< ဝတ်ပြုရာ 11 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​လိုက်​နာ​ရန် အောက်​ပါ​ပ​ညတ်​များ ကို​မော​ရှေ​နှင့်​အာ​ရုန်​တို့​မှ​တစ်​ဆင့်​ချ​မှတ် ပေး​တော်​မူ​၏။ သင်​တို့​သည်​ကုန်း​သတ္တ​ဝါ တို့​တွင်၊-
И Господ говори на Моисея и Аарона, като им каза:
2
Говорете на израилтяните, казвайки: Ето животните, които можете да ядете измежду всичките животни, които са по земята.
3 ခွာ​ကွဲ​၍​စား​မြုံ့​ပြန်​တတ်​သော တိ​ရစ္ဆာန် များ​၏​အ​သား​ကို​စား​နိုင်​သည်။-
Измежду животните всяко що има раздвоени копита и е с разцепени копита, и преживя, него да ядете.
4 သို့​ရာ​တွင်​ကု​လား​အုတ်၊ ခွေး​တူ​ဝက်​တူ​နှင့် ယုန်​တို့​၏​အ​သား​ကို​မ​စား​ရ။ ဤ​တိ​ရစ္ဆာန် တို့​သည်​စား​မြုံ့​ပြန်​တတ်​သော်​လည်း​ခွာ​မ​ကွဲ သ​ဖြင့် စား​ရန်​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။-
Обаче от ония, които преживят, или от ония, които имат раздвоени копита, да не ядете следните: камилата, защото преживя, но няма раздвоени копита; тя е нечиста за вас;
5
питомния заек, защото преживя, но няма раздвоени копита; той е нечист за вас;
6
дивия заек, защото преживя, но няма раздвоени копита; той е нечист за вас;
7 ဝက်​သား​ကို​လည်း​မ​စား​ရ။ ဝက်​တို့​သည်​ခွာ ကွဲ​သော်​လည်း​စား​မြုံ့​မ​ပြန်​သ​ဖြင့် စား​ရန် မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။-
и свинята, защото има раздвоени копита, и е с разцепени копита, но не преживя; тя е нечиста за вас;
8 သင်​တို့​သည်​ထို​တိ​ရစ္ဆာန်​တို့​၏​အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ​ရ။ ယင်း​တို့​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။
От тяхното месо да не ядете, и до мършата им да не се допирате; те са нечисти за вас.
9 သင်​တို့​သည်​ဆူး​တောင်​နှင့်​အ​ကြေး​ရှိ​သော ငါး​များ​ကို​စား​နိုင်​သည်။-
Измежду всичките, които са във водите, да ядете следните: всички във водите, които имат перки и люспи, в моретата и в реките, тях да ядете.
10 ၁၀ သို့​ရာ​တွင်​ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ သော​ရေ​သတ္တ​ဝါ​များ​ကို​မ​စား​ရ။-
А измежду всичко, което се движи във водите, и измежду всяко одушевено животно, което е във водите, всички в моретата и в реките, които нямат перки и люспи, те са отвратителни за вас.
11 ၁၁ ထို​သတ္တ​ဝါ​များ​ကို​မ​သန့်​ရှင်း​ဟု​မှတ်​ယူ ရ​မည်။ သင်​တို့​သည်​ထို​သတ္တ​ဝါ​များ​ကို မ​စား​ရ၊ အ​သေ​ကောင်​များ​ကို​ပင်​မ​ထိ ရ။-
Непременно да бъдат отвратителни за вас; от месото им да не ядете, и от мършата им да се отвращавате.
12 ၁၂ ဆူး​တောင်​နှင့်​အ​ကြေး​မ​ပါ​ရှိ​သော​ရေ သတ္တ​ဝါ​ဟူ​သ​မျှ​ကို​မ​စား​ရ။
Всичко във водите, което няма ни перки, ни люспи, да бъде отвратително за вас.
13 ၁၃ အောက်​ဖော်​ပြ​ပါ​ငှက်​မျိုး​တို့​ကို​သင်​တို့ သည်​မ​စား​ရ။ လင်း​ယုန်၊ ဇီး​ကွက်၊ သိမ်း​ငှက်၊ လင်း​တ၊ ကျီး၊ ငှက်​ကု​လား​အုတ်၊ ဇင်​ယော်၊ ငှက် ကျား၊ ဗျိုင်း၊ ငှက်​ကြီး​ဝံ​ပို၊ တင်​ကျီး၊ တောင်​သူ ဘီး​ငှက်​နှင့်​လင်း​နို့​တို့​ဖြစ်​သည်။
Измежду птиците да се отвращавате от следните; да се не ядат, понеже са отвратителни: орелът, грифата, морският орел,
14 ၁၄
пилякът, соколът по видовете му,
15 ၁၅
всяка врана по видовете й,
16 ၁၆
камилоптицата, бухалът, кукувицата, ястребът по видовете му
17 ၁၇
малкият бухал, рибарят, ибисът
18 ၁၈
лебедът, пеликанът, лешоядът,
19 ၁၉
щъркът, цаплята по видовете й, папунякът и прилепът.
20 ၂၀ ခုန်​ဆွ​သွား​တတ်​သည့်​ပိုး​ကောင်​များ​မှ​လွဲ​၍ အ​တောင်​ရှိ​ပိုး​ကောင်​ဟူ​သ​မျှ​သည်​မ​သန့်​ရှင်း၊-
Всички крилати пълзящи, които ходят на четири нозе, да бъдат отвратителни за вас.
21 ၂၁
Обаче измежду всичките пълзящи крилати, можете да ядете ония, които като ходят на четири нозе, имат пищяли над нозете си за да скачат с тях по земята.
22 ၂၂ သင်​တို့​သည်​ကျိုင်း​ကောင်၊ ပ​ရစ်​နှင့်​နှံ​ကောင်​များ ကို​စား​နိုင်​သည်။-
Измежду тях можете да ядете следните: скакалеца по видовете му, солама по видовете му, харгола по видовете му, и акридата по видовете й.
23 ၂၃ သို့​ရာ​တွင်​အ​တောင်​ရှိ​၍​တွား​သွား​တတ်​သော အ​ခြား​အ​ကောင်​ငယ်​ရှိ​သ​မျှ​ကို မ​သန့်​ရှင်း ဟု​မှတ်​ယူ​ရ​မည်။
А всички други крилати пълзящи, които имат четири нозе, да бъдат отвратителни за вас.
24 ၂၄ အောက်​ဖော်​ပြ​ပါ​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင် များ​ကို​ထိ​ကိုင်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ခွာ​ကွဲ​၍​စား​မြုံ့ ပြန်​သော​တိရစ္ဆာန်​များ​မှ​တစ်​ပါး​အ​ခြား​ခွာ ရှိ​တိ​ရစ္ဆာန်​အား​လုံး​နှင့် အုပ်​ဖမ်း​တတ်​သော​လက် ရှိ​သည့်​ခြေ​လေး​ချောင်း​သတ္တ​ဝါ​အား​လုံး​တို့ ဖြစ်​သည်။ ထို​တိ​ရစ္ဆာန်​တို့​၏​အ​သေ​ကောင်​များ ကို​သယ်​ဆောင်​သွား​သူ​သည် မိ​မိ​၏​အ​ဝတ် များ​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​လည်း​သူ သည်​ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့် မည်။
От тях ще бъдат нечисти: всеки, който се допира до мършата им, ще бъде нечист до вечерта;
25 ၂၅
и всеки, който понесе нещо от мършата им, да изпере дрехите си, и да бъде нечист до вечерта.
26 ၂၆
Всяко животно що има раздвоени копита, но не е с разцепени копита нито преживя, е нечисто за вас; всеки, който се допира до такова, ще бъде нечист.
27 ၂၇
И измежду всичките четвероноги животни, ония, които ходят на лапите си, ще бъдат нечисти за вас; всеки, който се допира до мършата им, ще бъде нечист до вечерта.
28 ၂၈
И който понесе мършата им нека изпере дрехите си, и да бъде нечист до вечерта; те са нечисти за вас.
29 ၂၉ ပွေး၊ ကြွက်၊ အိမ်​မြှောင်​မျိုး​တို့​ကို​မ​သန့်​ရှင်း​ဟု မှတ်​ယူ​ရ​မည်။-
Измежду пълзящите, които пълзят по земята, следните да бъдат нечисти за вас: невестулката, мишката, гущерът по видовете му,
30 ၃၀
ящерът, ящерицата, саврата, самиамитът, и хамелионът.
31 ၃၁ ထို​သတ္တ​ဝါ​တို့​ကို​ဖြစ်​စေ၊ ၎င်း​တို့​၏​အ​သေ ကောင်​များ​ကို​ဖြစ်​စေ​ကိုင်​တွယ်​မိ​သူ​သည် ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။-
Тия са, които са нечисти за вас измежду всичките пълзящи; всеки, който се допира до мършата им, ще бъде нечист до вечерта.
32 ၃၂ သစ်​သား၊ အ​ဝတ်၊ သား​ရေ၊ လျှော်​တေ​စ​သည် တို့​ဖြင့်​ပြု​လုပ်​သော​မည်​သည့်​အ​သုံး​အ​ဆောင် များ​ပေါ်​သို့​မ​ဆို ထို​သတ္တ​ဝါ​တို့​၏​အ​သေ ကောင်​များ​ကျ​ခဲ့​သော် ယင်း​အ​သုံး​အ​ဆောင် သည်​မ​သန့်​ရှင်း​ဟု​မှတ်​ယူ​ရ​မည်။ ယင်း​ကဲ့ သို့​ညစ်​ညမ်း​သွား​သော​အ​သုံး​အ​ဆောင်​ကို ရေ​ထဲ​၌​နှစ်​ရ​မည်။ သို့​ရာ​တွင်​ထို​အ​သုံး အ​ဆောင်​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း ဘဲ​ရှိ​လိမ့်​မည်။-
И всяко нещо, върху което те биха паднали мъртви, ще бъде нечисто: било дървен съд, дреха, кожа, вретище, или какъв да е съд, който се употребява в работа, всеки трябва да тури във вода, и ще бъде нечист до вечерта; тогава ще бъде чист.
33 ၃၃ အ​သေ​ကောင်​များ​မြေ​အိုး​ထဲ​သို့​ကျ​လျှင် အိုး​ထဲ​ရှိ​သ​မျှ​သည်​လည်း ညစ်​ညမ်း​ကုန် သ​ဖြင့်​အိုး​ကို​ခွဲ​ရ​မည်။-
И ако някое от тях падне в някой пръстен съд, то всичко що е вътре в него ще бъде нечисто; а него да строшите
34 ၃၄ မ​သန့်​ရှင်း​သော​ထို​အိုး​မှ​ရေ​သည်​စား​စ​ရာ ပေါ်​သို့​ကျ​လျှင် ထို​စား​စ​ရာ​သည်​လည်း မ​သန့်​ရှင်း​ချေ။ ထို​အိုး​မှ​သောက်​ရေ​သည် လည်း​မ​သန့်​ရှင်း။-
Всяка храна в него, която се яде, върху която се сипва вода, когато се сготви, ще бъде нечиста; и всяко питие, което се пие, във всеки такъв съд ще бъде нечисто.
35 ၃၅ မြေ​မီး​ဖို​သို့​မ​ဟုတ်​မုန့်​ဖုတ်​ဖို​ပေါ်​သို့​ထို သတ္တ​ဝါ​တို့​၏​အ​သေ​ကောင်​များ​ကျ​လျှင် ထို​မီး​ဖို​သို့​မ​ဟုတ်​မုန့်​ဖုတ်​ဖို​သည်​မ​သန့် ရှင်း​သ​ဖြင့်​ခွဲ​ပစ်​လိုက်​ရ​မည်။-
Каквото и да било нещо, върху което би паднало нещо от мършата им, ще бъде нечисто; било пещ или огнище, трябва да се строшат; нечисти са и нечисти ще бъдат за вас.
36 ၃၆ သို့​ရာ​တွင်​စမ်း​ရေ​တွင်း​သို့​မ​ဟုတ်​ရေ​လှောင် ကန်​ထဲ​သို့​အ​သေ​ကောင်​ကျ​လျှင် ထို​ရေ​သည် မ​ညစ်​ညမ်း။ ထို​အ​သေ​ကောင်​နှင့်​ထိ​မိ​သော အ​ရာ​သာ​လျှင်​ညစ်​ညမ်း​သည်။-
Обаче извор или кладенец, гдето има събрана вода, ще си бъде чист; но каквото се допре до мършата на тия животни ще бъде нечисто.
37 ၃၇ ကြဲ​မည့်​မျိုး​စေ့​ပေါ်​သို့​အ​သေ​ကောင်​ကျ လျှင် မျိုး​စေ့​သည်​မ​ညစ်​ညမ်း။-
Но ако падне нещо от мършата им върху някое семе за сеене, което ще се посее, то си е чисто
38 ၃၈ သို့​ရာ​တွင်​ရေ​စိမ်​ထား​သော​မျိုး​စေ့​ပေါ် သို့​အ​သေ​ကောင်​ကျ​လျှင် ထို​မျိုး​စေ့​သည် မ​သန့်​ရှင်း။
Обаче, ако са полели семето с вода, и падне нещо от мършата им на него, тогава е нечисто за вас.
39 ၃၉ စား​နိုင်​သော​တိ​ရစ္ဆာန်​သေ​လျှင်​ထို​အ​သေ ကောင်​ကို​ကိုင်​တွယ်​မိ​သူ​သည် ည​ဦး​တိုင်​အောင် မ​သန့်​ရှင်း​ချေ။-
Ако умре някое от животните, които бива да ядете, който се допре до мършата му, ще бъде нечист до вечерта.
40 ၄၀ ထို​အ​သေ​ကောင်​၏​အ​သား​ကို​စား​သူ​သည် မိ​မိ​အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သူ​သည်​ည ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။ ထို အ​သေ​ကောင်​ကို​သယ်​ဆောင်​မိ​သူ​သည် မိ​မိ အ​ဝတ်​ကို​ဖွပ်​လျှော်​ရ​မည်။ သို့​သော်​သူ​သည် ည​ဦး​တိုင်​အောင်​မ​သန့်​ရှင်း​ဘဲ​ရှိ​လိမ့်​မည်။
И който яде от мършата му трябва да изпере дрехите си, и ще бъде нечист до вечерта; и който понесе мършата му нека изпере дрехите си, и ще бъде нечист до вечерта.
41 ၄၁ မြေ​ကြီး​ပေါ်​တွင်​တွား​သွား​တတ်​သော သို့ မ​ဟုတ်​ခြေ​လေး​ချောင်း​ရှိ​သော သို့​မ​ဟုတ် ခြေ​လေး​ချောင်း​ထက်​များ​သော​ခြေ​ရှိ​သော သတ္တ​ဝါ​ငယ်​များ​ကို​သင်​တို့​မ​စား​ရ။-
Всяка гадина, която пълзи по земята, е отвратителна; да ги не ядете.
42 ၄၂
Всичко, което се влачи по корема си, и всичко, което ходи на четири нозе, или всичко, което има много нозе, сиреч, всички гадини, които пълзят по земята, - тях да не ядете, защото са отвратителни.
43 ၄၃ ထို​သတ္တ​ဝါ​များ​ကို​စား​၍​သင်​တို့​ကိုယ်​ကို မ​ညစ်​ညမ်း​စေ​နှင့်။-
Да се не омърсите с никакви пълзящи гадини, нито да се оскверните с тях, та да бъдете нечисти чрез тях.
44 ၄၄ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည်​လည်း​သန့်​ရှင်း​ကြ​ရ​မည်။-
Защото Аз съм Иеова вашият Бог; осветете се, прочее, и бъдете свети, понеже Аз съм свет; и да се не оскверните с никаква гадина пълзяща по земята.
45 ၄၅ ငါ​သည်​သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​သခင် ဖြစ်​အံ့​သော​ငှာ သင်​တို့​ကို​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​သည်​သန့်​ရှင်း​သော​ကြောင့် သင်​တို့​သည် လည်း​သန့်​ရှင်း​ကြ​ရ​မည်။
Защото Аз съм Господ, който ви изведох из Египетската земя за да ви бъда Бог; бъдете, прочее, свети, защото Аз съм свет.
46 ၄၆ ဤ​ပ​ညတ်​သည်​ကား​တိ​ရစ္ဆာန်​များ​နှင့်​ငှက် များ၊ ရေ​သတ္တ​ဝါ​နှင့်​ကုန်း​သတ္တ​ဝါ​များ​နှင့် ဆိုင်​သော​ပညတ်​ဖြစ်​သ​တည်း။-
Това е законът за животните, за птиците, за всяко одушевено, което се движи във водите, и за всяко одушевено, което пълзи по земята,
47 ၄၇ သင်​တို့​သည်​ဘာ​သာ​ရေး​ထုံး​နည်း​အ​ရ သန့်​ရှင်း​၍ စား​နိုင်​သော​တိ​ရစ္ဆာန်​နှင့်​မ​သန့်​ရှင်း ၍​မ​စား​နိုင်​သော​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​သိ ကြ​ရ​မည်။
за да правите разлика между чистото и нечистото, и между одушевеното, което бива да се яде, и одушевеното, което не бива да се яде.

< ဝတ်ပြုရာ 11 >