< မြည်တမ်းစကား 1 >

1 အ​ခါ​တစ်​ပါး​က​လူ​စည်​ကား​ခဲ့​သည့် ယေ​ရု​ရှ​လင်​မြို့​သည်​အ​ထီး​ကျန်​ဖြစ်​လျက် နေ​၏။ အ​ခါ​တစ်​ပါး​က​ကမ္ဘာ​၏​ဂုဏ်​ပြု​ချီး​မြှင့်​ခြင်း​ကို ခံ​ခဲ့​ရ​ဖူး​သော်​လည်း ယ​ခု​အ​ခါ​သူ​သည်​မု​ဆိုး​မ​နှင့်​တူ​တော့​၏။ မြို့​တ​ကာ​တွင်​ဂုဏ်​ကြက်​သ​ရေ​အ​ရှိ​ဆုံး​မြို့​သည် ကျွန်​ဘ​ဝ​သို့​သက်​ဆင်း​ရ​လေ​ပြီ။
Come mai siede solitaria la città già così popolata? Come mai è diventata simile a una vedova, quella ch’era grande fra le nazioni; ed è stata ridotta tributaria colei ch’era principessa fra le province?
2 သူ​သည်​တစ်​ညဥ့်​လုံး​ငို​ကြွေး​လျက်​နေ​၏။ မျက်​ရည်​များ​သည်​သူ​၏​ပါး​ပြင်​ပေါ်​သို့ စီး​ဆင်း​လာ​၏။ သူ​၏​ယ​ခင်​က​မိတ်​ဆွေ​အ​ပေါင်း​တို့​တွင်​သူ့​အား နှစ်​သိမ့်​မှု​ပေး​မည့်​သူ​တစ်​စုံ​တစ်​ယောက်​မျှ မ​ရှိ​တော့​ပေ။ သူ​၏​မ​ဟာ​မိတ်​တို့​သည်​သူ့​အား​သစ္စာ​ဖောက် ကြ​လေ​ပြီ။ ယ​ခု​အ​ခါ​သူ​တို့​က​ပင်​သူ့​ကို​ရန်​ဘက်​ပြု​၍ နေ​ကြ​၏။
Ella piange, piange, durante la notte, le lacrime le copron le guance; fra tutti i suoi amanti non ha chi la consoli; tutti i suoi amici l’hanno tradita, le son diventati nemici.
3 ယု​ဒ​ပြည်​သား​တို့​သည်​ပြည်​နှင်​ဒဏ်​သင့်​လျက် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကာ​ကျွန်​ခံ​နေ​ရ​ကြ​၏။ သူ​တို့​သည်​အိမ်​ပိုင်​ယာ​ပိုင်​မ​ရှိ​ဘဲ​တိုင်း​တစ် ပါး​တွင် နေ​ထိုင်​ရ​ကြ​လေ​သည်။ ရန်​သူ​များ​ဝိုင်း​လျက်​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ​ကြ။
Giuda è andato in esilio, a motivo dell’afflizione e del duro servaggio; abita in mezzo alle nazioni, non trova riposo; tutti i suoi persecutori l’han raggiunto quand’era fra le gole strette.
4 နေ့​ကြီး​ရက်​ကြီး​များ​တွင်​ကိုး​ကွယ်​ဝတ်​ပြု​ရန် ဗိ​မာန်​တော်​သို့​လာ​မည့်​သူ​မ​ရှိ။ ဗိ​မာန်​တော်​တွင်​သီ​ချင်း​ဆို​သူ အ​မျိုး​သ​မီး​ပျို​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ရှိ​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ညည်း​တွား​မှု​မှ တစ်​ပါး အ​ဘယ်​သို့​မျှ​မ​ပြု​နိုင်။ မြို့​တံ​ခါး​များ​သည်​လူ​ဆိတ်​ညံ​လျက်​နေ​၏။ ဇိ​အုန်​မြို့​သည်​ဝေ​ဒ​နာ​ခံ​စား​နေ​ရ​သည်။
Le vie di Sion fanno cordoglio, perché nessuno vien più alle solenni assemblee; tutte le sue porte sono deserte; i suoi sacerdoti sospirano, le sue vergini sono addolorate, ed ella stessa è piena d’amarezza.
5 သူ​၏​ရန်​သူ​များ​သည်​သူ့​ကို​အ​နိုင်​ရ​ကာ​မိ​မိ​တို့ အာ​ဏာ​စက်​အောက်​တွင်​ထား​ရှိ​ကြ​၏။ သူ​သည်​မြောက်​များ​စွာ​သော​အ​ပြစ်​တို့​ကို ကူး​ခဲ့​သည်​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​ဆင်း​ရဲ​ဒုက္ခ ရောက်​စေ​တော်​မူ​၏။ သူ​၏​သား​သ​မီး​များ​သည်​သုံ့​ပန်း​များ ဖြစ်​ရ​ကြ​လေ​ပြီ။
I suoi avversari han preso il sopravvento, i suoi nemici prosperano; poiché l’Eterno l’ha afflitta per la moltitudine delle sue trasgressioni; i suoi bambini sono andati in cattività, davanti all’avversario.
6 ယေ​ရု​ရှ​လင်​မြို့​၏​ကြီး​ကျယ်​ခမ်း​နား​မှု​သည် ရှေး​အ​တိတ်​ကာ​လ​၏​ဖြစ်​ရပ်​တစ်​ခု​သာ​လျှင် ဖြစ်​လေ​တော့​၏။ သူ​၏​ခေါင်း​ဆောင်​များ​သည်​မု​ဆိုး​တို့​၏​ဘေး​မှ ထွက်​ပြေး​ကြ​သည့်​သ​မင်​များ​နှင့်​တူ​၏။ သူ​တို့​သည်​အား​အင်​ကုန်​ခန်း​လု​မ​တတ်​ဖြစ်​ကာ နား​နေ​စား​သောက်​မှု​ပြု​ရန်​စား​ကျက်​ကို​မ​ရှာ​နိုင်။
E dalla figliuola di Sion se n’è andato tutto il suo splendore; i suoi capi sono diventati come cervi che non trovan pastura e se ne vanno spossati dinanzi a colui che l’insegue.
7 အ​ထီး​ကျန်​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သော ယေ​ရု​ရှ​လင်​မြို့​သည်​ရှေး​ခေတ်​ဟောင်း​က​မိ​မိ ကြီး​ကျယ်​ခမ်း​နား​မှု​ကို​ပြန်​လည်​သ​တိ​ရ​မိ​၏။ ရန်​သူ့​လက်​သို့​ရောက်​ချိန်​၌​သူ့​အား​ကယ်​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။ သူ့​အား​နှိမ်​နင်း​အောင်​မြင်​သူ​တို့​သည် သူ​၏​ပြို​လဲ​မှု​ကို​ပြက်​ရယ်​ပြု​ကြ​၏။
Nei giorni della sua afflizione, della sua vita errante, Gerusalemme si ricorda di tutti i beni preziosi che possedeva fino dai giorni antichi; ora che il suo popolo è caduto in man dell’avversario, e nessuno la soccorre, i suoi avversari la guardano, e ridono del suo misero stato.
8 သူ​၏​ဂုဏ်​အ​သ​ရေ​ကင်း​မဲ့​ရ​လေ​ပြီ။ အ​ဝတ်​အ​ချည်း​စည်း​နှင့်​စက်​ဆုတ်​ရွံ​ရှာ​ဖွယ် ဖြစ်​၍​နေ​၏။ သူ​သည်​ညည်း​တွား​ကာ​ရှက်​သ​ဖြင့်​မျက်​နှာ​ကို အုပ်​၍​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​သည်​ဆိုး​ရွား​သည့်​အ​ပြစ် ဒု​စ​ရိုက်​အား​ဖြင့်​မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​၏။
Gerusalemme ha gravemente peccato; perciò è divenuta come una cosa impura; tutti quelli che l’onoravano la sprezzano, perché han visto la sua nudità; ella stessa sospira, e volta la faccia.
9 သူ​၏​ညစ်​ညမ်း​မှု​ကို​အ​လွယ်​တ​ကူ တွေ့​မြင်​နိုင်​သော်​လည်း သူ​သည်​မိ​မိ​ကြုံ​တွေ့​ရ​မည့်​ကံ​ကြမ္မာ​ကို အ​မှု​ထား​ပုံ​မ​ပေါ်။ သူ​၏​ပြို​လဲ​မှု​မှာ​ကြောက်​မက်​ဖွယ်​ကောင်း လှ​၏။ သူ့​အား​အ​ဘယ်​သူ​မျှ​လည်း​နှစ်​သိမ့်​မှု မ​ပေး​နိုင်​ကြ။ ရန်​သူ​များ​အ​နိုင်​ရ​၍​သွား​သ​ဖြင့်​သူ​သည် မိ​မိ​အား က​ရု​ဏာ​ထား​တော်​မူ​ပါ​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​ဆု​တောင်း​ပတ္ထနာ​ပြု​လေ​သည်။
La sua lordura era nelle pieghe della sua veste; ella non pensava alla sua fine; perciò è caduta in modo sorprendente, non ha chi la consoli. “O Eterno, vedi la mia afflizione, poiché il nemico trionfa!”
10 ၁၀ ရန်​သူ​များ​သည်​သူ​၏​ဥစ္စာ​ဘဏ္ဍာ​ရှိ​သ​မျှ​ကို တိုက်​ခိုက်​လု​ယူ​ကြ​၏။ သူ​သည်​လူ​မျိုး​ခြား​တို့​အား​ထာ​ဝ​ရ​ဘု​ရား ပိတ်​ပင်​တား​မြစ်​ထား​ရာ​ဖြစ်​သည့် ဗိ​မာန်​တော်​သို့​ပင်​လျှင် ထို​သူ​တို့​ဝင်​ရောက်​ကြ​သည်​ကို​တွေ့​မြင်​ရ​၏။
L’avversario ha steso la mano su quanto ella avea di più caro; poich’ella ha visto i pagani entrare nel suo santuario; que’ pagani, riguardo ai quali tu avevi comandato che non entrassero nella tua raunanza.
11 ၁၁ သူ​၏​မြို့​သူ​မြို့​သား​တို့​သည်​အ​စား​အ​စာ ရှာ​ဖွေ​လျက် နေ​စဉ်​ညည်း​တွား​ကြ​၏။ သူ​တို့​သည်​အ​သက်​ဆက်​လက်​ရှင်​နိုင်​ရေး​အ​တွက် မိ​မိ​တို့​ဥစ္စာ​ဘဏ္ဍာ​များ​ကို​အ​စား​အ​စာ​နှင့် လဲ​လှယ်​ရ​ကြ​၏။ ထို​မြို့​က``အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​ကို ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​စိတ်​ဆင်း​ရဲ​ခြင်း​ခံ​နေ​ရ​သည်​ကို ကြည့်​ရှု​တော်​မူ​ပါ'' ဟု​အော်​ဟစ်​တောင်း​ပန်​၏။
Tutto il suo popolo sospira, cerca del pane; dà le cose sue più preziose in cambio di cibo, per rianimar la sua vita. “Guarda, o Eterno, vedi in che stato abietto io son ridotta!
12 ၁၂ သူ​သည်​အ​နီး​အ​နား​မှ​ဖြတ်​သန်း​သွား​လာ​သူ အ​ပေါင်း​တို့​အား​အော်​ပြော​သည်​မှာ ``ငါ့​ကို​ကြည့်​ကြ​ပါ။ ငါ​ခံ​ရ​သော​ဝေ​ဒ​နာ မျိုး​ကို အ​ဘယ်​သူ​မျှ​မ​ခံ​ရ​ဘူး​ပါ။ ဤ​ကဲ့​သို့​သော​ဝေ​ဒ​နာ​မျိုး​ရှိ​ဖူး​ပါ​သ​လော။ ထို​ဝေ​ဒ​နာ​သည်​ထာ​ဝ​ရ​ဘု​ရား အ​မျက်​တော်​ထွက်​၍​ငါ့​အား​ခံ​စား​စေ​သည့် ဝေ​ဒ​နာ​ဖြစ်​ပါ​၏။''
Nulla di simile v’avvenga, o voi che passate di qui! Mirate, guardate, se v’è dolore pari al dolore da cui sono oppressa, e col quale l’Eterno m’ha afflitta nel giorno dell’ardente sua ira.
13 ၁၃ ``ကိုယ်​တော်​သည်​အ​ထက်​မှ​မီး​ကို စေ​လွှတ်​တော်​မူ​သ​ဖြင့်​ထို​မီး​သည်​ငါ​၏​ကိုယ်​ခန္ဓာ အ​တွင်း​၌​တောက်​လောင်​လျက်​ရှိ​ပါ​၏။ ကိုယ်​တော်​သည်​ငါ့​အား​ထောင်​ချောက်​ထောင်​၍ ဖမ်း​ပြီး​လျှင်​မြေ​ပေါ်​သို့​လှဲ​ချ​တော်​မူ​ပါ​၏။ ထို​နောက်​စွန့်​ပစ်​တော်​မူ​ကာ​တစ်​နေ့​လုံး ဝေ​ဒ​နာ​ခံ​၍​နေ​စေ​တော်​မူ​ပါ​၏။''
Dall’alto egli ha mandato un fuoco nelle mie ossa, che se n’è impadronito; egli ha teso una rete ai miei piedi, m’ha rovesciata a terra; m’ha gettata nella desolazione, in un languore di tutti i giorni.
14 ၁၄ ``ကိုယ်​တော်​သည်​ငါ​၏​အ​ပြစ်​မှန်​သ​မျှ​ကို မှတ်​သား​ထား​တော်​မူ​ပါ​၏။ ယင်း​တို့​ကို​စု​စည်း​ပြီး​လျှင်​ငါ​၏​လည်​တွင် ဆွဲ​ထား​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​အ​ပြစ်​ဝန်​ထုပ်​လေး​လံ​မှု​ဖြင့် အား​အင်​ချည့်​နဲ့​ရ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ရန်​သူ​များ လက်​သို့​အပ်​တော်​မူ​ပါ​၏။ ငါ့​မှာ​လည်း​သူ​တို့​အား​ခု​ခံ​နိုင်​စွမ်း​မ​ရှိ​ပါ။''
Dalla sua mano è legato il giogo delle mie trasgressioni, che s’intrecciano, gravano sul mio collo; egli ha fiaccato la mia forza; il Signore m’ha dato in mani, alle quali non posso resistere.
15 ၁၅ ``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​ဘက်​မှ စွမ်း​ရည်​အကြီး​ဆုံး​စစ်​သည်​တော်​တို့​ကို ပျက်​ရယ်​ပြု​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ငါ​၏​လူ​ငယ်​လူ​ရွယ်​များ​ကို သုတ်​သင်​ချေ​မှုန်း​ရန်​တပ်​မ​တော်​ကို​စေ​လွှတ် တော်​မူ​ပါ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​၏​လူ​တို့​အား စ​ပျစ်​သီး​နယ်​ရာ​ကျင်း​မှ​စ​ပျစ်​သီး​များ ကဲ့​သို့ ကြေ​မွ​စေ​တော်​မူ​ပါ​၏။''
Il Signore ha atterrati entro il mio recinto tutti i miei prodi; ha convocato contro di me una gran raunanza, per schiacciare i miei giovani; il Signore ha calcato, come in un tino, la vergine figliuola di Giuda.
16 ၁၆ ``ထို့​ကြောင့်​ငါ​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် ယို​စီး​၍​နေ​ပေ​သည်။ ငါ့​အား​အ​ဘယ်​သူ​မျှ​နှစ်​သိမ့်​မှု​ကို​မ​ပေး​နိုင်။ အ​ဘယ်​သူ​မျှ​စိတ်​အား​တက်​ကြွ​လာ​အောင် မ​ပြု​နိုင်။ ရန်​သူ​များ​သည်​ငါ​တို့​ကို​အ​နိုင်​ရ​ကြ​လေ​ပြီ။ ငါ​၏​လူ​တို့​တွင်​လည်း​အ​ဘယ်​ဥစ္စာ​ပစ္စည်း​မျှ မ​ကျန်​မ​ရှိ​တော့​ပါ။''
Per questo, io piango; i miei occhi, i miei occhi si struggono in lacrime, perché lungi da me è il consolatore, che potrebbe rianimarmi la vita. I miei figliuoli son desolati, perché il nemico ha trionfato”.
17 ၁၇ ``ငါ​သည်​မိ​မိ​လက်​များ​ကို​ကမ်း​လှမ်း​ပါ သော်​လည်း ငါ့​အား​ကူ​ညီ​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​တိုက်​ခိုက်​ရန် အ​ရပ်​တ​ကာ​မှ​ရန်​သူ​များ​ကို ဆင့်​ခေါ်​တော်​မူ​လေ​ပြီ။ သူ​တို့​သည်​ငါ့​ကို​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် အ​ရာ​ဟု မှတ်​ယူ​ကြ​ပါ​၏။''
Sion stende le mani… non v’è alcuno che la consoli; l’Eterno ha comandato ai nemici di Giacobbe di circondarlo da tutte le parti. Gerusalemme è, in mezzo a loro, come una cosa impura.
18 ၁၈ ``သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည် တ​ရား​မျှ​တ​တော်​မူ​ပါ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​ကို​လွန်​ဆန်​ခဲ့​သော​ကြောင့်​တည်း။ အ​ရပ်​တ​ကာ​ရှိ​လူ​တို့​ငါ​ပြော​ဆို​သည်​ကို နား​ထောင်​ကြ​လော့။ ငါ​၏​ဝေ​ဒ​နာ​ကို​ကြည့်​ရှု​ကြ​လော့။ ငါ​၏​သား​ပျို​သ​မီး​ပျို​တို့​သည်​သုံ့​ပန်း အ​ဖြစ် ခေါ်​ဆောင်​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။''
“L’Eterno è giusto, poiché io mi son ribellata alla sua parola. Deh, ascoltate, o popoli tutti, e vedete il mio dolore! Le mie vergini ed i miei giovani sono andati in cattività.
19 ၁၉ ``ငါ​သည်​မိ​မိ​မ​ဟာ​မိတ်​များ​ထံ​တွင်​အ​ကူ​အ​ညီ တောင်း​ခံ​ပါ​သော်​လည်း​သူ​တို့​က​ငြင်း​ဆန်​ခဲ့​ကြ​၏။ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​ခေါင်း​ဆောင်​များ​သည် အ​သက်​ဆက်​လက်​ရှင်​သန်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​ရှာ​ဖွေ​လျက်​နေ​စဉ်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ရ​ကြ​ပါ​၏။''
Io ho chiamato i miei amanti, ma essi m’hanno ingannata; i miei sacerdoti e i miei anziani hanno esalato l’anima nella città, mentre cercavan del cibo per rianimarsi la vita.
20 ၂၀ ``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​ပူ​ပင်​သော​က​ဖြစ်​လျက် ရှိ​သည်​ကို​လည်းကောင်း၊ ကျွန်​တော်​မျိုး​၏​စိတ်​ဝိ​ညာဉ်​သည်​ပြင်း​စွာ ဒုက္ခ​ရောက်​လျက်​နေ​သည်​ကို​လည်း​ကောင်း ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​မိ​မိ​အ​ပြစ်​များ​ကြောင့် စိတ်​နှ​လုံး​ကြေ​ကွဲ​လျက်​နေ​ပါ​၏။ လမ်း​ပေါ်​တွင်​လူ​သတ်​မှု​ကို​တွေ့​ရ​ပါ​၏။ အိမ်​တွင်း​၌​ပင်​သေ​မင်း​ကို​တွေ့​ရှိ​ရ​ပါ​၏။''
O Eterno, guarda, ch’io sono in angoscia! Le mie viscere si commuovono, il cuore mi si sconvolge in seno, perché la mia ribellione è stata grave. Fuori, la spada mi orba de’ miei figliuoli; dentro, sta la morte.
21 ၂၁ ``ကျွန်​တော်​မျိုး​၏​ညည်း​တွား​သံ​များ​ကို နား​ထောင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​နှစ်​သိမ့်​မှု​ပေး​မည့်​သူ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ​ပါ။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​ကြုံ​တွေ့​စေ​တော်​မူ​သ​ဖြင့် ရန်​သူ​တို့​ဝမ်း​မြောက်​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​က​တိ​ထား​တော်​မူ​သည့်​နေ့​ရက် ကာ​လ​ကို​ကျ​ရောက်​စေ​တော်​မူ​ပါ။ ရန်​သူ​များ​အား​ကျွန်​တော်​မျိုး​နည်း​တူ ဒုက္ခ​တွေ့​စေ​တော်​မူ​ပါ။''
M’odon sospirare… non v’è chi mi consoli. Tutti i miei nemici hanno udita la mia sciagura, e si rallegrano che tu l’abbia cagionata; tu farai venire il giorno che hai annunziato, e allora saranno come me.
22 ၂၂ ``သူ​တို့​အား​မိ​မိ​တို့​ယုတ်​မာ​မှု​အ​ပေါင်း​အ​တွက် အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​မိ​မိ​၏​အ​ပြစ်​များ​အ​တွက် ဆုံး​မ​တော်​မူ​သ​ကဲ့​သို့​သူ​တို့​ကို​လည်း ဆုံး​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​စိတ်​ဆင်း​ရဲ​၍​ညည်း​တွား​ပါ​၏။ ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​သည်​လည်း ညှိုး​ငယ်​လျက်​ရှိ​ပါ​၏'' ဟူ​၍​တည်း။
Venga dinanzi a te tutta la loro malvagità, e trattali come hai trattato me a motivo di tutte le mie trasgressioni! Poiché i miei sospiri son numerosi, e il mio cuore è languente”.

< မြည်တမ်းစကား 1 >