< တရားသူကြီးမှတ်စာ 3 >
1 ၁ သို့ဖြစ်၍ထာဝရဘုရားသည်ခါနာန်ပြည် စစ်ပွဲများတွင်မပါမဝင်ခဲ့ဘူးသော ဣသ ရေလအမျိုးသားတို့အားစစ်ကြောရန် ထို ပြည်တွင်အချို့သောလူမျိုးတို့ကိုဆက် လက်နေထိုင်စေတော်မူ၏။-
Idzi ndidzo ndudzi dzakasiyiwa naJehovha kuti aedze vaIsraeri vaya vose vakanga vasina kumboziva kana hondo ipi zvayo muKenani,
2 ၂ ယင်းသို့ကိုယ်တော်ပြုရသည့်အကြောင်းမှာ ဣသရေလလူမျိုးဆက်တစ်ဆက်ပြီးတစ် ဆက်စစ်မှုရေးရာသင်ကြားနိုင်ရန်ပင်ဖြစ် ၏။ အထူးသဖြင့်ယခင်ကစစ်ပွဲမဝင်ခဲ့ ဘူးသူတို့အားသင်ကြားပေးနိုင်စေရန် ဖြစ်၏။-
(akaita izvi bedzi kuti adzidzise zvehondo kuzvizvarwa zvavaIsraeri izvo zvakanga zvisina kumborwa hondo):
3 ၃ ထိုပြည်တွင်ကျန်ရှိနေသောလူမျိုးများမှာ ဖိလိတ္တိမြို့ငါးမြို့မှဖိလိတ္တိလူမျိုး၊ ခါနာန် လူမျိုးအားလုံး၊ ဇိဒုန်လူမျိုးနှင့်ဗာလဟေ ရမုန်တောင်မှဟာမတ်တောင်ကြားလမ်းအထိ တည်ရှိသောလေဗနုန်တောင်ပေါ်တွင်နေထိုင် သည့်ဟိဝိလူမျိုးတို့ဖြစ်ကြ၏။-
vatongi vashanu vavaFiristia, vaKenani vose, vaSidhoni, uye vaHivhi vaigara mumakomo eRebhanoni kubva paGomo reBhaari Herimoni kusvikira kuRebho Hamati.
4 ၄ ဣသရေလအမျိုးသားတို့သည်မိမိတို့ ဘိုးဘေးများအားမောရှေမှတစ်ဆင့် ထာဝရ ဘုရားပေးတော်မူခဲ့သည့်ပညတ်တော်တို့ ကိုလိုက်နာကျင့်သုံးမည်မကျင့်သုံးမည်ကို သိရှိနိုင်စေရန်ကိုယ်တော်သည်အဆိုပါလူ မျိုးတို့ကိုအသုံးပြု၍စစ်ကြောတော်မူလို သတည်း။-
Vakasiyiwa kuti vaedze vaIsraeri kuti aone kana vaizoteerera mirayiro yaJehovha, yaakanga apa madzitateguru avo kubudikidza naMozisi.
5 ၅ သို့ဖြစ်၍ဣသရေလအမျိုးသားတို့သည် ခါနာန်အမျိုးသားများ၊ ဟိတ္တိအမျိုးသား များ၊ အာမောရိအမျိုးသားများ၊ ဖေရဇိ အမျိုးသားများ၊ ဟိဝိအမျိုးသားများနှင့် ယေဗုသိအမျိုးသားများတို့နှင့်အတူနေ ထိုင်ရကြလေသည်။-
VaIsraeri vakagara pakati pavaKenani, vaHiti, vaAmori, vaPerezi, vaHivhi navaJebhusi.
6 ၆ သူတို့သည်ထိုသူတို့၏သားသမီးများနှင့် ထိမ်းမြားစုံဖက်ကာသူတို့၏ဘုရားများ ကိုကိုးကွယ်ကြကုန်၏။
Vakatora vanasikana vavo kuti vave vakadzi vavo uye vakapa vanasikana vavowo kuvanakomana vavo, uye vakashumira vamwari vavo.
7 ၇ ဣသရေလအမျိုးသားတို့သည်မိမိတို့၏ ဘုရားသခင်ထာဝရဘုရားအားမေ့လျော့ သွားကြ၏။ ကိုယ်တော်ကိုပြစ်မှားကာဗာလ ဘုရားနှင့်အာရှရဘုရားတို့ကိုဝတ်ပြု ရှိခိုးကြ၏။-
VaIsraeri vakaita zvakaipa pamberi paJehovha; vakakanganwa Jehovha Mwari wavo vakashumira vaBhaari navaAshera.
8 ၈ သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့အားအမျက်တော်ထွက်သဖြင့် မေသောပေါတာမိဘုရင်ခုရှံရိရှသိမ်အား သူတို့ကိုနှိမ်နင်းအောင်မြင်စေတော်မူ၏။ သူ တို့သည်ရှစ်နှစ်ပတ်လုံးထိုဘုရင်၏လက် အောက်ခံဖြစ်ရကြလေသည်။-
Kutsamwa kwaJehovha kwakapisa pamusoro paIsraeri zvokuti akavatengesa mumaoko aKushani-Rishataimi mambo weAramu Naharaimu, avo vakashandirwa navaIsraeri kwamakore masere.
9 ၉ ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့အားကယ် ဆယ်ရန်လူတစ်ယောက်ကိုစေလွှတ်တော်မူ၏။ ထိုသူမှာကာလက်၏ညီကေနတ်၏သား သြသံယေလပင်တည်း။-
Asi vakati vachema kuna Jehovha, akavamutsira musununguri, Otinieri mwanakomana waKenazi, mununʼuna waKarebhu, uyo akavaponesa.
10 ၁၀ ထာဝရဘုရား၏ဝိညာဉ်တော်သည်သူ့ အပေါ်သို့သက်ရောက်သဖြင့် သူသည် ဣသရေလအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်လာလေသည်။ သြသံယေလသည်စစ် ချီတိုက်ခိုက်ရာထာဝရဘုရားသည်သူ့ အားမေသောပေါတာမိဘုရင်ကိုနှိမ်နင်း အောင်မြင်စေတော်မူ၏။-
Mweya waJehovha wakauya pamusoro pake kuti ave mutongi weIsraeri uye akaenda kuhondo. Jehovha akaisa Kushani-Rishataimi mambo wavaAramu mumaoko aOtinieri, akamukunda.
11 ၁၁ တိုင်းပြည်သည်အနှစ်လေးဆယ်ပတ်လုံး ငြိမ်းချမ်းသာယာလျက်ရှိ၏။ ထိုနောက် သြသံယေလကွယ်လွန်လေသည်။
Saka nyika yakava norugare kwamakore makumi mana, kusvikira Otinieri mwanakomana waKenazi afa.
12 ၁၂ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား နောက်တစ်ဖန်ပြစ်မှားကြပြန်၏။ ကိုယ်တော်သည်လည်းမောဘဘုရင်ဧဂလုန် ကိုဣသရေလအမျိုးသားတို့ထက်ပို၍ ခွန်အားကြီးစေတော်မူ၏။-
VaIsraeri vakaitazve zvakaipa pamberi paJehovha, uye nokuda kwokuti vakaita zvakaipa izvi, Jehovha akapa simba kuna Egironi mambo weMoabhu kuti akunde Israeri.
13 ၁၃ ဧဂလုန်သည်အမ္မုန်အမျိုးသားနှင့်အာမလက် အမျိုးသားတို့ကိုစုရုံးပြီးလျှင် ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်သဖြင့် စွန်ပလွံပင်မြို့တည်းဟူသောယေရိခေါမြို့ ကိုသိမ်းယူလေသည်။-
Egironi akatora vaAmoni navaAmareki kuti vaende naye kundorwisa Israeri, uye vakatora Guta reMichindwe kuti rive ravo.
14 ၁၄ ဣသရေလအမျိုးသားတို့သည်တစ်ဆယ့် ရှစ်နှစ်ပတ်လုံးဧဂလုန်ထံ၌ကျွန်ခံရကြ လေသည်။
VaIsraeri vakava varanda vaEgironi mambo weMoabhu kwamakore gumi namasere.
15 ၁၅ ထိုနောက်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားထံတော်သို့ဟစ်အော်ကြ သောအခါ ကိုယ်တော်သည်သူတို့ကိုကယ် ဆယ်မည့်သူတစ်ဦးကိုစေလွှတ်တော်မူ၏။ ထိုသူသည်ဗင်္ယာမိန်အနွယ်ဝင်ဂေရ၏သား၊ ဘယ်သန်သူဧဟုဒဖြစ်၏။ ဣသရေလ အမျိုးသားတို့သည်ဧဟုဒအားမောဘ ဘုရင်ဧဂလုန်ထံသို့လက်ဆောင်ပဏ္ဏာ များနှင့်အတူစေလွှတ်လိုက်ကြ၏။-
VaIsraeri vakachemazve kuna Jehovha, iye akavapa musununguri, Ehudhi murume aiva neziboshwe, mwanakomana waGera muBhenjamini. VaIsraeri vakamutuma nomutero kuna Egironi mambo weMoabhu.
16 ၁၆ ဧဟုဒသည်တစ်ပေခွဲခန့်ရှိသောသံလျက် တစ်လက်ကိုပြုလုပ်ပြီးလျှင် ညာဘက်ပေါင် အဝတ်အစားများအောက်တွင်ချည်နှောင် ထား၏။-
Zvino Ehudhi akanga aita munondo wakarodzwa kumativi ose uchikarosvika kubhiti rimwe chete pakureba kwawo waakanga akasungira pasi penguo dzake pachidya chake chokurudyi.
17 ၁၇ ထိုနောက်လက်ဆောင်ပဏ္ဏာများကိုလူဝကြီး ဧဂလုန်ထံသို့ယူဆောင်သွားလေသည်။-
Akapa mutero kuna Egironi mambo weMoabhu, murume akanga akafuta kwazvo.
18 ၁၈ ဧဟုဒသည်ထိုလက်ဆောင်ပဏ္ဏာများကို ဆက်သပြီးသောအခါ ယင်းတို့ကိုသယ် ဆောင်လာသူတို့အားအိမ်သို့ပြန်စေ၏။-
Mushure mokunge Ehudhi apa mutero, akati vanhu vakanga vauya vakatakura mutero wacho vaende.
19 ၁၉ သူမူကားဂိလဂါလမြို့အနီး၌ရှိသော ကျောက်ရုပ်တုများရှိရာမှပြန်လာ၍ဧဂ လုန်ကို``မင်းကြီးအားလျှောက်ထားရန်လျှို့ဝှက် သတင်းရှိပါသည်'' ဟုလျှောက်၏။ သို့ဖြစ်၍ မင်းကြီးသည်ကျေးကျွန်တို့အား``ငါတို့နှစ် ဦးတည်းပြောစရာရှိ၍ထွက်သွားကြလော့'' ဟုအမိန့်ပေးသဖြင့်ကျေးကျွန်အပေါင်း တို့သည်အပြင်သို့ထွက်သွားကြလေသည်။
Pazvifananidzo zvaiva pedyo neGirigari iye pachake akadzoka akati, “Ndine shoko renyu rakavanzika, imi mambo.” Mambo akati, “Nyararai!” uye varanda vake vose vakamusiya.
20 ၂၀ မင်းကြီးသည်နွေနန်းဆောင်၌တစ်ကိုယ်တည်း ထိုင်လျက်နေစဉ် ဧဟုဒသည်ဘုရင်၏အနီး သို့သွားပြီးလျှင်``အရှင်မင်းကြီးအတွက် ဘုရားသခင်ထံမှအမိန့်တော်ရှိပါသည်'' ဟုဆို၏။ မင်းကြီးသည်လည်းမတ်တတ် ထတော်မူ၏။-
Ipapo Ehudhi akaswedera kwaari iye agere ari oga muimba yake yapamusoro yomuzinda wake wenguva yezhizha akati, “Ndine shoko renyu rabva kuna Mwari,” Mambo akati achisimuka achibva pachigaro chake,
21 ၂၁ ထိုအခါဧဟုဒသည်မိမိဘယ်လက်ဖြင့် ညာပေါင်တွင်ချည်နှောင်ထားသောသံလျက် ကိုယူ၍မင်းကြီး၏ဝမ်းဗိုက်ကိုထိုးလိုက် ရာ၊-
Ehudhi akatambanudza ruoko rwake rworuboshwe, akavhomora munondo kubva pachidya chake chokurudyi akaunyudza mudumbu ramambo.
22 ၂၂ သန်လျက်သည်လက်ကိုင်ရိုးနှင့်တကွမြုပ်ဝင် သွားပြီးလျှင် အဆီများဖြင့်ဖုံးအုပ်သွားလေ သည်။ ဧဟုဒသည်ထိုသန်လျက်ကိုဆွဲမနုတ် ချေ။ သန်လျက်သည်မင်းကြီး၏နောက်ဘက် တွင်ပေါင်နှစ်လုံးကြားမှထိုးထွက်လျက်နေ တော့၏။-
Kunyange chibato chomunondo chakanyura chichitevera chese, ukandobuda nokumusana kwake. Ehudhi haana kuvhomora munondo, uye mafuta akaputira pamusoro pawo.
23 ၂၃ ထိုနောက်ဧဟုဒသည်အပြင်သို့ထွက်၍ တံခါးများကိုသော့ခတ်ပြီးလျှင်၊-
Ipapo Ehudhi akabuda akaenda kubiravira; akapfiga mikova yeimba yapamusoro shure kwake akaikiya.
24 ၂၄ ထွက်ခွာသွားလေသည်။ ကျေးကျွန်များပြန် လာကြသောအခါ နန်းတော်တံခါးများ သော့ခတ်လျက်ထားသည်ကိုတွေ့မြင်ရကြ ၏။ သို့ရာတွင်သူတို့သည်နန်းတွင်း၌ မင်း ကြီးအခင်းသွားနေသည်ဟူ၍သာလျှင် ထင်မှတ်ကြလေသည်။-
Mushure mokuenda kwake, varanda vakasvika vakawana mikova yeimba yapamusoro yakiyiwa. Ivo vakati, “Anofanira kunge achimbozvizorodza zvake ari mukamuri romukati reimba.”
25 ၂၅ အပြင်တွင်စောင့်ဆိုင်းသင့်သမျှစောင့်ဆိုင်းနေ သော်လည်း မင်းကြီးသည်တံခါးကိုမဖွင့်ဘဲ နေသေးသဖြင့် သူတို့သည်သော့ကိုယူ၍ဖွင့် လိုက်ကြ၏။ ထိုအခါမိမိတို့၏အရှင်မှာ ကြမ်းပြင်ပေါ်တွင်လဲလျက်သေနေသည် ကိုတွေ့မြင်ကြလေသည်။
Vakarindira kusvikira vanyadziswa nazvo asi paakarega kuzarura mikova yekamuri, vakatora kiyi vakaikiyinura. Onei ipapo ishe wavo akawira pasi, afa.
26 ၂၆ ဧဟုဒသည်ယင်းသို့ထိုသူတို့စောင့်ဆိုင်းနေ ကြစဉ်အတွင်း၌ထွက်ပြေးသွားလေသည်။ သူသည်ကျောက်ရုပ်တုတို့ကိုကျော်လွန်ကာ စိရပ်ရွာသို့လွတ်မြောက်သွားလေ၏။-
Vachakamirira, Ehudhi akaenda. Akapfuura napazvifananidzo akapunyuka akaenda kuSeira.
27 ၂၇ သူသည်ဧဖရိမ်တောင်ကုန်းဒေသသို့ရောက် သောအခါတိုက်ပွဲဝင်ရန်တံပိုးခရာမှုတ် လိုက်ရာဣသရေလအမျိုးသားတို့သည် သူ့နောက်သို့လိုက်၍တောင်ကုန်းများပေါ် မှဆင်းလာကြ၏။-
Akati asvika ikoko, akaridza hwamanda ari munyika yezvikomo yaEfuremu, uye vaIsraeri vakaburuka naye vachibva kuzvikomo, iye achivatungamirira.
28 ၂၈ သူက``ငါ့နောက်သို့လိုက်ကြလော့။ ထာဝရ ဘုရားသည်သင်တို့အားရန်သူဖြစ်သော မောဘအမျိုးသားတို့အပေါ်၌အောင်ပွဲ ခံစေတော်မူပြီ'' ဟုသူတို့အားပြောလေ သည်။ သို့ဖြစ်၍ဣသရေလအမျိုးသား တို့သည်တောင်ကုန်းပေါ်မှဆင်း၍ ဧဟုဒ၏ နောက်သို့လိုက်ပြီးလျှင်မောဘအမျိုးသား တို့ကူးရာယော်ဒန်မြစ်ကူးဆိပ်ကိုသိမ်း ယူကြလေသည်။ ရန်သူတို့တစ်ယောက်မျှ မြစ်ကိုကူးခွင့်မရကြ။-
Akati kwavari, “Nditeverei, nokuti Jehovha aisa Moabhu muvengi wenyu, mumaoko enyu.” Saka vakaburuka vakamutevera, uye vakatora mazambuko eJorodhani okuenda kuMoabhu, vakasatendera munhu kuyambuka.
29 ၂၉ ထိုနေ့၌မောဘအမျိုးသားလက်ရွေးစင်စစ် သည် တစ်သောင်းမျှသုတ်သင်ခြင်းကိုခံရကြ ၏။ သူတို့တစ်ယောက်မျှမလွတ်မြောက်ပေ။-
Panguva iyoyo vakauraya zviuru zvinenge gumi zvavaMoabhu, vose vakanga vakagwinya uye vane simba; hapana akapunyuka.
30 ၃၀ ထိုနေ့၌မောဘအမျိုးသားတို့အားဣသ ရေလအမျိုးသားတို့ကနှိမ်နင်းအောင်မြင် ပြီးနောက် တိုင်းပြည်တွင်နှစ်ပေါင်းရှစ်ဆယ် တိုင်ငြိမ်းချမ်းသာယာလျက်နေသတည်း။
Zuva iroro Moabhu yakava pasi peIsraeri, uye nyika yakava norugare kwamakore makumi masere.
31 ၃၁ ထိုနောက်ပေါ်ထွန်းလာသောခေါင်းဆောင်မှာ အာနတ်၏သားရှံဂါဖြစ်၏။ သူသည်ဖိလိတ္တိ အမျိုးသားခြောက်ရာကိုတုတ်ချွန်တစ်ချောင်း ဖြင့်သတ်၍ ဣသရေလအမျိုးသားတို့အား ကယ်ဆယ်ခဲ့လေသည်။
Shure kwaEhudhi kwakauya Shamuga mwanakomana waAnati, uyo akauraya vaFiristia mazana matanhatu norutanda rwokubaya narwo mombe. Naiyewo akaponesa Israeri.