< ဝတ်ပြုရာ 10 >
1 ၁ အာရုန်၏သားများဖြစ်ကြသောနာဒပ်နှင့် အဘိဟုတို့သည် မိမိတို့တစ်ဦးစီနှင့်ဆိုင်ရာ မီးကျီးခံလင်ပန်းကိုယူ၍မီးသွေးမီးထည့် ပြီးလျှင် နံ့သာကိုဖြူးလျက်ထာဝရဘုရား အားပူဇော်ကြ၏။ သို့ရာတွင်ယင်းသို့ပူဇော် ရန်ထာဝရဘုရားကသူတို့အားအမိန့် မပေးသောကြောင့် ထိုမီးသည်သန့်ရှင်းသော မီးမဟုတ်၊-
Na ka mau a Natapa raua ko Apihu, nga tama a Arona, ki a raua tahu kakara, a maka ana he ahi ki roto, a whakatakotoria iho e raua he whakakakara ki runga, na whakaherea ana e raua he ahi ke ki te aroaro o Ihowa, he mea kihai i whakahaua e ia ki a raua.
2 ၂ ထို့ကြောင့်ချက်ချင်းပင်ထာဝရဘုရား ထံတော်မှ သူတို့အပေါ်သို့လောင်မီးကျ ၍သူတို့သည်ရှေ့တော်တွင်သေဆုံးကြ၏။-
Na ko te putanga mai o te ahi i te aroaro o Ihowa, a pau ake raua, a mate iho raua i te aroaro o Ihowa.
3 ၃ ထိုအခါမောရှေကအာရုန်အား``ထာဝရ ဘုရားက`ငါ၏အမှုတော်ကိုဆောင်ရွက်သူ အပေါင်းတို့သည် ငါ၏သန့်ရှင်းခြင်းဂုဏ်တော် ကိုရိုသေလေးစားရကြမည်။ ငါ၏လူမျိုး တော်အားငါ့ဘုန်းအသရေကိုပေါ်လွင်ထင် ရှားစေမည်' ဟူ၍မိန့်တော်မူရာဤအမှုကို ရည်ဆောင်၍မိန့်တော်မူခြင်းဖြစ်သည်'' ဟု ဆိုလေ၏။ ထိုအခါအာရုန်သည်တိတ် ဆိတ်စွာနေလေ၏။
Na ka mea a Mohi ki a Arona, Ko te mea tenei i korero ra a Ihowa, i mea ra, Me whakatapu ahau e te hunga katoa e whakatata mai ana ki ahau, me whakakororia ano hoki ahau ki te aroaro o te iwi katoa. A whakarongo puku ana a Arona.
4 ၄ မောရှေသည်အာရုန်၏ဦးရီးတော်သြဇေလ ၏သားများဖြစ်ကြသော မိရှေလနှင့်ဧလဇာ ဖန်တို့ကိုခေါ်၍``သင်တို့ညီအစ်ကိုများ၏ အလောင်းများကိုသန့်ရှင်းရာတဲတော်မှ စခန်းအပြင်သို့ထုတ်ဆောင်သွားကြ'' ဟု စေခိုင်းလေသည်။-
Na ka karanga a Mohi ki a Mihaera raua ko Eritapana, nga tama a Utiere matua keke o Arona, ka mea ki a raua, Haere mai, maua atu o korua tuakana i mua i te wahi tapu, ki waho o te puni.
5 ၅ ထိုအခါသူတို့သည်မောရှေမိန့်မှာသည့်အတိုင်း အလောင်းများကိုလက်ဖြင့်မထိကိုင်မိစေရန် အဝတ်အင်္ကျီများမှဆွဲ၍စခန်းအပြင်သို့ ထုတ်ဆောင်သွားကြလေသည်။
Na ka haere raua, ka mau i a raua i roto i o raua koti ki waho o te puni; i pera ano raua me ta Mohi i ki ai.
6 ၆ ထိုနောက်မောရှေကအာရုန်နှင့်သူ၏သား များဖြစ်ကြသော ဧလာဇာနှင့်ဣသမာတို့ အား``သင်တို့သည်သေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲခြင်းကိုပြရန် ဆံပင်ကို မဖြီးဘဲမနေကြနှင့်။ အဝတ်အင်္ကျီများ ကိုလည်းမဆုတ်ဖြဲကြနှင့်။ ထိုသို့ပြုလျှင် သင်တို့၏အသက်ဆုံးရလိမ့်မည်။ ထာဝရ ဘုရားသည်လည်း ဣသရေလအမျိုးသား အပေါင်းတို့အားအမျက်တော်ထွက်လိမ့်မည်။ သို့သော်သင်တို့၏သွေးချင်းဖြစ်သော ဣသရေလအမျိုးသားအပေါင်းတို့မူ ကား ထာဝရဘုရားထံတော်မှလောင်မီး ကျ၍ သေဆုံးသူတို့အတွက်ဝမ်းနည်း ကြေကွဲကြောင်းပြနိုင်သည်။-
Na ka mea a Mohi ki a Arona, ratou ko ana tama ko Ereatara, ko Itamara, Kaua nga makawe o o koutou matenga e waiho kia mahora noa, kaua ano hoki e haea o koutou kakahu; kei mate koutou, kei riria hoki te iwi katoa: engari kia tangihia e o koutou teina, e te whare katoa o Iharaira, te tahunga i tahuna nei e Ihowa.
7 ၇ သင်တို့ကားထာဝရဘုရား၏သိက္ခာတင် ဆီလောင်း၍ ဆက်ကပ်ထားသူများဖြစ်သော ကြောင့် သင်တို့သည်တဲတော်တံခါးမှထွက် ခွာမသွားရ။ ထွက်ခွာသွားလျှင်သင်တို့သေ ရမည်'' ဟုဆိုလေ၏။ သူတို့သည်မောရှေ မှာကြားသည့်အတိုင်းလိုက်နာကြလေသည်။
Kaua hoki koutou e puta i te whatitoka o te tapenakara o te whakaminenga, kei mate koutou: kei runga hoki i a koutou te hinu whakawahi a Ihowa. Na ka meatia e ratou ta Mohi i korero ai.
8 ၈ ထာဝရဘုရားကအာရုန်အား၊-
Na ka korero a Ihowa ki a Arona, ka mea,
9 ၉ ``သင်နှင့်သင်၏သားတို့သည်စပျစ်ရည် သို့ မဟုတ်သေရည်သေရက်ကိုသောက်၍တဲတော် ထဲသို့မဝင်ရ။ ထိုသို့ပြုလျှင်သင်တို့သေရ မည်။ ဤပညတ်ကိုသင်တို့၏အဆက်အနွယ် အားလုံးစောင့်ထိန်းရကြမည်။-
Kaua e inumia he waina, tetahi wai whakahaurangi ranei, e koutou tahi ko au tama, ina haere ki te tapenakara o te whakaminenga, kei mate koutou: hei tikanga pumau tenei ki o koutou whakatupuranga:
10 ၁၀ သင်တို့သည်ဘုရားသခင်နှင့်ဆိုင်သောအရာ၊ မဆိုင်သောအရာ၊ ဘာသာရေးထုံးနည်းအရ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ တို့ကိုခွဲခြားတတ်ရမည်။-
Kia taea ai hoki te wehe, te tapu me te noa, te poke me to pokekore;
11 ၁၁ မောရှေအားဖြင့်ငါပေးသောပညတ်ရှိသမျှ တို့ကို သင်တို့သည်ဣသရေလအမျိုးသား တို့အားသွန်သင်ရမည်'' ဟုမိန့်တော်မူ၏။
Kia taea ai hoki te whakaako i nga tama a Iharaira ki nga tikanga katoa i korerotia e Ihowa ki a ratou, ara e Mohi.
12 ၁၂ မောရှေသည်အာရုန်နှင့်အသက်ရှင်လျက် ကျန်သောသားဧလာဇာနှင့်ဣသမာတို့ အား``ထာဝရဘုရားအားပူဇော်သော ဘောဇဉ်ပူဇော်သကာမှ ကြွင်းကျန်သော မုန့်ညက်ဖြင့်တဆေးမဲ့မုန့်ပြုလုပ်၍ ယဇ် ပလ္လင်နားတွင်စားကြလော့။ အဘယ်ကြောင့် ဆိုသော်ဤပူဇော်သကာသည်အလွန် သန့်ရှင်း၏။-
I korero ano a Mohi ki a Arona, ki ana tama ano i ora, ki a Ereatara, ki a Itamara, Tikina te whakahere totokore e toe ana o nga whakahere ahi a Ihowa, ka kai rewenakore ai ki te taha o te aata: he tino tapu hoki:
13 ၁၃ ထိုမုန့်ကိုသန့်ရှင်းရာဌာနတွင်စားရမည်။ ထိုမုန့်သည်ထာဝရဘုရားအားပူဇော် သောပူဇော်သကာထဲမှ သင်နှင့်သင်၏သား တို့ရသောဝေစုဖြစ်သည်။ ဤပညတ်သည် ထာဝရဘုရားကငါ့အားဆင့်ဆိုသော ပညတ်ဖြစ်သည်။-
A me kai ki te wahi tapu, ko taua wahi hoki o nga whakahere ahi a Ihowa mau, ma au tama hoki: ko te mea tena i whakahaua ki ahau.
14 ၁၄ သင်နှင့်သင်တို့၏မိသားစုများသည်ယဇ် ပုရောဟိတ်များအတွက် ထာဝရဘုရား အားအထူးဆက်သသောရင်ဒူးသားနှင့် ပေါင်တို့ကို ဘာသာရေးထုံးနည်းအရသန့် ရှင်းသောအရပ်တွင်စားရမည်။ ဤဝေစု များသည်ဣသရေလအမျိုးသားတို့၏ မိတ်သဟာယပူဇော်သကာများထဲမှ သင်နှင့်သင်၏သားသမီးများအတွက် ဝေစုများဖြစ်သည်။-
Ko te uma poipoi me te huha hapahapai me kai ki te wahi pokekore, e koe, e koutou tahi ko au tama, ko au tamahine: i whakaritea hoki ena hei wahi mau, hei wahi hoki ma au tama, he mea homai no roto i nga patunga mo te pai a nga tama a Iharaira.
15 ၁၅ သူတို့သည်ထာဝရဘုရားအား ပူဇော် သကာအဖြစ်ယဇ်ကောင်အဆီကိုပူဇော် သောအခါ ရင်ဒူးနှင့်ပေါင်တို့ကိုယူဆောင် ခဲ့ရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့် အတိုင်း ဤယဇ်ကောင်ပိုင်းများသည် သင်နှင့် သင်၏သားစဉ်မြေးဆက်အတွက်ဝေစု ဖြစ်ရမည်'' ဟုဆိုလေသည်။
Me kawe tahi mai e ratou te huha hapahapai, te uma poipoi, me te ngako mo nga whakahere ahi, a ka poipoia hei whakahere poipoi ki te aroaro o Ihowa; a ka waiho ma koutou tahi ko au tama; hei tikanga pumau tenei; ko ta Ihowa hoki i whakahau ai.
16 ၁၆ ထို့နောက်မောရှေသည် အပြစ်ဖြေရာယဇ်ဖြစ် သောဆိတ်အကြောင်းကိုစုံစမ်းမေးမြန်းသော အခါ ထိုယဇ်ကိုမီးရှို့ပူဇော်ပြီးကြောင်းသိ ရ၏။ ထို့ကြောင့်သူသည်ဧလာဇာနှင့်ဣသမာ တို့အားအမျက်ထွက်၍၊-
Na ka ata rapu a Mohi i te koati o te whakahere hara, na kua tahuna: na ka riri ia ki a Ereatara raua ko Itamara, ki nga tama a Arona i ora, ka mea,
17 ၁၇ ``သင်တို့သည်အဘယ်ကြောင့်ထိုယဇ်ကောင်၏ အသားကို သန့်ရှင်းရာဌာနတွင်မစားကြ သနည်း။ အပြစ်ဖြေရာယဇ်သည်အထူးပူ ဇော်သောပူဇော်သကာဖြစ်၍ ထာဝရဘုရား သည်ဣသရေလအမျိုးသားတို့၏အပြစ် ကိုဖြေရန်အတွက် သင်တို့အားထိုယဇ် ကောင်အသားကိုပေးတော်မူပြီ။-
He aha te kainga ai e koutou te whakahere hara ki te wahi tapu, he tino tapu nei hoki, a kua homai ano ma koutou, ma koutou hoki e waha te kino o te whakaminenga, e whakamarie hoki mo ratou ki te aroaro o Ihowa?
18 ၁၈ ယဇ်ကောင်၏သွေးကိုတဲတော်ထဲသို့မယူခဲ့ ပါတကား။ သင်တို့သည်ငါမိန့်မှာသည့်အတိုင်း ထိုယဇ်ကောင်၏အသားကိုတဲတော်တွင်စား ရမည်'' ဟုဆိုလေ၏။
Titiro hoki, kahore ano ona toto i kawea ki roto ki te wahi tapu: ko te tikanga kia kainga tena e koutou ki te wahi tapu, ko taku hoki i whakahau ai.
19 ၁၉ ထိုအခါအာရုန်ကမောရှေအား``အကယ်၍ အကျွန်ုပ်သည်အပြစ်ဖြေရာယဇ်ကောင်၏ အသားကို ယနေ့စားခဲ့သော်ထာဝရဘုရား နှစ်သက်တော်မူပါမည်လော။ ဣသရေလ အမျိုးသားတို့သည် ယနေ့ထာဝရဘုရား အားအပြစ်ဖြေရာယဇ်နှင့် မီးရှို့ရာယဇ်တို့ ကိုပူဇော်ကြပါပြီ။ သို့ဖြစ်ပါလျက်နှင့် အကျွန်ုပ်၌ ဤအဖြစ်ဆိုးနှင့်တွေ့ကြုံရ ပါသည်တကား'' ဟုဖြေကြားလေ၏။-
Na ka mea atu a Arona ki a Mohi, Nana, nonaianei i whakaherea ai e ratou ta ratou whakahere hara, me ta ratou tahunga tinana, ki te aroaro o Ihowa; a kua pa mai enei mea ki ahau: a me i kainga te whakahere hara e ahau inaianei, tera ranei e mana kohia mai e Ihowa?
20 ၂၀ မောရှေသည်အာရုန်၏အဖြေကိုကြားရ လျှင်ကျေနပ်လေ၏။
A ka rongo a Mohi, na ka whakaae.