< တရားသူကြီးမှတ်စာ 8 >

1 ထို​နောက်​ဧ​ဖ​ရိမ်​နယ်​သား​တို့​က​ဂိ​ဒေါင် အား``သင်​သည်​မိ​ဒျန်​အ​မျိုး​သား​တို့​ထံ​သွား ရောက်​တိုက်​ခိုက်​စဉ်​အ​ခါ​က အ​ဘယ်​ကြောင့် ငါ​တို့​အား​မ​ခေါ်​ဘဲ​နေ​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ဤ​သို့​ငါ​တို့​အား​ပြုပါ​သ​နည်း'' ဟု ပြင်း​ပြင်း​ထန်​ထန်​အ​ပြစ်​တင်​ကြ​၏။
Ug ang mga tawo sa Ephraim miingon kaniya: Nganong nagbuhat ka kanamo sa ingon, nga ikaw wala magtawag kanamo diha nga ikaw miadto sa pagpakig-away sa mga Madianhon? Ug siya gikasab-an nila sa hilabihan gayud.
2 သို့​ရာ​တွင်​ဂိ​ဒေါင်​က``သင်​တို့​ပြုခဲ့​သ​မျှ နှင့်​နှိုင်း​ယှဉ်​ကြည့်​လျှင် ငါ​ပြု​ခဲ့​သ​မျှ​သည် ဘာ​မျှ​မ​ဖြစ်​လောက်​ပါ။ သင်​တို့​ပြု​သည့် အ​မှု​အ​နည်း​ငယ်​က​ပင်​လျှင် ငါ​တို့​သား ချင်း​စု​တစ်​ရပ်​လုံး​ပြု​သည့်​အ​မှု​ထက်​ပို​၍ တန်​ဖိုး​ရှိ​ပါ​၏။-
Ug siya miingon kanila: Unsa man karon ang akong nabuhat sa pagpakigtanding kaninyo? Dili ba ang paghipos sa mga parras sa Ephraim labi pang maayo kay sa pagpangani sa Abiezer?
3 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် အား​ဖြင့် မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​အား​ကွပ်​မျက်​နိုင်​ခဲ့ ကြ​လေ​ပြီ​တ​ကား။ ထို​အ​မှု​နှင့်​နှိုင်း​ယှဉ် လောက်​အောင်​ငါ​သည်​အ​ဘယ်​အ​မှု​ကို​ပြု နိုင်​ခဲ့​ပါ​သ​နည်း'' ဟု​ပြန်​ပြော​သော​စ​ကား ကို​ကြား​လျှင်​သူ​တို့​သည်​အ​မျက်​ပြေ ကြ​၏။
Ang Dios nagtugyan nganha sa inyong kamot sa mga principe sa Madian, si Oreb ug si Zeeb: ug unsay akong hing-arangan sa pagbuhat sa pakigtanding kaninyo? Unya ang ilang kasuko alang kaniya napuypuy sa pag-ingon niya niini.
4 ထို​အ​ခါ​၌​ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​သုံး ရာ​တို့​သည် ယော်​ဒန်​မြစ်​သို့​ရောက်​ရှိ​လာ ကာ​မြစ်​ကူး​ဖြတ်​ပြီး​ဖြစ်​သည်။ သူ​တို့​သည် အ​လွန်​ပင်​ပန်း​နွမ်း​နယ်​လျက်​နေ​ကြ​သော် လည်း​ရန်​သူ​အား​ဖိ​၍​လိုက်​လျက်​ပင်။-
Ug si Gedeon nahiabut sa Jordan, ug milabang siya, ug ang totolo ka gatus ka tawo nga iyang kauban, nangaluya, apan nanaggukod.
5 ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သို့​ရောက်​သော အ​ခါ​ထို​မြို့​သား​တို့​အား``ငါ​၏​တပ်​သား တို့​ကို​အ​စား​အ​စာ​အ​နည်း​ငယ်​ပေး​ကြ ပါ။ သူ​တို့​သည်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ ကြ​ပါ​၏။ ငါ​သည်​မိ​ဒျန်​ဘု​ရင်​ဇေဘဟ​နှင့် ဇာ​လ​မုန္န​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​နေ​ပါ သည်'' ဟု​ဆို​၏။
Ug siya miingon sa mga tawo sa Succoth: Hatagi ako, nagahangyo ako kaninyo, ug mga tinapay alang sa katawohan nga nanagsunod kanako; kay sila nangaluya, ug ako nagagukod kang Zeba ug kang Zalmunna, ang mga hari sa Madian.
6 သို့​ရာ​တွင်​သု​ကုတ်​မြို့​မှ​ခေါင်း​ဆောင်​များ က``ငါ​တို့​သည်​အ​ဘယ်​ကြောင့်​သင်​၏​တပ် သား​များ​အား အ​စာ​ရေ​စာ​ပေး​ရ​ပါ​မည် နည်း။ ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​ကို​သင်​တို့ မ​ဖမ်း​မိ​သေး​ပါ​တ​ကား'' ဟု​ပြန်​ပြော ကြ​၏။
Ug ang mga principe sa Succoth ming-ingon: Ang mga kamot ni Zeba ug Zalmunna anaa ba karon sa imong kamot, aron kami mohatag ug tinapay sa imong mga sundalo?
7 သို့​ဖြစ်​၍​ဂိ​ဒေါင်​က``ကောင်း​ပြီ၊ ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​အား ငါ​၏​လက်​သို့​ဘု​ရား​သ​ခင်​အပ်​တော်​မူ​သော​အ​ခါ ငါ​သည်​သင် တို့​ကို​သဲ​ကန္တာ​ရ​မှ​ဆူး​ပင်​များ​နှင့်​ရိုက် နှက်​မည်'' ဟု​ဆို​လေ​သည်။-
Ug si Gedeon miingon: Tungod niini sa diha nga si Jehova nagtugyan kang Zeba ug kang Zalmunna sa akong kamot, unya pagasamaran ko ang inyong unod tungod sa mga katunokan sa kamingawan ug tungod sa mga sapinit.
8 ထို​နောက်​သူ​သည်​ပေ​နွေ​လ​မြို့​သို့​သွား​၍ ရှေး​နည်း​တူ ထို​မြို့​သား​တို့​ထံ​မှ​အ​ကူ​အ​ညီ တောင်း​ခံ​သော်​လည်း ပေ​နွေ​လ​မြို့​သား​တို့​က သု​ကုတ်​မြို့​သား​တို့​နည်း​တူ​ပြန်​လည်​ဖြေ ကြား​ကြ​၏။-
Ug mitungas siya gikan didto ngadto sa Penuel, ug misulti kanila sa maong paagi; ug ang mga tawo sa Penuel mingtubag kaniya sama sa pagtubag sa mga tawo sa Succoth.
9 ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့​အား``စစ်​ငြိမ်း​၍ ငါ​ပြန်​လာ​သော​အ​ခါ​၌ ဤ​ခံ​တပ်​မျှော်​စင် ကို​ဖျက်​ဆီး​ပစ်​အံ့'' ဟု​ဆို​လေ​သည်။
Ug siya misulti usab sa mga tawo sa Penuel, nga nagaingon: Sa diha nga ako mahibalik dinhi pag-usab sa pakigdait, akong gun-obon kining torreha.
10 ၁၀ ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​သည် မိ​မိ​တို့​၏​တပ်​မ တော်​နှင့်​အ​တူ ကာ​ကော်​မြို့​၌​ရှိ​ကြ​၏။ သဲ​ကန္တာရ နေ​သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး​အ​နက် လူ​တစ်​သိန်း​နှစ်​သောင်း​ကျ​ဆုံး​၍​တစ်​သောင်း ငါး​ထောင်​သာ​ကျန်​တော့​၏။-
Karon si Zeba ug si Zalmunna didto na sa Carcor, ug ang ilang mga panon uban kanila, duolan sa napulo ug lima ka libo ka tawo, ang tanan nga nahasalin sa tibook nga panon sa mga anak sa silangan; kay may napukan nga usa ka gatus ug kaluhaan ka libo ka tawo nga ming-ibut sa pinuti.
11 ၁၁ ဂိ​ဒေါင်​သည်​နော​ဗာ​မြို့​နှင့်​ယုဗ္ဗေဟ​မြို့​အ​ရှေ့ ဘက်​သဲ​ကန္တာ​ရ​အ​စွန်​လမ်း​အ​တိုင်း​လိုက်​ပြီး လျှင် ထို​တပ်​မ​တော်​အား​ရုတ်​တ​ရက်​အ​မှတ် မ​ထင်​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။-
Ug si Gedeon mitungas nga miagi sa mga nanagpuyo sa mga balong-balong sa silangan sa Noba ug Jogbea, ug gidasmagan ang panon; kay ang panon may panalipod.
12 ၁၂ ထို​အ​ခါ​မိ​ဒျန်​ဘု​ရင်​နှစ်​ပါး​ဖြစ်​သော ဇေ​ဘ​ဟ နှင့်​ဇာ​လ​မုန္န​တို့​သည်​ထွက်​ပြေး​ကြ​၏။ သို့​ရာ တွင်​ဂိ​ဒေါင်​သည်​သူ​တို့​ကို​လိုက်​လံ​ဖမ်း​ဆီး​ရ မိ​သဖြင့် သူ​တို့​၏​တပ်​မ​တော်​ကြီး​တစ်​ခု​လုံး မှာ​က​စဥ့်​က​ရဲ​ပြို​လဲ​၍​သွား​တော့​၏။
Ug si Zeeb ug Zalmunna mingkalagiw; ug iyang gigukod sila: ug iyang gidakup ang duha ka hari sa Madian, si Zeba ug si Zalmunna, ug gidaug ang tibook nga panon.
13 ၁၃ ဂိ​ဒေါင်​သည်​ဟေ​ရက်​တောင်​ကြား​လမ်း​ဖြင့် တိုက်​ပွဲ​မှ​ပြန်​လာ​သော​အ​ခါ၊-
Ug si Gedeon ang anak nga lalake ni Joas nahiuli gikan sa gubat gikan sa tungasan sa Heres.
14 ၁၄ သု​ကုတ်​မြို့​သား​လူ​ငယ်​တစ်​ဦး​ကို​ဖမ်း​ဆီး​၍ စစ်​ဆေး​မေး​မြန်း​ကြည့်​ရာ ထို​သူ​ငယ်​က​သု​ကုတ် မြို့​မှ​ခေါင်း​ဆောင်​ခု​နစ်​ဆယ့်​ခု​နစ်​ယောက်​တို့ ၏​အ​မည်​များ​ကို​ဂိဒေါင်​အား​ရေး​ပေး​၏။-
Ug iyang nadakpan ang usa ka batan-on nga lalake sa mga tawo sa Succoth, ug nangutana kaniya; ug iyang gipaila kaniya ang mga principe sa Succoth, ug ang mga anciano didto, nga kapitoan ug pito ka tawo.
15 ၁၅ ထို​နောက်​ဂိ​ဒေါင်​သည်​သု​ကုတ်​မြို့​သား​တို့​ထံ သွား​၍``ငါ့​အား​သင်​တို့​အ​ကူ​အ​ညီ​ပေး​ရန် ငြင်း​ဆို​ခဲ့​သည်​ကို​မှတ်​မိ​ကြ​လိမ့်​မည်။ သင် တို့​က​ငါ​သည်​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​ကို ဖမ်း​ဆီး​၍​မ​ရ​သေး​သ​ဖြင့် ငါ​၏​မော​ပန်း နွမ်း​နယ်​နေ​သည့်​တပ်​သား​တို့​အား​စား​နပ် ရိက္ခာ​မ​ပေး​နိုင်​ဟု​ဆို​ခဲ့​ကြ​၏'' ဟု​ပြော ဆို​ပြီး​လျှင်၊-
Ug siya miadto sa mga tawo sa Succoth, ug miingon: Ania karon, si Zeba ug si Zalmunna nga tungod kanila kamo nagayubit kanako sa pag-ingon: Ang mga kamot ni Zeba ug ni Zalmunna karon anaa na ba sa imong kamot, aron kami mohatag ug tinapay sa inyong mga tawo nga nangaluya?
16 ၁၆ သဲ​ကန္တာရ​မှ​ဆူး​ခက်​များ​ကို​ယူ​၍ သု​ကုတ် မြို့​သား​ခေါင်း​ဆောင်​တို့​အား​ရိုက်​နှက်​လေ သည်။-
Ug gidala niya ang mga anciano sa ciudad, ug ang mga tunok sa kamingawan ug ang mga sapinit, ug uban niini iyang gitudloan ang mga tawo sa Succoth.
17 ၁၇ သူ​သည်​ပေ​နွေ​လ​မြို့​မှ​ခံ​တပ်​မျှော်​စင်​ကို လည်း​ဖြို​ချ​၍ ထို​မြို့​သား​တို့​ကို​သုတ်​သင် ပစ်​လိုက်​၏။
Ug iyang giguba ang torre sa Penuel, ug gipatay ang mga tawo sa ciudad.
18 ၁၈ ထို​နောက်​ဂိ​ဒေါင်​က ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့ အား``တာ​ဗော်​မြို့​၌​သင်​တို့​သတ်​ဖြတ်​ပစ်​သူ တို့​ကား မည်​သို့​သော​သူ​များ​ဖြစ်​သ​နည်း'' ဟု​မေး​၏။ သူ​တို့​က​လည်း``ထို​သူ​တို့​သည် သင်​နှင့်​အ​သွင် တူ​ပါ​သည်။ သူ​တို့​အား​လုံး​ပင်​လျှင် ဘု​ရင့်​သား တော်​များ​နှင့်​တူ​ကြ​ပါ​၏'' ဟု​ပြန်​ပြော​လေ သည်။
Unya miingon siya kang Zeba ug Zalmunna: Unsang mga tawohana sila nga inyong gipatay sa Tabor? Ug sila mingtubag: Sama kanimo, mao sila; ang tagsatagsa sama sa mga anak sa usa ka hari.
19 ၁၉ ဂိ​ဒေါင်​က``သူ​တို့​သည်​ကား​ငါ့​အ​မိ​၏​သား များ​ဖြစ်​၍ ငါ​၏​ညီ​များ​ဖြစ်​သည်။ အ​ကယ် ၍​သင်​တို့​သည်​သူ​တို့​အား​မ​သတ်​ခဲ့​ပါ​မူ ငါ​သည်​လည်း​သင်​တို့​အား​သတ်​လိမ့်​မည် မ​ဟုတ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ကျိန်​ဆို​ပါ​၏'' ဟု​ပြော​၏။-
Ug siya miingon: Sila akong mga igsoon ang mga anak nga lalake sa akong inahan: ingon nga si Jehova buhi, kong giluwas pa ninyo sila nga buhi, dili ko unta kamo patyon.
20 ၂၀ ထို​နောက်​သူ​သည်​မိ​မိ​၏​သား​ဦး​ယေ​သာ အား ထို​သူ​တို့​ကို​ထ​၍​သတ်​ရန်​စေ​ခိုင်း​လေ သည်။ သို့​ရာ​တွင်​သူ​ငယ်​သည်​မိ​မိ​ဋ္ဌား​ကို​ဆွဲ ၍​မ​ထုတ်​ဘဲ​နေ​၏။ သူ​သည်​အ​သက်​အ​ရွယ် ငယ်​သော​ကြောင့်​ယင်း​သို့​တုံ့​နှေး​လျက်​နေ ခြင်း​ဖြစ်​သည်။
Ug siya miingon kang Jeter, ang iyang kamagulangan: Tindog, patya sila. Apan ang batan-on wala moibut sa iyang pinuti kay siya nahadlok kay siya batan-on pa.
21 ၂၁ ထို​အ​ခါ​ဇေ​ဘ​ဟ​နှင့်​ဇာ​လ​မုန္န​တို့​က``ငါ တို့​အား​သင်​ကိုယ်​တိုင်​သတ်​ပါ​လော့။ လူ​ကြီး ပြု​ရ​မည့်​အ​မှု​ကို​လူ​ကြီး​သာ​လျှင်​ပြု​နိုင် ၏'' ဟု​ဆို​ကြ​၏။ ထို့​ကြောင့်​ဂိ​ဒေါင်​သည်​သူ​တို့ နှစ်​ယောက်​အား​သတ်​ပြီး​လျှင် သူ​တို့​ကု​လား အုတ်​များ​၏​လည်​ပင်း​၌​ဆင်​ယင်​ထား​သော တန်​ဆာ​တို့​ကို​ချွတ်​ယူ​လေ​သည်။
Unya si Zeba ug si Zalmunna ming-ingon; Tumindog ka, ug dasmagi kami; kay unsa ang tawo mao usab ang iyang kusog. Ug si Gedeon mitindog, ug gipatay si Zeba ug si Zalmunna, ug gikuha ang mga dayandayan nga daw pikas nga bulan nga diha sa liog sa ilang mga camello.
22 ၂၂ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဂိ​ဒေါင်​အား``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​အား မိ​ဒျန်​အ​မျိုး​သား​များ​လက်​မှ​ကယ်​ဆယ်​ခဲ့ ပါ​၏။ ထို့​ကြောင့်​ကိုယ်​တော်​နှင့်​သား​မြေး​စဉ် ဆက်​အပေါင်း​သည် အ​ကျွန်ုပ်​တို့​ကို​အုပ်​စိုး တော်​မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။
Unya ang mga tawo sa Israel miingon kang Gedeon: Maghari ka kanamo, ikaw ug ang imong anak nga lalake, ug ang anak nga lalake sa imong anak usab, kay ikaw ang nagluwas kanamo gikan sa kamot sa Madian.
23 ၂၃ ဂိ​ဒေါင်​က​လည်း``ငါ​သည်​သင်​တို့​အား​အုပ် စိုး​လိမ့်​မည်​မ​ဟုတ်။ ငါ​၏​သား​သည်​လည်း အုပ်​စိုး​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​အား​ထာ​ဝ​ရ ဘု​ရား​အုပ်​စိုး​တော်​မူ​လိမ့်​မည်'' ဟု​ပြန် ပြော​လေ​သည်။-
Ug si Gedeon miingon kanila: Ako dili maghari kaninyo, ni ang akong anak magahari kaninyo: si Jehova ang magahari kaninyo.
24 ၂၄ သို့​ရာ​တွင်​သူ​သည်​ဆက်​လက်​၍``သင်​တို့​ထဲ မှ​ငါ​တောင်း​ခံ​လို​သည့်​အ​ရာ​တစ်​ခု​ရှိ​ပါ သည်။ သင်​တို့​ရ​ယူ​ထား​သည့်​ရွှေ​နား​ကွင်း များ​ကို​ငါ့​အား​ပေး​ကြ​လော့'' ဟု​ဆို​၏။ (မိ​ဒျန်​အ​မျိုး​သား​တို့​သည်​အခြား​သဲ​ကန္တာ​ရ နေ​သူ​များ​ကဲ့​သို့​ပင် ရွှေ​နား​ကွင်း​များ​ကို တပ်​ဆင်​လေ့​ရှိ​သ​တည်း။)
Ug si Gedeon miingon kanila: Ako magahimo ug usa ka hangyo kaninyo, nga ihatag ninyo kanako sa tagsatagsa ka tawo ang mga ariyos nga iyang inagaw. (Kay sila may bulawang ariyos tungod kay sila mga Ismaelhanon.)
25 ၂၅ လူ​တို့​က​လည်း``ရွှေ​နား​ကွင်း​များ​ကို အ​ကျွန်ုပ် တို့​ဝမ်း​မြောက်​စွာ​ကိုယ်​တော်​အား​ပေး​ပါ​မည်'' ဟု​ပြန်​လျှောက်​ပြီး​လျှင်​စောင်​ကို​ခင်း​၍ မိ​မိ တို့​ရ​ယူ​ထား​သ​မျှ​သော​နား​ကွင်း​များ​ကို လူ​တိုင်း​လာ​ရောက်​ချ​ထား​ကြ​၏။-
Ug sila mingtubag: Kami sa kinabubut-on mohatag niini. Ug nagbuklad sila sa panapton ug giitsa didto sa tagsatagsa ang mga ariyos nga iyang inagaw.
26 ၂၆ မိဒျန်​ဘု​ရင်​တို့​ဝတ်​ဆင်​ထား​သည့်​တန်​ဆာ များ၊ လည်​ဆွဲ​များ၊ နီ​မောင်း​သော​အ​ဝတ်​နှင့် ကု​လား​အုတ်​လည်​ပတ်​ကြိုး​များ​အ​ပြင်၊ ဂိ ဒေါင်​ရ​ရှိ​သည့်​ရွှေ​နား​ကွင်း​များ​၏​အ​လေး ချိန်​မှာ​ပေါင်​လေး​ဆယ်​ကျော်​ရှိ​သ​တည်း။
Ug ang gibug-aton sa bulawan nga mga ariyos nga iyang napangayo may usa ka libo ug pito ka gatus ka siclo sa bulawan; labut pa ang mga dayan-dayan nga daw bulan, ug mga kulintas, ug ang mga panapton nga purpura nga gusul-ob sa hari sa Madian, ug labut pa sa mga talikala nga gibugkos sa mga liog sa ilang mga camello.
27 ၂၇ ဂိ​ဒေါင်​သည်​ထို​ရွှေ​များ​ဖြင့်​ရုပ်တု​တစ်​ခု​ကို သွန်း​လုပ်​ပြီး​လျှင် မိ​မိ​နေ​ထိုင်​ရာ​သြ​ဖ​ရ မြို့​၌​ထား​ရှိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​လည်း ဘု​ရား​သ​ခင်​ကို​စွန့် ပစ်​ကာ​ထို​ရုပ်​တု​ကို​ဝတ်​ပြု​ကိုး​ကွယ်​ရန် သြ​ဖ​ရ​မြို့​သို့​သွား​ကြ​ကုန်​သည်။ ယင်း သည်​ဂိ​ဒေါင်​နှင့်​အိမ်​ထောင်​စု​အ​တွက် ကျော့​ကွင်း​သ​ဖွယ်​ဖြစ်​လာ​၏။
Ug si Gedeon naghimo ug usa ka ephod gikan niini ug gibutang kini sa iyang ciudad sa Ophra: ug ang tibook Israel nagpakighilawas niana didto; ug kini nahimong lit-ag kang Gedeon ug sa iyang balay.
28 ၂၈ သို့​ဖြစ်​၍​မိ​ဒျန်​အ​မျိုး​သား​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​နှိမ်​နင်း​ခြင်း​ကို​ခံ ရ​၍ နောက်​တစ်​ဖန်​သူ​တို့​အ​တွက်​ခြိမ်း​ခြောက်​မှု အန္တ​ရာယ်​မ​ဖြစ်​တော့​ချေ။ တိုင်း​ပြည်​သည်​လည်း ဂိ​ဒေါင်​ကွယ်​လွန်​ချိန်​တိုင်​အောင် နှစ်​ပေါင်း​လေး ဆယ်​မျှ​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။
Busa ang Madian, nadaug sa atubangan sa mga anak sa Israel, ug wala na nila patoyhakawa ang ilang mga ulo. Ug ang yuta may pahulay sulod sa kap-atan ka tuig sa mga adlaw ni Gedeon.
29 ၂၉ ဂိ​ဒေါင်​သည်​မိ​မိ​၏​ကိုယ်​ပိုင်​နေ​အိမ်​သို့ ပြန် လည်​သွား​ရောက်​နေ​ထိုင်​လေ​သည်။-
Ug si Jerobaal ang anak nga lalake ni Joas milakaw ug mipuyo sa kaugalingon niyang balay.
30 ၃၀ သူ​၌​မ​ယား​အ​မြောက်​အ​မြား​ရှိ​သ​ဖြင့် သား​ခု​နစ်​ဆယ်​ကို​ရ​၏။-
Ug si Gedeon may kapitoan ka anak nga lalake nga gianak sa iyang lawas; kay siya daghan ug mga asawa.
31 ၃၁ ရှေ​ခင်​မြို့​တွင်​လည်း​မယား​ငယ်​တစ်​ယောက်​ရှိ သ​ဖြင့် ထို​မ​ယား​မှ​သား​တစ်​ယောက်​ကို​ရ​ရှိ ပြန်​သည်။ သူ​သည်​ထို​သား​ကို​အ​ဘိ​မ​လက် ဟု​အ​မည်​မှည့်​၏။-
Ug ang iyang puyo-puyo nga didto sa Sichem, siya usab nanganak kaniya ug usa ka anak nga lalake ug iyang ginganlan nga si Abimelech.
32 ၃၂ ယော​ရှ​၏​သား​ဂိ​ဒေါင်​သည်​အ​သက်​ကြီး​ရင့် ၍​ကွယ်​လွန်​သော်​သူ​၏​ရုပ်​အ​လောင်း​ကို အ​ဗျေ ဇာ​သား​ချင်း​စု​၏​ဌာ​နေ​ဖြစ်​သော​သြ​ဖ​ရ​မြို့ ရှိ​အ​ဖ​ယော​ရှ​၏​သင်္ချိုင်း​ဂူ​၌​သင်္ဂြိုဟ်​ကြ​၏။
Ug si Gedeon ang anak nga lalake ni Joas namatay sa panuigon nga tigulang na kaayo, ug gilubong sa lubnganan ni Joas nga iyang amahan, sa Ophra sa mga Abiezertanhon.
33 ၃၃ ဂိ​ဒေါင်​ကွယ်​လွန်​ပြီး​နောက်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည် ဘု​ရား​သ​ခင်​အား​တစ်​ဖန်​သစ္စာ ဖောက်​ကြ​ပြန်​၏။ ဗာ​လ​ဘု​ရား​များ​ကို​ဝတ် ပြု​ကိုး​ကွယ်​ကြ​ပြန်​၏။ သူ​တို့​က​ပ​ဋိ​ညာဉ် ပြု​ထား​သည့်​ဗာ​လ​ဘု​ရား​ကို မိ​မိ​တို့​၏ ဘု​ရား​အ​ဖြစ်​ချီး​မြှောက်​ကာ၊-
Ug nahitabo nga sa diha nga si Gedeon namatay na, nga ang mga anak sa Israel mingbalik pag-usab sa pagpakighilawas sunod sa mga Baal, ug gihimo si Baal-berith nga ilang dios.
34 ၃၄ မိ​မိ​တို့​အား​ပတ်​လည်​ဝိုင်း​လျက်​နေ​သည့်​ရန် သူ​များ​၏​လက်​မှ ကယ်​ဆယ်​တော်​မူ​ခဲ့​သော ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​မူ​ဝတ်​မ ပြု​တော့​ချေ။-
Ug ang mga anak sa Israel wala mahanumdum kang Jehova nga ilang Dios, nga nagluwas kanila gikan sa kamot sa tanan nilang mga kaaway sa bisan diin nga dapit;
35 ၃၅ သူ​တို့​သည်​ဣ​သ​ရေ​လ​လူ​မျိုး​အ​တွက် ဂိ​ဒေါင် ပြု​ခဲ့​သ​မျှ​သော​ကောင်း​ကျိုး​များ​အ​တွက် သူ​၏​အိမ်​ထောင်​စု​သား​များ​အ​ပေါ်​တွင် ကျေး​ဇူး​ကန်း​ကြ​ကုန်​သည်။
Ni magpakita sila ug kalolot sa balay ni Jerobaal, nga mao si Gedeon, sumala sa tanang kaayo nga iyang gipakita sa Israel.

< တရားသူကြီးမှတ်စာ 8 >