< မြည်တမ်းစကား 5 >
1 ၁ အို ထာဝရဘုရားအဘယ်သို့သော အဖြစ်အပျက်များနှင့် ကျွန်တော်မျိုးတို့ကြုံတွေ့ရကြသည်ကို အောက်မေ့သတိရတော်မူပါ။ ကျွန်တော်မျိုးတို့အားကြည့်တော်မူပါ၏။ ကျွန်တော်မျိုးတို့အသရေပျက်မှုကို ရှုမြင်တော်မူပါ။
Rántí, Olúwa, ohun tí ó ṣẹlẹ̀ sí wa; wò ó, kí o sì rí ìtìjú wa.
2 ၂ ကျွန်တော်မျိုးတို့၏ပစ္စည်းဥစ္စာများသည် သူစိမ်းတစ်ရံဆံတို့၏လက်သို့ရောက်ရှိနေပါပြီ။ လူမျိုးခြားများသည်ကျွန်တော်မျိုးတို့၏အိမ်များတွင် နေထိုင်လျက်ရှိကြပါ၏။
Àwọn ohun ìní wa ti di ti àlejò, ilé wa ti di ti àjèjì.
3 ၃ ကျွန်တော်မျိုးတို့၏ဖခင်များသည်ရန်သူ၏ သတ်ဖြတ်မှုကိုခံရကြလျက် မိခင်များမှာမုဆိုးမများ ဖြစ်ရကြပါ၏။
Àwa ti di aláìní òbí àti aláìní baba, àwọn ìyá wa ti di opó.
4 ၄ ကျွန်တော်မျိုးတို့သည်မိမိတို့၏သောက်ရေအတွက် အဖိုးငွေပေးရကြပါ၏။ ထင်းကိုလည်းဝယ်ယူရကြပါ၏။
A gbọdọ̀ ra omi tí à ń mu; igi wa di títà fún wa.
5 ၅ ကျွန်တော်မျိုးတို့သည်မြည်းများ၊ ကုလားအုတ် များကဲ့သို့ နောက်မှအပြင်းမောင်းနှင်ခြင်းခံနေရကြပါ၏။ မောပန်းပါသော်လည်းနားနေခွင့်မရကြပါ။
Àwọn tí ó ń lé wa súnmọ́ wa; àárẹ̀ mú wa àwa kò sì rí ìsinmi.
6 ၆ ကျွန်တော်မျိုးတို့သည်မိမိတို့အသက်ရှင်ရေးအတွက် အစားအစာအလုံအလောက်ရရှိနိုင်ရန် အာရှုရိပြည်နှင့်အီဂျစ်ပြည်သို့သွား၍ တောင်းရမ်းရကြပါ၏။
Àwa jọ̀wọ́ ara wa fún Ejibiti àti Asiria láti rí oúnjẹ tó tó jẹ.
7 ၇ ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်အပြစ် ကူးပြီးနောက်သေလွန်သွားကြသဖြင့် ကျွန်တော်မျိုးတို့သည်သူတို့၏အပြစ်ဝန်ကို ထမ်းရကြပါ၏။
Àwọn baba wa ti ṣẹ̀, wọn kò sì ṣí mọ́, àwa sì ń ru ìjìyà ẹ̀ṣẹ̀ wọn.
8 ၈ ကျွန်များနှင့်မခြားနားသူတို့၏အုပ်စိုး ခြင်းကို ကျွန်တော်မျိုးတို့ခံကြရသော်လည်း အဘယ်သူမျှကျွန်တော်မျိုးတို့အားထိုသူတို့၏ လက်မှမကယ်နိုင်ပါ။
Àwọn ẹrú ń jẹ ọba lórí wa, kò sì ṣí ẹni tí yóò gbà wá lọ́wọ́ wọn.
9 ၉ ကျေးလက်များတွင်လူသတ်သမားတို့ လှည့်လည်သွားလာလျက်နေသဖြင့် ကျွန်တော်မျိုးတို့သည်အသက်စွန့်၍ အစားအစာရှာဖွေရကြပါ၏။
Àwa ń rí oúnjẹ wa nínú ewu ẹ̀mí wa nítorí idà tí ó wà ní aginjù.
10 ၁၀ ဆာလောင်မွတ်သိပ်မှုကြောင့်အဖျားတက်သဖြင့် ကျွန်တော်မျိုးတို့၏အသားအရေသည် မုန့်ဖိုတမျှပူလောင်ပါ၏။
Ẹran-ara wa gbóná bí ààrò, ebi sì yó wa bí àárẹ̀.
11 ၁၁ ကျွန်တော်မျိုးတို့၏ဇနီးများသည် ဇိအုန်တောင်ပေါ်၌ပင်လျှင် မုဒိမ်းအကျင့်ခံရကြပါ၏။ ကျွန်တော်မျိုးတို့၏သမီးပျိုများသည် ယုဒကျေးရွာမှန်သမျှ၌ အနိုင်အထက်မတော်မတရားပြုကျင့်မှုကို ခံရကြပါ၏။
Wọ́n ti fipá bá àwọn obìnrin wa lòpọ̀ ní Sioni, àti àwọn wúńdíá ti o wa ní ìlú Juda.
12 ၁၂ ရန်သူများသည်ကျွန်တော်မျိုးတို့၏ ခေါင်းဆောင်များအား ဖမ်းဆီး၍စက်တိုင်တင်ကြပါ၏။ သူတို့သည်အသက်ကြီးသူများကိုလည်း ရိုသေလေးစားမှုမပြုကြပါ။
Àwọn ọmọ ọbakùnrin ti di síso sókè ní ọwọ́ wọn; kò sí ìbọ̀wọ̀ fún àgbàgbà mọ́.
13 ၁၃ လူငယ်လူရွယ်များသည်ကျေးကျွန်သဖွယ် စပါးကြိတ်ရကြပါ၏။ လူငယ်တို့သည်လည်းလေးလံသော ထင်းစည်းများကိုယိမ်းယိုင်ကာသယ်ပို့ရ ကြပါ၏။
Àwọn ọ̀dọ́mọkùnrin wa ru òkúta; àwọn ọmọkùnrin sì ń ṣàárẹ̀ lábẹ́ ẹrù igi.
14 ၁၄ အသက်ကြီးသူတို့သည်မြို့တံခါးအနီးတွင် မထိုင်ကြတော့ပါ။ လူငယ်လူရွယ်များသည်လည်းသီဆိုတီးမှုတ် မှုကို မပြုကြတော့ပါ။
Àwọn àgbàgbà ti lọ kúrò ní ẹnu-bodè ìlú; àwọn ọ̀dọ́mọkùnrin sì dákẹ́ orin wọn.
15 ၁၅ ဝမ်းမြောက်ရွှင်လန်းမှုသည်ကျွန်တော်မျိုးတို့ ၏ဘဝမှ ကွယ်ပျောက်သွားပါပြီ။ ကခုန်မှုများသည်ဝမ်းနည်းကြေကွဲမှုများသို့ ပြောင်းလဲသွားပါပြီ။
Ayọ̀ ti ṣáko ní ọkàn wa; ọ̀fọ̀ sì ti dúró bí ijó fún wa.
16 ၁၆ ကျွန်တော်မျိုးတို့တွင်ဂုဏ်ယူဝါကြွားစရာ တစ်ခုမျှမကျန်ရှိတော့ပါ။ ကျွန်တော်မျိုးတို့သည်အပြစ်ကူးကြသဖြင့် အမင်္ဂလာရှိကြပါ၏။
Adé ti ṣí kúrò ní orí wa ègbé ni fún wa, nítorí a ti ṣẹ̀.
17 ၁၇ ကျွန်တော်မျိုးတို့သည်စိတ်ပျက်၍ မျက်ရည်များဝိုင်းလျက်နေသဖြင့် ကျွန်တော်မျိုးတို့၏မျက်စိများသည် ကြည့်၍မမြင်နိုင်တော့ပါ။
Nítorí èyí, àárẹ̀ mú ọkàn wa, nítorí èyí, ojú wa sì ṣú.
18 ၁၈ ဇိအုန်တောင်တော်သည်လူသူဆိတ်ညံသဖြင့် ခွေးအတို့ကျက်စားရာဖြစ်၍နေပါသည်။
Fún òkè Sioni tí ó ti di ahoro lórí rẹ̀ àwọn kọ̀lọ̀kọ̀lọ̀ sì ń rìn kiri.
19 ၁၉ သို့ရာတွင် အို ထာဝရဘုရားကိုယ်တော်ရှင်သည် ထာဝစဉ်ဘုရင်ဖြစ်တော်မူပါ၏။ ရာဇပလ္လင်တော်သည်နိစ္စထာဝရတည် ပါလိမ့်မည်။
Ìwọ, Olúwa, jẹ ọba títí láé; ìjọba rẹ dúró láti ìran kan dé ìran mìíràn.
20 ၂၀ ကိုယ်တော်ရှင်သည်အဘယ်ကြောင့် ကျွန်တော်မျိုးတို့အားအစဉ်အမြဲမေ့လျော့၍ နေတော်မူပါသနည်း။ အဘယ်ကြောင့်ဤမျှကြာစွာကျွန်တော်မျိုးတို့ကို စွန့်ပစ်၍ထားတော်မူပါသနည်း။
Kí ló dé tí o ń gbàgbé wa ní gbogbo ìgbà? Kí ló dé tí o fi kọ̀ wá sílẹ̀ fún ọjọ́ pípẹ́?
21 ၂၁ အို ထာဝရဘုရားအထံတော်သို့ ပြန်လာခွင့်ပြုတော်မူပါ။ ကျွန်တော်မျိုးတို့အားပြန်လာစေတော်မူပါ။ ရှေးကာလမှာကဲ့သို့ကျွန်တော်မျိုးတို့အား ဘုန်းကြီးစေတော်မူပါ။
Mú wa padà sí ọ̀dọ̀ rẹ, Olúwa, kí àwa kí ó le padà; mú ọjọ́ wa di tuntun bí ìgbàanì,
22 ၂၂ သို့တည်းမဟုတ်ကိုယ်တော်သည်ကျွန်တော်မျိုး တို့အား ထာဝစဉ်စွန့်ပစ်ထားတော်မူပြီလော။ ကိုယ်တော်ရှင်၏အမျက်တော်ငြိမ်းမည့် ကာလမရှိတော့ပါတကား။ ပရောဖက်ယေရမိမြည်တမ်းသော စကားပြီး၏။
àyàfi tí o bá ti kọ̀ wá sílẹ̀ pátápátá tí ìbínú rẹ sí wa sì kọjá ìwọ̀n.