< ဝတ်ပြုရာ 11 >
1 ၁ ထာဝရဘုရားသည်ဣသရေလအမျိုး သားတို့လိုက်နာရန် အောက်ပါပညတ်များ ကိုမောရှေနှင့်အာရုန်တို့မှတစ်ဆင့်ချမှတ် ပေးတော်မူ၏။ သင်တို့သည်ကုန်းသတ္တဝါ တို့တွင်၊-
And Jehovah spoke to Moses and to Aaron, saying to them,
Speak to the sons of Israel, saying, These are the living things which ye may eat among all the beasts that are on the earth.
3 ၃ ခွာကွဲ၍စားမြုံ့ပြန်တတ်သော တိရစ္ဆာန် များ၏အသားကိုစားနိုင်သည်။-
Whatever parts the hoof, and is cloven footed, and chews the cud, among the beasts, that may ye eat.
4 ၄ သို့ရာတွင်ကုလားအုတ်၊ ခွေးတူဝက်တူနှင့် ယုန်တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန် တို့သည်စားမြုံ့ပြန်တတ်သော်လည်းခွာမကွဲ သဖြင့် စားရန်မသန့်ရှင်းဟုမှတ်ယူရမည်။-
Nevertheless these shall ye not eat of those that chew the cud, or of those that part the hoof: the camel, because he chews the cud but does not part the hoof, he is unclean to you.
And the coney, because he chews the cud but does not part the hoof, he is unclean to you.
And the hare, because she chews the cud but does not part the hoof, she is unclean to you.
7 ၇ ဝက်သားကိုလည်းမစားရ။ ဝက်တို့သည်ခွာ ကွဲသော်လည်းစားမြုံ့မပြန်သဖြင့် စားရန် မသန့်ရှင်းဟုမှတ်ယူရမည်။-
And the swine, because he parts the hoof, and is cloven footed, but does not chew the cud, he is unclean to you.
8 ၈ သင်တို့သည်ထိုတိရစ္ဆာန်တို့၏အသားကို မစားရ။ အသေကောင်များကိုပင်မထိရ။ ယင်းတို့ကိုမသန့်ရှင်းဟုမှတ်ယူရမည်။
Of their flesh ye shall not eat, and their carcasses ye shall not touch, they are unclean to you.
9 ၉ သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးများကိုစားနိုင်သည်။-
These may ye eat of all that are in the waters: whatever has fins and scales in the waters, in the seas, and in the rivers, that may ye eat.
10 ၁၀ သို့ရာတွင်ဆူးတောင်နှင့်အကြေးမပါရှိ သောရေသတ္တဝါများကိုမစားရ။-
And all that have no fins and scales in the seas, and in the rivers, of all that move in the waters, and of all the living creatures that are in the waters, they are an abomination to you,
11 ၁၁ ထိုသတ္တဝါများကိုမသန့်ရှင်းဟုမှတ်ယူ ရမည်။ သင်တို့သည်ထိုသတ္တဝါများကို မစားရ၊ အသေကောင်များကိုပင်မထိ ရ။-
and they shall be an abomination to you. Ye shall not eat of their flesh, and their carcasses ye shall have in abomination.
12 ၁၂ ဆူးတောင်နှင့်အကြေးမပါရှိသောရေ သတ္တဝါဟူသမျှကိုမစားရ။
Whatever has no fins nor scales in the waters, that is an abomination to you.
13 ၁၃ အောက်ဖော်ပြပါငှက်မျိုးတို့ကိုသင်တို့ သည်မစားရ။ လင်းယုန်၊ ဇီးကွက်၊ သိမ်းငှက်၊ လင်းတ၊ ကျီး၊ ငှက်ကုလားအုတ်၊ ဇင်ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်ကြီးဝံပို၊ တင်ကျီး၊ တောင်သူ ဘီးငှက်နှင့်လင်းနို့တို့ဖြစ်သည်။
And these ye shall have in abomination among the birds, they shall not be eaten, they are an abomination: the eagle, and the vulture, and the osprey,
and the kite, and the falcon after its kind,
every raven after its kind,
and the ostrich, and the night-hawk, and the sea-gull, and the hawk after its kind,
and the little owl, and the cormorant, and the great owl,
and the horned owl, and the pelican, and the carrion vulture,
and the stork, the heron after its kind, and the hoopoe, and the bat.
20 ၂၀ ခုန်ဆွသွားတတ်သည့်ပိုးကောင်များမှလွဲ၍ အတောင်ရှိပိုးကောင်ဟူသမျှသည်မသန့်ရှင်း၊-
All winged creeping things that go upon all fours are an abomination to you.
Yet these ye may eat of all winged creeping things that go upon all fours, which have legs above their feet, with which to leap upon the earth,
22 ၂၂ သင်တို့သည်ကျိုင်းကောင်၊ ပရစ်နှင့်နှံကောင်များ ကိုစားနိုင်သည်။-
even these of them ye may eat: the locust after its kind, and the bald locust after its kind, and the cricket after its kind, and the grasshopper after its kind.
23 ၂၃ သို့ရာတွင်အတောင်ရှိ၍တွားသွားတတ်သော အခြားအကောင်ငယ်ရှိသမျှကို မသန့်ရှင်း ဟုမှတ်ယူရမည်။
But all winged creeping things, which have four feet, are an abomination to you,
24 ၂၄ အောက်ဖော်ပြပါတိရစ္ဆာန်တို့၏အသေကောင် များကိုထိကိုင်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းဘဲရှိလိမ့်မည်။ ခွာကွဲ၍စားမြုံ့ ပြန်သောတိရစ္ဆာန်များမှတစ်ပါးအခြားခွာ ရှိတိရစ္ဆာန်အားလုံးနှင့် အုပ်ဖမ်းတတ်သောလက် ရှိသည့်ခြေလေးချောင်းသတ္တဝါအားလုံးတို့ ဖြစ်သည်။ ထိုတိရစ္ဆာန်တို့၏အသေကောင်များ ကိုသယ်ဆောင်သွားသူသည် မိမိ၏အဝတ် များကိုဖွပ်လျှော်ရမည်။ သို့သော်လည်းသူ သည်ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့် မည်။
and by these ye shall become unclean. Whoever touches the carcass of them shall be unclean until the evening.
And whoever bears any of the carcass of them shall wash his clothes, and be unclean until the evening.
Every beast which parts the hoof, and is not cloven footed, nor chews the cud, is unclean to you. Everyone who touches them shall be unclean.
And whatever goes upon its paws, among all beasts that go on all fours, they are unclean to you. Whoever touches their carcass shall be unclean until the evening.
And he who bears the carcass of them shall wash his clothes, and be unclean until the evening; they are unclean to you.
29 ၂၉ ပွေး၊ ကြွက်၊ အိမ်မြှောင်မျိုးတို့ကိုမသန့်ရှင်းဟု မှတ်ယူရမည်။-
And these are those which are unclean to you among the creeping things that creep upon the earth: the weasel, and the mouse, and the great lizard after its kind,
and the gecko, and the land-crocodile, and the lizard, and the sand-lizard, and the chameleon.
31 ၃၁ ထိုသတ္တဝါတို့ကိုဖြစ်စေ၊ ၎င်းတို့၏အသေ ကောင်များကိုဖြစ်စေကိုင်တွယ်မိသူသည် ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။-
These are those which are unclean to you among all that creep. Whoever touches them, when they are dead, shall be unclean until the evening.
32 ၃၂ သစ်သား၊ အဝတ်၊ သားရေ၊ လျှော်တေစသည် တို့ဖြင့်ပြုလုပ်သောမည်သည့်အသုံးအဆောင် များပေါ်သို့မဆို ထိုသတ္တဝါတို့၏အသေ ကောင်များကျခဲ့သော် ယင်းအသုံးအဆောင် သည်မသန့်ရှင်းဟုမှတ်ယူရမည်။ ယင်းကဲ့ သို့ညစ်ညမ်းသွားသောအသုံးအဆောင်ကို ရေထဲ၌နှစ်ရမည်။ သို့ရာတွင်ထိုအသုံး အဆောင်သည် ညဦးတိုင်အောင်မသန့်ရှင်း ဘဲရှိလိမ့်မည်။-
And upon whatever any of them falls when they are dead, it shall be unclean, whether it be any vessel of wood, or raiment, or skin, or sack. Whatever vessel it be, with which any work is done, it must be put into water, and it shall be unclean until the evening, then it shall be clean.
33 ၃၃ အသေကောင်များမြေအိုးထဲသို့ကျလျှင် အိုးထဲရှိသမျှသည်လည်း ညစ်ညမ်းကုန် သဖြင့်အိုးကိုခွဲရမည်။-
And every earthen vessel, into which any of them falls, whatever is in it shall be unclean, and ye shall break it.
34 ၃၄ မသန့်ရှင်းသောထိုအိုးမှရေသည်စားစရာ ပေါ်သို့ကျလျှင် ထိုစားစရာသည်လည်း မသန့်ရှင်းချေ။ ထိုအိုးမှသောက်ရေသည် လည်းမသန့်ရှင်း။-
All food therein which may be eaten, that on which water comes, shall be unclean, and all drink that may be drunk in every such vessel shall be unclean.
35 ၃၅ မြေမီးဖိုသို့မဟုတ်မုန့်ဖုတ်ဖိုပေါ်သို့ထို သတ္တဝါတို့၏အသေကောင်များကျလျှင် ထိုမီးဖိုသို့မဟုတ်မုန့်ဖုတ်ဖိုသည်မသန့် ရှင်းသဖြင့်ခွဲပစ်လိုက်ရမည်။-
And everything upon which any part of their carcass falls shall be unclean, whether oven, or range for pots, it shall be broken in pieces; they are unclean, and shall be unclean to you.
36 ၃၆ သို့ရာတွင်စမ်းရေတွင်းသို့မဟုတ်ရေလှောင် ကန်ထဲသို့အသေကောင်ကျလျှင် ထိုရေသည် မညစ်ညမ်း။ ထိုအသေကောင်နှင့်ထိမိသော အရာသာလျှင်ညစ်ညမ်းသည်။-
Nevertheless a fountain or a pit in which is a gathering of water shall be clean, but that which touches their carcass shall be unclean.
37 ၃၇ ကြဲမည့်မျိုးစေ့ပေါ်သို့အသေကောင်ကျ လျှင် မျိုးစေ့သည်မညစ်ညမ်း။-
And if any of their carcass falls upon any sowing seed which is to be sown, it is clean.
38 ၃၈ သို့ရာတွင်ရေစိမ်ထားသောမျိုးစေ့ပေါ် သို့အသေကောင်ကျလျှင် ထိုမျိုးစေ့သည် မသန့်ရှင်း။
But if water is put upon the seed, and any of their carcass falls in it, it is unclean to you.
39 ၃၉ စားနိုင်သောတိရစ္ဆာန်သေလျှင်ထိုအသေ ကောင်ကိုကိုင်တွယ်မိသူသည် ညဦးတိုင်အောင် မသန့်ရှင်းချေ။-
And if any beast, of which ye may eat, dies, he who touches the carcass of it shall be unclean until the evening.
40 ၄၀ ထိုအသေကောင်၏အသားကိုစားသူသည် မိမိအဝတ်ကိုဖွပ်လျှော်ရမည်။ သူသည်ည ဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။ ထို အသေကောင်ကိုသယ်ဆောင်မိသူသည် မိမိ အဝတ်ကိုဖွပ်လျှော်ရမည်။ သို့သော်သူသည် ညဦးတိုင်အောင်မသန့်ရှင်းဘဲရှိလိမ့်မည်။
And he who eats of the carcass of it shall wash his clothes, and be unclean until the evening. He also who bears the carcass of it shall wash his clothes, and be unclean until the evening.
41 ၄၁ မြေကြီးပေါ်တွင်တွားသွားတတ်သော သို့ မဟုတ်ခြေလေးချောင်းရှိသော သို့မဟုတ် ခြေလေးချောင်းထက်များသောခြေရှိသော သတ္တဝါငယ်များကိုသင်တို့မစားရ။-
And every creeping thing that creeps upon the earth is an abomination; it shall not be eaten.
Whatever goes upon the belly, and whatever goes upon all fours, or whatever has many feet, even all creeping things that creep upon the earth, them ye shall not eat, for they are an abomination.
43 ၄၃ ထိုသတ္တဝါများကိုစား၍သင်တို့ကိုယ်ကို မညစ်ညမ်းစေနှင့်။-
Ye shall not make yourselves abominable with any creeping thing that creeps, nor shall ye make yourselves unclean with them, that ye should be defiled by it.
44 ၄၄ ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည်လည်းသန့်ရှင်းကြရမည်။-
For I am Jehovah your God. Sanctify yourselves therefore, and become ye holy, since I am holy. Neither shall ye defile yourselves with any manner of creeping thing that moves upon the earth.
45 ၄၅ ငါသည်သင်တို့၏ထာဝရဘုရားသခင် ဖြစ်အံ့သောငှာ သင်တို့ကိုအီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောဘုရားဖြစ်တော်မူ၏။ ငါသည်သန့်ရှင်းသောကြောင့် သင်တို့သည် လည်းသန့်ရှင်းကြရမည်။
For I am Jehovah who brought you up out of the land of Egypt, to be your God. Ye shall therefore be holy, for I am holy.
46 ၄၆ ဤပညတ်သည်ကားတိရစ္ဆာန်များနှင့်ငှက် များ၊ ရေသတ္တဝါနှင့်ကုန်းသတ္တဝါများနှင့် ဆိုင်သောပညတ်ဖြစ်သတည်း။-
This is the law of the beast, and of the bird, and of every living creature that moves in the waters, and of every creature that creeps upon the earth,
47 ၄၇ သင်တို့သည်ဘာသာရေးထုံးနည်းအရ သန့်ရှင်း၍ စားနိုင်သောတိရစ္ဆာန်နှင့်မသန့်ရှင်း ၍မစားနိုင်သောတိရစ္ဆာန်တို့ကိုခွဲခြားသိ ကြရမည်။
to make a distinction between the unclean and the clean, and between the living thing that may be eaten and the living thing that may not be eaten.