< ဝတ်ပြုရာ 14 >

1 ထာ​ဝ​ရ​ဘု​ရား​က​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​စေ​ခြင်း​ဆိုင်​ရာ​အောက်​ဖော်​ပြ ပါ​ပ​ညတ်​များ​ကို​မော​ရှေ​အား​ချ​မှတ်​ပေး တော်​မူ​၏။ ထို​သူ​အား​သန့်​စင်​သူ​အ​ဖြစ် ကြေ​ညာ​မည့်​နေ့​၌​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​ဆောင်​ခဲ့​ရ​မည်။-
And the Lord spoke to Moses, saying:
2
This is the rite of a leper, when he is to be cleansed: he shall be brought to the priest:
3 ယဇ်​ပု​ရော​ဟိတ်​သည်​သူ့​ကို​စ​ခန်း​အ​ပြင် သို့​ထုတ်​၍​စစ်​ဆေး​ရ​မည်။ သူ​၏​ရော​ဂါ ပျောက်​ကင်း​လျှင်၊-
Who going out of the camp when he shall And that the leprosy is cleansed,
4 ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင်​သော​ငှက် နှစ်​ကောင်​နှင့်​တ​ကွ​သစ်​က​တိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို​ယူ​ဆောင်​စေ ခဲ့​ရ​မည်။-
Shall command him that is to be purified, to offer for himself two living sparrows, which it is lawful to eat, and cedar wood, and scarlet, and hyssop.
5 ထို့​နောက်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍ ငှက်​တစ်​ကောင်​ကို​သတ်​စေ​ရ မည်။-
And he shall command one of the sparrows to be immolated in an earthen vessel over living waters:
6 ယဇ်​ပု​ရော​ဟိတ်​သည်​သစ်​ကတိုး​သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​နှင့်​တ​ကွ​ငှက်​အ​ရှင်​ကို သတ်​ပြီး​သော​ငှက်​၏​သွေး​ထဲ​၌​နှစ်​ရ​မည်။-
But the other that is alive he shall dip, with the cedar wood, and the scarlet and the hyssop, in the blood of the sparrow that is immolated:
7 ထို့​နောက်​သူ​သည်​ကိုယ်​ရေ​ပြား​ရော​ဂါ ပျောက်​ကင်း​သူ​အား သွေး​ဖြင့်​ခု​နစ်​ကြိမ်​ပက် ဖျန်း​ပြီး​လျှင်​သန့်​စင်​သူ​ဖြစ်​ကြောင်း​ကြေ ညာ​ရ​မည်။ ငှက်​အ​ရှင်​ကို​ကွင်း​ပြင်​သို့​ပျံ စေ​ရ​မည်။-
Wherewith he shall sprinkle him that is to be cleansed seven times, that he may be rightly purified: and he shall let go the living sparrow, that it may fly into the field.
8 ရော​ဂါ​ပျောက်​ကင်း​သူ​သည်​မိ​မိ​အ​ဝတ် များ​ကို​ဖွပ်​လျှော်​၍ ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ သ​မျှ​ကို​ရိတ်​ပြီး​လျှင်​ရေ​ချိုး​ရ​မည်။ ထို အ​ခါ​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​စင်​သ​ဖြင့် စ​ခန်း​အ​တွင်း​သို့​ပြန်​ဝင် နိုင်​သည်။ သို့​ရာ​တွင်​သူ​၏​တဲ​အ​ပြင်​၌ ခု​နစ်​ရက်​နေ​ထိုင်​ရ​မည်။-
And when the man hath washed his clothes, he shall shave all the hair of his body, and shall be washed with water: and being purified, he shall enter into the camp, yet so that he tarry without his own tent seven days:
9 သတ္တ​မ​နေ့​တွင်​သူ​၏​ဆံ​ပင်၊ မုတ်​ဆိတ်​မွေး၊ မျက်​ခုံး​မွေး​နှင့်​ကိုယ်​ပေါ်​မှ​အ​မွေး​ရှိ​သ​မျှ ကို​တစ်​ဖန်​ရိတ်​ပြီး​လျှင် မိ​မိ​အ​ဝတ်​များ ကို​ဖွပ်​လျှော်​၍​ရေ​ချိုး​ရ​မည်။ ထို​အ​ခါ​သူ သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လိမ့်​မည်။
And on the seventh day he shall shave the hair of his head, and his beard and his eyebrows, and the hair of all his body. And having washed again his clothes, and his body,
10 ၁၀ အ​ဋ္ဌ​မ​နေ့​၌​သူ​သည် အ​ပြစ်​အ​နာ​ကင်း သော​တစ်​နှစ်​သား​အ​ရွယ် သိုး​ထီး​က​လေး နှစ်​ကောင်၊ သိုး​မ​က​လေး​တစ်​ကောင်၊ သံ​လွင် ဆီ​နှင့်​ရော​သော​မုန့်​ညက်​ငါး​ပေါင်​နှင့်​သံ​လွင် ဆီ​အ​ဝက်​သား​ကို​ယူ​ဆောင်​ခဲ့​ရ​မည်။-
On the eighth day he shall take two lambs without blemish, and an ewe of a year old without blemish, and three tenths of flour tempered with oil for a sacrifice, and a sextary of oil apart.
11 ၁၁ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​သူ​ကို​အ​ထက်​ပါ ပူ​ဇော်​သ​ကာ​များ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ​သို့​ခေါ် ဆောင်​ခဲ့​ရ​မည်။-
And when the priest that purifieth the man, hath presented him, and all these things before the Lord, at the door of the tabernacle of the testimony,
12 ၁၂ ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​အ​ထီး တစ်​ကောင်​နှင့် သံ​လွင်​ဆီ​အ​ဝက်​သား​ကို အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ မည်။ ထို​ပူ​ဇော်​သ​ကာ​တို့​ကို ယဇ်​ပု​ရော​ဟိတ် အ​တွက်​ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ ဖွယ်​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-
He shall take a. lamb, and offer it for a trespass offering with the sextary of oil: and having offered all before the Lord,
13 ၁၃ သူ​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​နှင့်​မီး​ရှို့ ရာ​ယဇ်​ကောင်​များ​ကို သတ်​သော​သန့်​ရှင်း​ရာ ဌာ​န​တွင်​သိုး​ကို​သတ်​ရ​မည်။ အ​ပြစ်​ဒဏ်​ပြေ ရာ​ယဇ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင် ကဲ့​သို့ ယဇ်​ပု​ရော​ဟိတ်​ပိုင်​ရာ​ဖြစ်​၏။ ထို​ယဇ် သည်​အ​လွန်​သန့်​ရှင်း​သည်။-
He shall immolate the lamb, where the victim for sin is wont to be immolated, and the holocaust, that is, in the holy place: for as that which is for sin, so also the victim for a trespass offering pertaineth to the priest: it is holy of holies.
14 ၁၄ ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ်​ကို ပြု​နေ​သော​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက် ယာ​လက်​မ​နှင့်​လက်​ယာ​ခြေ​မ​တို့​တွင်​သိုး ၏​သွေး​ဖြင့်​သုတ်​ရ​မည်။-
And the priest taking of the blood of the victim that was immolated for trespass, shall put it upon the tip of the right ear of him that is cleansed, and upon the thumb of his right hand and the great toe of his right foot:
15 ၁၅ ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက် ဝဲ​လက်​ဖ​ဝါး​ထဲ​သို့​သံ​လွင်​ဆီ​အ​နည်း ငယ်​ကို​လောင်း​ထည့်​လျက်၊-
And he shall pour of the sextary of oil into his own left. hand,
16 ၁၆ လက်​ယာ​လက်​ညှိုး​ဖြင့်​ဆီ​ကို​တို့​၍ ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​ခု​နစ်​ကြိမ်​ဖျန်း​ရ မည်။-
And shall dip his right finger in it, and sprinkle it before the Lord seven times.
17 ၁၇ တစ်​ဖန်​သူ​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​နေ​သူ​၏ လက်​ယာ​နား​ပျဉ်း၊ လက်​ယာ​လက်​မ၊ လက် ယာ​ခြေ​မ​တို့​တွင်​လက်​ဖ​ဝါး​ထဲ​မှ​ဆီ နှင့်​သိုး​၏​သွေး​အ​နည်း​ငယ်​ဖြင့်​သုတ် ရ​မည်။-
And the rest of the oil in his left band, he shall pour upon the tip of the right ear of him that is cleansed, and upon the thumb of his right hand and the great toe of his right foot, and upon the blood that was shed for trespass,
18 ၁၈ လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ​သော​ဆီ​ဖြင့် ထို သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား ဖြင့်​သူ​သည်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။
And upon his head.
19 ၁၉ ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် အ​ပြစ်​ဖြေ​ရာ ယဇ်​ကို​ပူ​ဇော်​၍ သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရ​မည်။ ထို​နောက်​သူ​သည်​မီး​ရှို့​ရာ​ယဇ် ကောင်​ကို​သတ်​၍၊-
And he shall pray for him before the Lord, and shall offer the sacrifice for sin: then shall he immolate the holocaust,
20 ၂၀ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ယဇ်​ပလ္လင် ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​နည်း​အား ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း​ဝတ် ကို​ဆောင်​ရွက်​ပြီး​နောက်​ရော​ဂါ​ပျောက်​ကင်း သူ​သည်​သန့်​စင်​လိမ့်​မည်။
And put it on the altar with the libations thereof, and the man shall be rightly cleansed.
21 ၂၁ ထို​သူ​သည်​ဆင်း​ရဲ​သ​ဖြင့် အ​ထက်​ပါ​ပူ​ဇော် သ​ကာ​များ​ကို​သန့်​စင်​ခြင်း​ဝတ်​အ​တွက် အ​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​ရန် မ​တတ်​နိုင်​လျှင် သိုး​ထီး​က​လေး​တစ်​ကောင် ကို​သာ​ယူ​ဆောင်​ခဲ့​ရ​မည်။ ထို​ယဇ်​သည်​ယဇ် ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​လှူ​ဘွယ်​ဖြစ်​သည်။ သူ​သည်​ဘော​ဇဉ် ပူ​ဇော်​သ​ကာ​အ​တွက် သံ​လွင်​ဆီ​နှင့်​ရော သော​မုန့်​ညက်​နှစ်​ပေါင်​ကို​လည်း​ကောင်း၊ သံ လွင်​ဆီ​အဝက်​သား​ကို​လည်း​ကောင်း​ယူ​ခဲ့ ရ​မည်။-
But if he be poor, and his hand cannot find the things aforesaid: he shall take a lamb for an offering for trespass, that the priest may pray for him, and a tenth part of hour tempered with oil for a sacrifice, and a sextary of oil,
22 ၂၂ အ​ပြစ်​ဖြေ​ရာ​ယဇ်​နှင့်​မီး​ရှို့​ရာ​ယဇ် အ​တွက်​တစ်​ကောင်​စီ​ပူ​ဇော်​ရန် ချိုး​နှစ်​ကောင် သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​လည်း​ယူ​ခဲ့​ရ​မည်။-
And two turtles or two young pigeons, of which one may be for sin, and the other for a holocaust:
23 ၂၃ သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သည့်​အ​ဋ္ဌ​မ​နေ့​၌ သူ​သည် ထို​ပူ​ဇော်​သ​ကာ​တို့​ကို​ယဇ်​ပု​ရော ဟိတ်​ထံ​တဲ​တော်​တံ​ခါး​ဝ​သို့​ယူ​ဆောင်​ခဲ့ ရ​မည်။-
And he shall offer them on the eighth day of his purification to the priest, at the door of the tabernacle of the testimony before the Lord.
24 ၂၄ ယဇ်​ပု​ရော​ဟိတ်​သည်​သိုး​နှင့်​သံ​လွင်​ဆီ​ကို ယဇ်​ပု​ရော​ဟိတ်​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား အ​ထူး​ပူ​ဇော်​သ​ကာ​အ​ဖြစ်​ဆက်​ကပ်​ရ​မည်။-
And the priest receiving the lamb for trespass, and the sextary of oil, shall elevate them together.
25 ၂၅ သူ​သည်​သိုး​ကို​သတ်​ပြီး​လျှင်​သွေး​အ​နည်း ငယ်​ဖြင့် ထို​သူ​၏​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​ကို​သုတ်​ရ​မည်။-
And the lamb being immolated, he shall put of the blood thereof upon the tip of the right ear of him that is cleansed, and upon the thumb of his right hand, and the great toe of his right foot:
26 ၂၆ ထို့​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် မိ​မိ​၏​လက်​ဝဲ လက်​ဖ​ဝါး​ထဲ​တွင်​ဆီ​အ​နည်း​ငယ်​ကို​ထည့် ၍၊-
But he shall pour part of the oil into his own left hand,
27 ၂၇ လက်​ယာ​လက်​ညှိုး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​၌​ခု​နစ်​ကြိမ်​ဖျန်း​ရ​မည်။-
And dipping the finger of his right hand in it, he shall sprinkle it seven times before the Lord:
28 ၂၈ တစ်​ဖန်​သူ​သည်​သွေး​သုတ်​ပြီး​သော​နေ​ရာ များ​ဖြစ်​သည့်​လက်​ယာ​နား​ပျဉ်း၊ လက်​ယာ လက်​မ၊ လက်​ယာ​ခြေ​မ​တို့​တွင်​ဆီ​အ​နည်း ငယ်​သုတ်​ရ​မည်။-
And he shall touch the tip of the right ear of him that is cleansed, and the thumb of his right hand and the great toe of his right foot, in the place of the blood that was shed for trespass.
29 ၂၉ တစ်​ဖန်​သူ​သည်​လက်​ဖ​ဝါး​ထဲ​တွင်​ကျန်​ရှိ သော​ဆီ​ဖြင့် ထို​သူ​၏​ဦး​ခေါင်း​ကို​သုတ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု ရ​မည်။-
And the other part of the oil that is in his left hand, he shall pour upon the head of the purified person, that he may appease the Lord for him.
30 ၃၀ ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည်​ချိုး​တစ်​ကောင်၊ သို့​မ​ဟုတ်​ခို​တစ်​ကောင်​ကို​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​လည်း​ကောင်း၊-
And he shall offer a turtle, or young pigeon,
31 ၃၁ အ​ခြား​တစ်​ကောင်​ကို​မီး​ရှို့​ရာ​ယဇ်​အ​တွက် လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​နှင့်​တ​ကွ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။ ဤ​နည်း အား​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​သည်​သန့်​စင်​ခြင်း ဝတ်​ကို​ဆောင်​ရွက်​ရ​မည်။-
One for trespass, and the other for a holocaust, with their libations.
32 ၃၂ ဤ​ပ​ညတ်​သည်​ကား​ဆင်း​ရဲ​၍​မ​တတ်​နိုင် သည့်​ကိုယ်​ရေ​ပြား​ရော​ဂါ​သည် လိုက်​နာ​ရ မည့်​သန့်​စင်​ခြင်း​ဝတ်​နှင့်​ဆိုင်​သော​ပ​ညတ် ဖြစ်​သတည်း။
This is the sacrifice of a leper, that is not able to have all things that appertain to his cleansing.
33 ၃၃ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား အိမ်​များ​တွင်​ဖား​ဥ​စွဲ​ခြင်း​နှင့်​ပတ်​သက် ၍ အောက်​ဖော်​ပြ​ပါ​ပ​ညတ်​များ​ကို​ချ​မှတ် ပေး​တော်​မူ​၏။ (ဤ​ပ​ညတ်​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​ဆိုင်​နေ​ထိုင်​ရန် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ခါ​နာန်​ပြည်​သို့​ရောက် ရှိ​ပြီး​နောက်​လိုက်​လျှောက်​ရ​မည့်​ပညတ်​များ ဖြစ်​သည်။-)
And the Lord spoke to Moses and Aaron, saying:
34 ၃၄
When you shall be come into the land of Chanaan, which I will give you for a possession, if there be the plague of leprosy in a house,
35 ၃၅ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် မိ​မိ​၏​အိမ် တွင်​ဖား​ဥ​စွဲ​ကြောင်း​တွေ့​ရ​လျှင် ယဇ်​ပု​ရော ဟိတ်​ထံ​သို့​သွား​ရောက်​တိုင်​ကြား​ရ​မည်။-
He whose house it is, shall go and tell the priest, saying: It seemeth to me, that there is the plague of leprosy in my house,
36 ၃၆ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် မ​စစ်​ဆေး​မီ ပစ္စည်း​ရှိ​သ​မျှ​ကို​အ​ပြင်​သို့ ထုတ်​စေ​ရ​မည်။ ထို​သို့​မ​ပြု​လုပ်​လျှင်​အိမ်​ထဲ ၌​ရှိ​သ​မျှ​သော​ပစ္စည်း​များ​ကို​မ​သန့်​စင်​ဟု ကြေ​ညာ​ရ​မည်။ ထို​နောက်​သူ​သည်​အိမ်​ထဲ သို့​ဝင်​၍၊-
And he shall command, that they carry forth all things out of the house, before he go into it, and see whether it have the leprosy, lest all things become unclean that are in the house. And afterwards he shall go in to view the leprosy of the house.
37 ၃၇ ဖား​ဥ​ကို​စစ်​ဆေး​ရ​မည်။ အိမ်​ထ​ရံ​ပေါ် တွင်​စိမ်း​ဖန့်​ဖန့်၊ နီ​ကြန့်​ကြန့်​ဖား​ဥ​စွဲ​သည့် အ​ကွက်​များ​ချိုင့်​ဝင်​နေ​ကြောင်း​တွေ့​ရှိ​ရ လျှင်၊-
And if he see in the walls thereof as it were little dints, disfigured with paleness or redness, and lower than all the rest,
38 ၃၈ သူ​သည်​အိမ်​အ​ပြင်​သို့​ထွက်​၍​အိမ်​ကို ခု​နစ်​ရက်​ပိတ်​ထား​စေ​ရ​မည်။-
He shall go out of the door of the house, and forthwith shut it up seven days,
39 ၃၉ သူ​သည်​သတ္တ​မ​နေ့​၌ ထို​အိမ်​သို့​တစ်​ဖန်​သွား ရောက်​စစ်​ဆေး​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​သည် ဖား​ဥ​များ​ပြန့်​ပွား​လျက်​ရှိ​ကြောင်း​တွေ့​ရ လျှင်၊-
And returning on the seventh day, he shall look upon it. If he find that the leprosy is spread,
40 ၄၀ ဖား​ဥ​စွဲ​သော​ကျောက်​တုံး​များ​ကို​ထုတ်​၍ မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-
He shall command, that the stones wherein the leprosy is, be taken out, and cast without the city into an unclean place:
41 ၄၁ ထို​နောက်​အိမ်​တွင်း​ထ​ရံ​များ​မှ​အင်္ဂ​တေ​ကို ခြစ်​ခွာ​စေ​ရ​မည်။ ခြစ်​ခွာ​၍​ရ​သော​အင်္ဂ​တေ ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး​စွန့်​ရာ​အ​ရပ် ၌​စွန့်​ပစ်​ရ​မည်။-
And that the house be scraped on the inside round about, and the dust of the scraping be scattered without the city into an unclean place:
42 ၄၂ ထုတ်​ပစ်​သော​ကျောက်​တုံး​များ​နေ​ရာ​တွင် အ​ခြား​ကျောက်​တုံး​များ​ဖြင့်​အ​စား​ထိုး ၍ ထ​ရံ​များ​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ စေ​ရ​မည်။
And that other stones be laid in the place of them that were taken away, and the house be plastered with other mortar.
43 ၄၃ ထို​အိမ်​တွင်​ကျောက်​တုံး​များ​ကို​ထုတ်​၍​ထ​ရံ များ​ကို​ခြစ်​လျက် အင်္ဂ​တေ​အ​သစ်​မွမ်း​မံ​ပြီး နောက်​ဖား​ဥ​စွဲ​ပြန်​လျှင်၊-
But if, after the stones be taken out, and the dust scraped off, and it be plastered with other earth,
44 ၄၄ ယဇ်​ပု​ရော​ဟိတ်​သည်​ထို​အိမ်​သို့​သွား​ရောက် စစ်​ဆေး​ရ​မည်။ ဖား​ဥ​ပြန့်​ပွား​လျက်​ရှိ​သည် ကို​တွေ့​ရ​လျှင်​ထို​အိမ်​သည်​မ​သန့်​စင်​ချေ။-
The priest going in perceive that the leprosy is returned, and the walls full of spots, it is a lasting leprosy, and the house is unclean:
45 ၄၅ ထို​အ​ခါ​အိမ်​ကို​ဖြို​ချ​၍​ကျောက်၊ သစ်​သား၊ အင်္ဂတေ​ရှိ​သ​မျှ​ကို​မြို့​ပြင်​ရှိ​အ​ညစ်​အ​ကြေး စွန့်​ရာ​အ​ရပ်​သို့​ယူ​ဆောင်​သွား​ရ​မည်။-
And they shall destroy it forthwith, and shall cast the stones and timber thereof, and all the dust without the town into an unclean place.
46 ၄၆ အိမ်​ကို​ပိတ်​ထား​သည့်​ကာ​လ​အ​တွင်း အိမ်​ထဲ​သို့​ဝင်​မိ​သူ​သည်​ည​ဦး​တိုင်​အောင် မ​သန့်​စင်​ချေ။-
He that entereth into the house when it is shut, shall be unclean until evening,
47 ၄၇ ထို​အိမ်​ထဲ​တွင်​အိပ်​မိ​စား​မိ​သူ​သည်​လည်း မိ​မိ​၏​အ​ဝတ်​များ​ကို​ဖွပ်​လျှော်​ရ​မည်။
And he that sleepeth in it, and eateth any thing, shall wash his clothes.
48 ၄၈ အိမ်​ကို​အင်္ဂ​တေ​ဖြင့်​အ​သစ်​မွမ်း​မံ​ပြီး​သည့် နောက် ယဇ်​ပု​ရော​ဟိတ်​သွား​ရောက်​စစ်​ဆေး​ကြည့် သော​အ​ခါ ဖား​ဥ​ထပ်​မံ​၍​မ​စွဲ​ကြောင်း​တွေ့ ရှိ​ရ​လျှင် ဖား​ဥ​လုံး​ဝ​မ​စွဲ​တော့​ပြီ​ဖြစ်​သော ကြောင့် ထို​အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​သန့်​စင်​သည်​ဟူ​၍​ကြေ​ညာ​ရ​မည်။-
But if the priest going in perceive that the leprosy is not spread in the house, after it was plastered again, he shall purify it, it being cured,
49 ၄၉ ထို​အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ဆောင် ရွက်​ရန်​သူ​သည်​ငှက်​နှစ်​ကောင်၊ သစ်​က​တိုး သား၊ ကြိုး​နီ၊ ဟု​ဿုပ်​ပင်​ခက်​စ​သည်​တို့​ကို ယူ​ဆောင်​ခဲ့​ရ​မည်။-
And for the purification thereof he shall take two sparrows, and cedar wood, and scarlet, and hyssop:
50 ၅၀ သူ​သည်​စမ်း​ရေ​ထည့်​ထား​သော​မြေ​အိုး​ကို အောက်​မှ​ခံ​၍​ငှက်​တစ်​ကောင်​ကို​သတ်​ရ​မည်။-
And having immolated one sparrow In an earthen vessel over living waters,
51 ၅၁ ထို့​နောက်​သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက်၊ ကြိုး နီ​နှင့်​တ​ကွ ငှက်​အ​ရှင်​ကို​သတ်​ပြီး​သော ငှက်​၏​သွေး​နှင့်​စမ်း​ရေ​ထည့်​လာ​သော​အိုး ထဲ​တွင်​နှစ်​ပြီး​လျှင် အိမ်​ကို​ခု​နစ်​ကြိမ်​ပက် ဖျန်း​ရ​မည်။-
He shall take the cedar wood, and the hyssop, and the scarlet, and the living sparrow, and shall dip all in the blood of the sparrow that is immolated, and in the living water, and he shall sprinkle the house seven times:
52 ၅၂ ဤ​နည်း​အား​ဖြင့်​သူ​သည်​ငှက်​၏​သွေး၊ စမ်း ရေ၊ ငှက်​အ​ရှင်၊ သစ်​က​တိုး​သား၊ ဟု​ဿုပ်​ခက် နှင့်​ကြိုး​နီ​စ​သည်​တို့​ကို​အ​သုံး​ပြု​၍​အိမ် အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​ရ​မည်။-
And shall purify it as well with the blood of the sparrow, as with the living water, and with the living sparrow, and with the cedar wood, and the hyssop, and the scarlet.
53 ၅၃ ထို​နောက်​ငှက်​အ​ရှင်​ကို​မြို့​ပြင်​ကွင်း​ပြင် သို့​လွှတ်​လိုက်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​သည် အိမ်​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​သ​ဖြင့် အိမ်​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​စင် လာ​လိမ့်​မည်။
And when he hath let go the sparrow to fly freely away into the field, he shall pray for the house, and it shall be rightly cleansed.
54 ၅၄ ဤ​ပ​ညတ်​သည်​ကား ဆိုး​ရွား​သည့်​ကိုယ်​ရေ ပြား​ရော​ဂါ​များ​နှင့်​ဆိုင်​၍​လည်း​ကောင်း၊-
This is the law of every kind of leprosy and stroke.
55 ၅၅ ကိုယ်​ရေ​ပြား​ပေါ်​တွင်​ပေါက်​သော​အ​နာ၊ အ​နာ စိမ်း၊ သို့​မ​ဟုတ်​ဖူး​ယောင်​နာ​နှင့်​ဆိုင်​၍​လည်း ကောင်း၊ အ​ဝတ်​အ​ထည်​နှင့်​အိမ်​များ​တွင်​ဖား​ဥ စွဲ​ခြင်း​နှင့်​ဆိုင်​၍​လည်း​ကောင်း​ပြ​ဋ္ဌာန်း​သော ပ​ညတ်​များ​ဖြစ်​သည်။-
Of the leprosy of garments and houses,
56 ၅၆
Of a scar and of blisters breaking out, of a shining spot, and when the colours are diversely changed:
57 ၅၇ ဤ​ပ​ညတ်​များ​သည်​သန့်​စင်​သည်​မ​သန့်​စင် သည်​ကို အ​ဆုံး​အ​ဖြတ်​ပေး​သော​ပ​ညတ်​များ ဖြစ်​သည်။
That it may be known when a thing is clean or unclean.

< ဝတ်ပြုရာ 14 >