< တရားသူကြီးမှတ်စာ 9 >
1 ၁ ဂိဒေါင်၏သားအဘိမလက်သည်ရှေခင်မြို့ ရှိမိခင်ဘက်မှ ဆွေမျိုးအပေါင်းတို့ထံသို့ သွား၍မြို့သူမြို့သားတို့အား``သင်တို့သည် ဂိဒေါင်၏သားခုနစ်ဆယ်စလုံး၏အုပ်စိုး မှုကိုခံယူလိုကြပါသလော။ သို့တည်း မဟုတ်လူတစ်ဦးတည်း၏အုပ်စိုးမှုကို ခံယူလိုကြပါသလော။ အဘိမလက် သည်သင်တို့၏သွေးရင်းသားရင်းဖြစ် သည်ကိုမမေ့ပါနှင့်'' ဟုပြောကြားစေ၏။-
A-bi-mê-léc, con Giê-ru Ba-anh, về quê mẹ ở Si-chem. Ông bàn với các cậu và gia đình bên ngoại mình:
“Hãy đi hỏi người Si-chem, xem họ muốn cả bảy mươi con trai Giê-ru Ba-anh lãnh đạo, hay chỉ một người làm vua là hơn. Cũng xin nhắc họ rằng tôi cũng là người đồng cốt nhục!”
3 ၃ သူ့မိခင်၏ဆွေမျိုးသားချင်းတို့သည်လည်း ရှေခင်မြို့သားများအား ဤအကြောင်းကိစ္စ ကိုသူ၏ကိုယ်စားတင်ပြကြ၏။ အဘိ မလက်သည်မိမိတို့နှင့်ဆွေမျိုးတော်စပ် သူဖြစ်သဖြင့် ရှေခင်မြို့သားများကသူ ၏နောက်သို့လိုက်ရန်ဆုံးဖြတ်လိုက်ကြ လေသည်။-
Vậy, các cậu của A-bi-mê-léc đi nói với tất cả người dân ở Si-chem, và dĩ nhiên người Si-chem sẵn lòng ủng hộ A-bi-mê-léc, vì coi ông như anh em.
4 ၄ သူတို့သည်မိမိတို့ပဋိညာဉ်ပြုထားသည့် ဗာလဘုရား၏ဝတ်ကျောင်းမှ ငွေအခွက် ခုနစ်ဆယ်ကိုအဘိမလက်အားပေးကြ၏။ ထိုငွေဖြင့်သူသည်အခြေအနေမဲ့သူလူ ခုနစ်ဆယ်အား မိမိနောက်သို့လိုက်ရန်ငှား ရမ်းပြီးလျှင်၊-
Họ lấy bảy mươi miếng bạc trong miếu Ba-anh Bê-rít cho A-bi-mê-léc. Ông dùng tiền đó mướn bọn vô loại, du đãng theo mình.
5 ၅ သြဖရမြို့ရှိဖခင်၏အိမ်သို့သွား၍ဂိဒေါင် ၏သားများဖြစ်ကြသော မိမိ၏ညီအစ်ကို ခုနစ်ဆယ်တို့ကိုကျောက်တုံးတစ်ခုတည်း ပေါ်၌သတ်လေသည်။ သို့ရာတွင်ဂိဒေါင်၏ သားထွေးယောသံသည် ပုန်းရှောင်နေသော ကြောင့်အသက်ဘေးမှလွတ်မြောက်သွား၏။-
Ông quay lại Óp-ra, về nhà cha mình, giết bảy mươi con trai của Giê-ru Ba-anh trên một tảng đá. Nhưng người con út là Giô-tham đi trốn, nên thoát chết.
6 ၆ ထိုနောက်ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့မှ မြို့သားအပေါင်းတို့သည်စုဝေးလျက် ရှေခင် မြို့ရှိအထိမ်းအမှတ်သပိတ်ပင်သို့သွား ရောက်၍ အဘိမလက်အားမင်းမြှောက်ကြ လေသည်။
Người Si-chem và Bết-mi-lô họp tại bia đá bên gốc cây sồi ở Si-chem, tôn A-bi-mê-léc làm vua.
7 ၇ ဤအခြင်းအရာကိုယောသံကြားသိသော အခါ ဂေရဇိမ်တောင်ထိပ်သို့တက်၍ရပ်ပြီး လျှင် အော်ဟစ်၍ဤသို့ဆို၏။ ``အချင်းရှေခင် မြို့သားတို့၊ ငါ့စကားကိုနားထောင်ကြလော့။ သို့ပြုလျှင်ဘုရားသခင်သည်လည်း သင်တို့ ၏စကားကိုနားထောင်ကောင်းနားထောင် တော်မူလိမ့်မည်။-
Khi Giô-tham nghe tin này, ông lên đỉnh Núi Ga-ri-xim và la to: “Hãy lắng nghe tôi, hỡi người Si-chem! Hãy nghe lời tôi nếu các người muốn Đức Chúa Trời nghe các người!
8 ၈ အခါတစ်ပါးကသစ်ပင်တို့သည်မိမိတို့ အတွက် ဘုရင်ရွေးချယ်ရန်ထွက်သွားခဲ့ကြ ၏။ သူတို့သည်သံလွင်ပင်အား`ငါတို့အပေါ် ၌မင်းလုပ်အုပ်စိုးပါ' ဟုပြောကြားကြ၏။-
Xưa kia, cây cối muốn có vua. Chúng nói với cây ô-liu: ‘Xin làm vua chúng tôi.’
9 ၉ သံလွင်ပင်က`သင်တို့အားအုပ်စိုးရမည်ဆို လျှင် ငါသည်ဘုရားသခင်၏ဂုဏ်အသရေ နှင့်လူတို့၏ဂုဏ်အသရေကိုပြုစုပေးရာ ဖြစ်သော ငါ၏အဆီကိုထုတ်ပေးမှုမှ ရပ်စဲရပေလိမ့်မည်' ဟုပြန်ပြောလေသည်။-
Nhưng cây ô-liu đáp: ‘Không lẽ ta bỏ việc cung cấp dầu, một thứ dầu được cả Đức Chúa Trời lẫn loài người quý chuộng, để đi dao động cành lá mình trên các cây khác sao?’
10 ၁၀ ထိုအခါသစ်ပင်တို့သည်သင်္ဘောသဖန်းပင်ထံ သို့သွား၍`ငါတို့အပေါ်၌မင်းလုပ်အုပ်စိုးပါ' ဟုတောင်းပန်ကြ၏။-
Cây cối nói với các cây vả: ‘Xin làm vua chúng tôi!’
11 ၁၁ သို့ရာတွင်သင်္ဘောသဖန်းပင်က`သင်တို့အား အုပ်စိုးနိုင်ရန် ငါသည်ကောင်း၍ချိုမြိန်သော အသီးများကိုသီးပေးခြင်းမှရပ်စဲရပေ လိမ့်မည်' ဟုဆို၏။-
Nhưng cây vả đáp: ‘Không lẽ ta bỏ việc cung cấp trái ngọt, để đi dao động cành lá mình trên các cây khác?’
12 ၁၂ သို့ဖြစ်၍သစ်ပင်တို့သည်စပျစ်နွယ်ပင်ထံ သို့သွားရောက်ကာ`သင်သည်လာ၍ငါတို့ အပေါ်၌မင်းလုပ်အုပ်စိုးပါ' ဟုပန်ကြား ကြ၏။-
Cây cối quay sang cây nho: ‘Xin làm vua chúng tôi!’
13 ၁၃ သို့ရာတွင်စပျစ်နွယ်ပင်က`သင်တို့အားအုပ်စိုး နိုင်ရန် ငါသည်ဘုရားသခင်၏စိတ်နှင့်လူ၏ စိတ်ကိုရွှင်လန်းစေတတ်သော စပျစ်ရည်ကို ထုတ်လုပ်ပေးမှုမှရပ်စဲလိုက်ရပေလိမ့်မည်' ဟုပြန်ပြောလေသည်။-
Nhưng cây nho cũng từ chối: ‘Lẽ nào ta bỏ việc cung cấp rượu nho, làm cho cả Đức Chúa Trời và loài người phấn khởi, để đi dao động cành lá mình trên các cây khác?’
14 ၁၄ ထို့ကြောင့်သစ်ပင်အပေါင်းတို့သည်ဆူးချုံ အား မိမိတို့အပေါ်၌မင်းလုပ်အုပ်စိုးရန် လျှောက်ထားကြ၏။-
Cuối cùng, cây cối phải nói với bụi gai: ‘Xin hãy cai trị chúng tôi!’
15 ၁၅ ဆူးချုံကလည်း`အကယ်၍သင်တို့သည်ငါ့ အားအမှန်ပင် မိမိတို့အပေါ်၌မင်းလုပ် အုပ်စိုးစေလိုပါမူငါ၏အရိပ်တွင်ဝင် ရောက်ခိုလှုံ၍နေကြလော့။ ယင်းသို့ခိုလှုံခြင်း မပြုဘဲနေခဲ့သော်ငါ၏အခက်အလက် များအကြားမှမီးထွက်၍ လေဗနုန်အာရစ် ပင်တို့ကိုလောင်ကျွမ်းသွားစေလိမ့်မည်' ဟု ပြန်ပြောလေသည်။
Bụi gai đáp lời cây cối: ‘Nếu anh em thật lòng muốn tôn ta làm vua, tất cả phải đến nấp dưới bóng ta. Nếu không, nguyện lửa từ bụi gai đốt cháy cả các cây bá hương ở Li-ban.’”
16 ၁၆ ထိုနောက်ယောသံသည်ဆက်လက်၍``ထို့ကြောင့် သင်တို့သည်အဘိမလက်ကိုမင်းမြှောက်ရာ ၌ အမှန်တကယ်ပင်ရိုးသားစွာသစ္စာစောင့် သိသူများဖြစ်ကြပါ၏လော။ သင်တို့သည် ဂိဒေါင်၏ဂုဏ်ကျေးဇူးကိုအမှတ်ရလျက် သူပြုခဲ့သည့်အမှုအရာများနှင့်ထိုက် လျောက်စွာသူ၏အိမ်ထောင်စုအပေါ်၌ ကျေးဇူးတုံ့ပြန်ရာရောက်ပါ၏လော။-
Giô-tham tiếp: “Bây giờ các người có thật lòng muốn tôn A-bi-mê-léc làm vua không? Thử hỏi các người có hậu đãi Giê-ru Ba-anh và gia đình ông ấy không? Các người có báo đáp công ơn của ông ấy không?
17 ၁၇ ငါ၏ဖခင်သည်သင်တို့အတွက်စစ်ပွဲဝင်ခဲ့ သည်ကိုလည်းကောင်း၊ မိမိအသက်ကိုပဋ္ဌာန မထားဘဲသင်တို့အား မိဒျန်အမျိုးသားတို့ လက်မှကယ်ဆယ်ခဲ့သည်ကိုလည်းကောင်း အောက်မေ့သတိရကြလော့။-
Vì cha tôi đã hy sinh tính mạng chiến đấu cho các người, cứu các người khỏi tay Ma-đi-an.
18 ၁၈ သို့ရာတွင်သင်တို့သည်ယနေ့ပင်လျှင်သူ၏ အိမ်ထောင်စုအား ဆန့်ကျင်ဘက်ပြုခဲ့ကြ လေပြီ။ သူ၏သားခုနစ်ဆယ်ကိုကျောက်တုံး တစ်ခုတည်းအပေါ်၌သတ်ပစ်ခဲ့ကြလေ ပြီ။ ကျွန်မိန်းမနှင့်ရသောသားအဘိမလက် သည်သင်တို့၏ဆွေမျိုးသားချင်းဖြစ်ကာ မျှဖြင့် သူ့အားသင်တို့မင်းမြှောက်ခဲ့ကြ၏။-
Nhưng bây giờ, các người lại phản cha tôi, giết bảy mươi con trai của ông trên tảng đá, để tôn con của người nữ tì của cha tôi là A-bi-mê-léc lên làm vua Si-chem, chỉ vì A-bi-mê-léc là bà con.
19 ၁၉ ထို့ကြောင့်ဂိဒေါင်နှင့်သူ၏အိမ်ထောင်စုအား သင်တို့ယနေ့ပြုသည့်အမှုသည်ရိုးသား ဖြောင့်မှန်သည်ဆိုပါမူ သင်တို့သည်အဘိ မလက်နှင့်အတူတကွဝမ်းမြောက်နိုင်ကြ ပါစေသော။-
Nếu các người đã cư xử trung hậu với Giê-ru Ba-anh và nhà ông, thì các người cứ vui vẻ với A-bi-mê-léc, và hãy để ông ấy vui vẻ với các người.
20 ၂၀ သို့ရာတွင်အကယ်၍ဤအမှုသည်မရိုး မဖြောင့်လျှင်မူကား အဘိမလက်ထံမှ မီးလျှံထွက်၍ရှေခင်မြို့နှင့်ဗေသမိလ္လောမြို့ ရှိလူတို့အားကျွမ်းလောင်ပါစေသော။ ရှေခင် မြို့နှင့်ဗေသမိလ္လောမြို့ရှိလူတို့ထံမှလည်း မီးလျှံထွက်၍အဘိမလက်အားကျွမ်း လောင်ပါစေသော။''
Nếu không, lửa của A-bi-mê-léc sẽ thiêu đốt người Si-chem và Bết-mi-lô, và ngược lại lửa của Si-chem và Bết-mi-lô thiêu cháy A-bi-mê-léc!”
21 ၂၁ ထိုနောက်ယောသံသည်မိမိအစ်ကိုအဘိ မလက်ကိုကြောက်သဖြင့် ထွက်ပြေးပြီး လျှင်ဗေရမြို့သို့သွားရောက်နေထိုင်လေ၏။-
Nói xong, Giô-tham trốn chạy và đến ẩn thân ở Bê-a, vì sợ A-bi-mê-léc, anh mình.
22 ၂၂ အဘိမလက်သည်ဣသရေလပြည်ကို သုံးနှစ်မျှအုပ်စိုးရ၏။ ထိုနောက်ဘုရားသခင်သည်သူနှင့်ရှေခင်မြို့သားတို့အား ပဋိပက္ခဖြစ်စေတော်မူသဖြင့် ထိုသူတို့ သည်အဘိမလက်အားပုန်ကန်ကြ၏။-
Sau khi A-bi-mê-léc cai trị Ít-ra-ên được ba năm.
Đức Chúa Trời sai một ác thần chia rẽ A-bi-mê-léc với người Si-chem, khiến họ phản A-bi-mê-léc.
24 ၂၄ ဤသို့ဖြစ်ပျက်ရခြင်းမှာဂိဒေါင်၏သား ခုနစ်ဆယ်ကိုသတ်ပစ်ရန် အားပေးသူရှေခင် မြို့သားများနှင့်အဘိမလက်အား မိမိတို့ ကူးလွန်ခဲ့သည့်အပြစ်၏အခကိုပေးဆပ် ကြစေရန်ပင်ဖြစ်သတည်း။-
Và như vậy, Đức Chúa Trời trừng phạt A-bi-mê-léc và các thủ lãnh của Si-chem về tội giết bảy mươi con trai của Giê-ru-ba-anh.
25 ၂၅ ရှေခင်မြို့သားတို့သည်အဘိမလက်အား တောင်ထိပ်များတွင် ချုံခိုချောင်းမြောင်းစေရန် အစောင့်ထားကြ၏။ ထိုအစောင့်တို့သည်ဖြတ် သန်းသွားလာသူတို့၏ဥစ္စာပစ္စည်းများကို လု ယူကြ၏။ ထိုသတင်းကိုအဘိမလက်ကြား သိရလေသည်။
Người Si-chem mai phục trên đỉnh núi, chờ đợi A-bi-mê-léc. Nhưng vì họ cướp bóc những người đi ngang qua vùng ấy, nên tin này đến tai A-bi-mê-léc.
26 ၂၆ ထိုအခါ၌ဧဗက်၏သားဂါလသည်မိမိညီ အစ်ကိုများနှင့်အတူ ရှေခင်မြို့သို့ရောက်ရှိလာ ၏။ ရှေခင်မြို့သားတို့ကလည်းသူ့အားယုံကြည် အားကိုးကြ၏။-
Trong khi ấy, Ga-anh, con Ê-bết, cùng với anh em mình đến sinh sống ở Si-chem. Người địa phương tín nhiệm Ga-anh lắm.
27 ၂၇ ထိုသူအပေါင်းတို့သည်စပျစ်ဥယျာဉ်များ သို့သွားရောက်ကာ စပျစ်သီးများကိုခူး၍ စပျစ်ရည်ပြုလုပ်ပြီးလျှင် ပွဲလမ်းသဘင် တစ်ရပ်ကိုဆင်နွှဲကြ၏။ သူတို့သည်မိမိ တို့၏ဘုရားဝတ်ကျောင်းသို့သွား၍ စား သောက်ကာအဘိမလက်အားပြက်ရယ် ပြုကြ၏။-
Đến mùa nho, họ cùng nhau vào vườn hái trái, ép rượu. Họ tổ chức hội hè trong miếu thần, ăn uống no say, rồi bắt đầu chửi rủa A-bi-mê-léc.
28 ၂၈ ဂါလက``ငါတို့ရှေခင်မြို့သားများကား အဘယ်သို့သောသူများပေနည်း။ အဘိ မလက်၏အစေကိုအဘယ်ကြောင့်ငါတို့ ခံနေကြပါသနည်း။ သူကားအဘယ်သူ နည်း။ သူသည်ဂိဒေါင်၏သားမဟုတ်လော။ ဇေဗုလသည်သူ၏အမိန့်ကိုနာခံရသော် လည်း ငါတို့ကားအဘယ်ကြောင့်သူ၏အစေ ကိုခံပါမည်နည်း။ သင်တို့သားချင်းစုကို စတင်တည်ထောင်ပေးခဲ့သူဟာမော်အား သစ္စာစောင့်ကြလော့။-
Ga-anh lên tiếng: “A-bi-mê-léc là ai mà người Si-chem chúng ta phải thần phục? Hắn là con của Giê-ru Ba-anh, và quan viên của hắn là Xê-bun. Hãy phụng thờ người Hê-mô, tổ tiên của người Si-chem. Thế thì tại sao chúng ta là người phải phục vụ hắn?
29 ၂၉ အကယ်၍ငါသာဤလူစု၏ခေါင်းဆောင်ဖြစ် ပါလျှင် အဘိမလက်ကိုဖယ်ရှားပစ်မည်။ `သင် ၏တပ်ကိုအင်အားဖြည့်၍ ငါ့ကိုလာရောက် တိုက်ခိုက်လော့' ဟုသူ့အားငါပြောမည်။''
Nếu được dân ủng hộ, tôi sẽ đuổi A-bi-mê-léc đi. Tôi sẽ thách hắn: ‘Hãy tăng cường quân lính mà ra trận!’”
30 ၃၀ မြို့အုပ်ဇေဗုလသည်ဂါလ၏စကားကို ကြားသောအခါ အမျက်ထွက်သဖြင့်၊-
Khi Xê-bun, quan đầu thành Si-chem, nghe những lời Ga-anh nói, rất nổi giận.
31 ၃၁ စေတမန်များကိုလွှတ်၍အရုမမြို့ရှိ အဘိမလက်အားလျှောက်ထားစေ၏။ ``ဧဗက် ၏သားဂါလသည်မိမိညီအစ်ကိုများနှင့် အတူ ရှေခင်မြို့သို့ရောက်ရှိနေပါသည်။ သူတို့ သည်ကိုယ်တော်အားမြို့ထဲသို့ဝင်ခွင့်ပြုကြ လိမ့်မည်မဟုတ်ပါ။-
Ông sai người đến A-ru-ma, báo với A-bi-mê-léc: “Ga-anh, con Ê-bết, và anh em hắn đến Si-chem xúi dân chúng phản vua.
32 ၃၂ သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုနှင့်ညဥ့် အခါ လာရောက်၍လယ်တောများတွင်ပုန်း အောင်းနေပြီးလျှင်၊-
Bây giờ, xin vua xuất quân vào lúc đêm tối, phục sẵn ngoài đồng.
33 ၃၃ နောက်တစ်နေ့နံနက်နေထွက်ချိန်၌ထ၍မြို့ ကိုရုတ်တရက်တိုက်ခိုက်တော်မူပါ။ ဂါလနှင့် သူ၏လူစုတို့သည်ကိုယ်တော်အားတိုက်ခိုက် ရန်ထွက်လာသောအခါ ကိုယ်တော်သည်မိမိ ၏အလုံးအရင်းနှင့်သူတို့ကိုတိုက်ခိုက် တော်မူပါ။''
Chờ lúc mặt trời mọc, xin vua kéo vào đánh thành. Khi Ga-anh và những người theo hắn kéo ra, thì vua tùy nghi đối phó.”
34 ၃၄ သို့ဖြစ်၍အဘိမလက်နှင့်သူ၏လူအပေါင်း တို့သည် ညဥ့်အခါလာရောက်ပြီးလျှင်လေးစု ခွဲ၍ရှေခင်မြို့ပြင်၌ပုန်းအောင်းနေကြ၏။-
A-bi-mê-léc đốc thúc quân sĩ theo mình ra đi đêm ấy, rồi chia làm bốn đội mai phục bên ngoài thành Si-chem.
35 ၃၅ သူတို့သည်ဂါလထွက်၍မြို့တခါးဝ၌ရပ် နေသည်ကိုမြင်သောအခါ မိမိတို့ပုန်းအောင်း ရာမှထွက်လာကြ၏။-
Khi Ga-anh ra đứng ở cổng thành, A-bi-mê-léc dẫn quân từ chỗ mai phục xông ra.
36 ၃၆ ဂါလသည်သူတို့ကိုမြင်သဖြင့်ဇေဗုလ အား``ကြည့်လော့၊ တောင်ထိပ်များပေါ်မှလူ တို့ဆင်းလာနေကြ၏'' ဟုဆို၏။ ဇေဗုလက``ထိုအရာတို့သည်လူများမဟုတ်။ တောင်မှကျလာသောအရိပ်များသာဖြစ်သည်'' ဟုပြန်ပြော၏။
Thấy họ, Ga-anh nói với Xê-bun: “Xem kìa! Có đoàn người từ trên núi xuống.” Xê-bun: “Đó là bóng núi, không phải người đâu.”
37 ၃၇ ဂါလကလည်း``ကြည့်လော့၊ တောင်ထိပ်ပေါ်မှလူ များဆင်းလာနေကြ၏။ လူတစ်စုသည်ဗေဒင် ဆရာသပိတ်ပင်မှလာသောလမ်းဖြင့်လာ နေကြ၏'' ဟုဆိုပြန်၏။
Nhưng Ga-anh lại nói: “Không, trông kìa! Có một toán từ trên núi đi xuống. Và một toán khác theo lối Cây Sồi Thầy Bói tiến đến.”
38 ၃၈ ထိုအခါဇေဗုလက``သင်၏လေလုံးကြီး သမျှသည် ယခုအဘယ်သို့ရောက်ရှိသွားပြီ နည်း။ ဤသူအဘိမလက်၏အစေကို ငါတို့ အဘယ်ကြောင့်ခံပါမည်နည်းဟုပြောဆိုခဲ့ သူမှာသင်ပင်မဟုတ်ပါလော။ ထိုသူတို့သည် ကား သင်မထီမဲ့မြင်ပြောဆိုခဲ့သူများဖြစ် သည်။ ယခုသင်ထွက်၍သူတို့အားတိုက်ခိုက် ပါလော့'' ဟုဆို၏။-
Đến lúc ấy, Xê-bun la lên: “Không phải ông đã khoác lác nói rằng: A-bi-mê-léc là ai mà ta phải phục vụ, hay sao? Những người ông thấy đó là những người ông đã sỉ nhục! Bây giờ ông ra đánh với họ đi!”
39 ၃၉ ဂါလသည်ရှေခင်မြို့သားတို့ကိုရှေ့ဆောင်၍ အဘိမလက်အားတိုက်လေသည်။ အဘိမလက် သည်ဂါလကိုလိုက်၍တိုက်၏။-
Ga-anh dẫn người Si-chem ra nghênh chiến với A-bi-mê-léc.
40 ၄၀ ထိုအခါဂါလထွက်ပြေးလေ၏။ မြို့တံခါး အနီး၌ပင်လျှင် လူအမြောက်အမြားထိခိုက် ဒဏ်ရာရရှိကြသည်။-
Nhưng A-bi-mê-léc đuổi Ga-anh chạy, đánh nhiều người Si-chem bị thương, nằm dài đến tận cổng thành.
41 ၄၁ အဘိမလက်သည်အရုမမြို့၌နေ၏။ ဇေဗုလ သည်ဂါလနှင့်သူ၏ညီအစ်ကိုများအားရှေခင် မြို့မှနှင်ထုတ်လိုက်ရာ သူတို့သည်ထိုမြို့သို့ နောက်တစ်ဖန်လာရောက်နေထိုင်ခြင်းမပြုနိုင် တော့ချေ။
Rồi, A-bi-mê-léc về A-ru-ma. Tại Si-chem, Xê-bun đuổi Ga-anh và anh em người ra khỏi thành.
42 ၄၂ နောက်တစ်နေ့၌ရှေခင်မြို့သားတို့သည်လယ် တောသို့ထွက်ရန် အကြံအစည်ပြုလျက်ရှိ ကြောင်းကိုအဘိမလက်ကြားသိရသဖြင့်၊-
Qua ngày hôm sau, người Si-chem lại kéo ra ngoài thành. Khi A-bi-mê-léc được tin,
43 ၄၃ မိမိ၏လူတို့ကိုသုံးစုခွဲ၍လယ်များတွင်ပုန်း အောင်းစောင့်ဆိုင်းလျက်နေ၏။ မြို့ထဲမှလူတို့ ထွက်လာသည်ကိုမြင်လျှင် သူသည်ပုန်းအောင်း ရာမှထွက်၍သူတို့အားလုပ်ကြံလေ၏။-
ông liền chia quân làm ba đội, kéo đến phục ngoài đồng. Khi thấy người trong thành ra, phục binh liền ra chém giết.
44 ၄၄ အဘိမလက်နှင့်သူ၏လူစုသည်မြို့တံခါး ကိုစောင့်ထိန်းရန်သွားကြစဉ် အခြားလူနှစ်စု တို့လယ်ထဲမှလူတို့အားတိုက်ခိုက်သတ်ဖြတ် ပစ်လိုက်ကြလေသည်။-
A-bi-mê-léc dẫn một đội tiến lên chặn cổng thành, trong khi hai đội kia ở lại tiếp tục càn quét.
45 ၄၅ တိုက်ပွဲမှာတစ်နေကုန်တစ်နေခန်းဖြစ်သတည်း။ အဘိမလက်သည်မြို့ကိုသိမ်းယူလိုက်ပြီးနောက် မြို့သားတို့ကိုသတ်ဖြတ်၍ မြို့ရိုးတို့ကိုဖြိုချ ကာမြို့တည်ရာကိုဆားနှင့်ကြဲဖြန့်လေသည်။
A-bi-mê-léc tấn công suốt ngày mới chiếm được thành. Mọi người trong thành đều bị giết, thành bị san bằng. A-bi-mê-léc còn sai rải muối lên thành đã sụp đổ.
46 ၄၆ ရှေခင်ရဲတိုက်ရှိခေါင်းဆောင်အပေါင်းတို့သည် ထိုသတင်းကိုကြားသောအခါ မိမိတို့ပဋိ ညာဉ်ပြုထားသည့်ဗာလဘုရားဝတ်ကျောင်း ရှိခိုင်ခံ့သောအခန်းထဲသို့ဝင်၍နေကြ၏။-
Nghe tin này, các cấp lãnh đạo tháp Si-chem kéo nhau lên trốn trên đồn của đền thần Bê-rít, vì đồn này kiên cố.
47 ၄၇ ယင်းသို့သူတို့ဝင်နေကြကြောင်းကိုအဘိ မလက်သိလေလျှင်၊-
Khi A-bi-mê-léc nghe rằng người Si-chem tụ lại trong đền,
48 ၄၈ မိမိ၏လူတို့နှင့်အတူဇာလမုန်တောင်သို့ တက်ပြီးနောက် ပုဆိန်ဖြင့်သစ်ကိုင်းတစ်ခုကို ခုတ်၍ထမ်း၏။ မိမိ၏လူတို့အားလည်းထို နည်းတူအလျင်အမြန်ပြုရန်ပြောလေသည်။-
liền kéo toàn quân lên Núi Sanh-môn. Tại đó, A-bi-mê-léc lấy rìu đốn một nhánh cây vác lên vai, rồi ra lệnh cho mọi người theo mình: “Hãy làm đúng như ta làm. Nhanh lên!”
49 ၄၉ သို့ဖြစ်၍လူတိုင်းပင်သစ်ကိုင်းတစ်ခုစီကို ခုတ်၍ အဘိမလက်၏နောက်ကလိုက်ပြီးလျှင် ခိုင်ခံ့သောအခန်းကိုမီးပုံရှို့ကြ၏။ ရဲတိုက် ထဲမှလူအပေါင်းတို့သည်သေကြကုန်၏။ ဤသူတို့၏အရေအတွက်မှာယောကျာ်း မိန်းမတစ်ထောင်ခန့်ရှိသတည်း။
Mọi người chặt cây, vác đi theo A-bi-mê-léc. Họ chất cây quanh đồn rồi châm lửa đốt. Như thế, tất cả những người ở tháp Si-chem chết hết, tổng số đến chừng 1.000 người, cả nam lẫn nữ.
50 ၅၀ ထိုနောက်အဘိမလက်သည် သေဗတ်မြို့သို့ သွားရောက်ဝိုင်းရံထားပြီးလျှင်သိမ်းယူ လိုက်လေသည်။-
Sau đó, A-bi-mê-léc tấn công Thê-bết và chiếm thành.
51 ၅၁ မြို့ထဲ၌ခိုင်ခံ့သည့်ရဲတိုက်ရှိ၏။ ခေါင်းဆောင် များအပါအဝင်ယောကျာ်းမိန်းမအပေါင်း တို့သည် ထိုရဲတိုက်ထဲသို့ဝင်ပြေးကြ၏။ သူ တို့သည်ရဲတိုက်ကိုအလုံပိတ်ပြီးလျှင် ခေါင်မိုးပေါ်သို့တက်၍နေကြ၏။-
Nhưng, trong thành ấy có một cái tháp kiên cố, và mọi người chạy vào trốn trong đó. Họ đóng chặt cửa lại rồi leo lên nóc tháp.
52 ၅၂ အဘိမလက်သည်လည်းရဲတိုက်ကိုတိုက်ခိုက် ရန်လာ၏။ သူသည်ရဲတိုက်တံခါးကိုမီးရှို့ရန် ချဉ်းကပ်သောအခါ၊-
A-bi-mê-léc đuổi và tấn công tháp. Nhưng khi hắn đến tận bên cửa để đốt tháp
53 ၅၃ အမျိုးသမီးတစ်ယောက်သည်ကျိတ်ဆုံကျောက် တစ်လုံးကို သူ၏ဦးခေါင်းပေါ်သို့ပစ်ချလိုက် သဖြင့်သူ၏ဦးခေါင်းကွဲ၍သွားလေသည်။-
thì có một phụ nữ ném xuống một thớt cối đá, trúng đầu A-bi-mê-léc, làm vỡ sọ.
54 ၅၄ ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဋ္ဌားကိုဋ္ဌားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဋ္ဌားနှင့်ထိုး၍သတ်လိုက်လေ သည်။-
Hắn vội vàng gọi thanh niên mang khí giới cho mình và bảo: “Lấy gươm giết ta đi! Đừng để họ nói rằng một người phụ nữ đã giết A-bi-mê-léc.” Thanh niên này liền đâm hắn chết.
55 ၅၅ ဣသရေလအမျိုးသားတို့သည် အဘိမလက် သေကြောင်းကိုကြားသိကြသောအခါ မိမိ တို့အိမ်သို့ပြန်သွားကြ၏။
Những người theo A-bi-mê-léc thấy hắn chết rồi, họ liền giải tán, ai về nhà nấy.
56 ၅၆ ထိုသို့အဘိမလက်သည်မိမိ၏ညီအစ်ကို ခုနစ်ဆယ်ကိုသတ်ဖြတ်ခြင်းဖြင့် ဖခင်အား ပြုမိသည့်ဒုစရိုက်အပြစ်အတွက်ဘုရားသခင်ဒဏ်ခံစေတော်မူ၏။-
Như vậy, Đức Chúa Trời trừng phạt A-bi-mê-léc vì tội ông đã phạm với cha mình khi giết bảy mươi anh em mình.
57 ၅၇ ဂိဒေါင်၏သားယောသံကျိန်ဆဲခဲ့သည့် စကားအတိုင်းရှေခင်မြို့သားတို့သည်လည်း မိမိတို့၏ဆိုးယုတ်မှုအတွက်အပြစ်ဒဏ် ခံစေတော်မူသတည်း။
Đức Chúa Trời cũng báo trả người Si-chem về tội ác của họ. Như thế lời nguyền rủa của Giô-tham đã thành sự thật.