< တရားသူကြီးမှတ်စာ 4 >
1 ၁ ဧဟုဒသေလွန်ပြီးနောက်ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား အားတစ်ဖန်ပြစ်မှားကြပြန်၏။-
၁ဧဟုဒ သေ သောနောက်၊ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ တဖန် ဒုစရိုက် ကို ပြု သောကြောင့်၊
2 ၂ သို့ဖြစ်၍ထာဝရဘုရားသည်ဟာဇာမြို့ ၌မင်းပြုသူခါနာန်ဘုရင်ရာဘိန်အား သူတို့ ကိုတိုက်ခိုက်အောင်မြင်စေတော်မူ၏။ ထိုမင်း ၏စစ်သူကြီးမှာလူမျိုးခြားတို့နေရာ၊ ဟာ ရောရှက်မြို့သားသိသရဖြစ်၏။-
၂ထာဝရဘုရား သည် ဟာဇော် မြို့၌ မင်းပြု သောခါနာန် ရှင်ဘုရင် ရာဘိန် ၌ ရောင်း တော်မူ၏။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား၊ ဂေါအိမ်ပြည်ဟာရောရှက် မြို့၌ နေ သောသိသရ တည်း။
3 ၃ ရာဘိန်မင်းထံတွင်သံရထားကိုးရာရှိ၏။ သူ သည်ဣသရေလအမျိုးသားတို့အားအနှစ် နှစ်ဆယ်တိုင်တိုင် အကြမ်းဖက်၍ရက်စက်စွာ အုပ်စိုးလေသည်။ ထိုအခါဣသရေလအမျိုး သားတို့သည် ထာဝရဘုရားထံတော်သို့ ကူမတော်မူရန်ဟစ်အော်ကြကုန်၏။
၃ထိုမင်း၌ သံ ရထား ကိုး ရာ ရှိ၏။ ဣသရေလ အမျိုးသားတို့ကို အနှစ် နှစ်ဆယ် ပတ်လုံးအလွန် ညှဉ်းဆဲ သောကြောင့်၊ သူ တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ၏။
4 ၄ ထိုအခါလဝိဒုတ်၏ဇနီးဒေဗောရသည် ပရောဖက်မဖြစ်၍ ဣသရေလအမျိုးသား တို့အတွက်တရားသူကြီးတစ်ဦးအဖြစ် အမှုထမ်းလျက်နေ၏။-
၄ထို ကာလ အခါ လပိဒုတ် မြို့သား ပရောဖက်မ ဒေဗောရ သည် ဣသရေလ အမျိုးကို အုပ်စိုး ၏။
5 ၅ သူသည်ဧဖရိမ်တောင်ကုန်းဒေသတွင်ရာမ မြို့နှင့် ဗေသလမြို့စပ်ကြားရှိစွန်ပလွံပင် အောက်၌ထိုင်၍နေလေ့ရှိ၏။ ဣသရေလ အမျိုးသားတို့သည်လည်းအဆုံးအဖြတ် ကိုခံယူရန် ထိုအရပ်သို့သွားရောက်လေ့ ရှိကြ၏။-
၅သူသည် ဧဖရိမ် တောင် ပေါ်၊ ရာမ မြို့နှင့် ဗေသလ မြို့စပ်ကြား ၊ ဒေဗောရ စွန်ပလွံ ပင်အောက် မှာနေ ၍ ၊ ဣသရေလ အမျိုးသားတို့သည် ထိုပရောဖက်မ ၏ စီရင်ခြင်း ကိုခံအံ့သောငှါ ရောက် လာတတ်ကြ၏။
6 ၆ တစ်နေ့သ၌သူသည်နဿလိနယ်မြေ၊ ကေ ဒေရှမြို့မှအဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင်``ဣသရေလအမျိုးသားတို့ဘုရားသခင်ထာဝရဘုရားက`သင်သည်နဿလိ အနွယ်နှင့် ဇာဗုလုန်အနွယ်မှလူပေါင်းတစ် သောင်းကိုခေါ်ယူကာတာဗော်တောင်သို့ သွားရမည်။-
၆တဖန် ဒေဗောရသည် လူကို စေလွှတ် ၍ ၊ နဿလိ ခရိုင်ကေဒေရှ မြို့မှာ နေသောအဘိနောင် ၏သား ဗာရက် ကို ခေါ် ပြီးလျှင် ၊ သင်သည် နဿလိ အမျိုး၊ ဇာဗုလုန် အမျိုးထဲက လူ တသောင်း ကို သွေးဆောင်၍ တာဗော် တောင် သို့ သွား လော့။
7 ၇ သင့်ကိုတိုက်ခိုက်စေရန်ရာဘိန်မင်း၏စစ်သူ ကြီးသိသရကိုကိရှုန်မြစ်သို့ငါခေါ်ဆောင် ခဲ့မည်။ သူ၏ထံတွင်ရထားများနှင့်စစ်သည် ဗိုလ်ပါများပါရှိလိမ့်မည်။ သို့ရာတွင်ငါသည် သင့်အားသူ့ကိုနိုင်နင်းအောင်မြင်စေမည်' ဟု သင့်အားမိန့်တော်မူလေပြီ'' ဟုပြော၏။
၇ငါသည်လည်း ယာဘိန် မင်း၏ ဗိုလ်ချုပ် သိသရ နှင့် ရထား ဗိုလ်ပါ များကို သင် ရှိ ရာ ကိရှုန် မြစ် သို့ သွေးဆောင် ၍ သင့် လက် ၌ အပ် မည်ဟု ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသည်ဟု ဆင့်ဆို လေ၏။
8 ၈ ထိုအခါဗာရက်က``အကယ်၍အကျွန်ုပ်နှင့် အတူ အရှင်လိုက်မည်ဆိုလျှင်အကျွန်ုပ်သွား ပါမည်။ အရှင်မလိုက်လိုပါကအကျွန်ုပ် လည်းမသွားလိုပါ'' ဟုဆို၏။
၈ဗာရက် ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ် နှင့်အတူ ကြွ လျှင် အကျွန်ုပ်သွား ပါမည်။ ကြွ တော်မ မူလျှင် မူကား မ သွား ပါဟု လျှောက် သော်၊
9 ၉ ဒေဗောရကလည်း``ကောင်းပြီ၊ သင်နှင့်အတူ ငါလိုက်ပါအံ့။ သို့ရာတွင်သင်သည်ထိုအောင် ပွဲနှင့်ဆိုင်သောဂုဏ်အသရေကိုရရှိလိမ့် မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်ထာဝရ ဘုရားသည်သိသရကိုအမျိုးသမီးလက် သို့ပေးအပ်တော်မူလိမ့်မည်ဖြစ်သောကြောင့် တည်း'' ဟုဆို၏။ သို့ဖြစ်၍ဒေဗောရသည် ဗာရက်နှင့်အတူကိရှန်မြစ်သို့ထွက်ခွာ သွား၏။-
၉ဒေဗောရ က၊ ငါသည် သင် နှင့်အတူ အမှန် သွား မည်။ သို့သော်လည်း သင် သွား ရာလမ်း ၌ ဂုဏ် အသရေကို မ ရ ရာ။ ထာဝရဘုရား သည် သိသရ ကို မိန်းမ ၌ ရောင်း တော်မူမည်ဟု ဆို ပြီးမှ ထ ၍ ဗာရက် နှင့်အတူ ကေဒေရှ မြို့သို့ သွား လေ၏။
10 ၁၀ ဗာရက်သည်နဿလိအနွယ်ဝင်နှင့်ဇာဗုလုန် အနွယ်ဝင်တို့ကို ကေဒေရှမြို့သို့ခေါ်ယူရာ သူ၏နောက်သို့လူပေါင်းတစ်သောင်းလိုက်ကြ ၏။ ဒေဗောရသည်လည်းသူနှင့်အတူလိုက် လေသည်။
၁၀ဗာရက် သည် နဿလိ အမျိုးသား၊ ဇာဗုလုန် အမျိုးသားတို့ကို ကေဒေရှ မြို့သို့ ခေါ် ၍ ၊ လိုက် သောသူ တသောင်း နှင့်တကွ ဒေဗောရ ပါလျက် တက် လေ၏။
11 ၁၁ ဤအတောအတွင်း၌ကေနိအမျိုးသား ဟေဗာသည် ကာဒေရှမြို့အနီးဗာနိမ်အရပ် ရှိသပိတ်ပင်ခြေရင်း၌မိမိ၏တဲကိုတည် ဆောက်၏။ သူသည်မောရှေ၏ယောက်ဖ၊ ဟောဗက် ၏သားမြေးများဖြစ်သူအခြားကေနိအနွယ် ဝင်တို့ထံမှပြောင်းရွှေ့လာသူဖြစ်သတည်း။
၁၁မောရှေ ၏ယောက္ခမ ဟောဗတ် ၏သား မြေးအဝင်၊ ကေနိ အမျိုးသားဟေဗာ သည်၊ ကေနိ လူတို့နှင့် ခွာ ၍ ကေဒေရှ မြို့အနား ၊ ဇာနိမ် သပိတ်ပင် ခြေရင်း၌ တဲ ကို ဆောက် လျက် နေနှင့်သတည်း။
12 ၁၂ တာဗော်တောင်သို့ဗာရက်တက်သွားသည့် အကြောင်းကို သိသရကြားသိသောအခါ၊-
၁၂အဘိနောင် ၏သား ဗာရက် သည် တာဗော် တောင် ပေါ်သို့ တက် ကြောင်း ကို သိသရ အား ကြားပြော လျှင်၊
13 ၁၃ သူသည်သံရထားကိုးရာနှင့်မိမိ၏လူ အပေါင်းတို့ကိုစုရုံးစေပြီးလျှင် လူမျိုး ခြားတို့နေရာဟာရောရှက်မြို့မှကိရှုန် မြစ်သို့စေလွှတ်လိုက်လေသည်။
၁၃သိသရ သည် မိမိ ရထား ရှိသမျှ တည်းဟူသောသံ ရထား ကိုး ရာ နှင့် ဂေါအိမ်ပြည်ဟာရောရှက် မြို့မှ စ၍ကိရှုန် မြစ် တိုင်အောင် မိမိ လူ အပေါင်း တို့ကို စုဝေး စေ၏။
14 ၁၄ ထိုအခါဒေဗောရကဗာရက်အား``သင်သွား လော့။ ထာဝရဘုရားသည်သင့်အားရှေ့ဆောင် လျက်နေတော်မူပြီ။ ယနေ့၌ပင်ကိုယ်တော် သည်သင့်အားသိသရအပေါ်တွင်အောင်ပွဲ ခံစေတော်မူလေပြီ'' ဟုပြော၏။ သို့ဖြစ်၍ ဗာရက်သည်မိမိ၏လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းပြီးနောက်၊-
၁၄ဒေဗောရ ကလည်း ၊ ထ လော့။ ယနေ့ ကား ထာဝရဘုရား သည် သိသရ ကို သင့် လက် ၌ အပ် တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရား သည် သင့် ရှေ့ မှာ ကြွ တော်မူပြီ မဟုတ် လောဟု ဆို လေသော်၊ ဗာရက် သည် လူ တသောင်း နှင့်တကွ တာဗော် တောင် ပေါ်က ဆင်း လေ၏။
15 ၁၅ ရန်သူကိုတိုက်ခိုက်ရာထာဝရဘုရားသည် သိသရ၏သံရထားများနှင့်တပ်သားတို့ ကိုကစဥ့်ကရဲဖြစ်စေတော်မူသဖြင့် သိသရ သည်မိမိရထားမှဆင်း၍ခြေလျင်ထွက် ပြေးလေ၏။-
၁၅ထာဝရဘုရား သည် သိသရ မှစ၍သူ၏ရထား များနှင့် ဗိုလ်ပါ စစ်သည်များအပေါင်း တို့ကို ဗာရက် ရှေ့ မှာ ထား ဖြင့် ရှုံး စေတော်မူသောကြောင့်၊ သိသရ သည် မိမိရထား မှ ဆင်း ၍ ခြေ ဖြင့် ပြေး လေ၏။
16 ၁၆ ဗာရက်သည်လည်းသူ၏ရထားများနှင့်တပ် သားတို့ကို လူမျိုးခြားတို့နေရာဟာရောရှက် မြို့သို့တိုင်အောင်လိုက်လံတိုက်ခိုက်ရာ သိသရ ၏တပ်သားတို့သည်တစ်ယောက်မျှမကျန် သေဆုံးကြကုန်၏။
၁၆ဗာရက် သည် ရထား များ၊ ဗိုလ်ပါ စစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက် မြို့တိုင်အောင် လိုက် ၍ ၊ သိသရ စစ်သူရဲ အပေါင်း တို့သည် တယောက် မျှ မ ကျန် ကြွင်း ထား နှင့် သေကြကုန်၏။
17 ၁၇ သိသရသည်ကေနိအမျိုးသားဟေဗာ ၏ဇနီးယေလ၏တဲသို့ထွက်ပြေးသွားလေ သည်။ အဘယ်ကြောင့်ဆိုသော်ဟာဇော်ဘုရင် ယာဘိန်နှင့်ဟေဗာ၏မိသားစုသင့်မြတ် မှုရှိသောကြောင့်ဖြစ်၏။-
၁၇သိသရ သည် ကေနိ အမျိုးသားဟေဗာ ၏ မယား ယေလ ၏တဲ သို့ ခြေ ဖြင့် ပြေး ၏။ ထိုကာလ၌ ဟာဇော် ရှင်ဘုရင် ယာဘိန် သည် ဟေဗာ အမျိုးသား ချင်း ကေနိ လူတို့နှင့် မိဿဟာယ ဖွဲ့လျက် ရှိသတည်း။
18 ၁၈ ယေလသည်ထွက်၍သိသရအား``ကြွတော် မူပါ။ ကျွန်တော်မတဲထဲသို့ဝင်တော်မူပါ။ ကြောက်လန့်တော်မမူပါနှင့်'' ဟုဖိတ်ခေါ် လေသည်။ သို့ဖြစ်၍စစ်သူကြီးသည်တဲထဲ သို့ဝင်လေသော်ယေလသည်သူ့အားကန့်လန့် ကာတစ်ခု၏နောက်တွင်ကွယ်ဝှက်၍ထား၏။-
၁၈ယေလ သည် သိသရ ကို ခရီးဦးကြိုပြု ခြင်းငှါ ထွက် ၍ ၊ သခင် ဝင် ပါ၊ ကျွန်မ ဆီ သို့ ဝင် ပါ။ စိုးရိမ် တော် မ မူပါနှင့်ဟု ခေါ် သည်အတိုင်း ၊ သူသည် ယေလနေရာတဲ ထဲ သို့ ဝင် ၍ ယေလသည် သူ့ ကို စောင် နှင့် ခြုံ လေ၏။
19 ၁၉ သူကလည်း``ငါရေငတ်သည်၊ ရေတစ်ပေါက် လောက်သောက်ပါရစေ'' ဟုယေလအားပြော လျှင်ယေလသည်နွားနို့ထည့်ထားသော သားရေဘူးကိုဖွင့်၍ နို့တစ်ခွက်ကိုပေးပြီး နောက်သူ့အားပြန်၍ဝှက်ထားလေသည်။-
၁၉သူကလည်း ၊ ငါရေငတ် သည်၊ ရေ အနည်းငယ် ကိုပေး ပါဟု တောင်း လျှင် ၊ မိန်းမသည် နွားနို့ ဘူး ကို ဖွင့် ၍ သောက် စေပြီးမှ တဖန် ခြုံ လေ၏။
20 ၂၀ ထိုနောက်သိသရက``သင်သည်တဲတံခါးဝ ၌စောင့်နေပါလော့။ အကယ်၍တဲထဲတွင်လူ တစ်စုံတစ်ယောက်ရှိပါသလောဟုမေးမြန်း လာသူရှိပါက`မရှိပါ' ဟုပြန်ပြောပါ လေ'' ဟုယေလအားမှာထားလိုက်၏။
၂၀သူကလည်း ၊ တဲ တံခါးဝ ၌ နေ ပါ။ လူ တစုံတယောက်က ယောက်ျားရှိ သလောဟု လာ ၍ မေး လျှင် မ ရှိကြောင်းကို ပြော လော့ဟု မှာ ထားလေ၏။
21 ၂၁ သိသရသည်အလွန်မောပန်းသဖြင့်အိပ် ပျော်သွားလေသည်။ ထိုအခါယေလသည်တူ တစ်လက်နှင့်တဲရှင်ငုတ်ချွန်တစ်ချောင်းကိုယူ၍ သူ့ထံသို့တိတ်ဆိတ်စွာသွားပြီးလျှင်ငုတ် ချွန်ကိုမြေ၌စွဲသည်တိုင်အောင်သူ၏နား ထင်သို့ရိုက်သွင်းလိုက်လေသည်။-
၂၁ထိုအခါ ဟေဗာ မယား ယေလ သည် သိသရမော လျက် အိပ်ပျော် စဉ် တွင်၊ တဲ တံသင် တချောင်းနှင့် လက်ရိုက် ကို ကိုင် လျက် သူ့ ထံ သို့တိတ်ဆိတ် စွာ သွား ၍ တံသင် ကို မြေ ၌ စွဲ စေသည်တိုင်အောင်သူ ၏ နားပန်း ထဲ သို့ ရိုက် သွင်းသဖြင့် သိသရသည် သေ ၏။
22 ၂၂ သိသရအားရှာဖွေရန်ဗာရက်ရောက်ရှိလာ သောအခါ ယေလသည်ထွက်၍ခရီးဦးကြို ပြုလျက်``တဲထဲသို့ဝင်ပါ။ သင်ရှာဖွေနေသူ အားကျွန်မပြပါမည်'' ဟုပြော၏။ ဗာရက် သည်ယေလနှင့်အတူတဲထဲသို့ဝင်လိုက် သောအခါနားထင်တွင်တဲရှင်ငုတ်ချွန်စိုက် ၍သေနေသူသိသရကိုတွေ့မြင်ရတော့၏။
၂၂ဗာရက် သည် သိသရ ကို လိုက် ရှာသောအခါ ၊ ယေလ ထွက် ၍ ကျွန်မဆီသို့ ဝင် ပါ။ ရှာ သောသူကို ပြ ပါမည်ဟု ကြိုဆို လျှင်၊ ဗာရက်သည် တဲထဲသို့ ဝင် ၍ သိသရ သေ လျက်၊ နားပန်း ၌ တံသင် စူးလျက်ရှိသည်ကို မြင် လေ၏။
23 ၂၃ ထိုနေ့၌ထာဝရဘုရားသည်ခါနာန်ဘုရင် ယာဘိန်၏အပေါ်၌ ဣသရေလအမျိုးသား တို့အားအောင်ပွဲခံစေတော်မူသတည်း။-
၂၃ထို နေ့ ၌ ထာဝရဘုရား သည် ခါနာန် ရှင်ဘုရင် ယာဘိန် ကို၊ ဣသရေလ အမျိုးသားတို့ရှေ့ မှာ နှိမ့်ချ တော်မူသဖြင့်၊
24 ၂၄ သူတို့သည်ထိုဘုရင်အားဆုံးရှုံးပျက်စီးသွား သည့်တိုင်အောင်တိုး၍တိုး၍ပြင်းပြင်းထန် ထန်တိုက်ခိုက်ကြ၏။
၂၄သူတို့သည် ထိုရှင်ဘုရင် ကို မဖျက်ဆီး မှီတိုင်အောင် အစဉ်အောင်လျက် နေကြ၏။