်ချေ။-
၄၆ထိုမှတပါး၊ ထိုအိမ်ကို ပိတ် ထားသည် ကာလ ပတ်လုံး ၊ အထဲ သို့ ဝင် မိသောသူသည်၊ ညဦး တိုင်အောင် မ စင်ကြယ်။
47 ၄၇ ထိုအိမ်ထဲတွင်အိပ်မိစားမိသူသည်လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။
၄၇ထိုအိမ် ၌ အိပ် သောသူ၊ စား သောက်သောသူသည်၊ မိမိ အဝတ် ကို လျှော် ရမည်။
48 ၄၈ အိမ်ကိုအင်္ဂတေဖြင့်အသစ်မွမ်းမံပြီးသည့် နောက် ယဇ်ပုရောဟိတ်သွားရောက်စစ်ဆေးကြည့် သောအခါ ဖားဥထပ်မံ၍မစွဲကြောင်းတွေ့ ရှိရလျှင် ဖားဥလုံးဝမစွဲတော့ပြီဖြစ်သော ကြောင့် ထိုအိမ်သည်ဘာသာရေးထုံးနည်း အရသန့်စင်သည်ဟူ၍ကြေညာရမည်။-
၄၈ယဇ် ပုရောဟိတ်သည် အကြည့် အရှုလာ သောအခါ ၊ အိမ် ကို အသစ်မွမ်းမံ ပြီးမှ အနာ မ တိုးပွါး လျှင် ၊ အနာ ပျောက် သောကြောင့် ထိုအိမ် သည် စင်ကြယ် ၏ဟု စီရင်ရမည်။
49 ၄၉ ထိုအိမ်အတွက်သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရန်သူသည်ငှက်နှစ်ကောင်၊ သစ်ကတိုး သား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကို ယူဆောင်ခဲ့ရမည်။-
၄၉ထိုအိမ် ကို စင်ကြယ် စေခြင်းငှါ ငှက် နှစ် ကောင်၊ အာရဇ် သစ်သား ၊ နီမောင်း သောကြိုး ၊ ဟုဿုပ် ပင်ညွန့် တို့ကိုယူ ၍၊
50 ၅၀ သူသည်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ငှက်တစ်ကောင်ကိုသတ်ရမည်။-
၅၀စီး သောရေ ကို ထည့်သောမြေ အိုး ထဲ ၌ငှက် တကောင် ကိုသတ် ပြီးမှ၊
51 ၅၁ ထို့နောက်သစ်ကတိုးသား၊ ဟုဿုပ်ခက်၊ ကြိုး နီနှင့်တကွ ငှက်အရှင်ကိုသတ်ပြီးသော ငှက်၏သွေးနှင့်စမ်းရေထည့်လာသောအိုး ထဲတွင်နှစ်ပြီးလျှင် အိမ်ကိုခုနစ်ကြိမ်ပက် ဖျန်းရမည်။-
၅၁အာရဇ် သစ်သား ၊ ဟုဿုပ် ပင်ညွှန့်၊ နီ သောကြိုး ၊ အသက် ရှင်သော ငှက် ကို ယူ ၍ ငှက် သွေး ရောသော ရေ ၌ နှစ် ပြီးလျှင် ၊ ထိုအိမ် ကို ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။
52 ၅၂ ဤနည်းအားဖြင့်သူသည်ငှက်၏သွေး၊ စမ်း ရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ခက် နှင့်ကြိုးနီစသည်တို့ကိုအသုံးပြု၍အိမ် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
၅၂ထိုသို့ ငှက် သွေး အစရှိသည်တို့နှင့် ထိုအိမ် ကို စင်ကြယ် စေပြီးမှ၊
53 ၅၃ ထိုနောက်ငှက်အရှင်ကိုမြို့ပြင်ကွင်းပြင် သို့လွှတ်လိုက်ရမည်။ ဤနည်းအားဖြင့်သူသည် အိမ်အတွက်သန့်စင်ခြင်းဝတ်ကိုပြုသဖြင့် အိမ်သည်ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။
၅၃အသက် ရှင်သော ငှက် ကို မြို့ ပြင် ဟင်းလင်း သောအရပ် ၌ လွှတ် လိုက်၍ ၊ ထိုအိမ် အဘို့ ၊ အပြစ် ဖြေ ခြင်းကို ပြုလျှင် ၊ စင်ကြယ် ခြင်း ရှိလိမ့်မည်။
54 ၅၄ ဤပညတ်သည်ကား ဆိုးရွားသည့်ကိုယ်ရေ ပြားရောဂါများနှင့်ဆိုင်၍လည်းကောင်း၊-
၅၄ဤ ရွေ့ကား၊ စင်ကြယ် သည်၊ မ စင်ကြယ်သည်ကို ပိုင်းခြား ၍ သိစေခြင်းငှါ၊ ဗောက်နူနာ အစရှိသော နူနာ အမျိုးမျိုး ၊ အဝတ် ၌ စွဲသောနူနာ ၊ အိမ် ၌ စွဲသောနူနာ၊ အဖူး ၊ ယားနာ ၊ နူကွက် နှင့်ဆိုင်သော နူနာ တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။
55 ၅၅ ကိုယ်ရေပြားပေါ်တွင်ပေါက်သောအနာ၊ အနာ စိမ်း၊ သို့မဟုတ်ဖူးယောင်နာနှင့်ဆိုင်၍လည်း ကောင်း၊ အဝတ်အထည်နှင့်အိမ်များတွင်ဖားဥ စွဲခြင်းနှင့်ဆိုင်၍လည်းကောင်းပြဋ္ဌာန်းသော ပညတ်များဖြစ်သည်။-
၅၅
57 ၅၇ ဤပညတ်များသည်သန့်စင်သည်မသန့်စင် သည်ကို အဆုံးအဖြတ်ပေးသောပညတ်များ ဖြစ်သည်။
၅၇