< တရားသူကြီးမှတ်စာ 3 >

1 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ခါ​နာန်​ပြည် စစ်​ပွဲ​များ​တွင်​မ​ပါ​မ​ဝင်​ခဲ့​ဘူး​သော ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​စစ်​ကြော​ရန် ထို ပြည်​တွင်​အ​ချို့​သော​လူ​မျိုး​တို့​ကို​ဆက် လက်​နေ​ထိုင်​စေ​တော်​မူ​၏။-
여호와께서 가나안 전쟁을 알지 못한 이스라엘을 시험하려 하시며
2 ယင်း​သို့​ကိုယ်​တော်​ပြု​ရ​သည့်​အ​ကြောင်း​မှာ ဣ​သ​ရေ​လ​လူ​မျိုး​ဆက်​တစ်​ဆက်​ပြီး​တစ် ဆက်​စစ်​မှု​ရေး​ရာ​သင်​ကြား​နိုင်​ရန်​ပင်​ဖြစ် ၏။ အ​ထူး​သ​ဖြင့်​ယ​ခင်​က​စစ်​ပွဲ​မ​ဝင်​ခဲ့ ဘူး​သူ​တို့​အား​သင်​ကြား​ပေး​နိုင်​စေ​ရန် ဖြစ်​၏။-
이스라엘 자손의 세대 중에 아직 전쟁을 알지 못하는 자에게 그것을 가르쳐 알게 하려하사 남겨 두신 열국은
3 ထို​ပြည်​တွင်​ကျန်​ရှိ​နေ​သော​လူ​မျိုး​များ​မှာ ဖိ​လိတ္တိ​မြို့​ငါး​မြို့​မှ​ဖိ​လိတ္တိ​လူ​မျိုး၊ ခါ​နာန် လူ​မျိုး​အား​လုံး၊ ဇိ​ဒုန်​လူ​မျိုး​နှင့်​ဗာ​လ​ဟေ ရ​မုန်​တောင်​မှ​ဟာ​မတ်​တောင်​ကြား​လမ်း​အ​ထိ တည်​ရှိ​သော​လေ​ဗ​နုန်​တောင်​ပေါ်​တွင်​နေ​ထိုင် သည့်​ဟိဝိ​လူ​မျိုး​တို့​ဖြစ်​ကြ​၏။-
블레셋 다섯 방백과 가나안 모든 사람과 시돈 사람과 바알헤르몬 산에서부터 하맛 어구까지 레바논 산에 거하는 히위 사람이라
4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​အား​မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​ခဲ့​သည့်​ပ​ညတ်​တော်​တို့ ကို​လိုက်​နာ​ကျင့်​သုံး​မည်​မ​ကျင့်​သုံး​မည်​ကို သိ​ရှိ​နိုင်​စေ​ရန်​ကိုယ်​တော်​သည်​အ​ဆို​ပါ​လူ မျိုး​တို့​ကို​အ​သုံး​ပြု​၍​စစ်​ကြော​တော်​မူ​လို သ​တည်း။-
남겨두신 이 열국으로 이스라엘을 시험하사 여호와께서 모세로 그들의 열조에게 명하신 명령들을 청종하나 알고자 하셨더라
5 သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခါ​နာန်​အ​မျိုး​သား​များ၊ ဟိတ္တိ​အ​မျိုး​သား များ၊ အာ​မော​ရိ​အ​မျိုး​သား​များ၊ ဖေ​ရ​ဇိ အ​မျိုး​သား​များ၊ ဟိ​ဝိ​အ​မျိုး​သား​များ​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​များ​တို့​နှင့်​အ​တူ​နေ ထိုင်​ရ​ကြ​လေ​သည်။-
이스라엘 자손은 마침내 가나안 사람과, 헷 사람과, 아모리 사람과, 브리스 사람과, 히위 사람과, 여부스 사람 사이에 거하여
6 သူ​တို့​သည်​ထို​သူ​တို့​၏​သား​သ​မီး​များ​နှင့် ထိမ်း​မြား​စုံ​ဖက်​ကာ​သူ​တို့​၏​ဘု​ရား​များ ကို​ကိုး​ကွယ်​ကြ​ကုန်​၏။
그들의 딸들을 취하여 아내를 삼으며 자기 딸들을 그들의 아들에게 주며 또 그들의 신들을 섬겼더라
7 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​မေ့​လျော့ သွား​ကြ​၏။ ကိုယ်​တော်​ကို​ပြစ်​မှား​ကာ​ဗာ​လ ဘု​ရား​နှင့်​အာ​ရှ​ရ​ဘု​ရား​တို့​ကို​ဝတ်​ပြု ရှိ​ခိုး​ကြ​၏။-
이스라엘 자손이 여호와 목전에 악을 행하여 자기들의 하나님 여호와를 잊어버리고 바알들과 아세라들을 섬긴지라
8 သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​အ​မျက်​တော်​ထွက်​သ​ဖြင့် မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ခု​ရှံ​ရိ​ရှ​သိမ်​အား သူ​တို့​ကို​နှိမ်​နင်း​အောင်​မြင်​စေ​တော်​မူ​၏။ သူ တို့​သည်​ရှစ်​နှစ်​ပတ်​လုံး​ထို​ဘု​ရင်​၏​လက် အောက်​ခံ​ဖြစ်​ရ​ကြ​လေ​သည်။-
여호와께서 이스라엘에게 진노하사 그들을 메소보다미아 왕 구산리사다임의 손에 파셨으므로 이스라엘 자손이 구산 리사다임을 팔년을 섬겼더니
9 ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​အား​ကယ် ဆယ်​ရန်​လူ​တစ်​ယောက်​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​မှာ​ကာ​လက်​၏​ညီ​ကေ​နတ်​၏​သား သြ​သံ​ယေ​လ​ပင်​တည်း။-
이스라엘 자손이 여호와께 부르짖으매 여호와께서 그들을 위하여 한 구원자를 세워 구원하게 하시니 그는 곧 갈렙의 아우 그나스의 아들 옷니엘이라
10 ၁၀ ထာ​ဝ​ရ​ဘု​ရား​၏​ဝိ​ညာဉ်​တော်​သည်​သူ့ အ​ပေါ်​သို့​သက်​ရောက်​သ​ဖြင့် သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ခေါင်း​ဆောင် ဖြစ်​လာ​လေ​သည်။ သြ​သံ​ယေ​လ​သည်​စစ် ချီ​တိုက်​ခိုက်​ရာ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ့ အား​မေ​သော​ပေါ​တာ​မိ​ဘု​ရင်​ကို​နှိမ်​နင်း အောင်​မြင်​စေ​တော်​မူ​၏။-
여호와의 신이 그에게 임하셨으므로 그가 이스라엘 사사가 되어 나가서 싸울 때에 여호와께서 메소보다미아 왕 구산 리사다임을 그 손에 붙이시매 옷니엘의 손이 구산 리사다임을 이기니라
11 ၁၁ တိုင်း​ပြည်​သည်​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငြိမ်း​ချမ်း​သာ​ယာ​လျက်​ရှိ​၏။ ထို​နောက် သြ​သံ​ယေ​လ​ကွယ်​လွန်​လေ​သည်။
그 땅이 태평한 지 사십년에 그나스의 아들 옷니엘이 죽었더라
12 ၁၂ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထာ​ဝ​ရ ဘု​ရား​အား နောက်​တစ်​ဖန်​ပြစ်​မှား​ကြ​ပြန်​၏။ ကိုယ်​တော်​သည်​လည်း​မော​ဘ​ဘု​ရင်​ဧ​ဂ​လုန် ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထက်​ပို​၍ ခွန်​အား​ကြီး​စေ​တော်​မူ​၏။-
이스라엘 자손이 또 여호와의 목전에 악을 행하니라 이스라엘 자손이 여호와의 목전에 악을 행하므로 여호와께서 모압 왕 에글론을 강성케 하사 그들을 대적하게 하시매
13 ၁၃ ဧ​ဂ​လုန်​သည်​အမ္မုန်​အ​မျိုး​သား​နှင့်​အာ​မ​လက် အ​မျိုး​သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​နှိမ်​နင်း​အောင်​မြင်​သ​ဖြင့် စွန်​ပ​လွံ​ပင်​မြို့​တည်း​ဟူ​သော​ယေ​ရိ​ခေါ​မြို့ ကို​သိမ်း​ယူ​လေ​သည်။-
에글론이 암몬과 아말렉 자손들을 모아가지고 와서 이스라엘을 쳐서 종려나무 성읍을 점령한지라
14 ၁၄ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​တစ်​ဆယ့် ရှစ်​နှစ်​ပတ်​လုံး​ဧ​ဂ​လုန်​ထံ​၌​ကျွန်​ခံ​ရ​ကြ လေ​သည်။
이에 이스라엘 자손이 모압 왕 에글론을 십 팔년을 섬기니라
15 ၁၅ ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ဟစ်​အော်​ကြ သော​အ​ခါ ကိုယ်​တော်​သည်​သူ​တို့​ကို​ကယ် ဆယ်​မည့်​သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​၏။ ထို​သူ​သည်​ဗင်္ယာ​မိန်​အ​နွယ်​ဝင်​ဂေ​ရ​၏​သား၊ ဘယ်​သန်​သူ​ဧ​ဟု​ဒ​ဖြစ်​၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဧ​ဟု​ဒ​အား​မော​ဘ ဘု​ရင်​ဧ​ဂ​လုန်​ထံ​သို့​လက်​ဆောင်​ပဏ္ဏာ များ​နှင့်​အ​တူ​စေ​လွှတ်​လိုက်​ကြ​၏။-
이스라엘 자손이 여호와께 부르짖으매 여호와께서 그들을 위하여 한 구원자를 세우셨으니 그는 곧 베냐민 사람 게라의 아들 왼손 잡이 에훗이라 이스라엘 자손이 그를 의탁하여 모압 왕 에글론에게 공물을 바칠 때에
16 ၁၆ ဧ​ဟု​ဒ​သည်​တစ်​ပေ​ခွဲ​ခန့်​ရှိ​သော​သံ​လျက် တစ်​လက်​ကို​ပြု​လုပ်​ပြီး​လျှင် ညာ​ဘက်​ပေါင် အ​ဝတ်​အ​စား​များ​အောက်​တွင်​ချည်​နှောင် ထား​၏။-
에훗이 장이 한 규빗 되는 좌우에 날선 칼을 만들어 우편 다리 옷 속에 차고
17 ၁၇ ထို​နောက်​လက်​ဆောင်​ပဏ္ဏာ​များ​ကို​လူ​ဝ​ကြီး ဧ​ဂ​လုန်​ထံ​သို့​ယူ​ဆောင်​သွား​လေ​သည်။-
공물을 모압 왕 에글론에게 바쳤는데 에글론은 심히 비둔한 자이었더라
18 ၁၈ ဧ​ဟု​ဒ​သည်​ထို​လက်​ဆောင်​ပဏ္ဏာ​များ​ကို ဆက်​သ​ပြီး​သော​အ​ခါ ယင်း​တို့​ကို​သယ် ဆောင်​လာ​သူ​တို့​အား​အိမ်​သို့​ပြန်​စေ​၏။-
에훗이 공물 바치기를 마친 후에 공물을 메고 온 자들을 보내고
19 ၁၉ သူ​မူ​ကား​ဂိ​လ​ဂါ​လ​မြို့​အ​နီး​၌​ရှိ​သော ကျောက်​ရုပ်​တု​များ​ရှိ​ရာ​မှ​ပြန်​လာ​၍​ဧ​ဂ လုန်​ကို``မင်း​ကြီး​အား​လျှောက်​ထား​ရန်​လျှို့​ဝှက် သ​တင်း​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။ သို့​ဖြစ်​၍ မင်း​ကြီး​သည်​ကျေး​ကျွန်​တို့​အား``ငါ​တို့​နှစ် ဦး​တည်း​ပြော​စ​ရာ​ရှိ​၍​ထွက်​သွား​ကြ​လော့'' ဟု​အ​မိန့်​ပေး​သ​ဖြင့်​ကျေး​ကျွန်​အ​ပေါင်း တို့​သည်​အ​ပြင်​သို့​ထွက်​သွား​ကြ​လေ​သည်။
자기는 길갈 근처 돌 뜨는 곳에서부터 돌아와서 가로되 `왕이여, 내가 은밀한 일을 왕에게 고하려 하나이다' 왕이 명하여 `종용케 하라' 하매 모셔 선 자들이 다 물러간지라
20 ၂၀ မင်း​ကြီး​သည်​နွေ​နန်း​ဆောင်​၌​တစ်​ကိုယ်​တည်း ထိုင်​လျက်​နေ​စဉ် ဧ​ဟု​ဒ​သည်​ဘု​ရင်​၏​အ​နီး သို့​သွား​ပြီး​လျှင်``အ​ရှင်​မင်း​ကြီး​အ​တွက် ဘု​ရား​သ​ခင်​ထံ​မှ​အ​မိန့်​တော်​ရှိ​ပါ​သည်'' ဟု​ဆို​၏။ မင်း​ကြီး​သည်​လည်း​မတ်​တတ် ထ​တော်​မူ​၏။-
에훗이 왕의 앞으로 나아가니 왕은 서늘한 다락방에 홀로 앉아 있는 중이라 에훗이 가로되 `내가 하나님의 명을 받들어 왕에게 고할 일이 있나이다' 하매 왕이 그 좌석에서 일어나니
21 ၂၁ ထို​အ​ခါ​ဧ​ဟု​ဒ​သည်​မိ​မိ​ဘယ်​လက်​ဖြင့် ညာ​ပေါင်​တွင်​ချည်​နှောင်​ထား​သော​သံ​လျက် ကို​ယူ​၍​မင်း​ကြီး​၏​ဝမ်း​ဗိုက်​ကို​ထိုး​လိုက် ရာ၊-
에훗이 왼손으로 우편 다리에서 칼을 빼어 왕의 몸을 찌르매
22 ၂၂ သန်​လျက်​သည်​လက်​ကိုင်​ရိုး​နှင့်​တ​ကွ​မြုပ်​ဝင် သွား​ပြီး​လျှင် အ​ဆီ​များ​ဖြင့်​ဖုံး​အုပ်​သွား​လေ သည်။ ဧ​ဟု​ဒ​သည်​ထို​သန်​လျက်​ကို​ဆွဲ​မ​နုတ် ချေ။ သန်​လျက်​သည်​မင်း​ကြီး​၏​နောက်​ဘက် တွင်​ပေါင်​နှစ်​လုံး​ကြား​မှ​ထိုး​ထွက်​လျက်​နေ တော့​၏။-
칼자루도 날을 따라 들어가서 그 끝이 등뒤까지 나갔고 그가 칼을 그 몸에서 빼어내지 아니하였으므로 기름이 칼날에 엉기었더라
23 ၂၃ ထို​နောက်​ဧ​ဟု​ဒ​သည်​အ​ပြင်​သို့​ထွက်​၍ တံ​ခါး​များ​ကို​သော့​ခတ်​ပြီး​လျှင်၊-
에훗이 현관에 나와서 다락문들을 닫아 잠그니라
24 ၂၄ ထွက်​ခွာ​သွား​လေ​သည်။ ကျေး​ကျွန်​များ​ပြန် လာ​ကြ​သော​အ​ခါ နန်း​တော်​တံ​ခါး​များ သော့​ခတ်​လျက်​ထား​သည်​ကို​တွေ့​မြင်​ရ​ကြ ၏။ သို့​ရာ​တွင်​သူ​တို့​သည်​နန်း​တွင်း​၌ မင်း ကြီး​အ​ခင်း​သွား​နေ​သည်​ဟူ​၍​သာ​လျှင် ထင်​မှတ်​ကြ​လေ​သည်။-
에훗이 나간 후에 왕의 신하들이 와서 다락문이 잠겼음을 보고 가로되 `왕이 필연 다락방에서 발을 가리우신다' 하고
25 ၂၅ အ​ပြင်​တွင်​စောင့်​ဆိုင်း​သင့်​သ​မျှ​စောင့်​ဆိုင်း​နေ သော်​လည်း မင်း​ကြီး​သည်​တံ​ခါး​ကို​မ​ဖွင့်​ဘဲ နေ​သေး​သ​ဖြင့် သူ​တို့​သည်​သော့​ကို​ယူ​၍​ဖွင့် လိုက်​ကြ​၏။ ထို​အ​ခါ​မိ​မိ​တို့​၏​အ​ရှင်​မှာ ကြမ်း​ပြင်​ပေါ်​တွင်​လဲ​လျက်​သေ​နေ​သည် ကို​တွေ့​မြင်​ကြ​လေ​သည်။
그들이 오래 기다려도 왕이 다락문을 열지 아니하는지라 열쇠를 취하여 열고 본즉 자기 주가 이미 죽어 땅에 엎드러졌더라
26 ၂၆ ဧ​ဟု​ဒ​သည်​ယင်း​သို့​ထို​သူ​တို့​စောင့်​ဆိုင်း​နေ ကြ​စဉ်​အ​တွင်း​၌​ထွက်​ပြေး​သွား​လေ​သည်။ သူ​သည်​ကျောက်​ရုပ်​တု​တို့​ကို​ကျော်​လွန်​ကာ စိရပ်​ရွာ​သို့​လွတ်​မြောက်​သွား​လေ​၏။-
그들의 기다리는 동안에 에훗이 피하여 돌 뜨는 곳을 지나 스이라로 도망하니라
27 ၂၇ သူ​သည်​ဧ​ဖ​ရိမ်​တောင်​ကုန်း​ဒေ​သ​သို့​ရောက် သော​အ​ခါ​တိုက်​ပွဲ​ဝင်​ရန်​တံ​ပိုး​ခ​ရာ​မှုတ် လိုက်​ရာ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ့​နောက်​သို့​လိုက်​၍​တောင်​ကုန်း​များ​ပေါ် မှ​ဆင်း​လာ​ကြ​၏။-
그가 이르러서는 에브라임 산지에서 나팔을 불매 이스라엘 자손이 산지에서 그를 따라 내려오니 에훗이 앞서 가며
28 ၂၈ သူ​က``ငါ့​နောက်​သို့​လိုက်​ကြ​လော့။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ရန်​သူ​ဖြစ်​သော မော​ဘ​အ​မျိုး​သား​တို့​အ​ပေါ်​၌​အောင်​ပွဲ ခံ​စေ​တော်​မူ​ပြီ'' ဟု​သူ​တို့​အား​ပြော​လေ သည်။ သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​သည်​တောင်​ကုန်း​ပေါ်​မှ​ဆင်း​၍ ဧ​ဟု​ဒ​၏ နောက်​သို့​လိုက်​ပြီး​လျှင်​မော​ဘ​အ​မျိုး​သား တို့​ကူး​ရာ​ယော်​ဒန်​မြစ်​ကူး​ဆိပ်​ကို​သိမ်း ယူ​ကြ​လေ​သည်။ ရန်​သူ​တို့​တစ်​ယောက်​မျှ မြစ်​ကို​ကူး​ခွင့်​မ​ရ​ကြ။-
무리에게 이르되 `나를 따르라! 여호와께서 너희 대적 모압 사람을 너희의 손에 붙이셨느니라' 하매 무리가 에훗을 따라 내려가서 모압 맞은편 요단강 나루를 잡아 지켜 한 사람도 건너지 못하게 하였고
29 ၂၉ ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​လက်​ရွေး​စင်​စစ် သည် တစ်​သောင်း​မျှ​သုတ်​သင်​ခြင်း​ကို​ခံ​ရ​ကြ ၏။ သူ​တို့​တစ်​ယောက်​မျှ​မ​လွတ်​မြောက်​ပေ။-
그 때에 모압 사람 일만명 가량을 죽였으니 다 역사요 용사라 한 사람도 피하지 못하였더라
30 ၃၀ ထို​နေ့​၌​မော​ဘ​အ​မျိုး​သား​တို့​အား​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​က​နှိမ်​နင်း​အောင်​မြင် ပြီး​နောက် တိုင်း​ပြည်​တွင်​နှစ်​ပေါင်း​ရှစ်​ဆယ် တိုင်​ငြိမ်း​ချမ်း​သာ​ယာ​လျက်​နေ​သ​တည်း။
그날에 모압 사람이 이스라엘의 수하에 항복하매 그 땅이 팔십년 동안 태평하였더라
31 ၃၁ ထို​နောက်​ပေါ်​ထွန်း​လာ​သော​ခေါင်း​ဆောင်​မှာ အာ​နတ်​၏​သား​ရှံ​ဂါ​ဖြစ်​၏။ သူ​သည်​ဖိ​လိတ္တိ အ​မျိုး​သား​ခြောက်​ရာ​ကို​တုတ်​ချွန်​တစ်​ချောင်း ဖြင့်​သတ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ကယ်​ဆယ်​ခဲ့​လေ​သည်။
에훗의 후에 아낫의 아들 삼갈이 사사로 있어 소 모는 막대기로 블레셋 사람 육백명을 죽였고 그도 이스라엘을 구원하였더라

< တရားသူကြီးမှတ်စာ 3 >