< တရားသူကြီးမှတ်စာ 7 >
1 ၁ တစ်နေ့သ၌ဂိဒေါင်နှင့်တကွသူနှင့်ပါလာ သောလူအပေါင်းတို့သည်နံနက်စောစောထ ၍ ဟာရုတ်စမ်းအနီး၌တပ်ချကြ၏။ မိဒျန် အမျိုးသားတို့၏တပ်စခန်းသည်သူတို့ ၏မြောက်ဘက်မောရတောင်ကုန်းအနီးရှိ ချိုင့်ထဲ၌ရှိသတည်း။
Levantándose, pues, de mañana Jerobaal, el cual es Gedeón, y todo el pueblo que estaba con él, asentaron el campamento junto a la fuente de Harod; y tenía el campamento de los madianitas al norte, al otro lado del collado de More, en el valle.
2 ၂ ထာဝရဘုရားကဂိဒေါင်အား``သင်နှင့် အတူပါလာသောလူတို့သည်အရေအတွက် အားဖြင့်များလွန်းသဖြင့် သူတို့အားမိဒျန် အမျိုးသားတို့အပေါ်အောင်မြင်ခွင့်ကိုငါ မပေးလို။ အကယ်၍ပေးခဲ့သော်သူတို့သည် မိမိတို့၏စွမ်းရည်ဖြင့်အောင်ပွဲရသည်ဟု ထင်မှတ်ကာငါ့ကျေးဇူးကိုမသိဘဲနေ ကြလိမ့်မည်။-
Y el SEÑOR dijo a Gedeón: El pueblo que está contigo es mucho para que yo dé a los madianitas en su mano; para que no se alabe Israel contra mí, diciendo: Mi mano me ha salvado.
3 ၃ သို့ဖြစ်၍`ကြောက်လန့်သူမှန်သမျှမိမိတို့ အိမ်သို့ပြန်ကြပါ။ ငါတို့မူကားဤဂိလဒ် တောင်တွင်နေရစ်မည်' ဟုလူတို့အားကြေညာ လော့'' ဟုမိန့်တော်မူ၏။ ထိုအခါလူပေါင်း နှစ်သောင်းနှစ်ထောင်တို့သည်ပြန်သွားကြ၏။ လူတစ်သောင်းမူကားနေရစ်ကြလေသည်။
Haz pues ahora pregonar, que lo oiga el pueblo, diciendo: El que teme y se estremece, madrugue y vuélvase desde el monte de Galaad. Y se volvieron de los del pueblo veintidós mil; y quedaron diez mil.
4 ၄ ထိုနောက်ထာဝရဘုရားသည်ဂိဒေါင်အား ``ကျန်ရှိနေသူတို့မှာများလွန်းသေးသည်။ သူတို့အားရေဆိပ်သို့ခေါ်သွားလော့။ ထို အရပ်တွင်သူတို့ကိုသင့်အတွက်ငါလူနှစ်စု ခွဲ၍ပေးမည်။ အကယ်၍ဤမည်သောသူသည် သင်နှင့်အတူလိုက်ရမည်ဟုငါဆိုလျှင် ထို သူသည်သင်နှင့်လိုက်ရမည်။ အကယ်၍ဤ မည်သောသူသည်သင်နှင့်အတူမလိုက်ရ ဟုငါဆိုလျှင်မူကား ထိုသူသည်သင်နှင့် မလိုက်ရ'' ဟုမိန့်တော်မူ၏။-
Y el SEÑOR dijo a Gedeón: Aún es mucho el pueblo; llévalos a las aguas, y allí yo te los probaré; y del que yo te dijere: Vaya éste contigo, irá contigo; mas de cualquiera que yo te dijere: Este no vaya contigo, el tal no vaya.
5 ၅ ဂိဒေါင်သည်လူတို့ကိုရေဆိပ်သို့ခေါ်ဆောင် သွားပြီးနောက် ထာဝရဘုရားက``ထိုသူတို့ တွင်ရေကိုခွေးကဲ့သို့လျှာနှင့်လျက်သောက် သောသူများနှင့် ဒူးထောက်၍သောက်သောသူ များကိုနှစ်စုခွဲလော့'' ဟုဂိဒေါင်အားမိန့် တော်မူ၏။-
Entonces llevó el pueblo a las aguas; y el SEÑOR dijo a Gedeón: Cualquiera que lamiere las aguas con su lengua como lame el perro, aquél pondrás aparte; asimismo cualquiera que se doblare sobre sus rodillas para beber.
6 ၆ ရေကိုလက်ခုပ်ဖြင့်ယူပြီးလျှင်လျှာနှင့် လျက်သောက်သောလူအရေအတွက်မှာ သုံးရာရှိ၍ ကျန်သောသူတို့မူကားဒူး ထောက်၍ရေကိုသောက်သူများဖြစ်ကြ၏။-
Y fue el número de los que lamieron las aguas, llegándola con la mano a la boca, trescientos varones; y todo el resto del pueblo se dobló sobre sus rodillas para beber las aguas.
7 ၇ ထာဝရဘုရားက``ငါသည်ရေကိုလျှာ ဖြင့်လျက်သောက်သောသူသုံးရာအားဖြင့် သင့်ကိုကယ်ဆယ်၍မိဒျန်အမျိုးသား တို့အပေါ်၌အောင်ပွဲခံစေမည်။ အခြား သူအပေါင်းတို့ကိုအိမ်သို့ပြန်ရန်ပြော ကြားလော့'' ဟုဂိဒေါင်အားမိန့်တော် မူ၏။-
Entonces el SEÑOR dijo a Gedeón: Con estos trescientos varones que lamieron el agua os salvaré, y entregaré a los madianitas en tus manos; y váyase todo el pueblo cada uno a su lugar.
8 ၈ သို့ဖြစ်၍ဂိဒေါင်သည်ရိက္ခာနှင့်တံပိုး ခရာရှိသမျှကို ယူထားသောလူသုံးရာ မှတစ်ပါးအခြားဣသရေလအမျိုး သားအပေါင်းတို့ကိုအိမ်သို့ပြန်စေ၏။ မိဒျန်အမျိုးသားများ၏တပ်စခန်းမှာ အနိမ့်ပိုင်းချိုင့်ထဲတွင်ရှိသတည်း။
Y tomada provisión para el pueblo en sus manos, con sus trompetas, envió a todos los otros israelitas cada uno a su tienda, y retuvo a aquellos trescientos hombres; y tenía el campamento de Madián abajo en el valle.
9 ၉ ထိုည၌ထာဝရဘုရားသည်ဂိဒေါင် အား``ထ၍သူတို့၏တပ်စခန်းကိုတိုက် ခိုက်လော့။ သင့်အားအောင်ပွဲကိုငါပေးမည်။-
Y aconteció que aquella noche el SEÑOR le dijo: Levántate, y desciende al campamento; porque yo lo he entregado en tus manos.
10 ၁၀ သို့ရာတွင်အကယ်၍သင်သည်သူတို့အား တိုက်ခိုက်ရန်ကြောက်လန့်နေပါမူ သင်၏ အစေခံဖုရကိုခေါ်၍ထိုတပ်စခန်းသို့ သွားလော့။-
Y si tienes temor de descender, baja tú con Fura tu criado al campamento,
11 ၁၁ သူတို့ပြောဆိုနေကြသောစကားကိုသင် ကြားသိရလိမ့်မည်။ ထိုအခါသင်သည်တိုက် ခိုက်ရန်ရဲစွမ်းသတ္တိကိုရလိမ့်မည်'' ဟုမိန့် တော်မူ၏။ သို့ဖြစ်၍ဂိဒေါင်သည်မိမိအစေ ခံဖုရနှင့်အတူ ရန်သူ့တပ်စခန်းအစွန် နားသို့သွားလေသည်။-
y oirás lo que hablan; y entonces tus manos se esforzarán, y descenderás al campamento. Y él descendió con Fura su criado al principio de la gente de armas que estaba en el campamento.
12 ၁၂ မိဒျန်အမျိုးသား၊ အာမလက်အမျိုးသား၊ သဲကန္တာရနေလူမျိုးတို့သည်ကျိုင်းကောင် အုပ်ကြီးသဖွယ်ချိုင့်၌အိပ်နေကြ၏။ သူ တို့၏ကုလားအုတ်များသည်သမုဒ္ဒရာ ကမ်းခြေရှိသဲလုံးနှင့်အမျှများသတည်း။
Y Madián, y Amalec, y todos los orientales, estaban tendidos en el valle como langostas en muchedumbre, y sus camellos eran innumerables, como la arena que está a la ribera del mar en multitud.
13 ၁၃ ဂိဒေါင်ရောက်ရှိလာချိန်၌လူတစ်ယောက် သည် မိမိမြင်မက်သည့်အိပ်မက်အကြောင်း ကိုမိတ်ဆွေတစ်ဦးအားပြောပြလျက်နေ၏။ ထိုသူက``မုယောမုန့်ပြားတစ်ချပ်သည်ငါ တို့တပ်စခန်းထဲသို့လိမ့်ဝင်လာပြီးလျှင် တဲရှင်တစ်ခုနှင့်တိုက်မိသဖြင့်ထိုတဲရှင် သည်ပြိုလဲပြားချပ်၍သွားသည်ကိုငါ အိပ်မက်မြင်မက်ပါသည်'' ဟုဆိုလေသည်။
Y cuando llegó Gedeón, he aquí que un hombre estaba contando a su compañero un sueño, diciendo: He aquí yo soñé un sueño: que veía un pan de cebada que rodaba hasta el campamento de Madián, y llegaba a las tiendas, y las herió de tal manera que cayeron, y las trastornaba de arriba abajo, y las tiendas cayeron.
14 ၁၄ ထိုမိတ်ဆွေကလည်း``ထိုမုန့်ပြားသည်ဣသ ရေလအမျိုးသားယောရှ၏သားဖြစ်သူ ဂိဒေါင်၏ဋ္ဌားပင်ဖြစ်သည်။ မုန့်ပြားသည် အခြားအနက်အဋ္ဌိပ္ပါယ်ကိုမဆောင်နိုင် ရာ။ ဘုရားသခင်သည်သူ့အားမိဒျန် အမျိုးနှင့် ငါတို့တပ်တစ်ခုလုံးအပေါ်၌ အောင်ပွဲခံစေတော်မူလေပြီ'' ဟုဆို၏။
Y su compañero respondió, y dijo: Esto no es otra cosa sino el cuchillo de Gedeón hijo de Joas, varón de Israel; Dios ha entregado en sus manos a los madianitas con todo el campamento.
15 ၁၅ ထိုသူ၏အိပ်မက်နှင့်ယင်း၏အနက်အဋ္ဌိပ္ပါယ် ကိုကြားသိရသောအခါဂိဒေါင်သည်ဒူး ထောက်၍ ထာဝရဘုရားအားကိုးကွယ်၏။ ထိုနောက်ဣသရေလတပ်စခန်းသို့ပြန် ပြီးလျှင်``ထကြ၊ ထာဝရဘုရားသည်သင် တို့အားမိဒျန်တပ်အပေါ်၌အောင်ပွဲခံ စေတော်မူလေပြီ'' ဟုဆို၏။-
Y cuando Gedeón oyó la historia del sueño y su interpretación, adoró; y vuelto al campamento de Israel, dijo: Levantaos, que el SEÑOR ha entregado el campamento de Madián en vuestras manos.
16 ၁၆ သူသည်မိမိတပ်သားသုံးရာကိုသုံးစုခွဲ ပြီးနောက် လူတိုင်းအားမီးရှူးတိုင်ပါသော အိုးတစ်လုံးနှင့်တံပိုးခရာတစ်ခုကိုပေး ၏။-
Y repartiendo los trescientos hombres en tres escuadrones, dio a cada uno de ellos trompetas en sus manos, y cántaros vacíos con teas ardiendo dentro de los cántaros.
17 ၁၇ ထိုနောက်သူတို့အား``ရန်သူတပ်စခန်းအစွန် သို့ငါရောက်ရှိလာသောအခါ သင်တို့သည် ငါ့ကိုကြည့်၍ငါပြုသည့်အတိုင်းပြုကြ လော့။-
Y les dijo: Miradme a mí, y haced como yo hiciere; he aquí que cuando yo llegare al principio del campamento, como yo hiciere, así haréis vosotros.
18 ၁၈ ငါနှင့်ငါ၏လူစုတံပိုးခရာမှုတ်သော အခါသင်တို့သည်လည်း စခန်းပတ်လည်၌ တံပိုးခရာများကိုမှုတ်ပြီးလျှင်`ထာဝရ ဘုရားနှင့်ဂိဒေါင်အတွက်' ဟူ၍ကြွေး ကြော်ကြလော့'' ဟုမှာထားလေသည်။
Yo tocaré la trompeta y todos los que estarán conmigo; y vosotros tocaréis entonces las trompetas alrededor de todo el campamento, y diréis: ¡El SEÑOR y Gedeón!
19 ၁၉ ဂိဒေါင်နှင့်သူ၏တပ်သားတစ်ရာတို့သည် ရန်သူ့တပ်စခန်းအစွန်သို့ သန်းခေါင်အချိန် မတိုင်မီအစောင့်ကင်းလဲပြီးစအခါ၌ ရောက်ရှိလာကြ၏။ ထိုအခါသူတို့သည် တံပိုးခရာမှုတ်၍ မိမိတို့ကိုင်ဆောင်ထား သောအိုးတို့ကိုခွဲပစ်လိုက်ကြ၏။-
Llegó pues Gedeón, y los cien varones que llevaba consigo, al principio del campamento, al principio de la vela del medio, despertando solamente los guardias; y tocaron las trompetas, y quebraron los cántaros que llevaban en sus manos.
20 ၂၀ အခြားတပ်သားနှစ်စုသည်လည်းဤနည်း တူပင်ပြုကြ၏။ သူတို့အားလုံးပင်ဘယ် လက်ဖြင့်မီးရှူးတိုင်ကိုကိုင်၍ ညာလက်ဖြင့် တံပိုးခရာကိုကိုင်ထားကြလေသည်။ ထို နောက်``ထာဝရဘုရားနှင့်ဂိဒေါင်၏ဋ္ဌား'' ဟူ၍ကြွေးကြော်ကြ၏။-
Y los tres escuadrones tocaron sus trompetas, y quebrando los cántaros tomaron en la mano izquierda las teas, y en la derecha las trompetas con que tocaban, y dieron grita: -¡El cuchillo del SEÑOR y el de Gedeón!
21 ၂၁ သူတို့သည်ရန်သူ့တပ်စခန်းပတ်လည်၌ အသီးသီးမိမိတို့နေရာ၌ရပ်နေကြ၏။ ထိုအခါရန်သူတပ်တစ်တပ်လုံးပင်လျှင် အော်ဟစ်ထွက်ပြေးကြလေသည်။-
Y se estuvieron en sus lugares en derredor del campamento; y todo el campamento fue alborotado, y huyeron gritando.
22 ၂၂ ဂိဒေါင်၏တပ်သားတို့တံပိုးခရာများကို မှုတ်ကြစဉ်အခါ၌ ထာဝရဘုရားသည် ရန်သူတို့အားအချင်းချင်းဋ္ဌားလက်နက် ဖြင့်တိုက်ခိုက်စေတော်မူ၏။ သူတို့သည်ဇေရ ရတ်အရပ်သို့ဦးတည်လျက်ဗက်ရှိတ္တမြို့သို့ တိုင်အောင်လည်းကောင်း၊ တဗ္ဗတ်မြို့အနီးအာ ဗေလမဟောလမြို့သို့တိုင်အောင်လည်း ကောင်းထွက်ပြေးကြလေသည်။
Mas los trescientos tocaban las trompetas; y el SEÑOR puso el cuchillo de cada uno contra su compañero en todo el campamento. Y el ejército huyó hasta Bet-sita, hacia Zerera, y hasta el término de Abel-mehola en Tabat.
23 ၂၃ ထိုအခါနဿလိနှင့်အာရှာအနွယ်ဝင် တို့ကိုလည်းကောင်း၊ မနာရှေဒေသနှစ်ပိုင်း စလုံးမှလူတို့ကိုလည်းကောင်းဆင့်ခေါ် လိုက်ရာ သူတို့သည်မိဒျန်အမျိုးသားတို့ ကိုလိုက်လံတိုက်ခိုက်ကြ၏။-
Y juntándose los de Israel de Neftalí, y de Aser, y de todo Manasés, siguieron a los madianitas.
24 ၂၄ ဂိဒေါင်သည်ဧဖရိမ်တောင်ကုန်းဒေသအရပ် ရပ်သို့စေတမန်များကိုလွှတ်၍``မိဒျန်အမျိုး သားတို့အားတိုက်ခိုက်ရန်ဆင်းခဲ့ကြလော့။ ယော်ဒန်မြစ်ကိုလည်းကောင်း၊ ဗက်ဗာရရွာတိုင် အောင်ရှိသမျှသောချောင်းငယ်တို့ကိုလည်း ကောင်း ထိုသူတို့မကူးမဖြတ်နိုင်စေရန်သိမ်း ယူကြလော့'' ဟုမှာကြားလိုက်၏။ ဧဖရိမ် အနွယ်ဝင်အပေါင်းတို့သည်စုရုံးပြီးလျှင် ယော်ဒန်မြစ်နှင့်ဗက်ဗာရရွာအထိချောင်း ငယ်ရှိသမျှတို့ကိုသိမ်းယူကြ၏။-
Gedeón también envió mensajeros a todo el monte de Efraín, diciendo: Descended al encuentro de los madianitas, y tomadles las aguas hasta Bet-bara y el Jordán. Y juntos todos los varones de Efraín, tomaron las aguas de Bet-bara y el Jordán.
25 ၂၅ သူတို့သည်မိဒျန်ဗိုလ်ချုပ်နှစ်ဦးဖြစ်သော သြရဘနှင့်ဇေဘတို့ကိုလက်ရဖမ်းမိသ ဖြင့် သြရဘအားသြရဘကျောက်၌လည်း ကောင်း၊ ဇေဘကိုဇေဘစပျစ်သီးနယ်ရာ အရပ်၌လည်းကောင်းကွပ်မျက်လိုက်ကြ လေသည်။ သူတို့သည်မိဒျန်အမျိုးသား တို့နောက်သို့ဆက်လက်လိုက်လံကြပြီး နောက် သြရဘနှင့်ဇေဘတို့၏ဦးခေါင်း ကိုယော်ဒန်မြစ်အရှေ့ဘက်ကမ်းသို့ရောက် ရှိနေသောဂိဒေါင်၏ထံသို့ယူဆောင်ခဲ့ ကြ၏။
Y tomaron dos príncipes de los madianitas, Oreb y Zeeb; y mataron a Oreb en la peña de Oreb, y a Zeeb lo mataron en el lagar de Zeeb; y después que siguieron a los madianitas, trajeron las cabezas de Oreb y de Zeeb a Gedeón al otro lado del Jordán.