< မြည်တမ်းစကား 3 >

1 ငါ​သည်​ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ်​ခတ်​ခြင်း ဆို​သည်​မှာ ဘယ်​သို့​ဖြစ်​သည်​ကို​သိ​ရ​သော​သူ​ဖြစ်​ပါ​၏။
Je suis l'homme qui ai vu l'affliction sous la verge de sa fureur.
2 ကိုယ်​တော်​သည်​ငါ့​ကို​ပို​၍​ပို​၍​မှောင်​မိုက်​သော နေ​ရာ​ထဲ​သို့​ရောက်​ရှိ​စေ​တော်​မူ​လျက်၊
Il m'a conduit et fait marcher dans les ténèbres, et non dans la lumière.
3 သ​နား​က​ရု​ဏာ​ကင်း​မဲ့​စွာ​အ​ကြိမ်​ကြိမ် အ​ဖန်​ဖန်​ရိုက်​နှက်​တော်​မူ​ပါ​၏။
Contre moi seul il tourne et retourne sa main tout le jour.
4 ကိုယ်​တော်​သည်​ငါ​၏​အ​သား​ကို​ကွဲ​ပြဲ​စေ​ကာ အ​ရိုး​တို့​ကို​ချိုး​၍​ထား​တော်​မူ​ပါ​၏။
Il a fait vieillir ma chair et ma peau; il a brisé mes os.
5 ငါ့​အား​စိတ်​ဆင်း​ရဲ​မှု​ပူ​ဆွေး​ဒုက္ခ​ရောက်​မှု​တို့​ဖြင့် ချုပ်​နှောင်​ထား​တော်​မူ​ပါ​၏။
Il a bâti contre moi, et m'a environné d'amertume et de peine.
6 ကိုယ်​တော်​သည်​ငါ့​ကို​ကြာ​ရှည်​စွာ​ဒု​က္ခ မှောင်​မိုက်​တွင်​နေ​စေ​တော်​မူ​ပါ​၏။
Il m'a fait habiter dans des lieux ténébreux, comme ceux qui sont morts dès longtemps.
7 ငါ့​ကို​သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ထား​တော်​မူ ပါ​၏။ ငါ​သည်​အ​ကျဉ်း​သား​ဖြစ်​၍ ငါ​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ။
Il a élevé autour de moi un mur, afin que je ne sorte point; il a appesanti mes fers.
8 ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​အော်​ပါ​သော်​လည်း ဘု​ရား​သ​ခင်​သည်​နား​ထောင်​တော်​မ​မူ။
Même quand je crie et que j'appelle du secours, il repousse ma prière.
9 ငါ​သည်​လမ်း​လျှောက်​သော​အ​ခါ ယိမ်း​ယိုင်​လျက်​နေ​ပါ​၏။ ငါ​လှည့်​လိုက်​သည့်​အ​ခါ​တိုင်း​၌ ကျောက်​နံ​ရံ​များ​ပိတ်​လျက်​ရှိ​ပါ​၏။
Il a fermé mes chemins avec des pierres de taille; il a ruiné mes sentiers.
10 ၁၀ ကိုယ်​တော်​သည်​ဝက်​ဝံ​သ​ဖွယ်​ငါ့​အား​ချောင်း မြောင်း​ကာ ခြင်္သေ့​ကဲ့​သို့​ခုန်​အုပ်​တော်​မူ​ပါ​၏။
Il a été pour moi un ours en embuscade, un lion dans les lieux cachés.
11 ၁၁ လမ်း​နံ​ဘေး​တွင်​ငါ့​ကို​လိုက်​လံ​ဖမ်း​ဆီး​ပြီး​လျှင် အ​ပိုင်း​ပိုင်း​ဆွဲ​ဖြတ်​ကာ​စွန့်​ပစ်​ထား​တော်​မူ​ပါ​၏။
Il a détourné mes chemins, il m'a déchiré, et il m'a mis dans la désolation.
12 ၁၂ ကိုယ်​တော်​သည်​လေး​တော်​ကို​တင်​၍​ငါ့​အား ပစ်​မှတ်​အ​ဖြစ်​အ​သုံး​ပြု​တော်​မူ​ပါ​၏။
Il a tendu son arc, et m'a placé comme un but pour la flèche.
13 ၁၃ ကိုယ်​တော်​သည်​မြား​တော်​တို့​ကို​ငါ​၏ ကိုယ်​ခ​န္ဓာ​အ​တွင်း​သို့​ပစ်​လွှတ်​တော်​မူ​ပါ​၏။
Il a fait entrer dans mes reins les flèches de son carquois.
14 ၁၄ လူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ငါ့​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။ ငါ​သည်​လူ​များ​အ​တွက်​ရယ်​စ​ရာ​ဖြစ်​၍ နေ​တော့​၏။
Je suis la risée de tout mon peuple, et leur chanson tout le jour.
15 ၁၅ ကိုယ်​တော်​သည်​ငါ့​အား​ပြင်း​ထန်​သော ဝေ​ဒ​နာ​ကို​အ​စာ​ရေ​စာ​အ​ဖြစ်​တိုက်​ကျွေး တော်​မူ​ပါ​၏။
Il m'a rassasié d'amertume; il m'a enivré d'absinthe.
16 ၁၆ ကိုယ်​တော်​သည်​ငါ​၏​မျက်​နှာ​ကို​မြေ​ပြင်​နှင့် ပွတ်​တိုက်​တော်​မူ​၍ ငါ​၏​သွား​တို့​ကို​ကျောက်​ပေါ်​တွင်​ချိုး​တော်​မူ​ပါ​၏။
Il m'a brisé les dents avec du gravier; il m'a couvert de cendre.
17 ၁၇ ငါ​သည်​ကျန်း​မာ​ပျော်​ရွှင်​မှု​နှင့်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​မေ့​ပျောက်​၍​သွား​လေ​ပြီ။
Tu as éloigné la paix de mon âme; j'ai oublié le bonheur.
18 ၁၈ ငါ​သည်​ကြာ​ကြာ​အ​သက်​ရှင်​ရ​တော့​မည် မ​ဟုတ်​ပါ။ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ငါ​မျှော်​လင့်​စ​ရာ​လည်း မ​ရှိ​တော့​ပါ။
Et j'ai dit: Ma force est perdue, et l'espérance que j'avais en l'Éternel!
19 ၁၉ ငါ​ခံ​ရ​သည့်​ဝေ​ဒ​နာ​နှင့်​ငါ​အိုး​မဲ့​အိမ်​မဲ့ ဖြစ်​ရ​မှု​ကို စဉ်း​စား​ဆင်​ခြင်​ရ​သည်​မှာ ဆိုး​ရွား​သည့်​အ​ဆိပ်​ကို​မျို​ရ​သည်​နှင့် တူ​တော့​၏။
Souviens-toi de mon affliction et de ma misère; ce n'est qu'absinthe et que poison.
20 ၂၀ ယင်း​သို့​အ​ခါ​တ​လဲ​လဲ​ဆင်​ခြင်​၍ ငါ​၏​စိတ်​ကို​ညှိုး​ငယ်​စေ​ပါ​၏။
Mon âme s'en souvient sans cesse, et elle est abattue au-dedans de moi.
21 ၂၁ သို့​ရာ​တွင်​မျှော်​လင့်​ချက်​ကို​ပြန်​လည်​ရ​ရှိ​စေ​သည့် အ​ချက်​မှာ​အောက်​ပါ​တို့​ကို​သ​တိ​ရ​ခြင်း​ဖြစ်​သည်။
Voici ce que je veux rappeler à mon cœur, et c'est pourquoi j'aurai de l'espérance:
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​၏​မ​ကုန်​ဆုံး​နိုင်​သော​မေတ္တာ တော်​နှင့် က​ရု​ဏာ​တော်​သည် မိုး​သောက်​ချိန်​ကဲ့​သို့​လန်း​ဆန်း​လျက်၊ နေ​ထွက်​ချိန် ကဲ့​သို့​ဧ​ကန်​မု​ချ​တည်​မြဲ​၍​နေ​တော်​မူ​သေး​သည်။
Ce sont les bontés de l'Éternel, que nous n'ayons pas été consumés; ses compassions n'ont point défailli.
23 ၂၃
Elles se renouvellent chaque matin; ta fidélité est grande!
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အ​ဖို့​ဖြစ်​သ​ဖြင့် ငါ​သည်​ကိုယ်​တော်​ကို​မျှော်​ကိုး​ပါ​၏။
L'Éternel est mon partage, dit mon âme; c'est pourquoi j'espérerai en lui!
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​အား​ယုံ​ကြည်​ကိုး​စား သူ​မှန်​သ​မျှ​ကို​ကျေး​ဇူး​ပြု​တော်​မူ​တတ်​၏။
L'Éternel est bon pour ceux qui s'attendent à lui, pour l'âme qui le recherche.
26 ၂၆ သို့​ဖြစ်​၍​ငါ​တို့​ကို​ကယ်​တော်​မူ​ရန်​ကိုယ်​တော်​အား သည်း​ခံ​စောင့်​မျှော်​နေ​ခြင်း​သည်​ငါ​တို့​အ​ဖို့ အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။
Il est bon d'attendre en repos la délivrance de l'Éternel.
27 ၂၇ ယင်း​သို့​သည်း​ခံ​စောင့်​မျှော်​မှု​ကို အ​သက်​ပျို​ရွယ်​စဉ်​အ​ခါ​က​လေ့​ကျက် ခြင်း​သည် အ​ကောင်း​ဆုံး​ပင်​ဖြစ်​ပါ​၏။
Il est bon à l'homme de porter le joug dès sa jeunesse.
28 ၂၈ ငါ​တို့​ဒုက္ခ​ရောက်​ချိန်​၌​သည်း​ခံ​လျက် တိတ်​ဆိတ်​စွာ​တစ်​ကိုယ်​တည်း​ထိုင်​နေ​ရ​ကြ​မည်။
Il sera assis solitaire et silencieux, parce que Dieu le lui impose.
29 ၂၉ မျှော်​လင့်​ဖွယ်​ရှိ​ကောင်း​ရှိ​ဦး​မည်​ဖြစ်​၍​ငါ​တို့​သည် ဝန်​ခံ​လျက်​မြေ​သို့​ခေါင်း​ငုံ့​သင့်​ကြ​၏။
Il mettra sa bouche dans la poussière, en disant: Peut-être y a-t-il quelque espérance!
30 ၃၀ ရိုက်​နှက်​စော်​ကား​မှု​ကို​ခံ​ရ​သော်​လည်း နား​လည်​လက်​ခံ​သင့်​ကြ​၏။
Il tendra la joue à celui qui le frappe, il sera rassasié d'opprobres.
31 ၃၁ ထာ​ဝ​ရ​ဘု​ရား​သည်​သ​နား​တတ်​သော ကြောင့် ငါ​တို့​အား​ထာ​ဝ​စဉ်​ပင်​ပစ်​ပယ်​တော်​မူ​လိမ့် မည်​မ​ဟုတ်။
Car le Seigneur ne rejette pas à toujours.
32 ၃၂ ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ကို ပေး​သော်​လည်း ငါ​တို့​အ​ပေါ်​၌​ကိုယ်​တော်​ထား​ရှိ​တော်​မူ​သော သ​နား​ညှာ​တာ​မှု​နှင့်​မေတ္တာ​တော်​ကား ကြီး​မား​တော်​မူ​ပါ​ပေ​သည်။
Mais s'il afflige, il a aussi compassion, selon la grandeur de sa miséricorde.
33 ၃၃ ကိုယ်​တော်​သည်​ငါ​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ဝေ​ဒ​နာ​ခံ​စား​စေ​သော်​လည်း​နှစ်​မြို့​တော်​မ​မူ​ပါ။
Car ce n'est pas volontiers qu'il afflige et contriste les fils des hommes.
34 ၃၄ ငါ​တို့​သည်​ထောင်​ထဲ​တွင်​အ​ကျဉ်း​ခံ​ရ​၍ စိတ်​ကျိုး​ပဲ့​ကြေ​မွ​လျက်​ရှိ​သော​အ​ခါ ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။
Quand on foule sous les pieds tous les prisonniers du pays;
35 ၃၅ ကိုယ်​တော်​သည်​မိ​မိ​ပေး​ထား​သည့်​ရ​ပိုင်​ခွင့် များ​ကို ငါ​တို့​ဆုံး​ရှုံး​ရ​ကြ​သော​အ​ခါ​၌​လည်း သိ​တော်​မူ​ပါ​၏။
Quand on pervertit le droit de quelqu'un en la présence du Très-Haut;
36 ၃၆ ရုံး​တော်​တွင်​တ​ရား​စီ​ရင်​မှု​ဖောက်​လွဲ​ဖောက် ပြန် ဖြစ်​သော​အ​ခါ​လည်း ကိုယ်​တော်​သိ​တော်​မူ​ပါ​၏။
Quand on fait tort à quelqu'un dans sa cause, le Seigneur ne le voit-il pas?
37 ၃၇ ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​ရ​သာ​လျှင် အ​ကောင်​အ​ထည်​ဖော်​ရ​ပါ​၏။
Qui est-ce qui dit qu'une chose est arrivée, sans que le Seigneur l'ait commandé?
38 ၃၈ အ​ကောင်း​နှင့်​အ​ဆိုး​သည်​ကိုယ်​တော်​၏ အ​မိန့်​တော်​အ​ရ​ဖြစ်​ပျက်​ရ​ပါ​၏။
Les maux et les biens ne procèdent-ils pas de la volonté du Très-Haut?
39 ၃၉ ငါ​တို့​သည်​မိ​မိ​တို့​အ​ပြစ်​အ​တွက် ဒဏ်​ခတ်​ခြင်း​ခံ​ရ​ကြ​သော​အ​ခါ အ​ဘယ်​ကြောင့်​ညည်း​တွား​ရ​ကြ​ပါ​မည်​နည်း။
Pourquoi l'homme vivant se plaindrait-il? - Que chacun se plaigne de ses péchés!
40 ၄၀ ငါ​တို့​သည်​မိ​မိ​တို့​လမ်း​စဉ်​ကို​စစ်​ဆေး​ကာ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​ကြ ကုန်​အံ့။
Recherchons nos voies, et les sondons, et retournons à l'Éternel.
41 ၄၁ ကောင်း​ကင်​ဘုံ​၌​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင် အား ငါ​တို့​စိတ်​နှ​လုံး​ကို​ဖွင့်​လျက် အောက်​ပါ​ပတ္ထ​နာ​ကို​ပြု​ကြ​ကုန်​အံ့။
Élevons nos cœurs avec nos mains vers Dieu qui est au ciel:
42 ၄၂ ``ကျွန်​တော်​မျိုး​တို့​သည်​အ​ပြစ်​ကူး​ခဲ့​ကြ ပါ​ပြီ။ ပုန်​ကန်​ခဲ့​ကြ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည်​လည်း ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မ​မူ​ခဲ့​ပါ။
Nous avons péché, nous avons été rebelles, et toi, tu n'as point pardonné.
43 ၄၃ ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား လိုက်​လံ​ဖမ်း​ဆီး​၍​ကွပ်​မျက်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ သည် ထူ​ထပ်​သော​အ​မျက်​တော်​တိမ်​တိုက်​ကို တိုး​၍​မ​ပေါက်​နိုင်​ပါ။
Tu t'es enveloppé dans ta colère, et tu nous as poursuivis; tu as tué, tu n'as point épargné.
44 ၄၄
Tu t'es enveloppé d'un nuage, afin que notre requête ne te parvienne point.
45 ၄၅ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကမ္ဘာ့​အ​လယ်​တွင်​အ​ညစ်​အ​ကြေး​အ​မှိုက်​ပုံ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။
Tu as fait de nous, au milieu des peuples, des balayures et un objet de mépris.
46 ၄၆ ``ကျွန်​တော်​မျိုး​တို့​သည်​ရန်​သူ​များ​၏​စော်​ကား ပြောင်​လှောင်​မှု​ကို​ခံ​ရ​ကြ​ပါ​၏။
Tous nos ennemis ouvrent la bouche contre nous.
47 ၄၇ ပျက်​စီး​ယိုး​ယွင်း​မှု​နှင့်​ကြုံ​တွေ့​ခဲ့​ရ​ကြ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​အ​ဆီး​အ​တား​နှင့် ကြောက်​ရွံ့​မှု​တို့​ဖြင့်​အ​သက်​ရှင်​ရ​ပါ​၏။
La frayeur et la fosse ont été pour nous, avec la destruction et la ruine!
48 ၄၈ ကျွန်​တော်​မျိုး​တို့​၏​အ​မျိုး​သား​များ​ဆုံး​ပါး ပျက်​စီး​မှု​ကြောင့် ကျွန်​တော်​မျိုး​၏​မျက်​စိ​များ​မှ​မျက်​ရည်​တို့​သည် မြစ်​များ​သ​ဖွယ်​စီး​ဆင်း​၍​လာ​ပါ​၏။
Mon œil se fond en ruisseaux d'eaux, à cause de la ruine de la fille de mon peuple.
49 ၄၉ ``ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ဘုံ​မှ​ငါ တို့​အား ကြည့်​တော်​မူ​၍​မြင်​တော်​မူ​သည်​တိုင်​အောင် ငါ​၏​မျက်​ရည်​များ​သည်​မ​ရပ်​မ​နား​စီး​လျက် နေ​ပါ​လိမ့်​မည်။
Mon œil pleure et ne cesse point, parce qu'il n'y a point de relâche,
50 ၅၀
Jusqu'à ce que l'Éternel regarde et qu'il voie des cieux!
51 ၅၁ မိ​မိ​၏​မြို့​မှ​အ​မျိုး​သ​မီး​များ​၏​အ​ဖြစ်​ဆိုး ကြောင့် ကျွန်​တော်​မျိုး​၏​စိတ်​နှ​လုံး​ကြေ​ကွဲ​၍​နေ​ပါ​၏။
Mon œil afflige mon âme, à cause de toutes les filles de ma ville.
52 ၅၂ ကျွန်​တော်​မျိုး​ကို​မုန်း​ရန်​အ​ကြောင်း​မ​ရှိ​ပါ ဘဲ​လျက် ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​ငှက်​သ​ဖွယ် ကျော့​ကွင်း​ထောင်​ကြ​ပါ​၏။
Ceux qui sont mes ennemis sans cause, m'ont donné la chasse comme à un oiseau.
53 ၅၃ သူ​တို့​သည်​ကျွန်​တော်​မျိုး​အား​အ​ရှင်​လတ်​လတ် တွင်း​ထဲ​သို့​ပစ်​ချ​ကာ​ကျောက်​တုံး​နှင့် တွင်း​ဝ​ကို​ပိတ်​ကြ​ပါ​၏။
Ils ont voulu anéantir ma vie dans une fosse, ils ont jeté des pierres sur moi.
54 ၅၄ မိ​မိ​၏​အ​ပေါ်​သို့​ရေ​များ​ဖုံး​လွှမ်း​လာ​သ​ဖြင့် ကျွန်​တော်​မျိုး​သည်​သေ​ရ​ပေ​တော့​အံ့​ဟု ထင်​မှတ်​မိ​ပါ​၏။
Les eaux montèrent par-dessus ma tête; je disais: C'en est fait de moi!
55 ၅၅ ``အို ထာ​ဝ​ရ​ဘု​ရား​တွင်း​ထဲ​မှ​နေ​၍ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ဟစ်​ခေါ်​ပါ​၏။
J'ai invoqué ton nom, ô Éternel! du fond de la fosse.
56 ၅၆ ဤ​သို့​ဟစ်​ခေါ်​သံ​ကို​နား​ထောင်​တော်​မူ​ရန် ကျွန်​တော်​မျိုး​ပန်​ကြား​လျှောက်​ထား​သော​အ​ခါ ကိုယ်​တော်​ရှင်​ကြား​တော်​မူ​သည်​ဖြစ်​၍
Tu as entendu ma voix; ne cache point ton oreille à mes soupirs, à mes cris!
57 ၅၇ ကျွန်​တော်​မျိုး​အား`မ​ကြောက်​နှင့်' ဟု​ပြန်​လည် ဖြေ​ကြား​တော်​မူ​ပါ​၏။
Au jour où je t'ai invoqué, tu t'es approché, tu as dit: Ne crains rien!
58 ၅၈ အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​အား​ကူ​မ​ရန်​ကြွ​လာ​တော်​မူ​၍ ကယ်​တင်​တော်​မူ​ပါ​၏။
Seigneur, tu as plaidé la cause de mon âme, tu as racheté ma vie.
59 ၅၉ ကျွန်​တော်​မျိုး​ခံ​ရ​သည့်​မ​တ​ရား​မှု​များ​ကို ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ စီ​ရင်​ပေး​တော်​မူ​ပါ။
Tu as vu, Éternel, le tort qu'on me fait; fais-moi justice!
60 ၆၀ ရန်​သူ​များ​သည်​ကျွန်​တော်​မျိုး​အား​အ​ဘယ်​မျှ မုန်း​ကြ​သည်​ကို​လည်း​ကောင်း၊ ကျွန်​တော်​မျိုး​အား​ဆန့်​ကျင်​၍​အ​ဘယ်​သို့ လျှို့​ဝှက်​ကြံ​စည်​ကြ​သည်​ကို​လည်း​ကောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။
Tu as vu toutes leurs vengeances, tous leurs complots contre moi.
61 ၆၁ ``ကိုယ်​တော်​ရှင်​သည်​ထို​သူ​တို့​ကျွန်​တော်​မျိုး အား စော်​ကား​ကြ​သည်​ကို​ကြား​တော်​မူ​၍ သူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည် မှန်​သ​မျှ​ကို​လည်း​သိ​တော်​မူ​ပါ​၏။
Tu as entendu, ô Éternel! leurs outrages et tous leurs complots contre moi;
62 ၆၂ သူ​တို့​သည်​တစ်​နေ​ကုန်​တစ်​နေ​ခန်း ကျွန်​တော်​မျိုး အ​ကြောင်း​ကို​ပြော​ဆို​လျက် မိ​မိ​တို့​အ​ကြံ​အ​စည်​များ​ကို​ပြု​လုပ်​ကြ​ပါ​၏။
Les discours de ceux qui s'élèvent contre moi, et les desseins qu'ils forment contre moi tout le jour.
63 ၆၃ မိုး​လင်း​မှ​မိုး​ချုပ်​တိုင်​အောင်​ကျွန်​တော်​မျိုး​ကို ပြက်​ရယ်​ပြု​ကြ​ပါ​၏။
Regarde: quand ils s'asseyent ou quand ils se lèvent, je suis le sujet de leur chanson.
64 ၆၄ ``အို ထာ​ဝ​ရ​ဘု​ရား​သူ​တို့​အား​မိ​မိ​တို့ ပြု​ကျင့်​ခဲ့​သည့်​အ​မှု​များ​အ​တွက်​ဒဏ် ခတ်​တော်​မူ​ပါ။
Tu leur rendras leur récompense, ô Éternel! selon l'œuvre de leurs mains.
65 ၆၅ သူ​တို့​အား​ကျိန်​ဆဲ​တော်​မူ​၍​စိတ်​ဋ္ဌာတ် ကျ​ဆင်း​စေ​တော်​မူ​ပါ။
Tu leur donneras l'aveuglement du cœur; ta malédiction sera pour eux.
66 ၆၆ သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​တော်​မူ​၍ က​မ္ဘာ​မြေ​ပေါ်​မှ အ​ကုန်​အ​စင်​သုတ်​သင်​ပယ်​ရှင်း​တော်​မူ​ပါ။''
Tu les poursuivras dans ta colère, tu les extermineras, ô Éternel! de dessous les cieux.

< မြည်တမ်းစကား 3 >