< တရားသူကြီးမှတ်စာ 7 >

1 တစ်​နေ့​သ​၌​ဂိဒေါင်​နှင့်​တ​ကွ​သူ​နှင့်​ပါ​လာ သော​လူ​အ​ပေါင်း​တို့​သည်​နံ​နက်​စော​စော​ထ ၍ ဟာ​ရုတ်​စမ်း​အ​နီး​၌​တပ်​ချ​ကြ​၏။ မိ​ဒျန် အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​သည်​သူ​တို့ ၏​မြောက်​ဘက်​မော​ရ​တောင်​ကုန်း​အ​နီး​ရှိ ချိုင့်​ထဲ​၌​ရှိ​သ​တည်း။
و یربعل که جدعون باشد با تمامی قوم که باوی بودند صبح زود برخاسته، نزد چشمه حرود اردو زدند، و اردوی مدیان به شمال ایشان نزد کوه موره در وادی بود.۱
2 ထာ​ဝ​ရ​ဘု​ရား​က​ဂိ​ဒေါင်​အား``သင်​နှင့် အ​တူ​ပါ​လာ​သော​လူ​တို့​သည်​အ​ရေ​အ​တွက် အား​ဖြင့်​များ​လွန်း​သ​ဖြင့် သူ​တို့​အား​မိ​ဒျန် အ​မျိုး​သား​တို့​အ​ပေါ်​အောင်​မြင်​ခွင့်​ကို​ငါ မ​ပေး​လို။ အ​ကယ်​၍​ပေး​ခဲ့​သော်​သူ​တို့​သည် မိ​မိ​တို့​၏​စွမ်း​ရည်​ဖြင့်​အောင်​ပွဲ​ရ​သည်​ဟု ထင်​မှတ်​ကာ​ငါ့​ကျေး​ဇူး​ကို​မ​သိ​ဘဲ​နေ ကြ​လိမ့်​မည်။-
و خداوند به جدعون گفت: «قومی که با توهستند، زیاده از آنند که مدیان را به‌دست ایشان تسلیم نمایم، مبادا اسرائیل بر من فخر نموده، بگویند که دست ما، ما را نجات داد.۲
3 သို့​ဖြစ်​၍`ကြောက်​လန့်​သူ​မှန်​သ​မျှ​မိ​မိ​တို့ အိမ်​သို့​ပြန်​ကြ​ပါ။ ငါ​တို့​မူ​ကား​ဤ​ဂိ​လဒ် တောင်​တွင်​နေ​ရစ်​မည်' ဟု​လူ​တို့​အား​ကြေ​ညာ လော့'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​လူ​ပေါင်း နှစ်​သောင်း​နှစ်​ထောင်​တို့​သည်​ပြန်​သွား​ကြ​၏။ လူ​တစ်​သောင်း​မူ​ကား​နေ​ရစ်​ကြ​လေ​သည်။
پس الان به گوش قوم ندا کرده، بگو: هر کس که ترسان وهراسان باشد از کوه جلعاد برگشته، روانه شود.» وبیست و دو هزار نفر از قوم برگشتند و ده هزارباقی ماندند.۳
4 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင်​အား ``ကျန်​ရှိ​နေ​သူ​တို့​မှာ​များ​လွန်း​သေး​သည်။ သူ​တို့​အား​ရေ​ဆိပ်​သို့​ခေါ်​သွား​လော့။ ထို အ​ရပ်​တွင်​သူ​တို့​ကို​သင့်​အ​တွက်​ငါ​လူ​နှစ်​စု ခွဲ​၍​ပေး​မည်။ အ​ကယ်​၍​ဤ​မည်​သော​သူ​သည် သင်​နှင့်​အ​တူ​လိုက်​ရ​မည်​ဟု​ငါ​ဆို​လျှင် ထို သူ​သည်​သင်​နှင့်​လိုက်​ရ​မည်။ အ​ကယ်​၍​ဤ မည်​သော​သူ​သည်​သင်​နှင့်​အ​တူ​မ​လိုက်​ရ ဟု​ငါ​ဆို​လျှင်​မူ​ကား ထို​သူ​သည်​သင်​နှင့် မ​လိုက်​ရ'' ဟု​မိန့်​တော်​မူ​၏။-
و خداوند به جدعون گفت: «باز هم قوم زیاده‌اند، ایشان را نزد آب بیاور تا ایشان را آنجابرای تو بیازمایم، و هر‌که را به تو گویم این با توبرود، او همراه تو خواهد رفت، و هر‌که را به تو گویم این با تو نرود، او نخواهد رفت.»۴
5 ဂိ​ဒေါင်​သည်​လူ​တို့​ကို​ရေ​ဆိပ်​သို့​ခေါ်​ဆောင် သွား​ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​က``ထို​သူ​တို့ တွင်​ရေ​ကို​ခွေး​ကဲ့​သို့​လျှာ​နှင့်​လျက်​သောက် သော​သူ​များ​နှင့် ဒူး​ထောက်​၍​သောက်​သော​သူ များ​ကို​နှစ်​စု​ခွဲ​လော့'' ဟု​ဂိ​ဒေါင်​အား​မိန့် တော်​မူ​၏။-
و چون قوم را نزد آب آورده بود، خداوند به جدعون گفت: «هر‌که آب را به زبان خود بنوشد چنانکه سگ می‌نوشد او را تنها بگذار، و همچنین هر‌که بر زانوی خود خم شده، بنوشد.»۵
6 ရေ​ကို​လက်​ခုပ်​ဖြင့်​ယူ​ပြီး​လျှင်​လျှာ​နှင့် လျက်​သောက်​သော​လူ​အ​ရေ​အ​တွက်​မှာ သုံး​ရာ​ရှိ​၍ ကျန်​သော​သူ​တို့​မူ​ကား​ဒူး ထောက်​၍​ရေ​ကို​သောက်​သူ​များ​ဖြစ်​ကြ​၏။-
و عدد آنانی که دست به دهان آورده، نوشیدند، سیصد نفر بودو جمیع بقیه قوم بر زانوی خود خم شده، آب نوشیدند.۶
7 ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ရေ​ကို​လျှာ ဖြင့်​လျက်​သောက်​သော​သူ​သုံး​ရာ​အား​ဖြင့် သင့်​ကို​ကယ်​ဆယ်​၍​မိ​ဒျန်​အ​မျိုး​သား တို့​အ​ပေါ်​၌​အောင်​ပွဲ​ခံ​စေ​မည်။ အ​ခြား သူ​အ​ပေါင်း​တို့​ကို​အိမ်​သို့​ပြန်​ရန်​ပြော ကြား​လော့'' ဟု​ဂိ​ဒေါင်​အား​မိန့်​တော် မူ​၏။-
و خداوند به جدعون گفت: «به این سیصد نفر که به کف نوشیدند، شما را نجات می‌دهم، و مدیان را به‌دست تو تسلیم خواهم نمود. پس سایر قوم هر کس به‌جای خود بروند.»۷
8 သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​ရိက္ခာ​နှင့်​တံ​ပိုး ခ​ရာ​ရှိ​သ​မျှ​ကို ယူ​ထား​သော​လူ​သုံး​ရာ မှ​တစ်​ပါး​အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ကို​အိမ်​သို့​ပြန်​စေ​၏။ မိ​ဒျန်​အ​မျိုး​သား​များ​၏​တပ်​စ​ခန်း​မှာ အ​နိမ့်​ပိုင်း​ချိုင့်​ထဲ​တွင်​ရှိ​သ​တည်း။
پس آن گروه توشه و کرناهای خود را به‌دست گرفتند و هر کس را از سایر مردان اسرائیل به خیمه خود فرستاد، ولی آن سیصد نفر را نگاه داشت. و اردوی مدیان در وادی پایین دست اوبود.۸
9 ထို​ည​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ဂိ​ဒေါင် အား``ထ​၍​သူ​တို့​၏​တပ်​စ​ခန်း​ကို​တိုက် ခိုက်​လော့။ သင့်​အား​အောင်​ပွဲ​ကို​ငါ​ပေး​မည်။-
و در همان شب خداوند وی را گفت: «برخیزو به اردو فرود بیا زیرا که آن را به‌دست تو تسلیم نموده‌ام.۹
10 ၁၀ သို့​ရာ​တွင်​အ​ကယ်​၍​သင်​သည်​သူ​တို့​အား တိုက်​ခိုက်​ရန်​ကြောက်​လန့်​နေ​ပါ​မူ သင်​၏ အ​စေ​ခံ​ဖုရ​ကို​ခေါ်​၍​ထို​တပ်​စ​ခန်း​သို့ သွား​လော့။-
لیکن اگر از رفتن می‌ترسی، با خادم خود فوره به اردو برو.۱۰
11 ၁၁ သူ​တို့​ပြော​ဆို​နေ​ကြ​သော​စ​ကား​ကို​သင် ကြား​သိ​ရ​လိမ့်​မည်။ ထို​အ​ခါ​သင်​သည်​တိုက် ခိုက်​ရန်​ရဲ​စွမ်း​သတ္တိ​ကို​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။ သို့​ဖြစ်​၍​ဂိ​ဒေါင်​သည်​မိ​မိ​အ​စေ ခံ​ဖု​ရ​နှင့်​အ​တူ ရန်​သူ့​တပ်​စ​ခန်း​အ​စွန် နား​သို့​သွား​လေ​သည်။-
و چون آنچه ایشان بگویند بشنوی، بعد از آن دست تو قوی خواهدشد، و به اردو فرود خواهی آمد.» پس او وخادمش، فوره به کناره سلاح دارانی که در اردوبودند، فرود آمدند.۱۱
12 ၁၂ မိ​ဒျန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား၊ သဲ​ကန္တာ​ရ​နေ​လူ​မျိုး​တို့​သည်​ကျိုင်း​ကောင် အုပ်​ကြီး​သ​ဖွယ်​ချိုင့်​၌​အိပ်​နေ​ကြ​၏။ သူ တို့​၏​ကု​လား​အုတ်​များ​သည်​သ​မုဒ္ဒ​ရာ ကမ်း​ခြေ​ရှိ​သဲ​လုံး​နှင့်​အ​မျှ​များ​သ​တည်း။
و اهل مدیان و عمالیق وجمیع بنی مشرق مثل ملخ، بی‌شمار در وادی ریخته بودند، و شتران ایشان را مثل ریگ که برکناره دریا بی‌حساب است، شماره‌ای نبود.۱۲
13 ၁၃ ဂိ​ဒေါင်​ရောက်​ရှိ​လာ​ချိန်​၌​လူ​တစ်​ယောက် သည် မိ​မိ​မြင်​မက်​သည့်​အိပ်​မက်​အ​ကြောင်း ကို​မိတ်​ဆွေ​တစ်​ဦး​အား​ပြော​ပြ​လျက်​နေ​၏။ ထို​သူ​က``မု​ယော​မုန့်​ပြား​တစ်​ချပ်​သည်​ငါ တို့​တပ်​စ​ခန်း​ထဲ​သို့​လိမ့်​ဝင်​လာ​ပြီး​လျှင် တဲ​ရှင်​တစ်​ခု​နှင့်​တိုက်​မိ​သ​ဖြင့်​ထို​တဲ​ရှင် သည်​ပြို​လဲ​ပြား​ချပ်​၍​သွား​သည်​ကို​ငါ အိပ်​မက်​မြင်​မက်​ပါ​သည်'' ဟု​ဆို​လေ​သည်။
پس چون جدعون رسید، دید که مردی به رفیقش خوابی بیان کرده، می‌گفت که «اینک خوابی دیدم، و هان گرده‌ای نان جوین در میان اردوی مدیان غلطانیده شده، به خیمه‌ای برخوردو آن را چنان زد که افتاد و آن را واژگون ساخت، چنانکه خیمه بر زمین پهن شد.»۱۳
14 ၁၄ ထို​မိတ်​ဆွေ​က​လည်း``ထို​မုန့်​ပြား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​ယော​ရှ​၏​သား​ဖြစ်​သူ ဂိ​ဒေါင်​၏​ဋ္ဌား​ပင်​ဖြစ်​သည်။ မုန့်​ပြား​သည် အ​ခြား​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​မ​ဆောင်​နိုင် ရာ။ ဘု​ရား​သ​ခင်​သည်​သူ့​အား​မိ​ဒျန် အ​မျိုး​နှင့် ငါ​တို့​တပ်​တစ်​ခု​လုံး​အ​ပေါ်​၌ အောင်​ပွဲ​ခံ​စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။
رفیقش درجواب وی گفت که «این نیست جز شمشیرجدعون بن یوآش، مرد اسرائیلی، زیرا خدامدیان و تمام اردو را به‌دست او تسلیم کرده است.»۱۴
15 ၁၅ ထို​သူ​၏​အိပ်​မက်​နှင့်​ယင်း​၏​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​ကြား​သိ​ရ​သော​အ​ခါ​ဂိ​ဒေါင်​သည်​ဒူး ထောက်​၍ ထာ​ဝ​ရ​ဘု​ရား​အား​ကိုး​ကွယ်​၏။ ထို​နောက်​ဣ​သ​ရေ​လ​တပ်​စ​ခန်း​သို့​ပြန် ပြီး​လျှင်``ထ​ကြ၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင် တို့​အား​မိ​ဒျန်​တပ်​အ​ပေါ်​၌​အောင်​ပွဲ​ခံ စေ​တော်​မူ​လေ​ပြီ'' ဟု​ဆို​၏။-
و چون جدعون نقل خواب و تعبیرش راشنید، سجده نمود، و به لشکرگاه اسرائیل برگشته، گفت: «برخیزید زیرا که خداوند اردوی مدیان را به‌دست شما تسلیم کرده است.»۱۵
16 ၁၆ သူ​သည်​မိ​မိ​တပ်​သား​သုံး​ရာ​ကို​သုံး​စု​ခွဲ ပြီး​နောက် လူ​တိုင်း​အား​မီး​ရှူး​တိုင်​ပါ​သော အိုး​တစ်​လုံး​နှင့်​တံ​ပိုး​ခ​ရာ​တစ်​ခု​ကို​ပေး ၏။-
و آن سیصد نفر را به سه فرقه منقسم ساخت، و به‌دست هر یکی از ایشان کرناها و سبوهای خالی داد و مشعلها در سبوها گذاشت.۱۶
17 ၁၇ ထို​နောက်​သူ​တို့​အား``ရန်​သူ​တပ်​စ​ခန်း​အ​စွန် သို့​ငါ​ရောက်​ရှိ​လာ​သော​အ​ခါ သင်​တို့​သည် ငါ့​ကို​ကြည့်​၍​ငါ​ပြု​သည့်​အ​တိုင်း​ပြု​ကြ လော့။-
و به ایشان گفت: «بر من نگاه کرده، چنان بکنید. پس چون به کنار اردو برسم، هر‌چه من می‌کنم، شما هم چنان بکنید.۱۷
18 ၁၈ ငါ​နှင့်​ငါ​၏​လူ​စု​တံ​ပိုး​ခ​ရာ​မှုတ်​သော အ​ခါ​သင်​တို့​သည်​လည်း စ​ခန်း​ပတ်​လည်​၌ တံ​ပိုး​ခ​ရာ​များ​ကို​မှုတ်​ပြီး​လျှင်`ထာ​ဝ​ရ ဘု​ရား​နှင့်​ဂိ​ဒေါင်​အ​တွက်' ဟူ​၍​ကြွေး ကြော်​ကြ​လော့'' ဟု​မှာ​ထား​လေ​သည်။
و چون من و آنانی که با من هستند کرناهارا بنوازیم، شما نیز از همه اطراف اردو کرناها رابنوازید و بگویید (شمشیر) خداوند و جدعون.»۱۸
19 ၁၉ ဂိ​ဒေါင်​နှင့်​သူ​၏​တပ်​သား​တစ်​ရာ​တို့​သည် ရန်​သူ့​တပ်​စ​ခန်း​အ​စွန်​သို့ သန်း​ခေါင်​အ​ချိန် မ​တိုင်​မီ​အ​စောင့်​ကင်း​လဲ​ပြီး​စ​အ​ခါ​၌ ရောက်​ရှိ​လာ​ကြ​၏။ ထို​အ​ခါ​သူ​တို့​သည် တံ​ပိုး​ခ​ရာ​မှုတ်​၍ မိ​မိ​တို့​ကိုင်​ဆောင်​ထား သော​အိုး​တို့​ကို​ခွဲ​ပစ်​လိုက်​ကြ​၏။-
پس جدعون و صد نفر که با وی بودند درابتدای پاس دوم شب به کنار اردو رسیدند و درهمان حین کشیکچی‌ای تازه گذارده بودند، پس کرناها را نواختند و سبوها را که در دست ایشان بود، شکستند.۱۹
20 ၂၀ အ​ခြား​တပ်​သား​နှစ်​စု​သည်​လည်း​ဤ​နည်း တူ​ပင်​ပြု​ကြ​၏။ သူ​တို့​အား​လုံး​ပင်​ဘယ် လက်​ဖြင့်​မီး​ရှူး​တိုင်​ကို​ကိုင်​၍ ညာ​လက်​ဖြင့် တံ​ပိုး​ခ​ရာ​ကို​ကိုင်​ထား​ကြ​လေ​သည်။ ထို နောက်``ထာ​ဝ​ရ​ဘု​ရား​နှင့်​ဂိ​ဒေါင်​၏​ဋ္ဌား'' ဟူ​၍​ကြွေး​ကြော်​ကြ​၏။-
و هر سه فرقه کرناها را نواختندو سبوها را شکستند و مشعلها را به‌دست چپ وکرناها را به‌دست راست خود گرفته، نواختند، وصدا زدند شمشیر خداوند و جدعون.۲۰
21 ၂၁ သူ​တို့​သည်​ရန်​သူ့​တပ်​စ​ခန်း​ပတ်​လည်​၌ အ​သီး​သီး​မိ​မိ​တို့​နေ​ရာ​၌​ရပ်​နေ​ကြ​၏။ ထို​အ​ခါ​ရန်​သူ​တပ်​တစ်​တပ်​လုံး​ပင်​လျှင် အော်​ဟစ်​ထွက်​ပြေး​ကြ​လေ​သည်။-
و هرکس به‌جای خود به اطراف اردو ایستادند وتمامی لشکر فرار کردند و ایشان نعره زده، آنها رامنهزم ساختند.۲۱
22 ၂၂ ဂိဒေါင်​၏​တပ်​သား​တို့​တံ​ပိုး​ခ​ရာ​များ​ကို မှုတ်​ကြ​စဉ်​အ​ခါ​၌ ထာ​ဝ​ရ​ဘု​ရား​သည် ရန်​သူ​တို့​အား​အ​ချင်း​ချင်း​ဋ္ဌား​လက်​နက် ဖြင့်​တိုက်​ခိုက်​စေ​တော်​မူ​၏။ သူ​တို့​သည်​ဇေ​ရ ရတ်​အ​ရပ်​သို့​ဦး​တည်​လျက်​ဗက်​ရှိတ္တ​မြို့​သို့ တိုင်​အောင်​လည်း​ကောင်း၊ တဗ္ဗတ်​မြို့​အ​နီး​အာ ဗေ​လ​မ​ဟော​လ​မြို့​သို့​တိုင်​အောင်​လည်း ကောင်း​ထွက်​ပြေး​ကြ​လေ​သည်။
و چون آن سیصد نفر کرناها را نواختند، خداوند شمشیر هر کس را بر رفیقش وبر تمامی لشکر گردانید، و لشکر ایشان تابیت شطه به سوی صریرت و تا سر حد آبل محوله که نزد طبات است، فرار کردند.۲۲
23 ၂၃ ထို​အ​ခါ​န​ဿ​လိ​နှင့်​အာ​ရှာ​အ​နွယ်​ဝင် တို့​ကို​လည်း​ကောင်း၊ မ​နာ​ရှေ​ဒေ​သ​နှစ်​ပိုင်း စ​လုံး​မှ​လူ​တို့​ကို​လည်း​ကောင်း​ဆင့်​ခေါ် လိုက်​ရာ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား​တို့ ကို​လိုက်​လံ​တိုက်​ခိုက်​ကြ​၏။-
و مردان اسرائیل از نفتالی و اشیر و تمامی منسی جمع شده، مدیان را تعاقب نمودند.۲۳
24 ၂၄ ဂိ​ဒေါင်​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​အ​ရပ် ရပ်​သို့​စေ​တ​မန်​များ​ကို​လွှတ်​၍``မိ​ဒျန်​အ​မျိုး သား​တို့​အား​တိုက်​ခိုက်​ရန်​ဆင်း​ခဲ့​ကြ​လော့။ ယော်​ဒန်​မြစ်​ကို​လည်း​ကောင်း၊ ဗက်​ဗာ​ရ​ရွာ​တိုင် အောင်​ရှိ​သ​မျှ​သော​ချောင်း​ငယ်​တို့​ကို​လည်း ကောင်း ထို​သူ​တို့​မ​ကူး​မ​ဖြတ်​နိုင်​စေ​ရန်​သိမ်း ယူ​ကြ​လော့'' ဟု​မှာ​ကြား​လိုက်​၏။ ဧ​ဖ​ရိမ် အ​နွယ်​ဝင်​အ​ပေါင်း​တို့​သည်​စု​ရုံး​ပြီး​လျှင် ယော်​ဒန်​မြစ်​နှင့်​ဗက်​ဗာ​ရ​ရွာ​အ​ထိ​ချောင်း ငယ်​ရှိ​သ​မျှ​တို့​ကို​သိမ်း​ယူ​ကြ​၏။-
و جدعون به تمامی کوهستان افرایم، رسولان فرستاده، گفت: «به جهت مقابله با مدیان به زیر آیید و آبها را تا بیت باره و اردن پیش ایشان بگیرید.» پس تمامی مردان افرایم جمع شده، آبهارا تا بیت باره و اردن گرفتند.۲۴
25 ၂၅ သူ​တို့​သည်​မိ​ဒျန်​ဗိုလ်​ချုပ်​နှစ်​ဦး​ဖြစ်​သော သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​ကို​လက်​ရ​ဖမ်း​မိ​သ ဖြင့် သြ​ရ​ဘ​အား​သြ​ရ​ဘ​ကျောက်​၌​လည်း ကောင်း၊ ဇေ​ဘ​ကို​ဇေ​ဘ​စ​ပျစ်​သီး​နယ်​ရာ အ​ရပ်​၌​လည်း​ကောင်း​ကွပ်​မျက်​လိုက်​ကြ လေ​သည်။ သူ​တို့​သည်​မိ​ဒျန်​အ​မျိုး​သား တို့​နောက်​သို့​ဆက်​လက်​လိုက်​လံ​ကြ​ပြီး နောက် သြ​ရ​ဘ​နှင့်​ဇေ​ဘ​တို့​၏​ဦး​ခေါင်း ကို​ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​သို့​ရောက် ရှိ​နေ​သော​ဂိ​ဒေါင်​၏​ထံ​သို့​ယူ​ဆောင်​ခဲ့ ကြ​၏။
و غراب و ذئب، دو سردار مدیان را گرفته، غراب را بر صخره غراب و ذئب را در چرخشت ذئب کشتند، ومدیان را تعاقب نمودند، و سرهای غراب و ذئب را به آن طرف اردن، نزد جدعون آوردند.۲۵

< တရားသူကြီးမှတ်စာ 7 >