< တရားသူကြီးမှတ်စာ 21 >

1 မိ​ဇ​ပါ​မြို့​၌​စု​ရုံး​စဉ်​အ​ခါ​က​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​အား``ဗင်္ယာ မိန်​အ​မျိုး​သား​တစ်​စုံ​တစ်​ယောက်​ကို​မျှ​အ​ကျွန်ုပ် တို့​၏​သ​မီး​နှင့်​လက်​ထပ်​ထိမ်း​မြား​ခွင့်​ပြု​မည် မ​ဟုတ်​ပါ'' ဟု​ကျိန်​ဆို​က​တိ​ပြု​ခဲ့​ကြ​၏။-
이스라엘 사람들이 미스바에서 맹세하여 이르기를 `우리 중에 누구든지 딸을 베냐민 사람에게 아내로 주지 아니하리라' 하였더라
2 သို့​ဖြစ်​၍​ယ​ခု​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဗေ​သ​လ​မြို့​သို့​သွား​၍ ဘု​ရား​သ​ခင် ၏​ရှေ့​တော်​၌​ည​နေ​ချမ်း​အ​ချိန်​တိုင်​အောင် ထိုင်​လျက်၊-
백성이 벧엘에 이르러 거기서 저녁까지 하나님 앞에 앉아서 대성 통곡하여
3 ``အို ဣ​သ​ရေ​လ​လူ​မျိုး​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ဤ​သို့​ဖြစ် ရ​ပါ​သ​နည်း။ ဗင်္ယာ​မိန်​အ​နွယ်​သည်​ဣ​သ ရေ​လ​လူ​မျိုး​မှ​အ​ဘယ်​ကြောင့်​ပျောက်​ကွယ် ရ​ပါ​တော့​မည်​နည်း'' ဟု​ပြင်း​ပြ​စွာ​ဟစ် အော်​ငို​ကြွေး​လျှောက်​ထား​ကြ​၏။
가로되 `이스라엘의 하나님 여호와여! 오늘날 이스라엘 중에 어찌하여 한 지파가 이즈러졌나이까?' 하더니
4 နောက်​တစ်​နေ့​နံ​နက်​စော​စော​၌​လူ​တို့​သည် ထ​၍ ထို​အ​ရပ်​တွင်​ယဇ်​ပလ္လင်​တစ်​ခု​ကို​တည် ဆောက်​ကာ မိတ်​သ​ဟာ​ယ​ယဇ်​နှင့်​မီး​ရှို့​ရာ ယဇ်​တို့​ကို​ပူ​ဇော်​ကြ​၏။-
이튿날에 백성이 일찌기 일어나서 거기 한 단을 쌓고 번제와 화목제를 드렸더라
5 သူ​တို့​က``ဣ​သ​ရေ​လ​လူ​မျိုး​အ​နွယ်​အ​ပေါင်း တို့​အ​နက်​မိ​ဇ​ပါ​မြို့​ရှိ ထာ​ဝ​ရ​ဘု​ရား​၏ ရှေ့​တော်​သို့​မ​လာ​မ​ရောက်​ဘဲ​နေ​ခဲ့​သည့်​လူ စု​ရှိ​ပါ​သ​လော'' ဟု​မေး​မြန်း​ကြ​၏။ (အ​ဘယ် ကြောင့်​ဆို​သော်​မိ​ဇ​ပါ​မြို့​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​မ​လာ​မ​ရောက်​ဘဲ​နေ​သော​သူ သည်​သေ​ဒဏ်​ခံ​စေ​ဟု​ကျိန်​ဆို​က​တိ​ပြု ခဲ့​ကြ​သော​ကြောင့်​ဖြစ်​၏။-)
이스라엘 자손이 가로되 `이스라엘 온 지파 중에 총회와 함께 하여 여호와 앞에 올라오지 아니한 자가 누구뇨? 하니 이는 그들이 크게 맹세하기를 미스바에 와서 여호와 앞에 이르지 아니하는 자는 반드시 죽일 것이라 하였음이라
6 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့ ၏​ညီ​များ​ဖြစ်​သော ဗင်္ယာ​မိန်​အ​နွယ်​ဝင်​တို့ အ​တွက်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်``ယ​နေ့​ပင် လျှင်​ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ်​အ​ပေါင်း တို့​အ​နက်​တစ်​နွယ်​ကို​ဆုံး​ရှုံး​ရ​လေ​ပြီ။-
이스라엘 자손이 그 형제 베냐민을 위하여 뉘우쳐 가로되 `오늘날 이스라엘 중에 한 지파가 끊쳤도다
7 ကျန်​ရှိ​နေ​သေး​သော​ဗင်္ယာ​မိန်​အ​မျိုး​သား တို့​အ​တွက်​မ​ယား​များ​ရ​ရှိ​နိုင်​ရန် ငါ​တို့ အ​ဘယ်​သို့​ပြု​ကြ​ရ​ပါ​မည်​နည်း။ ငါ​တို့ သမီး​များ​ကို​သူ​တို့​နှင့်​ထိမ်း​မြား​ခြင်း​မ​ပြု ဟု​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​တို့ သစ္စာ​ဆို​ပြီး​လေ​ပြီ'' ဟု​ဆို​ကြ​၏။
그 남은 자들에게 우리가 어떻게 하면 아내를 얻게 하리요 우리가 전에 여호와로 맹세하여 우리 딸을 그들의 아내로 주지 아니하리라' 하였도다
8 မိ​ဇ​ပါ​မြို့​၌​စု​ရုံး​ရာ​သို့​ဣ​သ​ရေ​လ အ​မျိုး​အ​နွယ်​များ​ထဲ​မှ မ​လာ​မ​ရောက် သော​လူ​စု​ရှိ​ပါ​သ​လော​ဟု​စုံ​စမ်း​ကြ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​မည် သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​လာ​မ​ရောက် ကြောင်း​ကို​သိ​ရှိ​ရ​ကြ​လေ​သည်။-
또 가로되 `이스라엘 지파 중 미스바에 올라와서 여호와께 이르지 아니한 자가 누구뇨?' 하고 본즉 야베스 길르앗에서는 한 사람도 진에 이르러 총회에 참여치 아니하였으니
9 တပ်​မ​တော်​မှ​နာ​မည်​ခေါ်​စာ​ရင်း​ကောက်​ယူ သော​အ​ခါ ဂိ​လဒ်​ပြည်​ယာ​ဗက်​မြို့​မှ​လူ တစ်​စုံ​တစ်​ယောက်​မျှ​မ​ပါ​ဝင်​ပေ။-
백성을 계수할 때에 야베스 길르앗 거민이 하나도 거기 없음을 보았음이라
10 ၁၀ မိ​ဇ​ပါ​မြို့​၌​စု​ဝေး​သော​သူ​အ​ပေါင်း​တို့ က၊ မိ​မိ​တို့​တွင်​ရဲ​စွမ်း​သတ္တိ​အ​ရှိ​ဆုံး​လူ တစ်​သောင်း​နှစ်​ထောင်​အား``သင်​တို့​သွား​၍ အ​မျိုး​သ​မီး​များ​နှင့်​က​လေး​များ​အ​ပါ အ​ဝင်​ယာ​ဗတ်​မြို့​သား​အ​ပေါင်း​တို့​အား သုတ်​သင်​ပစ်​ကြ​လော့။ ယောကျာ်း​နှင့်​အ​ပျို စင်​မ​ဟုတ်​သော​အ​မျိုး​သ​မီး​မှန်​သ​မျှ ကို​သတ်​ဖြတ်​ပစ်​ကြ​ရ​မည်'' ဟု​အ​မိန့် ပေး​စေ​လွှတ်​လိုက်​လေ​သည်။-
회중이 큰 용사 일만 이천을 그리로 보내며 그들에게 명하여 가로되 가서 야베스 길르앗 거민과 및 부녀와 어린 아이를 칼날로 치라
11 ၁၁
너희의 행할 일은 모든 남자와 남자와 잔 여자를 진멸할 것이니라 하였더니
12 ၁၂ ထို​သူ​တို့​သည်​ယာ​ဗက်​မြို့​သား​များ​အ​နက် အ​ပျို​စင်​လေး​ရာ​ကို​တွေ့​ရှိ​သ​ဖြင့် သူ​တို့ အား​ရှိ​လော​မြို့​တပ်​စ​ခန်း​သို့​ခေါ်​ဆောင် ခဲ့​ကြ​၏။ ရှိ​လော​မြို့​သည်​ခါ​နာန်​ပြည်​တွင် ရှိ​သ​တည်း။
그들이 야베스 길르앗 거민 중에서 젊은 처녀 사백인을 얻었으니 이는 아직 남자와 자지 아니하여서 남자를 알지 못하는 자라 그들이 실로 진으로 끌어 오니라 이는 가나안 땅이더라
13 ၁၃ ထို​နောက်​စု​ဝေး​သော​သူ​အ​ပေါင်း​တို့​က ရိမ္မုန် ကျောက်​ရှိ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ထံ​သို့ စစ်​ပြေ​ငြိမ်း​ရန် ကမ်း​လှမ်း​ချက်​သ​တင်း​ကို ပေး​ပို့​လိုက်​ကြ​၏။-
온 회중이 림몬 바위에 있는 베냐민 자손에게 보내어 평화를 공포하게 하였더니
14 ၁၄ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​ပြန်​လာ​ကြ သော​အ​ခါ အ​ခြား​ဣ​သ​ရေ​လ​အ​မျိုး​တို့ က​မိ​မိ​တို့​မ​သတ်​ဘဲ​ထား​သည့် ယာ​ဗက်​မြို့ သူ​အ​မျိုး​သ​မီး​တို့​ကို​ပေး​အပ်​လိုက်​လေ သည်။ သို့​ရာ​တွင်​ထို​အ​မျိုး​သ​မီး​အ​ရေ အ​တွက်​မှာ​ထို​သူ​တို့​အ​တွက်​လုံ​လောက် မှု​မ​ရှိ​ချေ။
그 때에 베냐민이 돌아온지라 이에 이스라엘 사람이 야베스 길르앗 여인 중에서 살려둔 여자를 그들에게 주었으나 오히려 부족하므로
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး အ​နွယ်​တို့​၏​စည်း​လုံး​မှု​ကို​ပျက်​ပြား​စေ တော်​မူ​ပြီ​ဖြစ်​၍ လူ​တို့​သည်​ဗင်္ယာ​မိန်​အ​မျိုး သား​များ​အ​တွက်​ဝမ်း​နည်း​ကြ​လေ​သည်။-
백성들이 베냐민을 위하여 뉘우쳤으니 이는 여호와께서 이스라엘 지파들 중에 한 지파가 궐이 나게 하셨음이더라
16 ၁၆ သို့​ဖြစ်​၍​ခေါင်း​ဆောင်​တို့​က``ဗင်္ယာ​မိန်​အ​နွယ် ဝင်​အ​မျိုး​သ​မီး​များ​မ​ရှိ​ကြ​တော့​ပေ။ ကျန် ရှိ​နေ​သေး​သည့်​အ​မျိုး​သား​များ​အ​တွက် အ​ဘယ်​သို့​လျှင် မ​ယား​များ​ကို​ငါ​တို့​ရှာ ဖွေ​ပေး​ရ​ပါ​မည်​နည်း။-
회중 장로들이 가로되 `베냐민의 여인이 다 멸절되었으니 이제 그 남은 자들에게 어떻게 하여야 아내를 얻게 할꼬?'
17 ၁၇ ဣ​သ​ရေ​လ​တစ်​ဆယ့်​နှစ်​မျိုး​ရှိ​သည့် အ​နက်​တစ်​မျိုး​ပျောက်​ကွယ်​၍​မ​သွား စေ​အပ်။-
또 가로되 `베냐민의 도망하여 면한 자에게 마땅히 기업이 있어야 하리니 그리하면 이스라엘 중에 한 지파가 사라짐이 없으리라
18 ၁၈ သို့​ရာ​တွင်​ငါ​တို့​သည်​မိ​မိ​တို့​၏​သ​မီး​များ နှင့်​သူ​တို့​အား​ထိမ်း​မြား​စုံ​ဖက်​ခွင့်​လည်း​မ ပြု​နိုင်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့​စုံ​ဖက် ရန်​ခွင့်​ပြု​သူ​သည် ငါ​တို့​၏​ကျိန်​စာ​သင့်​မည် ဖြစ်​သော​ကြောင့်​တည်း'' ဟု​ဆွေး​နွေး​တိုင်​ပင် ကြ​လေ​သည်။
그러나 우리가 우리의 딸을 그들의 아내로 주지 못하리니 이는 이스라엘 자손이 맹세하여 이르기를 딸을 베냐민에게 아내로 주는 자는 저주를 받으리라 하였음이로다'
19 ၁၉ ထို​နောက်​သူ​တို့​သည်​ရှိ​လော​မြို့​၌​နှစ်​စဉ် ကျင်း​ပ​မြဲ​ဖြစ်​သော ထာ​ဝ​ရ​ဘု​ရား​၏​ပွဲ တော်​ကျ​ရောက်​တော့​မည်​ကို​သ​တိ​ရ​ကြ ၏။ (ရှိ​လော​မြို့​သည်​ဗေ​သ​လ​မြို့​၏​မြောက် ဘက်၊ လေ​ဗော​န​မြို့​၏​တောင်​ဘက်၊ ဗေ​သ​လ မြို့​မှ​ရှေ​ခင်​မြို့​သို့​သွား​သော​လမ်း​အ​ရှေ့ ဘက်​၌​တည်​ရှိ​သ​တည်း။-)
또 가로되 `보라, 벧엘 북편, 르보나 남편 벧엘에서 세겜으로 올라가는 큰길 동편 실로에 매년 여호와의 절기가 있도다' 하고
20 ၂၀ သူ​တို့​က​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​အား``သင် တို့​သည်​စ​ပျစ်​ဥ​ယျာဉ်​များ​သို့​သွား​၍ ပုန်း အောင်း​၍၊-
베냐민 자손에게 명하여 가로되 `가서 포도원에 숨어
21 ၂၁ စောင့်​ဆိုင်း​နေ​ကြ​လော့။ ရှိ​လော​မြို့​သူ​တို့​သည် ပွဲ​ခံ​အံ့​သော​ငှာ​က​ခုန်​လျက်​လာ​ကြ​လိမ့် မည်။ ထို​အ​ခါ​စပျစ်​ဥ​ယျာဉ်​များ​မှ​ထွက်​၍ သင်​တို့​နှင့်​အိမ်​ထောင်​ဖက်​ပြု​ရန်​နှစ်​သက် ရာ​အ​မျိုး​သ​မီး​ကို​ဗင်္ယာ​မိန်​ပြည်​သို့​ဖမ်း ဆီး​ခေါ်​ဆောင်​သွား​ကြ​လော့။-
보다가 실로의 여자들이 무도하러 나오거든 너희는 포도원에서 나와서 실로의 딸 중에서 각각 그 아내로 붙들어 가지고 베냐민 땅으로 돌아가라
22 ၂၂ အ​ကယ်​၍​သူ​တို့​၏​ဖ​ခင်​များ​သို့​မ​ဟုတ် မောင်​များ​က​လာ​ရောက်​ကန့်​ကွက်​လျှင် သင် တို့​သည်​သူ​တို့​အား`ထို​အ​မျိုး​သ​မီး​တို့​ကို ငါ​တို့​အား​သိမ်း​ပိုက်​ခွင့်​ပြု​ပါ။ အ​ဘယ်​ကြောင့် ဆို​သော်​ငါ​တို့​သည်​သင်​တို့​အား​တိုက်​ခိုက်​၍ သူ​တို့​ကို​သိမ်း​ယူ​ခြင်း​မ​ဟုတ်​သော​ကြောင့် ဖြစ်​ပါ​သည်။ ထို​မှ​တစ်​ပါး​သူ​တို့​ကို​ငါ​တို့ အား​ပေး​စား​သူ​မှာ​သင်​တို့​မ​ဟုတ်​သ​ဖြင့် သင်​တို့​သည်​မိ​မိ​တို့​၏​ကတိ​သစ္စာ​ကို​ချိုး ဖောက်​ရာ​မ​ရောက်​ပါ' ဟု​ပြန်​ပြော​ကြ လော့'' ဟူ​၍​မှာ​ထား​ကြ​၏။
만일 그 아비나 형제가 와서 우리에게 쟁론하면 우리가 그에게 말하기를 청컨대 너희는 우리에게 은혜를 베풀어 그들을 우리에게 줄지니라 이는 우리가 전쟁할 때에 각 사람을 위하여 그 아내를 얻어 주지 못하였고 너희가 자의로 그들에게 준것이 아니니 너희에게 죄가 없을 것임이니라 하겠노라' 하매
23 ၂၃ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည်​လည်း​ယင်း​သို့ မှာ​ထား​သည့်​အ​တိုင်း​ပြု​၍ က​ခုန်​လျက်​လာ ကြ​သော​အ​မျိုး​သ​မီး​တို့​အား ကိုယ်​စီ​ကိုယ် ငှ​ရွေး​ယူ​ဖမ်း​ဆီး​ခေါ်​ဆောင်​၍​မိ​မိ​တို့​နယ် မြေ​သို့​ပြန်​ပြီး​လျှင်​မိ​မိ​တို့​၏​မြို့​များ​ကို ပြန်​လည်​ထူ​ထောင်​ကာ​နေ​ထိုင်​ကြ​လေ​၏။-
베냐민 자손이 그같이 행하여 춤추는 여자 중에서 자기들의 수효대로 아내로 붙들어 가지고 자기 기업에 돌아가서 성읍들을 중건하고 거기 거하니라
24 ၂၄ တစ်​ချိန်​တည်း​မှာ​ပင်​အ​ခြား​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် မိ​မိ​တို့​၏​အ​မျိုး​အ​နွယ်၊ အိမ်​ထောင်​စု​နှင့်​အိုး​အိမ်​ရှိ​ရာ​အ​ရပ်​အ​သီး သီး​သို့​ပြန်​လည်​ထွက်​ခွာ​သွား​ကြ​ကုန်​၏။
그 때에 이스라엘 자손이 그곳을 떠나 각각 그 지파, 그 가족에게로 돌아가되 곧 각각 그곳에서 나와서 자기 기업으로 돌아갔더라
25 ၂၅ ထို​ခေတ်​အ​ခါ​က​ဣ​သ​ရေ​လ​လူ​မျိုး​တွင် ရှင်​ဘု​ရင်​မ​ရှိ​သေး​ချေ။ လူ​တိုင်း​ပင်​မိ​မိ အ​လို​ရှိ​သည်​အ​တိုင်း​ပြု​သ​တည်း။ တ​ရား​သူ​ကြီး​မှတ်​စာ​ပြီး​၏။
그 때에 이스라엘에 왕이 없으므로 사람이 각각 그 소견에 옳은 대로 행하였더라

< တရားသူကြီးမှတ်စာ 21 >