< ဝတ်ပြုရာ 12 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန်​အောက်​ပါ​ပ​ညတ်​များ​ကို မော​ရှေ​မှ​တစ်​ဆင့်​ချ​မှတ်​ပေး​တော်​မူ​၏။ အ​မျိုး သ​မီး​တစ်​ဦး​သည်​ဋ္ဌမ္မ​တာ​ရာ​သီ​ပေါ်​ချိန်​၌ မ​သန့်​ရှင်း​သ​ကဲ့​သို့ သား​ယောကျာ်း​ကို​ဖွား​မြင် ပြီး​ခု​နစ်​ရက်​အ​တွင်း​တွင်​ဘာ​သာ​ရေး​ထုံး နည်း​အ​ရ​မ​သန့်​ရှင်း​ချေ။-
And YHWH speaks to Moses, saying,
2
“Speak to the sons of Israel, saying, A woman when she gives seed, and has borne a male, then she has been unclean [for] seven days; she is unclean according to the days of separation for her sickness;
3 အ​ဋ္ဌ​မ​နေ့​၌​အ​ရေ​ဖျား​လှီး​ခြင်း​မင်္ဂ​လာ​ကို သား​အား​ပေး​ရ​မည်။-
and in the eighth day the flesh of his foreskin is circumcised;
4 မိ​ခင်​သည်​နောက်​ထပ်​သုံး​ဆယ့်​သုံး​ရက်​အ​တွင်း ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​သ​ဖြင့် သွေး​သန့်​သည့်​ကာ​လ​မ​တိုင်​မီ​သန့်​ရှင်း​သော အ​ရာ​တစ်​စုံ​တစ်​ခု​ကို​မ​ထိ​မ​ကိုင်​ရ။ တဲ တော်​အ​တွင်း​သို့​လည်း​မ​ဝင်​ရ။
and she abides in the blood of her cleansing [for] thirty-three days; she does not come against any holy thing, and she does not go into the sanctuary, until the fullness of the days of her cleansing.
5 သ​မီး​ကို​ဖွား​မြင်​သော​အ​မျိုး​သ​မီး​သည် ဋ္ဌမ္မ တာ​ရာ​သီ​ပေါ်​ချိန်​၌​မ​သန့်​ရှင်း​သ​ကဲ့​သို့ မီး ဖွား​ပြီး​တစ်​ဆယ့်​လေး​ရက်​အ​တွင်း​ဘာ​သာ ရေး​ထုံး​နည်း​အ​ရ​မ​သန့်​ရှင်း​ချေ။ မိ​ခင်​သည် သွေး​သန့်​သည့်​ကာ​လ​မ​တိုင်​မီ နောက်​ထပ်​ခြောက် ဆယ့်​ခြောက်​ရက်​အ​တွင်း​ဘာ​သာ​ရေး​ထုံး​နည်း အ​ရ​မ​သန့်​ရှင်း​ချေ။
And if she bears a female, then she has been unclean [for] two weeks, as in her separation; and she abides by the blood of her cleansing [for] sixty-six days.
6 မိ​ခင်​သည်​သား​ကို​ဖွား​မြင်​သည်​ဖြစ်​စေ၊ သမီး​ကို ဖွား​မြင်​သည်​ဖြစ်​စေ​သွေး​မ​သန့်​သည့်​ကာ​လ​ပြီး ဆုံး​သော​အ​ခါ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရန်​တစ်​နှစ်​သား သိုး​က​လေး​ကို​လည်း​ကောင်း၊ အ​ပြစ်​ဖြေ​ရာ​ယဇ်​ပူ ဇော်​ရန် ချိုး​သို့​မ​ဟုတ်​ခို​တစ်​ကောင်​ကို​လည်း​ကောင်း ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး​ဝ သို့​ယူ​ဆောင်​ခဲ့​၍​ယဇ်​ပု​ရော​ဟိတ်​ထံ​အပ်​ရ​မည်။-
And in the fullness of the days of her cleansing for son or for daughter she brings in a lamb, a son of a year, for a burnt-offering, and a young pigeon or a turtle-dove for a sin-offering, to the opening of the Tent of Meeting, to the priest;
7 ယဇ်​ပု​ရော​ဟိတ်​သည်​ထို​ယဇ်​များ​ကို ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​လျက် မိ​ခင်​အ​တွက်​သန့်​ရှင်း စေ​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​သ​ဖြင့် မိ​ခင်​သည် ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လာ​လိမ့် မည်။ ဤ​ပ​ညတ်​ကား​သား​ဖွား​ပြီး​အ​မျိုး သ​မီး​တို့​လိုက်​နာ​ရ​မည့်​ပညတ်​ဖြစ်​သ​တည်း။
and he has brought it near before YHWH, and has made atonement for her, and she has been cleansed from the fountain of her blood; this [is] the law of her who is bearing, in regard to a male or to a female.
8 မိ​ခင်​သည်​သိုး​က​လေး​ကို​မ​ပူ​ဇော်​နိုင်​လျှင် ချိုး နှစ်​ကောင်​သို့​မ​ဟုတ်​ခို​နှစ်​ကောင်​ကို​ယူ​ခဲ့​ရ​မည်။ တစ်​ကောင်​သည်​မီး​ရှို့​ရာ​ယဇ်​အ​တွက်​ဖြစ်​၍ အ ခြား​တစ်​ကောင်​သည်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက် ဖြစ်​သည်။ ယဇ်​ပု​ရော​ဟိတ်​သည်​မိ​ခင်​အ​တွက် သန့်​ရှင်း​စေ​ခြင်း​ဝတ်​ကို​ဆောင်​ရွက်​သ​ဖြင့် မိ​ခင် သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ​သန့်​ရှင်း​လာ လိမ့်​မည်။
And if her hand does not find the sufficiency of a sheep, then she has taken two turtle-doves or two young pigeons, one for a burnt-offering and one for a sin-offering, and the priest has made atonement for her, and she has been cleansed.”

< ဝတ်ပြုရာ 12 >