< မြည်တမ်းစကား 4 >

1 ပြောင်​လက်​သည့်​ရွှေ​တို့​သည်​မှေး​မှိန်​၍ သွား​လေ​ပြီ။ ဗိ​မာန်​တော်​ကျောက်​တို့​သည်​လည်း လမ်း​များ​ပေါ်​တွင်​ပြန့်​ကျဲ​လျက်​နေ​၏။
ああ黄金は光をうしなひ純金は色を變じ 聖所の石はもろもろの街衢の口に投すてられたり
2 ဇိ​အုန်​မြို့​သား​လူ​ငယ်​လူ​ရွယ်​တို့​သည်​ငါ​တို့ အ​ဖို့ ရွှေ​ကဲ့​သို့​အ​ဖိုး​ထိုက်​ခဲ့​သော်​လည်း ယ​ခု​အ​ခါ​၌​မူ​မြေ​အိုး​များ​ကဲ့​သို့ မှတ်​ယူ​ခြင်း​ကို​ခံ​ရ​ကြ​လေ​ပြီ။
ああ精金にも比ぶべきシオンの愛子等は陶噐師の手の作なる土の器のごとくに見做る
3 ဝံ​ပု​လွေ​မ​ပင်​လျှင်​မိ​မိ​သား​ငယ်​ကို​နို့​တိုက် ပြု​စု​တတ်​သော်​လည်း ငါ​၏​အ​မျိုး​သား​များ​မူ​ကား ငှက်​ကု​လား​အုတ်​များ​သ​ဖွယ်​မိ​မိ​တို့ သား​ငယ်​များ အ​ပေါ်​တွင်​ရက်​စက်​ကြ​ပေ​သည်။
山犬さへも乳房をたれてその子に乳を哺す 然るにわが民の女は殘忍荒野の鴕鳥のごとくなれり
4 သူ​တို့​သည်​မိ​မိ​တို့​၏​နို့​စို့​က​လေး​များ​အား အ​စာ​ငတ်​ရေ​ငတ်​ထား​၍​သေ​စေ​ကြ​၏။ က​လေး​သူ​ငယ်​တို့​သည်​အ​စား​အ​စာ တောင်း​ခံ​လျက်​နေ​သော်​လည်း သူ​တို့​အား​အ​ဘယ်​သူ​မျှ​မ​ပေး​ကြ။
乳哺兒の舌は渇きて上顎にひたと貼き 幼兒はパンをもとむるも擘てあたふる者なし
5 အ​မွန်​မြတ်​ဆုံး​စား​ဖွယ်​သောက်​ဖွယ်​များ​ကို စား​သောက်​လေ့​ရှိ​သူ​တို့​သည်​လမ်း​များ​ပေါ် တွင် အ​စာ​ငတ်​၍​သေ​ကြ​ကုန်​၏။ ဇိမ်​ခံ​၍​ကြီး​ပြင်း​လာ​ကြ​သူ​တို့​သည်​လည်း အ​မှိုက်​ပုံ​ကို​လက်​နှင့်​ယက်​၍​အ​စာ​ရှာ​ရ ကြ​၏။
肥甘物をくらひ居りし者はおちぶれて街衢にあり 紅の衣服にて育てられし者も今は塵堆を抱く
6 ငါ​၏​လူ​မျိုး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လက် တော်​ဖြင့် ရုတ်​တ​ရက်​ပြို​လဲ​ပျက်​စီး​ရ​သည့် သော​ဒုံ​မြို့​ထက်​အ​ပြစ်​ဒဏ်​ပို​၍​ခံ​ရ ပါ​၏။
今我民の女のうくる愆の罰はソドムの罪の罰よりもおほいなり ソドムは古昔人に手を加へらるることなくして瞬く間にほろぼされしなり
7 ငါ​တို့​၏​မင်း​ညီ​မင်း​သား​များ​သည်​ညစ်​ညမ်း မှု​မ​ရှိ။ မိုး​ပွင့်​ကဲ့​သို့​ဖြူ​စင်​သန့်​ရှင်း​ကြ​၏။ သူ​တို့​သည်​အ​သား​အ​ရည်​စို​ပြေ ကျန်း​မာ​လျက် ခွန်​အား​တောင့်​တင်း​သန်​မာ​ကြ​ကုန်​သည်။
わが民の中なる貴き人は從前には雪よりも咬潔に乳よりも白く 珊瑚よりも躰紅色にしてその形貌のうるはしきこと藍玉のごとくなりしが
8 ယ​ခု​အ​ခါ​သူ​တို့​၏​အ​ရုပ်​အ​ဆင်း​သည် မည်း​နက်​လျက် မျိုး​မည်​မ​ပေါ်​ဘဲ​လမ်း​များ​ပေါ်​တွင်​လဲ​၍ သေ​နေ​ရ​ကြ​၏။ သူ​တို့​အ​သား​အ​ရည်​မှာ​သစ်​သား​သ​ဖွယ် ခြောက်​ကပ်​လျက်​အ​ရိုး​များ​ပေါ်​တွင်​တွန့်​လိမ်​၍ နေ​လေ​ပြီ။
いまはその面くろきが上に黒く 街衢にあるとも人にしられず その皮は骨にひたと貼き 乾きて枯木のごとくなれり
9 စစ်​ပွဲ​တွင်​ကျ​ဆုံး​သေ​ကြေ​ရ​သူ​တို့​သည် အ​စာ​ရေ​စာ​ပြတ်​၍ ဆက်​လက်​အ​သက်​မ​ရှင်​နိုင်​တော့​ဘဲ တ​ဖြည်း​ဖြည်း​ငတ်​မွတ်​သေ​ဆုံး​သူ​များ​ထက် သာ​၍​ကောင်း​သေး​သည်။
劍にて死る者は饑て死る者よりもさいはひなり そは斯る者は田圃の産物の罄るによりて漸々におとろへゆき刺れし者のごとくに成ばなり
10 ၁၀ ငါ​၏​အ​မျိုး​သား​တို့​ကြုံ​တွေ့​ရ​သည့် ဘေး​အန္တ​ရာယ်​ဆိုး​သည် ကြောက်​မက်​ဖွယ်​ကောင်း​လှ​၏။ ချစ်​ခင်​ကြင်​နာ​တတ်​သော​မိ​ခင်​များ​ပင်​လျှင် မိ​မိ​တို့​သား​သ​မီး​များ​ကို​ပြုတ်​၍​စား​ကြ​၏။
わが民の女のほろぶる時には情愛ふかき婦人等さへも手づから己の子等を煮て食となせり
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​ထန်​သော အ​မျက်​တော်​အ​ရှိန်​ကို​အ​စွမ်း​ကုန် လွှတ်​တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​ဇိ​အုန်​မြို့​တွင်​မီး​မွှေး​၍​ထို မြို့​ကို ပြာ​ကျ​စေ​တော်​မူ​ပါ​၏။
ヱホバその憤恨をことごとく洩し 烈しき怒をそそぎ給ひ シオンに火をもやしてその基礎までも焼しめ給へり
12 ၁၂ အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည်​လည်း​ကောင်း လူ​မျိုး​ခြား​တို့​၏​ဘု​ရင်​များ​သည်​လည်း​ကောင်း အ​ဘယ်​ရန်​သူ​မျှ​ယေ​ရု​ရှ​လင် မြို့​တံ​ခါး​များ​ကို​ချင်း​နင်း​ဝင်​ရောက်​နိုင်​လိမ့် မည်​ဟု မ​ယုံ​ကြ။
地の諸王も世のもろもろの民もすべてヱルサレムの門に仇や敵の打いらんとは信ぜざりき
13 ၁၃ သို့​ရာ​တွင်​ယင်း​သို့​ချင်း​နင်း​ဝင်​ရောက်​မှု​ကား ဖြစ်​ပွား​ခဲ့​ပြီ။ ထို​မြို့​၏​ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ် များ​သည် အ​ပြစ်​ကူး​ကြ​သ​ဖြင့်​အ​ပြစ်​မဲ့​သူ​တို့​သည် သေ​ရ​ကြ​လေ​ပြီ။
斯なりしはその預言者の罪によりその祭司の愆によれり かれらは即はち正しき者の血をその邑の中にながしたりき
14 ၁၄ မြို့​၏​ခေါင်း​ဆောင်​တို့​သည်​အ​ဘယ်​သူ​မျှ မ​တို့​မ​ထိ​ချင်​အောင်​သွေး​များ​ပေ​ကျံ​လျက် လမ်း​များ​တွင်​မျက်​မ​မြင်​များ​ကဲ့​သို့ လှည့်​လည်​သွား​လာ​နေ​ကြ​၏။
今かれらは盲人のごとく街衢にさまよひ 身は血にて汚れをれば人その衣服にふるるあたはず
15 ၁၅ လူ​တို့​က``ထွက်​သွား​ကြ​လော့၊သင်​တို့​သည် ညစ်​ညမ်း​လျက်​ရှိ​၏။ ငါ​တို့​ကို​မ​တို့​မ​ထိ​ကြ​နှင့်'' ဟု​အော်​ဟစ် ပြော​ဆို​ကြ​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​အား​လက်​ခံ မည့်​သူ မ​ရှိ​ဘဲ တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ​သို့​လှည့်​လည် သွား​လာ​ရ​ကြ​လေ​သည်။
人かれらに向ひて呼はり言ふ 去れよ穢らはし 去れ去れ觸るなかれと 彼らはしり去りて流離ば異邦人の中間にても人々また言ふ 彼らは此に寓るべからずと
16 ၁၆ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား ဂ​ရု​စိုက်​တော်​မ​မူ​တော့​သ​ဖြင့်​ကိုယ်​တော်​တိုင် ကွဲ​လွင့်​စေ​တော်​မူ​ပါ​၏။ ငါ​တို့​၏​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ခေါင်း​ဆောင်​များ​ကို​လည်း​ပ​မာ​ဏ​ပြု​တော် မ​မူ​ပါ။ မျက်​နှာ​သာ​မ​ပေး​ကြ​တော့​ချေ။
ヱホバ怒れる面をもてこれを散し給へり 再びこれを顧みたまはじ 人々祭司の面をも尊ばず長老をもあはれまざりき
17 ၁၇ ငါ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ပေါ်​လာ​သည့် အ​ကူ​အ​ညီ​ကို​စောင့်​မျှော်​နေ​ခဲ့​ကြ​၏။ ငါ​တို့​သည်​အ​ဘယ်​သို့​မျှ​အ​ကူ​အ​ညီ​မ​ပေး နိုင်​သည့် နိုင်​ငံ​မှ​အ​ကူ​အ​ညီ​ကို ဆက်​လက်​စောင့်​မျှော်​ခဲ့​ကြ​၏။
われらは頼まれぬ救援を望みて目つかれおとろふ 我らは俟ゐたりしが救拯をなすこと能はざる國人を待をりぬ
18 ၁၈ ရန်​သူ​များ​သည်​ငါ​တို့​အား​စောင့်​၍ ကြည့်​နေ​ကြ​သ​ဖြင့်​ငါ​တို့​သည် လမ်း​များ​ပေါ်​၌​ပင်​လျှင်​မ​သွား​မ​လာ​ရဲ ကြ​ပါ။ ငါ​တို့​၏​နေ့​ရက်​ကာ​လ​ကုန်​ဆုံး​ခဲ့​ပြီ။ နောက်​ဆုံး​အ​ချိန်​ရောက်​ခဲ့​ပြီ။
敵われらの脚をうかがへば我らはおのれの街衢をも歩くことあたはず 我らの終ちかづけり 我らの日つきたり 即ち我らの終きたりぬ
19 ၁၉ သူ​တို့​သည်​မိုး​ကောင်း​ကင်​မှ​ထိုး​ဆင်း​လာ​သည့် လင်း​ယုန်​ငှက်​များ​ကဲ့​သို့​ငါ​တို့​ကို​လိုက်​လံ ဖမ်း​ဆီး​ကြ​ပါ​၏။ တောင်​ကုန်း​များ​တွင်​ငါ​တို့​ကို​လိုက်​၍​ရှာ​ဖွေ ကြ​ပါ​၏။ သဲ​ကန္တာ​ရ​တွင်​အ​မှတ်​မ​ထင်​ဖမ်း​ဆီး​ကြ​ပါ​၏။
我らを追ふものは天空ゆく鷲よりも迅し 山にて我らを追ひ 野に伏てわれらを伺ふ
20 ၂၀ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​သည့်​ဘု​ရင် ငါ​တို့​၏​အ​သက်​သ​ခင်​ရန်​သူ​အ​ပေါင်း​တို့​၏​ဘေး​မှ ကွယ်​ကာ​စောင့်​ရှောက်​ရန်​ငါ​တို့​ယုံ​ကြည်​ကိုး​စား​သည့် အ​ရှင်​ကို​ဖမ်း​ဆီး​ကြ​ပါ​၏။
かの我らが鼻の氣息たる者ヱホバに膏そそがれたるものは陷阱にて執へられにき 是はわれらが異邦にありてもこの蔭に住んとおもひたりし者なり
21 ၂၁ ဧ​ဒုံ​ပြည်​နှင့်​ဥ​ဇ​ပြည်​သား​တို့​ရယ်​မော​၍ နေ​ကြ​လော့။ သင်​တို့​ဝမ်း​မြောက်​နိုင်​သည့်​ကာ​လ​ဝမ်း​မြောက်​လျက် နေ​ကြ​လော့။ သင်​တို့​ကြုံ​တွေ့​ရ​မည့်​ဘေး​အန္တရာယ်​သည်​လည်း သက်​ရောက်​လာ​လိမ့်​မည်။ သင်​သည်​လည်း​အ​ဝတ်​မဲ့​လျက်​ဒ​ယိမ်း​ဒ​ယိုင်​နှင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။
ウズの地に住むエドムの女よ悦び樂しめ 汝にもまたつひに杯めぐりゆかん なんぢも醉て裸になるべし
22 ၂၂ ဇိ​အုန်​မြို့​သည်​မိ​မိ​၏​အ​ပြစ်​ကြွေး​ကို​ပေး​ဆပ်​မှု ပြီး​ဆုံး​ပြီ။ ကိုယ်​တော်​ရှင်​သည်​ငါ​တို့​အား​တစ်​ကျွန်း​တစ်​နိုင်​ငံ​တွင် ဆက်​လက်​ထား​ရှိ​တော့​မည်​မ​ဟုတ်။ သို့​ရာ​တွင် အို ဧ​ဒုံ​ပြည်၊ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။ သင်​၏​အ​ပြစ်​ကို​ဖော်​ပြ​တော်​မူ​လိမ့်​မည်။
シオンの女よ なんぢが愆の罰はをはれり 重ねてなんぢを擄へゆきたまはじ エドムの女よ なんぢの愆を罰したまはん 汝の罪を露はしたまはん

< မြည်တမ်းစကား 4 >