< တရားသူကြီးမှတ်စာ 9 >

1 ဂိ​ဒေါင်​၏​သား​အ​ဘိ​မ​လက်​သည်​ရှေ​ခင်​မြို့ ရှိ​မိ​ခင်​ဘက်​မှ ဆွေ​မျိုး​အ​ပေါင်း​တို့​ထံ​သို့ သွား​၍​မြို့​သူ​မြို့​သား​တို့​အား``သင်​တို့​သည် ဂိ​ဒေါင်​၏​သား​ခု​နစ်​ဆယ်​စ​လုံး​၏​အုပ်​စိုး မှု​ကို​ခံ​ယူ​လို​ကြ​ပါ​သ​လော။ သို့​တည်း မ​ဟုတ်​လူ​တစ်​ဦး​တည်း​၏​အုပ်​စိုး​မှု​ကို ခံ​ယူ​လို​ကြ​ပါ​သ​လော။ အ​ဘိ​မ​လက် သည်​သင်​တို့​၏​သွေး​ရင်း​သား​ရင်း​ဖြစ် သည်​ကို​မ​မေ့​ပါ​နှင့်'' ဟု​ပြော​ကြား​စေ​၏။-
And Abimelech son of Jerobaal went to Sychem to his mother's brethren; and he spoke to them and to all the kindred of the house of his mother's father, saying,
2
Speak, I pray you, in the ears of all the men of Sychem, saying, Which [is] better for you, that seventy men, even all the sons of Jerobaal, should reign over you, or that one man should reign over you? and remember that I am your bone and your flesh.
3 သူ့​မိ​ခင်​၏​ဆွေ​မျိုး​သား​ချင်း​တို့​သည်​လည်း ရှေ​ခင်​မြို့​သား​များ​အား ဤ​အ​ကြောင်း​ကိစ္စ ကို​သူ​၏​ကိုယ်​စား​တင်​ပြ​ကြ​၏။ အ​ဘိ မ​လက်​သည်​မိ​မိ​တို့​နှင့်​ဆွေ​မျိုး​တော်​စပ် သူ​ဖြစ်​သ​ဖြင့် ရှေ​ခင်​မြို့​သား​များ​က​သူ ၏​နောက်​သို့​လိုက်​ရန်​ဆုံး​ဖြတ်​လိုက်​ကြ လေ​သည်။-
And his mother's brethren spoke concerning him in the ears of all the men of Sychem all these words; and their heart turned after Abimelech, for they said, He is our brother.
4 သူ​တို့​သည်​မိ​မိ​တို့​ပ​ဋိ​ညာဉ်​ပြု​ထား​သည့် ဗာ​လ​ဘု​ရား​၏​ဝတ်​ကျောင်း​မှ ငွေ​အ​ခွက် ခု​နစ်​ဆယ်​ကို​အ​ဘိ​မ​လက်​အား​ပေး​ကြ​၏။ ထို​ငွေ​ဖြင့်​သူ​သည်​အ​ခြေ​အ​နေ​မဲ့​သူ​လူ ခု​နစ်​ဆယ်​အား မိ​မိ​နောက်​သို့​လိုက်​ရန်​ငှား ရမ်း​ပြီး​လျှင်၊-
And they gave him seventy [pieces] of silver out of the house of Baalberith; and Abimelech hired for himself vain and cowardly men, and they went after him.
5 သြ​ဖ​ရ​မြို့​ရှိ​ဖ​ခင်​၏​အိမ်​သို့​သွား​၍​ဂိ​ဒေါင် ၏​သား​များ​ဖြစ်​ကြ​သော မိ​မိ​၏​ညီ​အစ်​ကို ခု​နစ်​ဆယ်​တို့​ကို​ကျောက်​တုံး​တစ်​ခု​တည်း ပေါ်​၌​သတ်​လေ​သည်။ သို့​ရာ​တွင်​ဂိ​ဒေါင်​၏ သား​ထွေး​ယော​သံ​သည် ပုန်း​ရှောင်​နေ​သော ကြောင့်​အ​သက်​ဘေး​မှ​လွတ်​မြောက်​သွား​၏။-
And he went to the house of his father to Ephratha, and killed his brethren the sons of Jerobaal, seventy men upon one stone; but Joatham the youngest son of Jerobaal was left, for he hid himself.
6 ထို​နောက်​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​မှ မြို့​သား​အ​ပေါင်း​တို့​သည်​စု​ဝေး​လျက် ရှေ​ခင် မြို့​ရှိ​အ​ထိမ်း​အ​မှတ်​သ​ပိတ်​ပင်​သို့​သွား ရောက်​၍ အ​ဘိ​မ​လက်​အား​မင်း​မြှောက်​ကြ လေ​သည်။
And all the men of Sicima, and all the house of Bethmaalo, were gathered together, and they went and made Abimelech king by the oak of Sedition, which was at Sicima.
7 ဤ​အ​ခြင်း​အ​ရာ​ကို​ယော​သံ​ကြား​သိ​သော အ​ခါ ဂေ​ရ​ဇိမ်​တောင်​ထိပ်​သို့​တက်​၍​ရပ်​ပြီး လျှင် အော်​ဟစ်​၍​ဤ​သို့​ဆို​၏။ ``အ​ချင်း​ရှေ​ခင် မြို့​သား​တို့၊ ငါ့​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သို့​ပြု​လျှင်​ဘု​ရား​သခင်​သည်​လည်း သင်​တို့ ၏​စ​ကား​ကို​နား​ထောင်​ကောင်း​နား​ထောင် တော်​မူ​လိမ့်​မည်။-
And it was reported to Joatham, and he went and stood on the top of mount Garizin, and lifted up his voice, and wept, and said to them, Hear me, you men of Sicima, and God shall hear you.
8 အ​ခါ​တစ်​ပါး​က​သစ်​ပင်​တို့​သည်​မိ​မိ​တို့ အ​တွက် ဘု​ရင်​ရွေး​ချယ်​ရန်​ထွက်​သွား​ခဲ့​ကြ ၏။ သူ​တို့​သည်​သံ​လွင်​ပင်​အား`ငါ​တို့​အ​ပေါ် ၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​ပြော​ကြား​ကြ​၏။-
The trees went forth on a time to anoint a king over them; and they said to the olive, Reign over us.
9 သံ​လွင်​ပင်​က`သင်​တို့​အား​အုပ်​စိုး​ရ​မည်​ဆို လျှင် ငါ​သည်​ဘု​ရား​သ​ခင်​၏​ဂုဏ်​အ​သ​ရေ နှင့်​လူ​တို့​၏​ဂုဏ်​အ​သ​ရေ​ကို​ပြု​စု​ပေး​ရာ ဖြစ်​သော ငါ​၏​အ​ဆီ​ကို​ထုတ်​ပေး​မှု​မှ ရပ်​စဲ​ရ​ပေ​လိမ့်​မည်' ဟု​ပြန်​ပြော​လေ​သည်။-
But the olives said to them, Shall I leave my fatness, with which men shall glorify God, and go to be promoted over the trees?
10 ၁၀ ထို​အ​ခါ​သစ်​ပင်​တို့​သည်​သင်္ဘော​သ​ဖန်း​ပင်​ထံ သို့​သွား​၍`ငါ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​တောင်း​ပန်​ကြ​၏။-
And the trees said to the fig tree, Come, reign over us.
11 ၁၁ သို့​ရာ​တွင်​သင်္ဘော​သ​ဖန်း​ပင်​က`သင်​တို့​အား အုပ်​စိုး​နိုင်​ရန် ငါ​သည်​ကောင်း​၍​ချို​မြိန်​သော အ​သီး​များ​ကို​သီး​ပေး​ခြင်း​မှ​ရပ်​စဲ​ရ​ပေ လိမ့်​မည်' ဟု​ဆို​၏။-
But the fig tree said to them, Shall I leave my sweetness an my good fruits, and go to be promoted over the trees?
12 ၁၂ သို့​ဖြစ်​၍​သစ်​ပင်​တို့​သည်​စ​ပျစ်​နွယ်​ပင်​ထံ သို့​သွား​ရောက်​ကာ`သင်​သည်​လာ​၍​ငါ​တို့ အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ပါ' ဟု​ပန်​ကြား ကြ​၏။-
And the trees said to the vine, Come, reign over us.
13 ၁၃ သို့​ရာ​တွင်​စပျစ်​နွယ်​ပင်​က`သင်​တို့​အား​အုပ်​စိုး နိုင်​ရန် ငါ​သည်​ဘု​ရား​သ​ခင်​၏​စိတ်​နှင့်​လူ​၏ စိတ်​ကို​ရွှင်​လန်း​စေ​တတ်​သော စ​ပျစ်​ရည်​ကို ထုတ်​လုပ်​ပေး​မှု​မှ​ရပ်​စဲ​လိုက်​ရ​ပေ​လိမ့်​မည်' ဟု​ပြန်​ပြော​လေ​သည်။-
And the vine said to them, Shall I leave my wine that cheers God and men, and go to be promoted over the trees?
14 ၁၄ ထို့​ကြောင့်​သစ်​ပင်​အ​ပေါင်း​တို့​သည်​ဆူး​ချုံ အား မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ်​အုပ်​စိုး​ရန် လျှောက်​ထား​ကြ​၏။-
Then all the trees said to the bramble, Come you and [reign] over us.
15 ၁၅ ဆူး​ချုံ​က​လည်း`အ​ကယ်​၍​သင်​တို့​သည်​ငါ့ အား​အ​မှန်​ပင် မိ​မိ​တို့​အ​ပေါ်​၌​မင်း​လုပ် အုပ်​စိုး​စေ​လို​ပါ​မူ​ငါ​၏​အ​ရိပ်​တွင်​ဝင် ရောက်​ခို​လှုံ​၍​နေ​ကြ​လော့။ ယင်း​သို့​ခို​လှုံ​ခြင်း မ​ပြု​ဘဲ​နေ​ခဲ့​သော်​ငါ​၏​အ​ခက်​အ​လက် များ​အ​ကြား​မှ​မီး​ထွက်​၍ လေ​ဗ​နုန်​အာ​ရစ် ပင်​တို့​ကို​လောင်​ကျွမ်း​သွား​စေ​လိမ့်​မည်' ဟု ပြန်​ပြော​လေ​သည်။
And the bramble said to the trees, If you in truth anoint me to reign over you, come, stand under my shadow; and if not, let fire come out from me and devour the cedars of Libanus.
16 ၁၆ ထို​နောက်​ယော​သံ​သည်​ဆက်​လက်​၍``ထို့​ကြောင့် သင်​တို့​သည်​အ​ဘိ​မ​လက်​ကို​မင်း​မြှောက်​ရာ ၌ အ​မှန်​တ​ကယ်​ပင်​ရိုး​သား​စွာ​သစ္စာ​စောင့် သိ​သူ​များ​ဖြစ်​ကြ​ပါ​၏​လော။ သင်​တို့​သည် ဂိ​ဒေါင်​၏​ဂုဏ်​ကျေး​ဇူး​ကို​အ​မှတ်​ရ​လျက် သူ​ပြု​ခဲ့​သည့်​အ​မှု​အ​ရာ​များ​နှင့်​ထိုက် လျောက်​စွာ​သူ​၏​အိမ်​ထောင်​စု​အ​ပေါ်​၌ ကျေး​ဇူး​တုံ့​ပြန်​ရာ​ရောက်​ပါ​၏​လော။-
And now, if you have done it in truth and integrity, and have made Abimelech king, and if you have wrought well with Jerobaal, and with his house, and if you have done to him according to the reward of his hand,
17 ၁၇ ငါ​၏​ဖ​ခင်​သည်​သင်​တို့​အ​တွက်​စစ်​ပွဲ​ဝင်​ခဲ့ သည်​ကို​လည်း​ကောင်း၊ မိ​မိ​အ​သက်​ကို​ပ​ဋ္ဌာ​န မ​ထား​ဘဲ​သင်​တို့​အား မိ​ဒျန်​အ​မျိုး​သား​တို့ လက်​မှ​ကယ်​ဆယ်​ခဲ့​သည်​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။-
as my father fought for you, and put his life in jeopardy, and delivered you out of the hand of Madiam;
18 ၁၈ သို့​ရာ​တွင်​သင်​တို့​သည်​ယ​နေ့​ပင်​လျှင်​သူ​၏ အိမ်​ထောင်​စု​အား ဆန့်​ကျင်​ဘက်​ပြု​ခဲ့​ကြ လေ​ပြီ။ သူ​၏​သား​ခု​နစ်​ဆယ်​ကို​ကျောက်​တုံး တစ်​ခု​တည်း​အ​ပေါ်​၌​သတ်​ပစ်​ခဲ့​ကြ​လေ ပြီ။ ကျွန်​မိန်း​မ​နှင့်​ရ​သော​သား​အ​ဘိ​မ​လက် သည်​သင်​တို့​၏​ဆွေ​မျိုး​သား​ချင်း​ဖြစ်​ကာ မျှ​ဖြင့် သူ့​အား​သင်​တို့​မင်း​မြှောက်​ခဲ့​ကြ​၏။-
and you are risen up this day against the house of my father, and have slain his sons, being seventy men, upon one stone, and have made Abimelech the son of his bondwoman king over the men of Sicima, because he is your brother:
19 ၁၉ ထို့​ကြောင့်​ဂိ​ဒေါင်​နှင့်​သူ​၏​အိမ်​ထောင်​စု​အား သင်​တို့​ယ​နေ့​ပြု​သည့်​အ​မှု​သည်​ရိုး​သား ဖြောင့်​မှန်​သည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘိ မ​လက်​နှင့်​အ​တူ​တ​ကွ​ဝမ်း​မြောက်​နိုင်​ကြ ပါ​စေ​သော။-
if then you have done truly and faithfully with Jerobaal, and with his house this day, rejoice you in Abimelech, and let him also rejoice over you:
20 ၂၀ သို့​ရာ​တွင်​အ​ကယ်​၍​ဤ​အ​မှု​သည်​မ​ရိုး မ​ဖြောင့်​လျှင်​မူ​ကား အ​ဘိ​မ​လက်​ထံ​မှ မီး​လျှံ​ထွက်​၍​ရှေ​ခင်​မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့ ရှိ​လူ​တို့​အား​ကျွမ်း​လောင်​ပါ​စေ​သော။ ရှေ​ခင် မြို့​နှင့်​ဗေ​သ​မိလ္လော​မြို့​ရှိ​လူ​တို့​ထံ​မှ​လည်း မီး​လျှံ​ထွက်​၍​အ​ဘိ​မ​လက်​အား​ကျွမ်း လောင်​ပါ​စေ​သော။''
but if not, let fire come out from Abimelech, and devour the men of Sicima, and the house of Bethmaalo; and let fire come out from the men of Sicima and from the house of Bethmaalo, and devour Abimelech.
21 ၂၁ ထို​နောက်​ယော​သံ​သည်​မိ​မိ​အစ်​ကို​အ​ဘိ မ​လက်​ကို​ကြောက်​သ​ဖြင့် ထွက်​ပြေး​ပြီး လျှင်​ဗေ​ရ​မြို့​သို့​သွား​ရောက်​နေ​ထိုင်​လေ​၏။-
And Joatham fled, and ran away, and went as far as Baeer, and lived there out of the way of his brother Abimelech.
22 ၂၂ အ​ဘိ​မ​လက်​သည်​ဣ​သ​ရေ​လ​ပြည်​ကို သုံး​နှစ်​မျှ​အုပ်​စိုး​ရ​၏။ ထို​နောက်​ဘု​ရား​သ​ခင်​သည်​သူ​နှင့်​ရှေ​ခင်​မြို့​သား​တို့​အား ပ​ဋိ​ပက္ခ​ဖြစ်​စေ​တော်​မူ​သ​ဖြင့် ထို​သူ​တို့ သည်​အ​ဘိ​မ​လက်​အား​ပုန်​ကန်​ကြ​၏။-
And Abimelech reigned over Israel three years.
23 ၂၃
And God sent an evil spirit between Abimelech and the men of Sicima; and the men of Sicima dealt treacherously with the house of Abimelech:
24 ၂၄ ဤ​သို့​ဖြစ်​ပျက်​ရ​ခြင်း​မှာ​ဂိ​ဒေါင်​၏​သား ခု​နစ်​ဆယ်​ကို​သတ်​ပစ်​ရန် အား​ပေး​သူ​ရှေ​ခင် မြို့​သား​များ​နှင့်​အ​ဘိ​မ​လက်​အား မိ​မိ​တို့ ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​၏​အ​ခ​ကို​ပေး​ဆပ် ကြ​စေ​ရန်​ပင်​ဖြစ်​သတည်း။-
to bring the injury done to the seventy sons of Jerobaal, and to lay their blood upon their brother Abimelech, who killed them, and upon the men of Sicima, because they strengthened his hands to kill his brethren.
25 ၂၅ ရှေ​ခင်​မြို့​သား​တို့​သည်​အ​ဘိ​မ​လက်​အား တောင်​ထိပ်​များ​တွင် ချုံ​ခို​ချောင်း​မြောင်း​စေ​ရန် အ​စောင့်​ထား​ကြ​၏။ ထို​အ​စောင့်​တို့​သည်​ဖြတ် သန်း​သွား​လာ​သူ​တို့​၏​ဥစ္စာ​ပစ္စည်း​များ​ကို လု ယူ​ကြ​၏။ ထို​သ​တင်း​ကို​အ​ဘိ​မ​လက်​ကြား သိ​ရ​လေ​သည်။
And the men of Sicima set liers in wait against him on the top of the mountains, and robbed every one who passed by them on the way; and it was reported to the king Abimelech.
26 ၂၆ ထို​အ​ခါ​၌​ဧ​ဗက်​၏​သား​ဂါ​လ​သည်​မိ​မိ​ညီ အစ်​ကို​များ​နှင့်​အ​တူ ရှေ​ခင်​မြို့​သို့​ရောက်​ရှိ​လာ ၏။ ရှေ​ခင်​မြို့​သား​တို့​က​လည်း​သူ့​အား​ယုံ​ကြည် အား​ကိုး​ကြ​၏။-
And Gaal son of Jobel came, and his brethren, and passed by Sicima, and the men of Sicima trusted in him.
27 ၂၇ ထို​သူ​အ​ပေါင်း​တို့​သည်​စ​ပျစ်​ဥယျာဉ်​များ သို့​သွား​ရောက်​ကာ စ​ပျစ်​သီး​များ​ကို​ခူး​၍ စ​ပျစ်​ရည်​ပြု​လုပ်​ပြီး​လျှင် ပွဲ​လမ်း​သ​ဘင် တစ်​ရပ်​ကို​ဆင်​နွှဲ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​၏​ဘု​ရား​ဝတ်​ကျောင်း​သို့​သွား​၍ စား သောက်​ကာ​အ​ဘိ​မ​လက်​အား​ပြက်​ရယ် ပြု​ကြ​၏။-
And they went out into the field, and gathered their grapes, and trod them, and made merry; and they brought [the grapes] into the house of their god, and ate and drank, and cursed Abimelech.
28 ၂၈ ဂါ​လ​က``ငါ​တို့​ရှေ​ခင်​မြို့​သား​များ​ကား အ​ဘယ်​သို့​သော​သူ​များ​ပေ​နည်း။ အ​ဘိ မ​လက်​၏​အ​စေ​ကို​အ​ဘယ်​ကြောင့်​ငါ​တို့ ခံ​နေ​ကြ​ပါ​သ​နည်း။ သူ​ကား​အ​ဘယ်​သူ နည်း။ သူ​သည်​ဂိ​ဒေါင်​၏​သား​မ​ဟုတ်​လော။ ဇေ​ဗု​လ​သည်​သူ​၏​အ​မိန့်​ကို​နာ​ခံ​ရ​သော် လည်း ငါ​တို့​ကား​အ​ဘယ်​ကြောင့်​သူ​၏​အစေ ကို​ခံ​ပါ​မည်​နည်း။ သင်​တို့​သား​ချင်း​စု​ကို စ​တင်​တည်​ထောင်​ပေး​ခဲ့​သူ​ဟာ​မော်​အား သစ္စာ​စောင့်​ကြ​လော့။-
And Gaal the son of Jobel said, Who is Abimelech, and who is the son of Sychem, that we should serve him? [Is he] not the son of Jerobaal, and [is] not Zebul his steward, his servant with the son of Emmor the father of Sychem? and why should we serve him?
29 ၂၉ အ​ကယ်​၍​ငါ​သာ​ဤ​လူ​စု​၏​ခေါင်း​ဆောင်​ဖြစ် ပါ​လျှင် အ​ဘိ​မ​လက်​ကို​ဖယ်​ရှား​ပစ်​မည်။ `သင် ၏​တပ်​ကို​အင်​အား​ဖြည့်​၍ ငါ့​ကို​လာ​ရောက် တိုက်​ခိုက်​လော့' ဟု​သူ့​အား​ငါ​ပြော​မည်။''
And would that this people were under my hand! then would I remove Abimelech, and I would say to him, Multiply your host, and come out.
30 ၃၀ မြို့​အုပ်​ဇေ​ဗု​လ​သည်​ဂါ​လ​၏​စ​ကား​ကို ကြား​သော​အ​ခါ အ​မျက်​ထွက်​သ​ဖြင့်၊-
And Zebul the ruler of the city heard the words of Gaal the son of Jobel, and he was very angry.
31 ၃၁ စေ​တ​မန်​များ​ကို​လွှတ်​၍​အ​ရု​မ​မြို့​ရှိ အ​ဘိ​မ​လက်​အား​လျှောက်​ထား​စေ​၏။ ``ဧ​ဗက် ၏​သား​ဂါ​လ​သည်​မိ​မိ​ညီ​အစ်​ကို​များ​နှင့် အ​တူ ရှေ​ခင်​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။ သူ​တို့ သည်​ကိုယ်​တော်​အား​မြို့​ထဲ​သို့​ဝင်​ခွင့်​ပြု​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။-
And he sent messengers to Abimelech secretly, saying, Behold, Gaal the son of Jobel and his brethren are come to Sychem; and behold, they have besieged the city against you.
32 ၃၂ သို့​ဖြစ်​၍​ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​နှင့်​ညဥ့် အ​ခါ လာ​ရောက်​၍​လယ်​တော​များ​တွင်​ပုန်း အောင်း​နေ​ပြီး​လျှင်၊-
And now rise up by night, you and the people with you, and lay wait in the field.
33 ၃၃ နောက်​တစ်​နေ့​နံ​နက်​နေ​ထွက်​ချိန်​၌​ထ​၍​မြို့ ကို​ရုတ်​တ​ရက်​တိုက်​ခိုက်​တော်​မူ​ပါ။ ဂါ​လ​နှင့် သူ​၏​လူ​စု​တို့​သည်​ကိုယ်​တော်​အား​တိုက်​ခိုက် ရန်​ထွက်​လာ​သော​အ​ခါ ကိုယ်​တော်​သည်​မိ​မိ ၏​အ​လုံး​အ​ရင်း​နှင့်​သူ​တို့​ကို​တိုက်​ခိုက် တော်​မူ​ပါ။''
And it shall come to pass in the morning at sunrising, you shall rise up early and draw towards the city; and behold, he and the people with him will come forth against you, and you shall do to him according to your power.
34 ၃၄ သို့​ဖြစ်​၍​အဘိ​မလက်​နှင့်​သူ​၏​လူ​အ​ပေါင်း တို့​သည် ညဥ့်​အ​ခါ​လာ​ရောက်​ပြီး​လျှင်​လေး​စု ခွဲ​၍​ရှေ​ခင်​မြို့​ပြင်​၌​ပုန်း​အောင်း​နေ​ကြ​၏။-
And Abimelech and all the people with him rose up by night, and formed an ambuscade against Sychem in four companies.
35 ၃၅ သူ​တို့​သည်​ဂါ​လ​ထွက်​၍​မြို့​တ​ခါး​ဝ​၌​ရပ် နေ​သည်​ကို​မြင်​သော​အ​ခါ မိ​မိ​တို့​ပုန်း​အောင်း ရာ​မှ​ထွက်​လာ​ကြ​၏။-
And Gaal the son of Jobel went forth, and stood by the door of the gate of the city: and Abimelech and the people with him rose up from the ambuscade.
36 ၃၆ ဂါ​လ​သည်​သူ​တို့​ကို​မြင်​သ​ဖြင့်​ဇေ​ဗု​လ အား``ကြည့်​လော့၊ တောင်​ထိပ်​များ​ပေါ်​မှ​လူ တို့​ဆင်း​လာ​နေ​ကြ​၏'' ဟု​ဆို​၏။ ဇေ​ဗု​လ​က``ထို​အ​ရာ​တို့​သည်​လူ​များ​မ​ဟုတ်။ တောင်​မှ​ကျ​လာ​သော​အ​ရိပ်​များ​သာ​ဖြစ်​သည်'' ဟု​ပြန်​ပြော​၏။
And Gaal the son of Jobel saw the people, and said to Zebul, Behold, a people comes down from the top of the mountains: and Zebul said to him, You see the shadow of the mountains as men.
37 ၃၇ ဂါလ​က​လည်း``ကြည့်​လော့၊ တောင်​ထိပ်​ပေါ်​မှ​လူ များ​ဆင်း​လာ​နေ​ကြ​၏။ လူ​တစ်​စု​သည်​ဗေ​ဒင် ဆ​ရာ​သ​ပိတ်​ပင်​မှ​လာ​သော​လမ်း​ဖြင့်​လာ နေ​ကြ​၏'' ဟု​ဆို​ပြန်​၏။
And Gaal continued to speak and said, Behold, a people comes down westward from the part bordering on the middle of the land, and another company comes by the way of Helon Maonenim.
38 ၃၈ ထို​အ​ခါ​ဇေ​ဗု​လ​က``သင်​၏​လေ​လုံး​ကြီး သ​မျှ​သည် ယ​ခု​အ​ဘယ်​သို့​ရောက်​ရှိ​သွား​ပြီ နည်း။ ဤ​သူ​အဘိ​မလက်​၏​အ​စေ​ကို ငါ​တို့ အ​ဘယ်​ကြောင့်​ခံ​ပါ​မည်​နည်း​ဟု​ပြော​ဆို​ခဲ့ သူ​မှာ​သင်​ပင်​မ​ဟုတ်​ပါ​လော။ ထို​သူ​တို့​သည် ကား သင်​မ​ထီ​မဲ့​မြင်​ပြော​ဆို​ခဲ့​သူ​များ​ဖြစ် သည်။ ယ​ခု​သင်​ထွက်​၍​သူ​တို့​အား​တိုက်​ခိုက် ပါ​လော့'' ဟု​ဆို​၏။-
And Zebul said to him, And where is your mouth as you spoke, Who is Abimelech that we should serve him? [Is] not this the people whom you despised? go forth now, and set the battle in array against him.
39 ၃၉ ဂါ​လ​သည်​ရှေ​ခင်​မြို့​သား​တို့​ကို​ရှေ့​ဆောင်​၍ အ​ဘိ​မ​လက်​အား​တိုက်​လေ​သည်။ အ​ဘိ​မ​လက် သည်​ဂါ​လ​ကို​လိုက်​၍​တိုက်​၏။-
And Gaal went forth before the men of Sychem, and set the battle in array against Abimelech.
40 ၄၀ ထို​အ​ခါ​ဂါ​လ​ထွက်​ပြေး​လေ​၏။ မြို့​တံ​ခါး အ​နီး​၌​ပင်​လျှင် လူ​အ​မြောက်​အ​မြား​ထိ​ခိုက် ဒဏ်​ရာ​ရ​ရှိ​ကြ​သည်။-
And Abimelech pursued him, and he fled from before him; and many fell down slain as far as the door of the gate.
41 ၄၁ အ​ဘိ​မ​လက်​သည်​အ​ရု​မ​မြို့​၌​နေ​၏။ ဇေ​ဗု​လ သည်​ဂါ​လ​နှင့်​သူ​၏​ညီ​အစ်​ကို​များ​အား​ရှေ​ခင် မြို့​မှ​နှင်​ထုတ်​လိုက်​ရာ သူ​တို့​သည်​ထို​မြို့​သို့ နောက်​တစ်​ဖန်​လာ​ရောက်​နေ​ထိုင်​ခြင်း​မ​ပြု​နိုင် တော့​ချေ။
And Abimelech entered into Arema, and Zebul cast out Gaal and his brethren, so that they should not dwell in Sychem.
42 ၄၂ နောက်​တစ်​နေ့​၌​ရှေခင်​မြို့​သား​တို့​သည်​လယ် တော​သို့​ထွက်​ရန် အ​ကြံ​အ​စည်​ပြု​လျက်​ရှိ ကြောင်း​ကို​အ​ဘိ​မ​လက်​ကြား​သိ​ရ​သ​ဖြင့်၊-
And it came to pass on the second day that the people went out into the field, and [one] brought word to Abimelech.
43 ၄၃ မိ​မိ​၏​လူ​တို့​ကို​သုံး​စု​ခွဲ​၍​လယ်​များ​တွင်​ပုန်း အောင်း​စောင့်​ဆိုင်း​လျက်​နေ​၏။ မြို့​ထဲ​မှ​လူ​တို့ ထွက်​လာ​သည်​ကို​မြင်​လျှင် သူ​သည်​ပုန်း​အောင်း ရာ​မှ​ထွက်​၍​သူ​တို့​အား​လုပ်​ကြံ​လေ​၏။-
And he took the people, and divided them into three companies, and formed an ambush in the field; and he looked, and, behold, the people went forth out of the city, and he rose up against them, and struck them.
44 ၄၄ အ​ဘိ​မ​လက်​နှင့်​သူ​၏​လူ​စု​သည်​မြို့​တံ​ခါး ကို​စောင့်​ထိန်း​ရန်​သွား​ကြ​စဉ် အ​ခြား​လူ​နှစ်​စု တို့​လယ်​ထဲ​မှ​လူ​တို့​အား​တိုက်​ခိုက်​သတ်​ဖြတ် ပစ်​လိုက်​ကြ​လေ​သည်။-
And Abimelech and the chiefs of companies that were with him rushed forward, and stood by the door of the gate of the city; and the two [other] companies rushed forward upon all that were in the field, and struck them.
45 ၄၅ တိုက်​ပွဲ​မှာ​တစ်​နေ​ကုန်​တစ်​နေ​ခန်း​ဖြစ်​သ​တည်း။ အ​ဘိ​မ​လက်​သည်​မြို့​ကို​သိမ်း​ယူ​လိုက်​ပြီး​နောက် မြို့​သား​တို့​ကို​သတ်​ဖြတ်​၍ မြို့​ရိုး​တို့​ကို​ဖြို​ချ ကာ​မြို့​တည်​ရာ​ကို​ဆား​နှင့်​ကြဲ​ဖြန့်​လေ​သည်။
And Abimelech fought against the city all that day, and took the city, and killed the people that were in it, and destroyed the city, and sowed it with salt.
46 ၄၆ ရှေခင်​ရဲ​တိုက်​ရှိ​ခေါင်း​ဆောင်​အ​ပေါင်း​တို့​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ မိ​မိ​တို့​ပ​ဋိ ညာဉ်​ပြု​ထား​သည့်​ဗာလ​ဘု​ရား​ဝတ်​ကျောင်း ရှိ​ခိုင်​ခံ့​သော​အ​ခန်း​ထဲ​သို့​ဝင်​၍​နေ​ကြ​၏။-
And all the men of the tower of Sychem heard, and came to the gathering of Baethel-berith.
47 ၄၇ ယင်း​သို့​သူ​တို့​ဝင်​နေ​ကြ​ကြောင်း​ကို​အ​ဘိ မ​လက်​သိ​လေ​လျှင်၊-
And it was reported to Abimelech, that all the men of the tower of Sychem were gathered together.
48 ၄၈ မိ​မိ​၏​လူ​တို့​နှင့်​အ​တူ​ဇာ​လ​မုန်​တောင်​သို့ တက်​ပြီး​နောက် ပု​ဆိန်​ဖြင့်​သစ်​ကိုင်း​တစ်​ခု​ကို ခုတ်​၍​ထမ်း​၏။ မိ​မိ​၏​လူ​တို့​အား​လည်း​ထို နည်း​တူ​အ​လျင်​အ​မြန်​ပြု​ရန်​ပြော​လေ​သည်။-
And Abimelech went up to the mount of Selmon, and all the people that were with him; and Abimelech took an axe in his hand, and cut down a branch of a tree, and took it, and laid it on his shoulders; and said to the people that were with him, What you see me doing, do quickly as I.
49 ၄၉ သို့​ဖြစ်​၍​လူ​တိုင်း​ပင်​သစ်​ကိုင်း​တစ်​ခု​စီ​ကို ခုတ်​၍ အ​ဘိ​မ​လက်​၏​နောက်​က​လိုက်​ပြီး​လျှင် ခိုင်​ခံ့​သော​အ​ခန်း​ကို​မီး​ပုံ​ရှို့​ကြ​၏။ ရဲ​တိုက် ထဲ​မှ​လူ​အ​ပေါင်း​တို့​သည်​သေ​ကြ​ကုန်​၏။ ဤ​သူ​တို့​၏​အ​ရေ​အ​တွက်​မှာ​ယောကျာ်း မိန်း​မ​တစ်​ထောင်​ခန့်​ရှိ​သ​တည်း။
And they cut down likewise even every man a branch, and went after Abimelech, and laid them against the place of gathering, and burnt the place of gathering over them with fire; and they died, even all the men of the tower of Sicima, about a thousand men and women.
50 ၅၀ ထို​နောက်​အ​ဘိ​မ​လက်​သည် သေ​ဗတ်​မြို့​သို့ သွား​ရောက်​ဝိုင်း​ရံ​ထား​ပြီး​လျှင်​သိမ်း​ယူ လိုက်​လေ​သည်။-
And Abimelech went out of Baethel-berith, and encamped against Thebes, and took it.
51 ၅၁ မြို့​ထဲ​၌​ခိုင်​ခံ့​သည့်​ရဲ​တိုက်​ရှိ​၏။ ခေါင်း​ဆောင် များ​အ​ပါ​အ​ဝင်​ယောကျာ်း​မိန်း​မ​အ​ပေါင်း တို့​သည် ထို​ရဲ​တိုက်​ထဲ​သို့​ဝင်​ပြေး​ကြ​၏။ သူ တို့​သည်​ရဲ​တိုက်​ကို​အ​လုံ​ပိတ်​ပြီး​လျှင် ခေါင်​မိုး​ပေါ်​သို့​တက်​၍​နေ​ကြ​၏။-
And there was a strong tower in the midst of the city; and there all the men and the women of the city fled, and shut [the door] without them, and went up on the roof of the tower.
52 ၅၂ အ​ဘိ​မ​လက်​သည်​လည်း​ရဲ​တိုက်​ကို​တိုက်​ခိုက် ရန်​လာ​၏။ သူ​သည်​ရဲ​တိုက်​တံခါး​ကို​မီး​ရှို့​ရန် ချဉ်း​ကပ်​သော​အ​ခါ၊-
And Abimelech drew near to the tower, and they besieged it; and Abimelech drew near to the door of the tower to burn it with fire.
53 ၅၃ အ​မျိုး​သ​မီး​တစ်​ယောက်​သည်​ကျိတ်​ဆုံ​ကျောက် တစ်​လုံး​ကို သူ​၏​ဦး​ခေါင်း​ပေါ်​သို့​ပစ်​ချ​လိုက် သ​ဖြင့်​သူ​၏​ဦး​ခေါင်း​ကွဲ​၍​သွား​လေ​သည်။-
And a woman cast a piece of a millstone upon the head of Abimelech, and broke his skull.
54 ၅၄ ထို​အ​ခါ​သူ​သည်​မိ​မိ​၏​လက်​နက်​ကို​ကိုင် ဆောင်​သော​လူ​ငယ်​အား အ​လျင်​အ​မြန်​ခေါ် ပြီး​လျှင်``သင်​၏​ဋ္ဌား​ကို​ဋ္ဌား​အိမ်​မှ​ထုတ်​၍ ငါ့​ကို​သတ်​လော့။ ငါ​သည်​အ​မျိုး​သ​မီး​၏ လက်​ချက်​ဖြင့်​သေ​ရ​သည်​ဟူ​၍​အ​ပြော​မ​ခံ လို'' ဟု​ဆို​၏။ သို့​ဖြစ်​၍​လူ​ငယ်​သည်​အ​ဘိ မ​လက်​အား​ဋ္ဌား​နှင့်​ထိုး​၍​သတ်​လိုက်​လေ သည်။-
And he cried out quickly to the young man his armour-bearer, and said to him, Draw your sword, and kill me, lest at any time they should say, A woman killed him: and his young man thrust him through and he died.
55 ၅၅ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ဘိ​မ​လက် သေ​ကြောင်း​ကို​ကြား​သိ​ကြ​သော​အ​ခါ မိ​မိ တို့​အိမ်​သို့​ပြန်​သွား​ကြ​၏။
And the men of Israel saw that Abimelech was dead; and they went each to his place.
56 ၅၆ ထို​သို့​အ​ဘိ​မ​လက်​သည်​မိ​မိ​၏​ညီ​အစ်​ကို ခု​နစ်​ဆယ်​ကို​သတ်​ဖြတ်​ခြင်း​ဖြင့် ဖ​ခင်​အား ပြု​မိ​သည့်​ဒု​စ​ရိုက်​အ​ပြစ်​အ​တွက်​ဘု​ရား​သ​ခင်​ဒဏ်​ခံ​စေ​တော်​မူ​၏။-
So God requited the wickedness of Abimelech, which he wrought against his father, in slaying his seventy brethren.
57 ၅၇ ဂိ​ဒေါင်​၏​သား​ယော​သံ​ကျိန်​ဆဲ​ခဲ့​သည့် စ​ကား​အ​တိုင်း​ရှေ​ခင်​မြို့​သား​တို့​သည်​လည်း မိ​မိ​တို့​၏​ဆိုး​ယုတ်​မှု​အ​တွက်​အ​ပြစ်​ဒဏ် ခံ​စေ​တော်​မူ​သ​တည်း။
And all the wickedness of the men of Sychem God requited upon their head; and the curse of Joatham the son of Jerobaal came upon them.

< တရားသူကြီးမှတ်စာ 9 >