< ဝတ်ပြုရာ 1 >
1 ၁ ထာဝရဘုရားသည် စံတော်မူရာတဲတော် ထဲမှမောရှေကိုဆင့်ခေါ်၍ ဣသရေလအမျိုး သားတို့ယဇ်ပူဇော်ရာတွင်လိုက်နာရန် အောက် ဖော်ပြပါပြဋ္ဌာန်းချက်များကိုချမှတ်ပေး တော်မူသည်။ တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်ကိုယဇ် ပူဇော်သည့်အခါ မိမိနွားအုပ်ထဲမှဖြစ်စေ၊ သိုးအုပ်သို့မဟုတ်ဆိတ်အုပ်ထဲမှဖြစ်စေ တိရစ္ဆာန်တစ်ကောင်ကိုပူဇော်ရမည်။-
여호와께서 회막에서 모세를 부르시고 그에게 일러 가라사대
이스라엘 자손에게 고하여 이르라 너희 중에 누구든지 여호와께 예물을 드리려거든 생축 중에서 소나 양으로 예물을 드릴지니라!
3 ၃ နွားကိုမီးရှို့ရာယဇ်အဖြစ်ပူဇော်မည်ဆိုလျှင် ထိုနွား၌အပြစ်အနာမရှိစေရ။ ထာဝရ ဘုရားသည်ထိုသူကိုနှစ်သက်လက်ခံရန်သူ သည်နွားကို ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
그 예물이 소의 번제이면 흠 없는 수컷으로 회막 문에서 여호와 앞에 열납하시도록 드릴지니라!
4 ၄ သူသည်နွား၏ဦးခေါင်းပေါ်တွင် မိမိလက်ကို တင်သဖြင့် နွားကိုသူ၏အပြစ်ဖြေရာယဇ် အဖြစ်ထာဝရဘုရားလက်ခံတော်မူမည်။-
그가 번제물의 머리에 안수할지니 그리하면 열납되어 그를 위하여 속죄가 될 것이라
5 ၅ သူသည်ထိုနေရာတွင်နွားကိုသတ်၍ အာရုန် ၏သားများဖြစ်ကြသောယဇ်ပုရောဟိတ်တို့ ကသွေးကို ထာဝရဘုရားအားဆက်သပြီး လျှင် တဲတော်တံခါးဝတွင်ရှိသောယဇ်ပလ္လင် ဘေးလေးဘက်စလုံးပေါ်သို့ပက်ဖျန်းရ ကြမည်။-
그는 여호와 앞에서 그 수송아지를 잡을 것이요, 아론의 자손 제사장들은 그 피를 가져다가 회막 문 앞 단 사면에 뿌릴 것이며
6 ၆ ထိုနောက်သူသည်နွားကိုအရေဆုတ်၍ ခုတ် ဖြတ်ရမည်။-
그는 또 그 번제 희생의 가죽을 벗기고 각을 뜰 것이요,
7 ၇ ယဇ်ပုရောဟိတ်တို့ကယဇ်ပလ္လင်ပေါ်တွင် ထင်းကိုစီခင်း၍ မီးညှိရမည်။-
제사장 아론의 자손들은 단 위에 불을 두고 불 위에 나무를 벌여 놓고
8 ၈ ထို့နောက်အသားတစ်၊ ဦးခေါင်းနှင့်အဆီကို ထင်းပေါ်တွင်စီတင်ရမည်။-
아론의 자손 제사장들은 그 뜬 각과 머리와 기름을 단 윗불 위에 있는 나무에 벌여 놓을 것이며
9 ၉ ဝမ်းတွင်းသားနှင့်နောက်ခြေများကိုရေဆေး ရမည်။ ထို့နောက်တာဝန်ကျယဇ်ပုရောဟိတ် သည် တိရစ္ဆာန်တစ်ကောင်လုံးကိုပလ္လင်ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ၏ရနံ့ ကို ထာဝရဘုရားနှစ်သက်တော်မူ၏။
그 내장과 정갱이를 물로 씻을 것이요, 제사장은 그 전부를 단 위에 불살라 번제를 삼을지니 이는 화제라 여호와께 향기로운 냄새니라.
10 ၁၀ ထိုသူသည်သိုးသို့မဟုတ်ဆိတ်ကိုယဇ်ပူ ဇော်လိုလျှင် ထိုယဇ်ကောင်သည်အပြစ်အနာ ကင်းသည့်သိုးထီးဆိတ်ထီးဖြစ်ရမည်။-
만일 그 예물이 떼의 양이나 염소의 번제이면 흠없는 수컷으로 드릴지니
11 ၁၁ သူသည်ယဇ်ကောင်ကိုယဇ်ပလ္လင်၏မြောက်ဘက် တွင်သတ်ရမည်။ ယဇ်ပုရောဟိတ်များသည်ယဇ် ကောင်၏သွေးကို ပလ္လင်ဘေးလေးဘက်စလုံး ပေါ်သို့ပက်ဖျန်းရမည်။-
그가 단 북편에서 여호와 앞에서 잡을 것이요, 아론의 자손 제사장들은 그 피를 단 사면에 뿌릴 것이며
12 ၁၂ သူသည်ယဇ်ကောင်ကိုခုတ်ဖြတ်ပြီးနောက် တာဝန် ကျယဇ်ပုရောဟိတ်သည်အသားတစ်၊ ဦးခေါင်း နှင့်အဆီကိုထင်းမီးပေါ်တွင်တင်ရမည်။-
그는 그것의 각을 뜨고 그 머리와 그 기름을 베어 낼 것이요, 제사장은 그것을 다 단 윗불 위에 있는 나무에 벌여 놓을 것이며
13 ၁၃ သူသည်ဝမ်းတွင်းသားနှင့်နောက်ခြေများကို ရေဆေးရမည်။ ယဇ်ပုရောဟိတ်သည်တစ်ကောင် လုံးကိုပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤ ပူဇော်သကာ၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။
그 내장과 정갱이를 물로 씻을 것이요, 제사장은 그 전부를 가져다가 단 위에 불살라 번제를 삼을지니 이는 화제라 여호와께 향기로운 냄새니라.
14 ၁၄ တစ်စုံတစ်ယောက်သည်ငှက်ကိုယဇ်ပူဇော် လိုလျှင် ငှက်သည်ချိုးငှက်သို့မဟုတ်ခိုဖြစ် ရမည်။-
만일 여호와께 드리는 예물이 새의 번제이면 산비둘기나 집비둘기 새끼로 예물을 삼을 것이요,
15 ၁၅ ယဇ်ပုရောဟိတ်သည်ငှက်ကိုပလ္လင်သို့ယူဆောင် ခဲ့၍ လည်ပင်းကိုလိမ်ချိုးပြီးလျှင် ငှက်ဦးခေါင်း ကိုပလ္လင်တွင်မီးရှို့ရမည်။ ငှက်သွေးကိုပလ္လင် ဘေးပေါ်သို့ညှစ်ချရမည်။-
제사장은 그것을 단으로 가져다가 그 머리를 비틀어 끊고 단 위에 불사르고 피는 단 곁에 흘릴 것이며
16 ၁၆ ထို့နောက်စလုတ်ရှိအစာနှင့်တကွစလုတ် ကိုထုတ်၍ ပလ္လင်အရှေ့ဘက်ရှိပြာပုံထဲသို့ ပစ်လိုက်ရမည်။-
멱통과 그 더러운 것은 제하여 단 동편 재 버리는 곳에 던지고
17 ၁၇ သူသည်အတောင်ပံများကိုကိုင်၍ငှက်ကိုယ် ကိုဆွဲဖွင့်ရမည်။ သို့ရာတွင်အတောင်များမ ကျွတ်ထွက်စေရ။ ထို့နောက်တစ်ကောင်လုံးကို ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤပူဇော် သကာ၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
또 그 날개 자리에서 그 몸을 찢되 아주 찢지 말고 제사장이 그것을 단 윗불 위의 나무 위에 살라 번제를 삼을지니 이는 화제라 여호와께 향기로운 냄새니라